Friday, January 27, 2017


                { အိမ်အိုရဲ့ခြေရာ }

       မြို့ရဲ့အစွန်အဖျားနေရာတခုမှာ
ကျွန်တော်တို့မိသားစုတွေ အတူတကွ
နေထိုင်လာခဲ့ကြတဲ့ အိမ်ကြီးတလုံးရှိတယ် ၊ ဒါပေမယ့်  မေမေမရှိတော့ထဲက ကျွန်တော်တို့သားအဖနှစ်ယောက်လဲ အဲ့ဒီအိမ်ကြီးထဲမှာ မနေတော့ပဲ ၊ တခြားမြို့တမြို့ကို  ပြောင်းရွေ့နေထိုင်ခဲ့တယ် ၊ ကျွန်တော်အသက် ( ၄ ) နှစ်အရွယ်မှာ  မေမေဆုံးခဲ့တယ် ၊ 

တခြားမြို့ကို ပြောင်းသွားပြီး နောက်ပိုင်း  အဲ့ဒီအိမ်ကြီးကို တခါမှမရောက်ဖြစ်တော့ပါဘူး ၊

အခုတော့ ကျွန်တော်အဲ့ဒီအိမ်ကြီးဆီကို  သွားဖို့အဝတ်အစားတွေ ထုတ်ပိုးကာ ပြင်ဆင်နေလေပြီ ၊ 

 '' သား , ဟိုရောက်တဲ့အခါ  ဖေဖေဆီ
ဖုန်းပြန်ဆက်နော် ''

 ' ဟုတ်ကဲ့ , ဖေဖေ '

''ဖေဖေက , သားကို ပေးမသွားစေချင်ဘူး ၊ သား , အပန်းဖြေချင်တယ်ဆိုလဲ တခြားနေရာတွေအများကြီးရှိပါတယ် ၊  ဒါပေမယ့်  သားက ခေါင်းမာနေတော့လဲ ဖေဖေ , မတားတော့ပါဘူး ''

' ဟုတ်ကဲ့ , ဖုန်းပြန်ဆက်လိုက်မယ်နော် ဖေဖေ '

ဖေဖေကိုနူတ်ဆက်ပြီး ကျွန်တော်တို့မိသားစုတွေ ဟိုးအရင်က  အတူနေဖူးတဲ့  အိမ်ကြီးဆီသို့  ကျွန်တော် သွားလေပြီ ၊

အိမ်အိုကြီးဆီကို ရောက်သောအခါ  အိမ်အိုကြီးထဲမှ  ကလေးရီသံ ၊ လူကြီးရီသံများစွာဖြင့် စည်ဝေနေသည် ၊ ကျွန်တော်အတွက် အံ့သြစေပြီ ၊ ဒီအိမ်အိုကြီးထဲမှာ  ဘယ်သူမှမရှိဘူး ၊ ထိုအခိုက် . . . အသက်အရွယ်ကြီးသူ  တစ်ဦးထွက်လာခဲ့ပြီး  ကျွန်တော်ကို မေးမြန်းလေပြီ ၊ ဒါပေမယ့်  သူက  ' အ ' နေတယ် ၊ သူပြောတဲ့ လက်ဟန်အမူအယာကို  ကျွန်တော်နားမလည်ဘူး ၊ သိလဲမသိဘူး ၊ ဒါနဲ့ပဲကျွန်တော်အတွက်တော့ အခက်တွေ့စေပြီ ၊ 

' ကြီးမေက , ဘယ်သူလဲ ၊ ဒီအိမ်ကြီးထဲမှာ ကျွန်တော်ဖေဖေ  ပေးနေထားတာလား '
ကျွန်တော်ပြောတာ  ကြီးမေနားလည်တယ် ၊ ကြီးမေက တဖန် လက်ဟန်အမူအယာနဲ့ပြန်ပြောတယ် ၊ ဒါပေမယ့် ကျွန်တော်နားမလည်ဘူး ၊
'ခက်တော့မလွယ်လောက်ဘူး '

ထိုအချိန်  အိမ်အိုကြီးထဲမှ မိန်းမငယ်လေးတစ်ဦး ထပ်ထွက်လာခဲ့တယ် ၊ အံ့သြခြင်းကမ္ဘာ့ကို ရောက်နေသလားလို့တောင်ကျွန်တော်ကိုယ်  ကျွန်တော်ထင်မိတယ် ၊

' ဒီမှာ , တံခါးလေးဖွင့်ပေးပါလား , ရပ်နေရတာလဲ တော်တော်ကြာနေပြီ '

