Friday, January 27, 2017


        နောက်ဆုံး အိမ်မက်

အိပ်စက်သူရဲ့အတွေးတဖက်မှာ 
အိမ်မက်ကြီးဟာ အသက်ဝင်လာလျှက်
ရုတ်ချည် တုန့်လှည့်  နိုးသက်လာခဲ့သည် ၊ 
မျက်လုံးများက နိုးကြားလာပြီး
နားများက စွင့်စိုက်နေရာယူနေလျှက်
ကျွန်တော်ဟာ မှေးတစက်၌ နိုးသက်လာလေတော့သည် ၊
ထိုအချိန်မှာတော့ . . . ဘယ်တုန်းထဲကကျွန်တော်အနားကို
ရောက်ရှိနေသူလဲမသိဘူး . . . 
( လူအိုကြီးတစ်ယောက် ) ပါးရည်တွန့်လိမ်ကောက်ကွေးနေလျှက်
ဆံပင်အဖြူ ပေါင်းများစွာက 
 သူရဲ့ဦးခေါင်းထက်ကနေ  အောက်ခြေမြေကြီးဆုံးထိ 
လွဲသာသာ ယိမ်းခါခါ  ကြော့ကာ
ဖြာဆင်းဝဲလျှက် . . . 
သူ့ရဲ့လက်တဖက်မှာက သင်္ချိုင်း 
ကျန်တဖက်မှာက  ငြိမ်းလွတ်ရာ ။
ကျွန်တော်အမြင်မမှားဘူးဆိုရင်
ကျွန်တော်ဟာဘယ်သူဖြစ်မှန်းကို
မသိတော့ဘူး ။ . ,
လူအိုကြီးဟာစိုးထိတ်မှု့မျက်နှာအမူအယာဖြင့်  ကျွန်တော်ရဲ့အနားသို့ ရောက်လာလျှက်
သက်ပြင်းရှည်တချက်ကို 
ပင့်သက်ရှိုက်လိုက်ပြီး . ,
'' အချိန်မှီကယ်တင်နိုင်သေးတယ်,
တုံ့ဆိုင်းနေမယ်ဆိုရင်တော့ တမနက်ကိုရောက်တာနဲ့ 
သူ့ကိုရှူံးဆုံးလိမ့်မယ် ''
'' သူဆိုတာက ဘယ်သူလဲဟင် 
အဘိုး ''
'' ငါကို အဘိုးလို့မခေါ်နဲ့ ,
ငါက အိမ်မက်ဆိုးတွေရဲ့သခင်ဖြစ်တယ် ၊
အဲ့အတွက်ကြောင့်  မင်း ,ငါ့ကို
''အိမ်မက်ဆိုးကြီး ''လို့ ခေါ်ပါ ၊
နောက်ပြီး,သူ ဆိုတာက ,
မင်းရဲ့ချစ်သူပဲ ''
'' ဗျာာ ''
'' သိပ်မအံ့သြနဲ့ ၊ ဆန်းကြယ်တဲ့လောကမှာ အံ့သြခြင်းတွေက  စောင့်ဆိုင်းနေတယ် ၊
ပျော်ရွှင်ခြင်းဆိုတဲ့ အံ့သြမှု့ကို  ဖြစ်စေသလား ၊
ဒါမှမဟုတ် , ဝမ်းနည်းမှု့ဆိုတဲ့
အံ့သြမှု့ကို ဖြစ်စေသလား ၊
ဒီနှစ်ခုက  ဒီလောကရဲ့ ဆန်းကြယ်မှု့ပါပဲ ၊
ဒါပေမယ့် . . . မင်းရဲ့အံ့သြမှု့ကတော့
