လေပြင်း တွေဟင်း
လူသူမရှိတဲ့တောအုပ်လေးမှာ
ကျွန်တော်တို့အုပ်စုအထိုင်ချနေလျှက်
နွားအုပ်များစွာ မွေးမြူ ရေးလုပ်ငန်းကို
စုပေါင်းလုပ်ကိုင်လေခဲ့သည် ။ လူအယောက်တစ်ရာထက်မက
ကျွန်တော်၏ လက်အောက်မှလူတွေက
မနက်ဆို နွားအုပ်တွေကို စားကျက်ကောင်းရှိရာ ခေါ်ဆောင်သွားလေ့ရှိပြီး ၊
ကျွန်တော်ကတော့ကျွန်တော်တို့အုပ်စုနေထိုင်ရာ တဲအဆောင်တွေဆီမှာပဲ နေရစ်ခဲ့၍
လုပ်ငန်းစဉ်တခုအတွက် ကြိုတင်ပြင်ဆင်လျှက် စီမံရေးဆွဲသူဖြစ်သည် ။
'' အောင်ဒင်ရေ ''
'' ဆရာ,ဘာလိုအပ်လို့လဲခင်ဗျာ ''
'' ထန်းရေ,တအိုး ယူလာပေးအုန်း,
ကုန်ပြီ ''
'' ဟုတ်ကဲ့ , ဟုတ် ''
အောင်ဒင်က ထမင်းဟင်းချက်တာဝန်နဲ့
ကျွန်တော်အုပ်စုအတွက် လိုအပ်တာမှန်သမျှ ပြုဆောင်ချည်းပေးသောသူ ဖြစ်သည်။
'' အေး,အဲ့မှာ ချထားလိုက် ''
'' ဟိုလေ,ဆရာ , အမြည်းယူအုန်းမလား ''
'' နေပါစေ,ထန်းရေပဲချထားခဲ့ပါ , ''
'' ဟုတ်ကဲ့ ဆရာ , အဲ့ဒါဆို ကျွန်တော်ကိုသွားခွင့်ပြုအုန်း ''
'' ကောင်းပါပြီ ''
ဒီနေ့တစ်နေ့တာရဲ့ ဆောင်ရွက်မှု့ကတော့ အဆင်ပြေချောမွေ့ခဲ့ပါပြီ ,
'' နေချီ , ဘယ်လိုလဲ , နွားအုပ်တွေ စားကျက်ကောင်းတွေ့ခဲ့ရဲ့လား ''
'' အမှန်ပေါ့ ဆရာရယ် ,
ဆရာရဲ့စီမံရေးဆွဲမှု့ကကောင်းလို့
သူတို့တွေစားကျက်ကောင်းတွေ့ခဲ့ပါတယ်
ဆရာ ''
နေချီက
ကျွန်တော်ရဲ့အားကိုးရဆုံးသူတစ်ယောက် ၊
'' အေး,အဲ့ဒါဆိုလဲ မင်း,သွားနားတော့
ပင်ပန်းသွားပြီ ''
'' ဟုတ်ကဲ့ , ဆရာ ''
'' ဒါနဲ့ , နေချီရေ ''
'' ဟုတ်ကဲ့ , ဆရာ ''
'' စံသွား,ရော ''
'' ရှိပါတယ်,ဆရာ , ပင်ပန်းလာလို့ဆိုပြီး တဲဆီပြန်သွားတယ် ''
'' ငါဆီလွှတ်လိုက် , ''
'' ဟုတ်ကဲ့ , ဆရာ ''
စံသွားကတော့
ကျွန်တော်ရဲ့ကိုယ်ပွားဆိုလဲမမှားဘူး
စိတ်ချ ယုံကြည်ရတဲ့ သူတစ်ယောက်ပေါ့ ။
'' ဆရာ , ကျွန်တော်ကို ခေါ်တယ်ဆို ''
'' အေး, ထိုင်အုန်း ''
'' ဟုတ်ကဲ့ , ဆရာ ''
'' မနက်ဖြန်ကျရင် မြက်စိမ်းနုနုတွေ ရှိတဲ့ စားကျက်ကောင်းကို သတိထားပြီးသွားဖို့ ခေါ်သတိပေးတာပါ ''