သူမကတော့ စကားပြောတတ်တယ် ၊
'' ဟူးး ''တော်ပါသေးတယ် ၊ 

''' ရှင်က ဘယ်သူလဲ , ကျွန်မတို့တွေ နေလာတာ  ကြာပြီ ၊ တခါမှ လူစိမ်းမလာဖူးဘူး , နောက်ပြီး ရှင်က
ရိုးကောရိုးရဲ့လား , ခြံတံခါးပဲ ဖွင့်ခိုင်းနေတယ် '''

' ဒီအိမ်ကြီးက ကျွန်တော်ဖေဖေပိုင်တဲ့ အိမ်ကြီးပါ ၊ နောက်ပြီး  ဒီအိမ်ကြီးကို ရောင်းမယ်လို့လဲ ကျွန်တော်ကိုမပြောဖူးဘူး ၊ အဲ့တော့ ကျွန်တော်က ခင်ဗျားတို့ကို  ပြန်မေးရမှာ . . . ဘယ်သူတွေလဲ  '

''' သြော် , ဒီအိမ်ကြီးက  ရှင့်အဖေပိုင်တာလား , အဲ့ဒါဆို  တံခါးမဖွင့်ပေးတော့ဘူး  '''

' အမ် , ဘာဖြစ်လို့လဲ '

''' ရှင် , ပိုင်တာမှမဟုတ်တာ , ရှင်အဖေပိုင်တာပဲ . . .  ဘာလို့တံခါးဖွင့်ပေးရမှာလဲ '''

' ဟာ . , ပျားအလုံးလိုက် တုတ်ပြီထင်တယ် '

''' ဟားး ဟားး ဟားး '' , ကျွန်မက နောက်တာပါ ,   '''

အိမ်ဝန်းကြီးထဲကို  ဝင်တဲ့အခါ  ပိုအံ့သြသွားပြီ ၊ 
( ၁၆ ) နှစ်လုံးလုံး ကြာခဲ့သည့်တိုင်  အိမ်အိုကြီးရဲ့ဆေးရောင်တွေကအစ
ပျက်စီးခြင်းမရှိ  သစ်လွင်နေတယ် ၊ ကျွန်တော်သူတို့ကို  မေးကြည့်တယ် , သူတို့လဲ ဒီအိမ်ကြီးထဲကို စရောက်ထဲက  ဘာတခုမှပြု ပြင်မထားဘူးလို့ပြောတယ် ၊ ကြီးမေကတော့   ကျွန်တော်အတွက် အအေးတခွက်လာပေးတယ် ၊ ကျွန်တော်ပြန်ပြုံးပြလိုက်တယ် ၊ ဘာစကားမှမပြောတော့ဘူး ၊ 

''' ကျွန်မကို  ကြီးမေက ဒီအိမ်ကြီးထဲမှာ ပေးနေတာပါ ၊ နောက်ပိုင်းကျတော့  ဘယ်ကမှန်းမသိတဲ့  ခလေးလေးကို ကြီးမေက ထပ်ခေါ်လာပြန်တယ် ၊ ဒါနဲ့ပဲ ကျွန်မတို့တွေလဲ ဒီအိမ်ကြီးထဲမှာ ပျော်ရွှင်စွာနဲ့နေကြတယ် ၊ ဒါအကုန်ပါပဲ  ရှင်ကိုပြောပြတာ ၊ အကယ်၍ ရှင်ပေးမနေချင်လဲ ကျွန်မတို့တွေ ထွက်ခွာသွားမှာပါ ၊ 

'မထွက်ခွာသွားပါနဲ့ , ကျွန်တော်က ဘာရယ်လို့မဟုတ်ပါဘူး , မေးကြည့်တာပါ , နေပါ . . . ကျွန်တော်က  နှလုံးရောဂါကြောင့် ဒီအိမ်ကြီးမှာ ခဏလာနေတာပါ ၊ ဒီအိမ်အိုကြီးက  အေးချမ်းတယ် ၊ ဒီအိမ်အိုကြီးက  တိတ်ဆိတ်တယ် ၊ ဒီအိမ်အိုကြီးထဲမှာ ကျွန်တော်ရဲ့ဟိုးတုန်းက  ပုံရိပ်တွေရှိတယ်လေ ၊ 

''' ဟုတ်ကဲ့ , ကျွန်မနာမည် စုမိ ပါ ၊ ကြီးမေနာမည်က  ဒေါ်မြနွယ် ၊ နောက် ကလေးတစ်ယောက်နာမည်က  ဟိန်းပြည့် ပါ ၊ ဒါနဲ့  ရှင့်နာမည်ကရော '''