ဆိုးတယ်ကွ ၊ ဘာလို့ဆို . . . ဝမ်းနည်းစရာဖြစ်နေလို့ပဲ ,
မင်းဒီအတိုင်းသာ ကုတင်ပေါ်မှာ
မှိုင်ထိုင်နေမယ်ဆိုရင် , , , 
တမနက်ကို ရောက်တာနဲ့ 
မင်းအရင်ဆုံး ကြားသိရမှာက  မင်းရဲ့ချစ်သူသေပြီဆိုတဲ့  သတင်းပဲ ''
'' ဘယ်လို , တမနက်ကို ရောက်တာနဲ့
ကျွန်တော်ချစ်သူ သေပြီဟုတ်လား
ဘာဖြစ်လို့. ,် . ( အင်း ) ဘာလိုဖြစ်လို့
ကျွန်တော်ချစ်သူက (. . . . . )ကျွန်တော်ကို ထားခဲ့ရမှာလဲ ,
သူမ,မှာ ဘာဝေဒနာဒုက္ခမှမရှိပါဘူး ၊
နောက်ပြီး , သူမဟာ စိတ်ထားအလွန်နူးညံ့ပြီး  
အရာရာကို ငြိမ်းအေးစေပါတယ် ၊
ဒါကို . . . ဘာလို့ , သူမက  ကျွန်တော်ကို  ဘယ်လိုထားသွားမှာလဲ ''
'' မင်းမသိတဲ့ လျှိဝှက်ချက်ကို 
ဒီလောကကြီးက သိတယ် ၊ ဒါကို
 မင်းဦးနှောက်ထဲမှာ မြဲစွာမှတ်ထားပါ ၊
ဘာဖြစ်လို့ ,ငါ အဲ့လိုပြောလဲဆိုတော့
ဒီလောကကြီးက မင်းတို့ကိုမွေးဖွားပေးခဲ့လို့ပါပဲ ၊
ဒါကြောင့် , သူ့ရဲ့သားသမီးတွေကို
သူလွမ်းတဲ့ တစ်နေ့မှာတော့  
သူကပြန်ခေါ်သွားမှာပဲ ၊
 တားဆီးလို့မရဘူး ၊ ဘာလို့ဆို . . .
အမေလုပ်သူက  သူ့သားသမီးကို
ပြန်ခေါ်ရင်  ဘယ်သားသမီးမဆို
လိုက်ရမှာပဲ ၊ သူက မိခင်ကိုးကွ ၊
မင်းကော  မိခင်ကြီးကို  မချစ်ဘူးလား ''
'' ကျွန်တော်လား ''
'' အင်း,ဖြေပါအုန်း ''
'' ကျွန်တော် ချစ်တယ် ၊ 
တခါတရံတော့ လွမ်းမိတယ်,
အိမ်မက်ဆိုးကြီးရယ်''
'' တခါတရံပဲလားကွ ၊
အချိန်တိုင်းကောမလွမ်းဘူးလား ၊
အင်းပေါ့ , မင်းက  ဘယ်လွမ်းမလဲ . .
မင်းအနားမှာ အင်မတန်စိတ်ထားနူးညံ့ပြီး  
မင်းအတွက် ကံကောင်းခြင်းတွေကို ပေးတဲ့  ''ချစ်သက်လျှာ ''ရှိနေတာကိုး ''
'' အဲ့လိုမဟုတ်ပါဘူး , 
မိခင်ကြီးကို ကျွန်တော်ချစ်ပါတယ် ၊
ဒါပေမယ့် . . . 