'' စိတ်ချ ဆရာ , ''
'' ငါ,မင်းကို စိတ်ချပါတယ် ၊
ဒါပေမယ့် . . ပိုဂရုစိုက်ပါ ,
မင်းနဲ့နေချီ သာ တစုံတခုဖြစ်သွားရင်
ငါ,လုပ်ငန်းနဲ့ ငါ့ဘဝကအဓိပ္ပါယ်မရှိတော့ဘူး ,''
'' ကျွန်တော်ကလဲ ဆရာလိုပါပဲ ၊
ဆရာအတွက်ဆို စတေးခံရဲပါတယ် ''
'' ငါလဲ မင်းတို့နဲ့အတူ စတေးခံရမယ်ဆိုရင် စတေးခံရဲပါတယ် ''
'' ဟုတ်ကဲ့ , ဆရာ ''
'' အေး , ဒါပါပဲ ငါပြောချင်တာ ,
မင်း,ပင်ပန်းနေတယ်ဆို သွားနားတော့ရပြီ ''
'' ဟုတ်ကဲ့ , ဆရာ , သွားခွင့်ပြုပါအုန်း''
'' အေး , အေး ''
နွားမွေးမြူ တယ်ဆိုတာအယောင်ဆောင်တခုပါ ၊ တကယ်တမ်းကျွန်တော်တို့ လုပ်ငန်းက
နွားမွေးမြူ ရေးမဟုတ်ပါဘူး ၊
အကျိုးအမြတ်စွန်းများတဲ့
စီးပွားရေးလေးတခုပေါ့ ။
'' ဆရာရေ , ဆရာ ''
'' ဘာဖြစ်လာတာလဲ''
တပည့်တစ်ယောက်က
ကျွန်တော်နေတဲ့အိမ်ဆီသို့
အပြေးလွှားပြေးလာခဲ့၍အလောတကြီး ဖြစ်ပုံ . . .
'' ဆရာ , အခြေအနေမကောင်းတော့ဘူး ,
ရဲ , ရဲတွေ လာနေပြီ , ဆရာ ''
'' စိတ်အေးအေးထား, ရဲတွေလာတာနဲ့ ငါ့တို့က တုန်လှုပ်စရာမလိုပါဘူး ၊ စိတ်အေးအေးထား . , မင်းစိတ်တွေမငြိမ်သေးရင် ရော့ , စီးကရက်သောက်လိုက် ''
'' ကျွန် ,' ကျွန်တော် ''
'' ဘာမှမပြောနဲ့ , မူမပျက်နေ ,
ငါအရိပ်အကဲကြည့်ပြီး လှုပ်ရှား ''
ရဲတွေက တဖြည်းဖြည်းနဲ့ ကျွန်တော်တို့နေထိုင်ရာဆီသို့ နီးကပ်လာပါတော့သည် ။
ကျွန်တော်ရဲ့လူတချို့  တောလမ်းကြားထဲမှာ ပုန်းခိုအောင်းခိုင်းလျှက် ကျွန်တော်နဲ့ထမင်းချက် အောင်ဒင် ၊ ပြီးတော့ နေချီ ၊ စံသွား ၊ စုစုပေါင်း လေးယောက်သာ ကျန်နေခဲ့သည် ။
ရဲတပ်သားတွေကို ရှေ့ဆုံးကဦးဆောင်ပြီး လာနေသောသူသည်
ကျွန်တော်နှင့်တချိန်တုန်းက
သိကျွမ်းခဲ့သူဖြစ်သည် ။
'' မတွေ့ရတာ ကြာပြီနော် ၊ ရဲအုပ် ''
'' မင်း,အသံ ငါနားမထောင်ချင်ဘူး,
တပ်သားတွေ နေရာဖြန့်ရှာ ''
'' ကျွန်တော်ရဲ့မွေးမြူ ရေးခြံထဲမှာ ဘာတွေလာရှာနေတာတုန်း ရဲအုပ်ကြီး ၊ ကျွန်တော်တို့ပါ ဝိုင်းရှာပေးရမလား ''
'' မင်း,ပါးစပ်ပိတ်ထား , ''
'' ပြည်သူကိုကာကွယ်နေတဲ့သူက
