Friday, January 27, 2017


        အော် . . . ဥာဏ်ကြီးရှင် , ,

တစ်နေ့ . . . . .
ချစ်သူနှင့်အတူ  တောင်ပေါ်ဘုရားသွားဖူးကြရင်း  လေညင်းလေးတွေကြားထဲက တီတီတာတာချစ်စကားချွေလို့ပေါ့  . . . ဒီလိုနဲ့ တောင်ခြေအောက်သို့ ပြန်ဆင်းခဲ့ချိန်မှာတော့  ချစ်သူဟာ ခြေခေါက်သွားခဲ့လို့
 လမ်းဆက်လျှောက်ဖို့ မသင့်တော်တော့ဘူးလေ . . . ဒါနဲ့ပဲ ချစ်သူကိုကုန်းပိုးလို့ပေါ့  တောင်ခြေအောက်ပြန်ဆင်းလာခဲ့တယ် ၊ ဒီလိုနဲ့ လမ်းတဝက်ရောက်တော့ တ'ဒုတ် 'ဒုတ်'နဲ့အသံမြည်လို့  သတိထားကြည့်မိလိုက်တော့  ချစ်သူရဲ့လက်ထဲမှာ  ဘယ်ကရလာမှန်းမသိတဲ့  '' တုတ် ''ရှည်တစ်ချောင်းနဲ့ ကျွန်တော်ရဲ့ကျောကုန်းပေါ်ကနေပြီဲး့မြေပြင်ကို '' ထောက်ကာ ထောက်ကာ ''တွေ့ရတော့  '' ဘာလုပ်တာလဲ '' ဆိုပြီး  ချစ်သူကိုမေးလိုက်ရာ . . . . . . . 
'' မောင့် , , , ချစ်ကို ကုန်းပိုးထားတဲ့အလေးချိန်ပေါ့အောင်လို့  ချစ်က တုတ်နဲ့မြေပြင်ကို ထောက်ပြီး  အလေးချိန်လျှော့သွားအောင် လုပ်ပေးတာပါ
    '' မောင် ပင်ပန်းနေမှာစိုးလို့ပါ . . . ''

'' အော် . . . ဥာဏ်ကြီးရှင် ''

  ညမင်းကြယ်တံခွန်

No comments:

Post a Comment