ကျွန်တော်ချစ်တဲ့ မိခင်ကြီးဆီကိုလိုက်သွားရင် ,
သူမ,အတွက်  ကျွန်တော်ဟာ
ငရဲပြည်ဖြစ်သွားလိမ့်မယ် ''
'' ကောင်းလိုက်တဲ့ ဆင်ခြင်ပဲ ၊
ကဲ . . . နောက်ကျနေအုန်းမယ် 
ငါ,ပြောတဲ့အတိုင်း အချိန်မီလုပ်နိုင်ရင်တော့  မင်းရဲ့ချစ်သက်လျာ ဘာမှမဖြစ်တော့ဘူး ၊ 
ဒါပေမယ့် . . . နောက်ကျသွားရင်တော့  ဒီအိမ်မက်ကနိုးနိုးခြင်းမှာပဲ  မင်းဆီကို
မင်းရဲ့သက်လျာထားခဲ့ပြီးဆိုတဲ့  သတင်းကို ကြားရလိမ့်မယ် ''
'' ကျွန်တော်က သူမအသက်ရှင်ဖို့အတွက်  ဘယ်လိုလုပ်ရမလဲ , ကျွန်တော်မသိလို့ , 
ပြောပြပေးပါ အိမ်မက်ဆိုးကြီး ''
'' အရင်ဆုံး  သင်္ချိုင်းကုန်းကိုသွား
အဲ့မှာ ကျောက်တိုင်တခုက
မြေမထိပဲ ရှိနေလိမ့်မယ် ၊ 
အဲ့ဒါကို . . . မင်း ဘာမှလုပ်စရာမလိုဘူး ၊ 
ကျောက်တိုင်ရဲ့ ညာဖက်ခြမ်းမှာ
တူးဆွထားတဲ့ မြေဝှမ်းတွင်းတခုရှိတယ် ၊
အဲ့ဒီတွင်းကို မူလအတိုင်း 
 ပြန်ပြည့်ညီအောင်လုပ်ရင်  ရပြီ ,
အဲ့ဒါဆို မင်းတို့ အဘိုးကြီး ၊ အဖွားကြီးဖြစ်တဲ့အထိမခွဲမခွာရပဲ
ပေါင်းဖက်နိုင်ပြီ ၊ ''
'' အကယ်၍ , ကျွန်တော်  တွင်းကိုညီမျှအောင်  မလုပ်နိုင်ဘူးဆိုရင်ရော ''
'' အဲ့ဒါဆို . . . တနမက်မှာ
မင်း,ဒီအိမ်မက်ကနိုးတာနဲ့
သူမက မင်းကိုထားသွားပြီ ''
'' အိမ်မက်ဆိုးကြီး ''
'' ကျွန်တော်ကို  ကတိတခုပေးနိုင်မလား ''
'' ငါကကတိမကြိုက်ဘူး , 
မင်း ,ပြောပါ ၊ ငါ့ကို  ဘာကတိလဲ ''
'' မိခင်ကြီးကို ကျွန်တော်ချစ်တယ် ၊
လွမ်းလဲလွမ်းပါတယ် ၊ အကယ်၍ . . .
တွင်းမပြည့်သွားဘူးဆိုရင်
တမနက်မှာ ကျွန်တော်ကို ,ကျွန်တော်ချစ်တဲ့  မိခင်ကြီးဆီကို
ပို့ပေးနိုင်မလားး ''
'' တောင်းဆိုမယ်ဆိုရင်  ငါပို့ပေးနိုင်ပါတယ် ''
'' ကျေနပ်တယ် ''
'' ဘာကိုလဲ ကျေနပ်တာလဲကွ ''
'' ကျွန်တော် ကျေနပ်တာ ၊ 
ကျွန်တော်ပဲ သိတယ် ၊
ကျွန်တော်က,ကျွန်တော်အတွေးကို
ကျေနပ်တာပါ ''
'' ဒါဆိုလဲ,ကောင်းပါပြီ,အခု
မင်း,ထိုင်မနေသင့်ဘူးနော် ''
'' ကျွန်တော် သိပါတယ် ၊ 
ကျွန်တော်သွားတော့မယ် ၊ 
ဒါနဲ့ ခဏလေး ,အိမ်မက်ဆိုးကြီးနဲ့ကျွန်တော်
ထပ်ဆုံနိုင်အုန်းမလား ''
'' ဒါတော့ , မင်းအပေါ်မှာ မူတည်ပါတယ် ''