'ကျွန်တော်နာမည်နဲ့ ဒီကလေးနာမည်က အတူတူပါပဲ , နောက်ပြီး ကျွန်တော်မေမေနာမည်ကလဲ ဒေါ်မြနွယ်ပါပဲ ၊ ဒါပေမယ့် မေမေက ကျွန်တော်ငယ်ငယ်လေးထဲက ဆုံးသွားတာ '

''' သြော် , စိတ်မကောင်းပါဘူး , . .
ကြီးမေရဲ့နာမည်ကလဲ ရှင့်အမေနာမည်နဲ့တူပြီး  ကြီးမေပေးထားတဲ့ ခလေးနာမည်ကလဲ  , ရှင့်နာမည်နဲ့အတူတူပဲကိုး '''

'ဗျာာ '
ကျွန်တော်အတွက်တော့ စဉ်းစားစရာ
ကြီးမေကိုတချက် အကဲခတ်လိုက်တော့  ကြီးမေက ထိုကလေးငယ်နဲ့အတူ ဆော့ကာ ပြုံးရွှင်ရီမောနေတယ် ၊ 

ကျွန်တော်ရဲ့အခန်းငယ်ဟောင်းကို တချက်ကြည့်လိုက်မိတယ် ၊ ကြီးမေနဲ့ '' ဟိန်းပြည့် ''ဆိုတဲ့ ကလေးငယ်တို့ အတူတူအိပ်နေကြတယ် ၊ ကျွန်တော်အတွက်တော့  တခြားအခန်းသစ်တခုကို  ရွေးရတော့မယ်ထင်တယ် ၊

ဖေဖေဆီကို  အဆင်ပြေစွာနဲ့ရောက်ရှိကြောင်း
ဖုန်းပြန်ဆက်ရင်း .., ဒီမှာ သူတို့တွေနေတဲ့အကြောင်းကိုတော့ မပြောတော့ဘူး ။ ။ ။