ပြည်သူကို ဒီလိုမပြောရဘူးလေ , ရဲအုပ်ကြီး ''
'' မင်း,ဘာလုပ်နေတယ်ဆိုတာ ငါသိတယ် ၊ ''
'' နွားမွေးမြူ ရေးလုပ်တယ်လေ ,
နွားနို့ရောင်းတယ် ၊ နွားရောင်းတယ် ၊
နွားနို့တွေကို နို့ဆီချက်တယ် ၊ ဒါပါပဲ
ဒီလုပ်ငန်းတွေပဲ ကျွန်တော်လုပ်တာပါ ရဲအုပ်ကြီးခင်ဗျာ , ခွင့်ပြုထားတဲ့
လိုင်စင်ကြည့်မလား ''
'' ထွီးး ,ငါကို အပိုတွေလာမပြောနဲ့
တကယ်တော့ . . မင်းက
ဆေးခြောက်တွေ ၊ ဘိန်းဖြူ တွေကို ရောင်းနေတာမလား ၊ နွားမွေးမြူ ရေးကို အကြောင်းပြပြီး လုပ်နေတာမလား ၊''
'' မင်းမှာ သက်သေရှိလား ''
'' လူငယ် ၊ လူရွယ်လေးကို မင်းရောင်းချနေတဲ့ အရာတွေက ဝါးမြိုဖျက်စီးပြီး
သူတို့ရဲ့အနာဂတ်ကိုပါမင်းကဖျက်စီးနေတာပဲ ''
'' မဆိုင်ပါဘူးကွာ ၊
ကိုယ့်သေတွင်းကိုယ်တူးဆင်းတဲ့
လူတွေကိုဘာမှသနားစရာမလိုပါဘူး ၊''
ရဲအုပ်က ကျွန်တော်ရဲ့နားထင်ကို သေနတ်ဖြင့်ထောက်ကာ
'' မင်း,ထပ်မပြောနဲ့တော့ ''
'' စံသွားရေ . . . ''
'' ဗျာ , ဆရာ ''
'' ဒီမှာကြည့်စမ်း , လူကြမ်းကြီးက ငါ့ကိုသေနတ်နဲ့ချိန်ထားတယ် ၊ ကြောက်ဖို့ကောင်းတာကွာ ''
စံသွားက ပြုံးစီစီနှင့်ကြည့်၍
ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ထိုးထည့်လိုက်သည် ၊ စံသွားရဲ့ဘောင်းဘီအိတ်ကပ်
ဘယ် /ညာမှာ ဓားမြှောင်နှစ်လက်ရှိသောကြောင့်ဖြစ်သည် ၊
ခဏအကြာတွင်၌. . .
ကျွန်တော်ရဲ့ခြံဝန်းကြီးထဲမှ မြေလှန်ရှာခဲ့ပြီး ပြန်ထွက်လာခဲ့သော
ရဲတပ်သားတချို့ က . . .
'' ဘာမှမတွေ့ပါဘူး,ဆရာကြီး ''
ရဲအုပ်က ဒေါသအကြီးအကျယ်ထွက်ကာ
ကျွန်တော်အင်္ကျီစကို ဆောင့်ဆွဲလျှက်
'' ဟိတ်ကောင် , မင်း ပြောစမ်း ,
မင်း ပစ္စည်းတွေ ဘယ်နေရာမှာ
သွားဝှက်ထားလဲ , ငါပြောလို့
ပြောနေတယ်လေ ''
ကျွန်တော်အင်္ကျီပြဲသွားခဲ့သည် ။
'' မင်းမှာ သက်သေရှိရင် ဖမ်းလေ ''
'' ဟိတ်ကောင် , မင်း ယုတ်မာနေပါလား,
ကျောင်းတုန်းကနဲ့ တခြားစီပဲကွာ ''
'' အေး,ဟုတ်တယ် ,
ငါ ကျောင်းသားဘဝမှာ ရိုးသားဖြူ စင်သော စိတ်ထားမျိုးရှိပေမယ့် . . .