ကျွန်တော်ခေါင်းညိမ့်လိုက်ပြီး 
သင်္ချိုင်းကုန်းဆီ အပြေးနှင်ခဲ့ကာ
ထိုသင်္ချိုင်းကြီး၏ အဝင်အဝ၌  
ညောင်မုတ်ဆိတ်ရဲ့ 
အမွှေးအမျှင်ပေါင်းများစွာကို မြင်လေသော် ကျွန်တော်ဟာ
( သြော် , ညောင်မုတ်ဆိတ် , ညောင်မုတ်ဆိတ်
ကျွန်တော်မှာလဲ  သင့်လိုပဲ  များစွာသော  သံယောဇဉ်ပေါင်းများ
ရှိပါ၏ , အသင် ညောင်မုတ်ဆိတ် )
နူတ်ဆက်ခဲ့ပြီး , သင်္ချိုင်းကုန်းကြီးထဲသို့  
ဝင်ခဲ့လေရာအိမ်မက်ဆိုးကြီး 
 ပြောခဲ့သလိုပဲကျောက်တိုင်တခုက 
 မြေမထိပဲရှိလျှက် တည်နေပါ၏ 
 တခါ , ထိုကျောက်တိုင်ရဲ့ညာဖက်ခြမ်းကို
လျှောက်လှမ်းကြည့်လိုက်ရာသူပြောခဲ့သလိုပင်  မြေတွင်းဝှမ်းကြီးတခုကို  မြင်တွေ့လေပါ၏ ၊ 
ထိုအခါ  , တချိန်တည်းပင်   ကျွန်တော်လက်ထဲမှာကိုင်ထားသော
ဂေါ်ပြားနှင့် ထိုမြေတွင်းဝှမ်းကို
တမနက်မရောက်ခင်
မူလမြေပြင်အတိုင်း ပြည့်ညီအောင်
ပြန်ဖို့ရပေမည် ၊ ဒါပေမယ့်. . . ဘယ်လိုဖို့ဖို့  ဒီမြေဝှမ်းတွင်းကြီးကတော့  
သူ့မူလအတိုင်းသာရှိနေပါလျှက်
အားသွန်စိုက်ကာ
မျက်ရည်များသွန်းဖြိုးလာလျှက်  
ကျွန်တော်ဟာ အလိုလိုနေရင်းနဲ့
ဟစ်ကြွေးပေါက်ကွဲသံများဖြစ်လာပြီး ကျွန်တော်ရဲ့ငိုကြွေးရှို က်သံတွေကို  သူမ,ကြားနိုင်မလား ၊ အကယ်၍ . . . ဒီမြေတွင်းဝှမ်းကြီး  ပြန်မပြည့်ခဲ့ရင်
သူမ,ကျွန်တော်ကို  မုန်းလေတော့မလား ၊ ကျွန်တော်လေဂေါ်ပြားသာ
ကျွန်တော်လက်ထဲမှာရှိပေမယ့်  ကျွန်တော်ဒီမြေဝှမ်းတွင်းကို  တထပ်တလွှာလေးတောင်မှ
 ပြည့်တင်းလာအောင် မဖို့နိုင်ခဲ့ ၊
ကျွန်တော်ရဲ့ဇွဲ၊ခွန်အားတွေကလဲ
အရာရာကို  ထိုးဖောက်စီးသွင် ဖြစ်သော်လဲ  ဒီမြေဝှမ်းတွင်းကြီး၏  အရှေ့မှာတော့  ကျွန်တော်ရဲ့ဇွဲ၊ခွန်အားများဟာ  
ဒူးထောက်လျှက် မြေကြီးထိအောင်
ဦးခေါင်းကို နှိမ့်ချထားမိပါ၏ ၊
ရောင်နီသစ်သွားရင်တော့  ကျွန်တော်ရဲ့ကြိုးစားခွင့်တွေဟာ 
 ပျောက်ဆုံးပြီး ရှိတော့မှာမဟုတ်ဘူး ၊ 
ဒါပေမယ့်. . . ကျွန်တော်အရှူံးမဖြစ်သေးဘူး , ရောင်နီမလာသေးဘူး ၊ ကြိုးစားခွင့်တွေဟာ  လက်ရှိကျွန်တော်လက်ထဲမှာရှိနေသေးတယ် ၊ တဖြည်းဖြည်းနှင့် ကောင်းကင်ဝန်းပြင်ဟာ  နီဆန်းလာလျှက် ရောင်နီသစ်များ၏