•••••••••••••••••••     •••••••    •••••••••   ••••••  •••••••    ••••••••   

   ``` ဒေါက်ဒေါက် ´´´

 ' ဘယ်သူလဲ . . . တံခါးဖွင့်ထားပါတယ် ,  '

'' ကျွန်မပါ ,  ညစာစားဖို့အတွက် လာပြောတာပါ ''

' ဟုတ် , လာခဲ့ပါ့မယ် '

ညစာစားပွဲပေါ်မှာ ဟင်းလျာတွေက  သိပ်မပြည့်စုံပေမယ့်  လူတွေကတော့ ပြည့်စုံနေလို့ ကောင်းလွန်းတဲ့ညစာလေးပေါ့ ၊

ညစာစားပြီးတဲ့အခါမှာတော့  ကျွန်တော် ခြံရှေ့ဖက်သို့  ခဏလေညင်းထွက်ခံခဲ့တယ် ၊ 

ထိုအခိုက်ရုတ်တရက်ဆိုသလို ကျွန်တော်အနားကို  ကြီးမေရောက်လာခဲ့တယ် ၊ အအေးတခွက်နှင့်အတူပေါ့ ၊ 

ထိုနောက် . . . ကျွန်တော်အခန်းထဲပြန်သွားပြီး  စာတွေရေးပြီး  ကဗျာတွေစပ်တဲ့အချိန်အခါမှာတော့  ကျွန်တော်ရေးတဲ့  စာရွက်ပေါ်သို့  တရုတ်တရက်  သွေးတစ်စက်ပေါက်ခနဲ ကျရောက်လာခဲ့တယ် ၊

ဗြုန်း,ခနဲဆိုသလို  အပေါ်ကနေ . . . , နီမြသောမျက်နှာစိမ်းက  ကျွန်တော်ကို မျက်လုံးပြူးပြူးနဲ့ ငုံ့ကြည့်နေတယ် . . . . ထိုသူရဲ့မျက်လုံးထဲ၌ သွေးစက်များကလဲ  မော့ကြည့်နေသည့် ကျွန်တော်မျက်နှာပေါ်သို့  တစက်တခစိမ့်ကျလာခဲ့သည် ၊ 

ကျွန်တော်တုန်လှုပ်သွားခဲ့သည် ၊ ရုတ်တရက် မော့ကြည့်နေသည့်ကျွန်တော်မျက်နှာပေါ်သို့  ထိုသူရဲ့မျက်နှာ  တဖြည်းဖြည်းဆိုက်ကျကာ . . . . . . . . . . 

''''''   အားး ''ားးးး ''''''

ကျွန်တော်ရဲ့ပခုံးကို  ကြီးမေက  လှမ်းပုတ်လိုက်သည် ၊ ကျွန်တော်အခန်းဝရှေ့မှာ  ကလေးငယ်နှင့်အတူ  စုမိတို့ရပ်နေကြကာ  ကျွန်တော်ကိုထူးဆန်းသော 
 မျက်လုံးမျိုးတွေနဲ့ကြည့်နေတယ် ၊

 တဖန်ကျွန်တော် အပေါ်ကိုထပ်မော့ကြည့်လိုက်တယ် ၊ ဘာမျက်နှာမှမတွေ့တော့ဘူး ၊ နောက်ကျွန်တော်ရေးတဲ့စာရွက်ကို
ပြန်ကြည့်လိုက်တော့လဲ  ဘာသွေးစက်မှမရှိဘူး ၊ 

ကြီးမေက  ကျွန်တော်ကို ပြုံးပြပြီး , ဘာမှမဖြစ်ပါဘူးဆိုတဲ့ , ဟန်မူယာနဲ့ပြောတယ် ၊ 
ပြီးတော့  သူတို့တွေအားလုံးပြန်ထွက်သွားကြတယ် ၊ 

ကျွန်တော်လဲ စာဆက်မရေးတော့ပဲ အိပ်လိုက်ပါတော့သည် ။
°°°°°°°°°°°°° °°°°°°° °°°°° °°°°°°° °°°° °°°°° °°°°° °°°°° °°° °°°°° °°°°

ကလေးတစ်ယောက်ရဲ့ ဆော့ကစားမှု့တွေကြောင့် ကျွန်တော်လန့်ကာ နိုးခဲ့တယ် ၊ 

ထိုအခါ  ကြီးမေက ဆူနေလေသည် ၊ကျွန်တော်က မဆူပါနဲ့လို့ပြန်ပြောလိုက်တယ် ၊ 

ထိုခလေးငယ်ရုပ်က  ကျွန်တော်ငယ်ငယ်ကရုပ်နဲ့တပုံထဲ သွားတူတယ် ၊  

   '  ဟိန်း , ညီငယ် ဘာတိုင်းဆော့နေတာလဲ ၊ ကိုကြီးကို ပြောပြပါအုန်း ၊ '

ထိုကလေးဘာစကားမှပြန်မပြောဘူး ၊