ငါ့ကို ဘယ်သူ ထောင်ထဲသွင်းခဲ့လဲဆိုတာ မင်းလဲသိမှာပါ ၊ မင်း မိဘတွေပဲ ငါ့ကိုထောင်ထဲသွင်းခဲ့တာလေ ၊
လူတွေမွေးဖွားလာတယ်ဆိုတာ
အချစ်ကြီးရှိနေလို့ မွေးဖွားနေတာကွ၊
ထားလိုက်ပါတော့ . . . ငါကံကိုပဲ ငါလက်ညှိုးထိုးလိုက်ပါ့မယ် ၊ အသက်မပြည့်တဲ့အရွယ်မှာ ငါကချစ်မိသွားခဲ့တာကိုးကွ ''
'' မင်းပြောတာ မှန်ပါတယ် ၊
ဒါပေမယ့် . . . ငါ့အမက မင်း,ထောင်ထဲကထွက်တဲ့အချိန်ထိ
မင်းကို သစ္စာရှိရှိနဲ့စောင့်နေခဲ့သေးတယ် ၊
နောက်ဆုံးတော့ . . . သူသိသွားခဲ့တာက မင်းဟာဒုစရိုက်ခေါင်းဆောင်ဖြစ်နေပြီ
ဆိုတဲ့သတင်းလဲ ကြားရော . . .
ငါ့အမက မင်းစိတ်နဲ့ပဲ
နောက်ဆုံးသေသွားခဲ့တယ် ,
အကယ်၍ . . မင်းသာ ငါ့အမကို တကယ်ချစ်တယ်ဆိုရင်
ငါ့အမ သေစရာအကြောင်းမရှိဘူး ၊
မင်းသာ ထောင်ထဲက
ထွက်လာတဲ့အချိန်
နောက်ပိုင်း . . .
အရင်လိုဖြူ ဖြူ စင်ပြန်နေပြီး ကောင်းမွန်တဲ့အလုပ်အကိုင်
လုပ်နေမယ်ဆိုရင်ငါ့အမ,မသေဖြစ်ဘူးကွ ၊
အဲ့ဒါကို မင်းနားလည်လား ''
'' ငါ နားမလည်ဘူး ၊
နားလည်အောင်လဲ မကြိုးစားဘူး ၊
ငါပြောတာ မင်းရှင်းလား ''
'' တောက် ''
'' ဟေ့ ရဲအုပ် , မင်းကို
တခုကြိုပြောထားမယ်နော် ၊ ဒီနေရာကမင်းပိုင်နက်မဟုတ်ဘူးနော်
ဒီနေရာက ငါ့ပိုင်နက် . . .