ခြေရာများသာဖြစ်တော့၏ ၊
 တဆက်တည်းပင် . . . တညလုံး မနားမနေ ဖို့နေလျှက်မပြည့်စွန်းသော
မြေဝှမ်းတွင်းကြီးကလဲ 
အခုချိန်မှာတော့ ဖို့သလောက်
 ပြည့်မောက်တတ်လာလေတော့သည် ၊ အားတတ်သံသာမျက်ရည်များက
ကျွန်တော်ရင်ဝမှာစို့နင့်လာလျှက် 
အသဲနှလုံးကတော့ တုန်ရီနေသည် ၊ 
ရောင်နီသစ်၏ ခြေရာများဖြင့် 
အမှောင်တွေဟာ တဖြည်းဖြည်းနှင့်
 ပျောက်ကွယ်သွားလေတော့မည် ၊ 
ထို့အတူ  ကျွန်တော် ဖို့နေသော 
 မြေဝှမ်းတွင်းကိုပြည့်မပြည့်ဆိုတာကိုတော့  ကျွန်တော်မကြည့်လိုတော့ပေ ၊ 
ထိုနေရာကနေ လှည့်ထွက်လာခဲ့ရာ 
မြေမထိသေးတဲ့ 
ကျောက်တိုင်ကြီးကတော့မရှိတော့ပါ ၊
ရင်ဝက မျက်ရည်များက  မျက်ဝန်းအိမ်မှ စီးကျလာလျှက်  ဂေါ်ပြားတလက်နှင့်
ကျွန်တော်ဟာနေထွက်ရာအရပ်တည့်တည့်၌
လက်မြောက်ပြီးဒူးထောက်ချလိုက်လျှက်
နေနီသစ်ရဲ့ ခြေရာလေးတွေကို ကြည့်ရှုရင်းနဲ့
(  ကျွန်တော်ကြိုးစားခဲ့သလောက် 
ကျွန်တော်ကို အပြည့်ပြန်မပေးရင်တောင်  တဝက်လောက်ပေးနိုင်မလား ၊ 
ကျွန်တော်မြင်နေကျ  အရာအားလုံးကို  ကျွန်တော်ဆီကနေယူထုတ်သွားမယ်ဆိုရင် 
တစ်ယောက်လောက်တော့ ချန်ထားခဲ့ပေးပါ ၊ မရွယ်ထားတဲ့ အံ့သြမှု့အတွက် ငိုချင်ငိုမယ် ၊ ရီချင်ရီမယ် ဒါလေးတော့ . , ကျွန်တော်ကိုရွေးချယ်ခွင့်ပေးနိုင်မလား ၊ အားလုံးပြီးဆုံးရင် တစ်ကပြန်စမလား ၊
 ဒါပေမယ့်. . . တစ်က ထိပ်ဆုံးမှာပဲရှိတယ် ၊ တစ်ရာပြီးရင် နှစ်ရာဆက်မယ် ၊ 
တစ်ထောင်ပြီးရင် တစ်သောင်းဆက်မယ် ၊ 
တစ်က အစမှာသာရှိပြီး  နောက်ဆုံးအဆုံးသတ်လိုက်ရင် (တစ်)မရှိတော့ပါဘူး ၊ 
ကျွန်တော်ဘဝရဲ့အစဟာ ( တစ်)ပါ ၊
အဆုံးသတ်ကိုရောက်သွားရင်တော့
ကျွန်တော်မှာ  ဘာဘဝမှမရှိတော့ပါဘူး ၊ )
ကျွန်တော်ဟာကျွန်တော်ဘဝရဲ့
 နောက်ဆုံးအိမ်မက်ထဲ၌ နေခဲ့၍ 
မျက်ရည်များက ပါးပြင်ကိုတိုက်စားနေလျှက် 
ကျွန်တော်ရဲ့ပါးပြင်ထက်မှမျက်ရည်များကို 
တစုံတဦးကူ၍သုတ်ပေးကြပါ ။ 
                                                   [ ပြီး ]
ညမင်းကြယ်တံခွန်

No comments:

Post a Comment