ကျွန်တော်ကို သေသေချာချာစိုက်ကြည့်ရင်း သူ့မျက်ဝန်းမှ မျက်ရည်များစို့စို့လာခဲ့တယ် ၊ ပြီးတော့ ကြီးမေဆီသို့ ပြေးသွားခဲ့လေသည် ၊

ကျွန်တော်လဲ မနက်စာစားပြီးတော့   စာအုပ်တစ်အုပ်  ဘောပင်တစ်ချောင်းယူပြီး ခြံရှေ့ထွက်လာခဲ့သည် ၊ 

      '' နှင်းမှုံထူထူ 
    ဆောင်းရိပ်ကြူ ကြူ 
       ချမ်းစိမ့်နေသူ
    အနွေးအကာမဲ့တော့
   ရှင်ကျန်ဝိညာဉ်ငိုရပေါ့   ''

 '' ကဗျာလေးက , ဆောင်းရဲ့အထီးကျန်တဲ့ ကဗျာလေးလား  ကောင်းပါတယ် , စိတ္တဇဆန်ဆန်အလွမ်းကဗျာ လေးပေါ့ .  ''

ကျွန်တော်ကဗျာရေးနေစဉ်မှာ သူမ ရုတ်တရက် ရောက်လာခဲ့ပြီး ၊ ကျွန်တော်ကဗျာများကို ဖတ်လေသည် ၊

ကျွန်တော်အိပ်ရာက နိုးထဲက  သူမကိုမတွေ့  ၊  

' ဘယ်တွေသွားနေတာလဲ၊ ကျွန်တော် မနက်က ' စုမိ ' ကိုမတွေ့မိလို့ပါ ၊ '

''သြော် , ရေတံခွန်ကို  သွားနေတာပါ ၊ ရေစီးသံလေးရယ် ၊ ငှက်တေးသံလေးရယ်ကို သွားနားထောင်ပြီး  အပန်းသွားဖြေတာလေ ၊ ''

' အင်း , ကောင်းပါတယ်ဗျာ '

'' ဒါနဲ့ ရှင်ကော  လိုက်မလား , ကျွန်မနောက်တခါသွားရင်  ခေါ်သွားမယ်လေ . ''

' နေပါစေ , မလိုက်တော့ပါဘူး . . ကျွန်တော်အတွက် ဒီအိမ်ကြီးက  အပန်းပြေပါတယ် '

သူမ အိမ်ထဲဝင်သွားတဲ့အချိန်မှာ  အိမ်ထဲမှ မျက်နှာစိမ်းနဲ့လူက ' ရဲတင်း 'ကိုင်ကာ  ရပ်စောင့်နေလေသည် ၊ ထိုရဲတင်းမှ  စိမ့်ကျလာသော သွေးစက်များသည်  အောက်သို့တအိအိလိမ့်ကျလာခဲ့တယ် ၊ 

 ' စုမိ , ခဏ , နေအုန်း '

ကျွန်တော် သူမလက်ကို လှမ်းဆွဲ၍ တားလိုက်ချိန်  သူမကကျွန်တော်ကို အံ့သြသောအမူအယာဖြင့် ပြန်ကြည့်တယ် ၊ 

ဘာမှမရှိဘူး ,  အိမ်ထဲမှာ '' ရဲတင်း '' ကိုင်ပြီး ရပ်နေတဲ့သူလဲ မရှိဘူး ၊ ဒါပေမယ့်  ကျွန်တော် စောစောက တွေ့လိုက်ရတယ် . . , သွေးများစွာ တအိအိရွဲနေသော '' ရဲတင်း '' ကိုင်ကာ ခုတ်ဖို့စောင့်နေတဲ့ မျက်နှာစိမ်းနဲ့လူတစ်ယောက်ပေါ့  ၊ 

တစ်နေ့  ကျွန်တော်အခန်းထဲမှ ထွက်လာခဲ့ပြီး မီးဖိုချောင်ထဲသို့ ဝင်တဲ့အချိန်မှာတော့  ကြီးမေ တစ်ယောက်ကိုမတွေ့ ၊ ဒါနဲ့ခြံရှေ့ကို လှမ်းကြည့်လိုက်စဉ်မှာတော့  ထိတ်လန့်ဖွယ် မြင်ကွင်းတခုက ဆီးကြိုနေလေတယ် . . . . . . . . . . . 

ခလေးငယ်လေးကို  ကြီးမေက  လည်းပင်းညှစ်ကာ  သတ်နေတာ ,  ခလေးငယ်ကလဲ မအော်ဘူး , ငြိမ်ငြိမ်လေးနေပေးနေတယ် . . .

' ကြီးမေ , မလုပ်နဲ့ ၊  မလုပ်နဲ့  . . .  မလုပ်နဲ့ . ,  '
အော်လဲအော် ပြေးလဲပြေးပြီး   သူတို့အနားရောက်သွားတဲ့အခါမှာတော့  အလောင်းနှစ်လောင်းရဲ့ခန္ဓာတွေပဲ  မြင်တွေ့မိတယ် . . . . . . . .