အပြောအဆို အနေအထိုင်
သတိထားလို့ ငါမပြောချင်ပါဘူး ,
မင်းတို့ သိအောင် ပြောပြတာပါ ''
'' ဒီနေ့ , မင်းကို ဖမ်းမရရင် ၊
မနက်ဖြန်ရှိသေးတယ် ၊
တနေ့နေ့ကျရင် ငါကိုယ်တိုင် မင်းကို ထောင်ထဲထည့်မှာ ''
'' လူကြမ်းကြီးပဲ ''
ရဲအုပ်နှင့်ရဲတပ်သားတချို့ ကသူတို့စိတ်ကြိုက် နေရာအနှံရှာခဲ့သော်လဲ မတွေ့ခဲ့ပေ ၊
ကျွန်တော်ကို ရဲတိုင်းလိုလို
ဖမ်းချင်ကြပေမယ့် . . . ခက်တာက
ကျွန်တော်ကိုဖမ်းဖို့
သူတို့မှာ ''သက်သေ''ဆိုတာ
ရှာမရဖြစ်ခဲ့သည်။
••••••••••••••••• •••••••• •••••••••••
နေချီက ထန်းရေခွက်ကို
အပေါ်သို့မြှောက်တင်လျှက်
''ကဲ , အားလုံးပဲ အောင်ပွဲခံကြမယ် ၊''
တစုတစည်းထဲလူတွေအားလုံးဟာ
ခွက်တွေကို အပေါ်မြှောက်တင်လျှက်
အောင်ပွဲခံနေကြ၏ ။
'' ဆရာ,သောက်အုန်းလေ , ''
ထမင်းချက်အောင်ဒင်ကကျွန်တော်ခွက်ထဲကို ထန်းရည်ငှဲ့ထည့်ပေးနေပါ၏ ။
'' အေး,အောင်ဒင် , ကျေးဇူးကွာ ''
''ရပါတယ် , ဆရာရယ် , ''
ထိုအခါ ကျွန်တော်မတ်တပ်ရပ်လိုက်ပြီး
'' အားလုံး,အားလုံးပဲ, မင်းတို့တွေအားလုံးကို ကျေးဇူးတင်ပါတယ် ၊
မင်းတို့ အားလုံးရဲ့ရှေ့မှာ
ဒီည ဒီခွက်နှင့်အတူ သစ္စာပြုချင်တယ် ၊
မင်းတို့အားလုံး ဘယ်ဘေးဒုက္ခပဲဖြစ်ဖြစ် အဲ့ဒါငါ့ဒုက္ခပဲ ၊ သေရင်လဲ အတူတူသေမယ် ၊ ရှင်မယ်ဆိုရင်တော့ တစ်ယောက်မကျန် အားလုံးနဲ့အတူတူ ရှင်မယ် ၊ မင်းတို့တွေမရှိရင် ငါလဲမရှိတော့ဘူးဆိုတာ မှတ်ထားပါ''
အားလုံးဟာ မျက်ရည်များကျလာခဲ့ပြီး
ကျွန်တော်ကို အားလုံးဟာ
စုဝိုင်းဖက်ကြပါတော့သည် ။
'' ဒီစကားပြောတာနဲ့ ဘာငိုစရာပါလို့လဲ ''
'' မဟုတ်ပါဘူးဆရာ , ဝမ်းသာလွန်းလို့ပါ ''
'' နေချီ ,စံသွား , ''
'' ဗျာ ,ဆရာ''
'' ဟုတ်ကဲ့ , ဘာပြောမလို့လဲ ဆရာ ''
'' ငါနဲ့ခဏ လိုက်ခဲ့ ,
ငါမင်းတို့ကို ပြစရာတခုရှိတယ် '' ကျွန်တော်ကထန်းရည်ခွက်လေးကိုင်ကာ ရှေ့ကသွားလျှက် နေချီနဲ့စံသွားက နောက်မှလိုက်လာလေတော့သည် ။
''ဟိုမှာတွေ့လား , သစ်ငုတ်တွေ ''
ကျွန်တော် လက်ညှိုးထိုးပြသည့် နေရာကို နေချီနှင့်စံသွားက မြင်ရာ
'' ဟုတ်ကဲ့ ဆရာ ''
'' ဒီည ပစ္စည်းတွေကို အဲ့ဒီသစ်ငုတ်ဝှမ်းထဲ ပြီးအောင်ရွေ့ထား ,
ငါအထင် မမှားဘူးဆိုရင် မနက်ဖြန်
ငါတို့ရဲ့အဆက်ဟောင်းကြီးရောက်လာလိမ့်မယ် ''
သစ်ငုတ်ကအတုကြီးပါ ၊ ဒါပေမယ့် . . . တောထဲမှာက သစ်ပင်ပေါင်းများစွာ၊
သစ်ငုတ်ပေါင်းများစွာ ရှိနေတော့ အတု အစစ်ဆိုတာကတော့ ခွဲခြားလို့မရသလို ၊ သတိလဲထားမိကြမှာမဟုတ်ဘူး ၊
ဘယ်သူမှ ကျွန်တော်တို့ပစ္စည်းတွေကို သစ်ငုတ်အတုထဲထည့်ထားမယ်လို့ ထင်မှာမဟုတ်ဘူး ၊
များဆုံးအားဖြင့် သူတို့တွေက
မြေအောက်ကို အာရုံစိုက်တတ်လေတော့၏ ၊
အကယ်၍ . . . ထိုသစ်ငုတ်ကိုသိကာ
တွေ့ရှိသော်ငြားလဲ , ထိုသစ်ငုတ်နဲ့
ကျွန်တော်တို့အထိုင်နေရာက လှမ်းကြည့်လို့မမြင်ရတဲ့အထိ
ဝေးကွာလွန်းတယ် ။
ထင်သည့်အတိုင်းပါပဲ . . .
