( ပြသာနာကိုဘာမှမလုပ်ရသေးပါဘူး )
ကျွန်တော်စိတ်တွေညစ်သိုးနေတဲ့ တစ်နေ့မှာ လမ်းမမှာရှိတဲ့ ခဲလုံးကြီးကြီးတစ်လုံးကောက်ကိုင်လိုက်ပြီး ကျွန်တော်အရှေ့တည့်တည့်က
ချူံပုတ်တစ်ခုထဲသို့ အားအကုန်လွှဲပစ်ချလိုက်သည် ။
'' အမလေး သေပါပြီ . . . သေပါပြီ ဘယ်မသာ လက်ချက်လဲကွ ကိုယ်ဖာသာကိုယ် အပေါ့သွားတာတောင်မှ
ကောင်းကောင်းမသွားရဘူး ခဲလုံးနဲ့အထုခံရသေးတယ် ''
'' ဟာ . . . ဦးချစ် တောင်းပန်ပါတယ်ဗျာ . . ဦးချစ်
ချူံပုတ်ထဲမှာ ရှိမှန်းမသိလို့ ပစ်လိုက်တာပါ ''
'' ဘာကွ . . . ဒါတမင်သက်သက် မင်းငါ့ကို လုပ်တာ . . . မတော်တဆဆိုရင် တခြားနေရာတွေမှန်ပါလား အခုဟာက ငါ့နဖူးတည့်တည့်လာမှန်တာကွ ဒါမင်း တမင်သက်သက်ငါ့ကို လုပ်တာ . . . မင်းကို ရဲစခန်းမှာ အမှု့ဖွင့်မယ် လာ လိုက်ခဲ့ ''
'' ဟာ ဟာ နေပါအုန်း ဦးချစ် , , , ကျွန်တော် . . ''
'' ဘာမှမပြောနဲ့ရဲစခန်းရောက်မှပြော ဒါပဲ ''
ဟူး '' ဒီလိုနဲ့ပဲ ဦးချစ်နှင့်အတူ ရဲစခန်းကို လိုက်သွားလေရာ တစ်နေရာရောက်တော့ လမ်းဘေးမှာ ခွေးကြီးတစ်ကောင် အမြီးလှုပ်လှုပ်နဲ့အိပ်နေတာကို တွေ့တော့ စိတ်ထဲဒေါသဖြစ်ကာ ထိုခွေးကြီးရဲ့ အမြီးကို ခြေထောက်နဲ့အားရပါးရ တတ်နင်းချပလိုက်တယ် ၊ ထိုအခါ ခွေးကြီးကလဲ ဟောင်သံထွက်ကာ ကိုက်လိုက်ပါတော့သည် ကျွန်တော်ကိုတော့မဟုတ်
သူ အရှေ့တည့်တည့်က အန်တီကြွယ် ကို ထိုးဟပ်ကိုက်ပြီး ထွက်ပြေးသွားလေသည် ၊
'' အမလေး , နင် နင် နင် ငါ့ကို ခွေးနဲ့ကိုက်ခိုင်းတယ် ဟုတ်လား မသာလေး . . . ''
'' ဟာ မ ဟုတ်ရပါဘူးဗျာ ကျွန်တော် . . . ''
'' ဘာမှမပြောနဲ့ ငါ့နင်ကို ရဲစခန်းမှာအမှု့ဖွင့်မယ် . . . အဲ့ဒီကို ရောက်မှပြော . . . ဒါပဲ ''
ဒီလိုနဲ့ ဦးချစ်နှင့်အန်တီကြွယ်တို့နှင့်အတူ ရဲစခန်းဆီသို့ လိုက်သွားခဲ့လေရာ
သူတို့က အရှေ့ကလျှောက်လို့ ကျွန်တော်က သူတို့အနောက်မှလိုက်ကာ စိတ်ထဲဘဝင်မကျတာနဲ့ခြေထောက်ကို ဆောင့်ပြီး လမ်းလျှောက်လိုက်လေ၏ ၊ တံတားတခုအပေါ် ဖြတ်လျှောက်တဲ့အခါမှာတော့ ကျွန်တော်ခြေဆောင့်ချက်ကပဲ ပြင်းထန်သွားလို့လား ဒါမှမဟုတ် တံတားခင်းထားတဲ့ သစ်သားတုံးကပဲ ဆွေးနေလို့လာမသိ ကျွန်တော်တံတားအောက် ပြုတ်ကျပါလေရော . . . . .
'' အမလေး . . . သေပါပြီ . . . သေပါပြီတော် . . . နဂိုထဲကမှ ရောဂါပြင်းထန်နေလို့ ဆေးခန်းသွားပြတာ ဒင်းက အပေါ်ကနေ လာတတ်ဖိတော့ အသက်ပါထွက်တော့မယ်တော် . . . ''
'' ဟာ ဟာ ကျွန်တော်တောင်းပန်းပါတယ် . . . ဒါတမင်လုပ်တာမဟုတ်ပါဘူး ကျွန်တော်လေ ''
'' တော်တော့ . . . ဒင်းကို ရဲစခန်းမှာအမှု့ဖွင့်မယ် အဲ့ရောက်မှပြော . . . အမလေး သေပါပြီ ''
ကဲ . . .အခုတော့ လူသုံးယောက်က အရှေ့ကသွား ကျွန်တော်က သူတို့အနောက်က လိုက်လို့ ရဲစခန်းကိုလဲရောက်ရော သူတို့တွေက စခန်းမှူးဆီ ပြေးဝင်ပြီး သူတို့ခံလာရတဲ့ ကျွန်တော်ရဲ့မတော်တဆအကြောင်းတွေ
ပြောကြကုန်ပါလေရော . . . ကျွန်တော်လဲ အပေါ့သွားချင်တာနဲ့ အိမ်သာဖက်ရှိရာသို့ သွားရင်း အိမ်သာရဲ့အရှေ့တည့်တည့် ထိုင်ခုံလေးမှာ သေနတ်တစ်လက် တွေ့တာနဲ့ ဘယ်သူများမေ့ကျန်ခဲ့တာလဲ ဆိုပြီး ထိုသေနတ်ကို ယူပြီး စခန်းမှူးးကိုပေးဖို့ ထိုအခန်းထဲဝင်သွားလေရာ .'. . . .
'' အမလေး . . . ဆရာကြီးရေ ကယ်ပါအုန်း . . . ဟိုမှာ သေနတ်ကြီးနဲ့လာနေတယ် ကျွန်တော်တို့ အမှု့ဖွင့်တာကို မကျေနပ်လို့ ပစ်မလို့လားမသိဘူး . . .
''
'' ဟုတ်တယ် . . . ဆရာကြီး သူကျွန်မကို ခွေးနဲ့ကိုက်ခိုင်းတာ အားမရလို့ အခုသေနတ်နဲ့ပါ ပစ်တော့မယ် ကယ်ပါအုန်း စခန်းမှူးရယ် ''
'' ဟာ ဟာ မဟုတ်ပါဘူး . . . ဒီသေနတ်က . . . . ''
'' လက်နက်ချလိုက်ပါ . . . မင်းကို အပြင်မှာ တို့ရဲတပ်ဖွဲ့တွေ ဝိုင်းထားပြီးပြီ လက်နက်ချလိုက်ပါ ''
'' ဗျာာာာာာာ်. . အဲ့တော် . , ကျွန်တော် ပြသာနာကို ဘာမှမလုပ်ရသေးပါဘူး
စခန်းမှူးရယ် ''
ညမင်းကြယ်တံခွန်


No comments:
Post a Comment