````` ဟာ ,ာာာာ  ´´´´´  ကျွန်တော်ခေါင်းတွေထူပူကုန်တယ် ၊ ခြေတွေလက်တွေက  တဆတ်ဆတ်တုန်ကာနေလို့  စကားပြောဖို့တောင်  ထစ်အ သွားခဲ့ပြီ ၊  

``````   ဟာားးးားးးားးး  ´´´´´´´´´´
ထိုအခိုက် --- အိမ်ထဲမှ ရီမောကြသံတွေ  ကြားမိလိုက်တယ် ၊ လှမ်းကြည့်လိုက်တော့  ကြီးမေနှင့်ခလေးငယ်တို့  ပျော်ရွှင်စွာ 
 ကခုန်မြူးလို့ ဆော့ကစားနေကြတယ် ၊ 

တဖန်ကျွန်တော် ဒီဖက် ပြန်လှည့်ကြည့်လိုက်တော့  အလောင်းနှစ်လောင်းလဲ မတွေ့တော့ချေ ၊ 

°° °°° °° °° °° °°° °°° °°°°°°°°°  °°°°°° °°°°° °°°°° °°°°° °°°° °°°° 
  ' ဒေါက် '
      ' ဒေါက် '
         ''''' ကျွီ  '''''
လူတစ်ယောက် လမ်းလျှောက်လာပြီး
အခန်းထဲသို့ ဝင်သွားသည့်  အသံအနေထားမျိုးပဲ ၊ ဘယ်သူဖြစ်နိုင်သလဲ ၊ ဒီအချိန်မှ ပြန်လာတဲ့သူ ဆိုတော့ . . . . . . . ဘယ်သူဖြစ်နိုင်သလဲ ,

စပ်မစုတော့ပါဘူးဆိုပြီး  ကိုယ်ဖာသာကိုယ်  ကဗျာထိုင်စပ်နေမိတယ် ၊ 

       '' သစ်ပင်ညိုးခြောက်
         အဆွေးခေါက်ခေါက်
             နေပူရှိန်ထိုး
            အပူလှိုင်းတိုး
 ဘယ်မလဲဟေ့ , ငှက်ဆိုးညည်းသံ ''

•••••• ••••• ••••• ••••••• ••••••• •••••• •••••• ••••• ••••• ••••• ••••• •••••• •

တစုံတစ်ယောက်က  ကျွန်တော်ကို လှုပ်ခေါ်နိုးလေသည် ၊ မျက်လုံးဖွင့်ပြီး ကြည့်မိတော့  ကြီးမေ ဖြစ်လေတယ် ၊
စောစောထလို့  လက်ဟန်အမူအယာဖြင့်  ကျွန်တော်ကို ပြောလေသည် ၊ကျွန်တော် ကြီးမေကို ရီပြီးပြုံးပြလိုက်တယ် ၊ 
အချိန်ကိုငဲ့ကြည့်လိုက်တော့ ( ၅ ) နာရီ ၊ 
ကျွန်တော်က ပုံမှန်ဆို . ,  ( ၉ )နာရီမှ  အိပ်ရာထတာ ၊ 
မနက်ခင်းက  ဆောင်းနှင်းမှုန်လေးတွေနဲ့ သာယာကွန့်မြူးနေတယ် ၊ ကျွန်တော် အခုမှ မနက်ခင်းရဲ့အရသာကို ခံစားမိတယ် ၊ 

ကြီးမေက  ကျွန်တော်ကိုသေချာစိုက်ကြည့်ရင်း
မျက်ရည်များ ကျလာခဲ့တယ် ၊ ကြီးမေ ဘာလို့မျက်ရည်ကျမှန်း  ထိုနေ့က ကျွန်တော်မသိခဲ့ချေ  ၊ 

စုမိ နဲ့ ခလေးငယ်တို့က   ခြံရှေ့မှာ ဆော့ကစားနေရင်း . . . .  ရုတ်တရက် မျက်နှာစိမ်းနဲ့လူ  '' ရဲတင်း '' နဲ့ရောက်လာခဲ့ပြီး ,  ````` ခုတ်ပိုင်းလိုက်ပါတော့တယ်  ´´´´´

' မလုပ်နဲ့ , မ , မလုပ်နဲ့ . . , '

'' ဘာဖြစ်တာလဲ , ကိုဟိန်း . . ,  လန့်လိုက်တာရှင် . ''

' ကျွန်တော် မြင်လိုက်တယ် , သေချာမြင်လိုက်တာ . , . '' ရဲတင်း '' နဲ့လူကို . . ,   '

'' မရှိပါဘူး ,  ကြည့်လေ. .  ဘာမှမရှိပါဘူး ကိုဟိန်းရယ် ''

''' ဟာာာ ''', ကျွန်တော်ကို  သူတို့တွေ
အရူးလို့ထင်သွားပြီ , သက်သေမရှိတော့  ဖြေရှင်းဖို့ မလွယ်ပြီပေါ့ ၊ 

° ° ° ° °°° ° ° °° ° °°°°°°°°°°°°°°°   °°°°°°°°°°°°°°°

တစ်ည , , ,
ကျွန်တော်အိပ်နေရင်း  ရုတ်တရက် လန့်ကာဖျတ်ခနဲ နိုးစဉ်  နာရီကို လှမ်းကြည့်လိုက်တော့ ညက( ၁၂ ) နာရီ ၊

စီးကရက်တစ်လိပ်ထုတ်ယူပြီး ,  , သောက်နေစဉ်မှာ  ပြတင်းတံခါးမှ  မျက်နှာစိမ်းနဲ့လူ ခုန်ချပြီး ပြန်ပြေးထွက်သွားတာကို တွေ့ရသည်နှင့်  ကျွန်တော်  သူနောက်ကို  တဟုန်ထိုးလိုက်လေပြီ ၊

သူက  '' ရဲတင်း '' ကျစ်ကျစ်ပါအောင်  ဆုပ်ကိုင်ရင်း  ရပ်နေလေတယ် ၊ ကျွန်တော်ကလဲ သူ့အနောက်မှ ရပ်နေလိုက်တယ် ၊ ဒါပေမယ့် ကျွန်တော်လက်ထဲမှာက  ဆုပ်ကိုင်စရာဆိုလို့  သတ္တိပဲရှိတယ် ၊

' :; ခင်ဗျား ,:;   ,  ဘယ်သူလဲ ၊  ဘာလို့ကျွန်တော်ကိုမှ  လိုက်နှောင့်ယှက်နေတာလဲ ၊ '

သူဘာမှမပြောဘူး ၊ ပြန်လဲလှည့်မကြည့်ဘူး ၊ သူရှေ့ဆက်ပြီး သွားတယ် ၊ ကျွန်တော်လဲ သူ့အနောက်ကို တဖြည်းဖြည်းနဲ့လိုက်သွားခဲ့တယ် ၊

သွားရင်းလျှောက်ရင်းနဲ့တစ်နေရာ ရောက်တော့  လူသေအလောင်းတွေ ပုံစီကာ လဲလျောင်းနေကြတာ တွေ့ရတယ် ၊ တဖြည်းဖြည်း ကျွန်တော်မျက်ရည်ကျမိတယ်  . . . ဘာလို့ဆို  သေလူတချို့ က  တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး အားပေးနေကြလို့ပဲ ၊ 

'' မေမေ ''ဆိုပြီး  ခလေးငယ်တစ်ဦးက
အခေါင်းထဲကနေ  ခေါ်နေတာကို  မြေပြင်အောက်မှ  ထိုးထွက်လာသော
မိခင်ရုပ်အလောင်းက  ထ၍ သူ့သားငိုနေတာကို  တိတ်အောင် သွားချော့လေသည် ၊

တဖြည်းဖြည်းနဲ့ '' စုမိ '' နဲ့ '' ခလေးငယ်''ဟိန်းပါ  တွေ့မိတယ် ၊ 
' စုမိ , မင်း . . . . , မင်းက ,  သေပြီးသားလား , နောက်ပြီး ဟို . . ခလေးကကော အတူတူပဲလား '
ကျွန်တော်လှမ်းမေးလိုက်တယ် ၊ ဒါပေမယ့် သူတို့တွေ  ပြန်မဖြေကြဘူး 
ထူးဆန်းတာက  ကြီးမေ ကိုတော့ မတွေ့မိဘူး ၊ ထိုအခိုက်မှာတွင်  '' ရဲတင်း '' ကိုင်ထားတဲ့လူစိမ်းက  ကျွန်တော်ဖက်သို့  လှည့်လာခဲ့လေပြီ ၊

×××××× ×××× ×××× ×××× ××××× ×××× ×××× ××××× ×××× ×××××××

' ကြီးမေ , ကြီးမေက ဘယ်လိုလုပ်ပြီး . . . . 
  ''''''' ဟာ ''''''' ဒါ ကျွန်တော်အိမ်မက်မက်နေတာလား , ဒါမှမဟုတ်ရင် . ,  အခုဖြစ်နေတာတွေက . . . . ,  '

ကျွန်တော်ကို ဝေခွဲရခက်အောင် လုပ်နေကြတာပဲ ၊ ကျွန်တော် ဘာမှမသိတော့ဘူး ၊  ကျွန်တော်အခု ဘယ်မှာရပ်နေမှန်းတောင်  မသိတော့ဘူး ၊ 

ထိုအချိန်မှာ  အသံတွေကဆူညံစွာ
ဝင်ရောက်လာခဲ့တယ် ၊
 ````` အဲ့ဒီလူက မင်းကိုသတ်မှာ ´´´´´
```` အဲ့ဒီလူက မင်းကိုသတ်မှာ ´´´´´
```အဲ့ဒီလူက မင်းကိုသတ်မှာ ´´´´