ကျွန်တော်ယောက်ဖ( ခေါ် ) ကျွန်တော်တို့ရဲ့အဆက်ဟောင်းကြီးက မကြာခဏဆိုသလို
အငိုက်ဝင် ဝင်လာတတ်သည် ၊
သို့သော်လည်း . . . ကျွန်တော်က အိပ်ချင်ယောင်ဆောင်သူဆိုတော့ သူတို့အတွက်နိုးရခက်စေတယ် ။
ကျွန်တော်တို့အုပ်စုထဲက တစ်ယောက်ယောက်ကသာ သစ္စာဖောက်ပြီး ဖော်ထုတ်မှသာ ကျွန်တော်ကိုရော ၊ ကျန်တဲ့အဖွဲ့သားများကိုပါ ဖမ်းဆီးလို့ရနိုင်မှာ ။
ဒီလိုနဲ့ တစ်နေ့မှာတော့ . . . .
နွားကျောင်းထွက်တဲ့ အုပ်စုဖြစ်တဲ့
စံသွားနဲ့အဖွဲ့ဝင်များအားလုံးဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့၍
တစ်ဦးကိုတဦးပစ်ခတ်ရင်းနဲ့ စံသွားအပါအဝင် အဖွဲ့သားများအားလုံး ထိခိုက်ဒဏ်ရာရ၍ ရဲအဖမ်းမခံပဲ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့လေသည်ဟု
သတင်းကြားကာ
ကျွန်တော်ရဲ့အဖွဲ့သားများအားလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည် ။
ကျွန်တော်အဖွဲ့သားတွေထဲက
တစုံတဦးကတော့ ကျွန်တော်ကို
သစ္စာဖောက်ပြီဟု သုံးသပ်မိတယ် ။
ထိုသို့သိပ်မကြာ . . ,
ကျွန်တော်တို့ဆီသို့
အင်အားအပြည့်နှင့်ရဲတပ်တဖွဲ့
လာရောက်လေတော့သည် ။
ဒီတခါတော့ ငြင်းလွှတ်လို့မရတော့ပေ ၊ အဖွဲ့သားအားလုံးနှင့်အတူ ထိုနေရာကနေ ပြောင်းရွေ့ပြေးခဲ့လေတော့သည် ။
°°°°°°°°°°° °°°°° °°° `°°°°°°°°°°°°
ကျွန်တော်ရဲ့အားကိုးရာတစ်ယောက်ဖြစ်တဲ့ ''စံသွား''ကတော့ မရှိတော့ချေ ၊
ကျွန်တော်ရဲ့အားကိုးရာဖြစ်သော
နေချီတစ်ယောက်သာကျန်ခဲ့လေ၍
အဖွဲ့သားလူတချို့ ကလဲတဝက်နီးပါးလောက်
ဆုံးရှူံးသွားခဲ့လေသည် ။
သစ္စာဖောက်သူကို နေချီကို စုံစမ်းခိုင်းလိုက်ရာ . . .