ဘယ်ကလာနေတဲ့အသံမှန်းမသိဘူး ၊
သူတို့ပြောနေတဲ့  အဲ့ဒီလူဆိုတာက 
'' ရဲတင်း '' ကိုင်ဆုပ်ထားတဲ့လူ , ကြီးမေပါပဲ ၊

ဒါပေမယ့် . . , '' ရဲတင်း '' ကိုင်ထားသူက  ကျွန်တော်ကို မျက်နှာငယ်လေးနဲ့ကြည့်ပြီး  လက်ဟန်အမူယာနှင့်ပြောလေတယ် ၊  သူလုပ်ပြတဲ့လက်ဟန်အမူယာက ကျွန်တော်ကို ''' မေမေ ''' ပြုလုပ်ပြတဲ့ လက်ဟန်အမူယာမျိုးနဲ့တထပ်တည်း တူနေတယ် ၊ 

' မေမေ , မေမေ ;, '
သေချာတယ် , ကျွန်တော်နဲ့မေမေဘဲသိတဲ့ 
 ''' ချစ်တယ် ''' ဆိုတဲ့ လက်ဟန်အမူယာကို  ဘယ်သူမှမလုပ်သလို ၊ ဘယ်သူမှလဲ မသိကြဘူး ၊ 

ဒါကို '' ရဲတင်း '' ကိုင်ထားတဲ့ သူကလုပ်ပြတော့ , ဒါဟာ ကျွန်တော်ရဲ့မေမေပဲ ၊ '

တဖန်ဘယ်ကမှန်းမသိတဲ့ အသံတွေက  ထပ်မံသတိပေးပြန်တယ် ၊ 
```အဲ့ဒီလူက မင်းကိုသတ်မှာ ´´´´
``အဲ့ဒီလူက မင်းအမေမဟုတ်တော့ဘူး သေခြင်းရဲ့တပိုင်းအစဖြစ်နေပြီ  ´´´´
```` သူ . . မင်းကိုလဲမသိတော့ဘူး ´´´
`` သူ . .မင်းကို '' ရဲတင်း '' နဲ့ခုတ်သတ်မှာ ´´´´
````  ကောင်လေး  မင်းသူအနားမသွားနဲ့ ´´´´
```အဲ့ဒီလူက မင်းကိုသတ်မှာ ´´´´

'' ရဲတင်း ''ကို  ကိုင်ဆုပ်ထားတဲ့သူဟာ
ကျွန်တော်ရဲ့  '' မေမေပါ  ''
'' မေမေ '' ကိုသာ ကျွန်တော်အချစ်ဆုံးပါ ၊
ကျွန်တော် ဒီကမ္ဘာမှာ ဘယ်အရာကိုမှမယုံကြည်သလို , ဘယ်သူကိုမှလဲ မယုံကြည်ပါဘူး ၊ 

ဒါပေမယ့် , ကျွန်တော်ယုံကြည်တဲ့သူဟာ  ဒီကမ္ဘာမှာ နှစ်ယောက်ပဲရှိတယ် ၊ ပထမ,ကိုယ့်ကိုကိုယ်ယုံကြည်တယ်
ဒုတိယ,ကျွန်တော်အချစ်ဆုံးလူတွေကို ယုံကြည်တယ် ၊ ကျွန်တော်အချစ်ဆုံးသူတွေကသာ ကျွန်တော်ရဲ့အသက်ကို  သတ်မယ်ဆိုရင်  ကျွန်တော်ကျေနပ်စွာနဲ့အသက်ပေးဆပ်ပြီး ဆက်လက်ယုံကြည်သွားမှာပါ ၊ 

'' ရဲတင်း ''ကိုင်ထားတဲ့လူအနားဆီ ကျွန်တော်ရှေ့တိုး၍တလှမ်းခြင်း  သွားခဲ့တယ် ၊ ပြီးတော့ မေမေ နဲ့ ကျွန်တော်ပဲ သိတဲ့  '' ချစ်တယ် '' ဆိုတဲ့ လက်ဟန်အမူယာကို လုပ်ပြရင်း  ကျွန်တော်ရဲ့မျက်ရည်တွေဟာ အော်ဟစ်စွာနဲ့ မြေရဲရဲပေါ်သို့  ခုန်ဆင်းသွားကြလေတယ် ၊ 

ကျွန်တော်လိုပဲ '' ရဲတင်း '' ကိုင်ထားတဲ့သူဟာ '' ချစ်တယ် '' ဆိုတဲ့ အမူယာပြန်လုပ်ပြရင်း  ဒူးထောက်ကာ  ခေါင်းစိုက်လို့  ကျွန်တော်ကို  လက်ဟန်အမူယာဖြင့် လှမ်းခေါ်နေတယ် ၊ ကျွန်တော်တဖြည်းဖြည်းနဲ့ '' ရဲတင်း '' ရဲ့အရှေ့ကို မျက်နှာမူလျှက် ရောက်သွားတယ် ၊ '' ရဲတင်း '' ကိုင်ထားတဲ့လူရဲ့မျက်နှာဟာ  တဖြည်းဖြည်းနဲ့  '' မေမေ '' ဖြစ်လာတယ် ၊ မေမေ ပြုံးပြီး ကျွန်တော်ကို  ထွေးဖက်နမ်းလေပြီး ၊ အကျယ်ကြီးအော်ကာ  ငိုလေတယ် ၊ 

''  မေမေတစ်ယောက်ထဲ မပျင်းဘူးလား ၊  သားကို စောင့်နေရတာလေ ၊ မေမေ , သားကို စောင့်နေရတာ ကြာသွားလားဟင် ၊
  ''' မေမေကို  သေခြင်းရဲ့အပိုင်းအစဖြစ်သွားလဲ 
  သား , ချစ်နေပါတယ် မေမေ ''''

(  ထိုညရဲ့  မြေပြင်ရဲရဲ  သေခြင်းရဲ့ဗိမာန်မှာ  ကျွန်တော်နဲ့မေမေ  ပြန်လည်တွေ့ဆုံခဲ့ကြတယ် , လောကကြီးကို  ကျေးဇူးတင်ပါတယ် )

ညမင်းကြယ်တံခွန် 

No comments:

Post a Comment