'' သူပဲ , ဆရာ , သေချာပါတယ် ''
'' ဟုတ်ကောဟုတ်လို့လား နေချီ ''
'' ကျွန်တော်ကိုယ်တိုင်
သေချာစုံစမ်းထားတာပါ ဆရာ ''
'' ငါရဲ့သစ္စာဖောက်က ငါလူဖြစ်နေတာကိုး ''
'' ဆရာ , ကျွန်တော်သူ့ကို ''
'' နေ , ဒီသစ္စာဖောက်ကို ငါကိုယ်တိုင်
နတ်ပြည်ပို့မယ် ''
- - -
လူတစ်ယောက် အိမ်ထဲဝင်ဖို့ တံခါးဖွင့်လိုက်ရာ . . .
'' ကျွီ '' ကျွီ ''
ကျွန်တော်ကိုလဲမြင်ရော အံ့သြသင့်သော အမူအယာဖြင့် ငြိမ်သက်လျှက် . .
'' ဆရာ , ကျွန်တော်ကို ရှင်းပြ ''
'' မင်း,ဘာမှမရှင်းပြပါနဲ့တော့ ,
ဒါနဲ့ ငါ ., မင်းကို လေးစားတယ်သိလား ၊
မင်းက ရုပ်ဆိုးသလောက်မင်းယူထားတဲ့
မင်းမိန်းမက ချောချောလေးပဲ နော် ''
'' ကိုကြီး , ကယ်ပါအုန်း ''
ထိုင်ခုံပေါ်၌ လက်နောက်ပြန်ကြိုးဖြင့်
ချည်ထားခံရသော မိန်းမငယ်လေးက
အကူအညီတောင်းရှာနေပါ၏ ။
'' ရှူး, တိုးတိုး,သိပ်အကျယ်ကြီးမအော်နဲ့ ,
ကိုယ်လန့်တတ်တယ် မိန်းကလေး ''
'' ဆရာ,သူကို လွှတ်ပေးလိုက်ပါ ၊
ကျွန်တော်က သစ္စာဖောက်ပါ ၊ သတ်ရင်ကျွန်တော်ကိုပဲ သတ်ပါဆရာ,
,နောက်ပြီး သူကဆရာပြောသလို
ကျွန်တော်ဇနီးမဟုတ်ပါဘူး ၊
ကျွန်တော်ညီမလေးပါ ''
'' သြော် , သြော် , သြော် ,
မင်း , ညီမလား , ယုံချင်စရာမရှိဘူးနော်,
ညီမက ဖြူ ချောပြီး
အကိုဖြစ်သူကမဲပြီးရုပ်ဆိုးတယ်,
မင်း ငါ့ကိုလိမ်နေတာပဲ ၊
ငါ မင်းနဲ့အခုခုမှသိခဲ့တာမှ မဟုတ်တာ
ကြာပြီလေ သိခဲ့တာ ၊ ဒါပေမယ့် မင်းကတစ်ကောင်ကြွက် တစ်မျက်နှာဆို , ''
'' ဟုတ်ပါတယ်ဆရာ, ကျွန်တော် ဆရာကို လိမ်ပြောမိပါတယ် ,
ညီမလေးလဲ ကျွန်တော်ကို သူ့အကိုဆိုတာ
သိတာမကြာသေးပါဘူး ၊ ကျွန်တော်တို့မှာက မိဘတွေက ငယ်ငယ်လေးထဲက မရှိတော့ဘူး ၊ ကျွန်တော်က အကိုဖြစ်တဲ့အတွက်
ကျွန်တော်ဘဝကို ကျွန်တော်စတေးခံပြီး
ညီမလေး ဘဝကောင်းစားဖို့အတွက်
အမှောင်ခံခဲ့တယ် ''
'' သြော် , ကျေးဇူးကြီးလှပါတဲ့ တို့ကိုကြီး လူစွမ်းကောင်းကြီးပေါ့ ,
ကဲ . . . ဆက်ပါအုန်း ''
'' အဝေးကနေပဲ ပိုက်ဆံထောက်ပံ့ပေးခဲ့တယ် ၊ ညီမလေးကို ညီမလေးလို့ အကျယ်ကြီး အော်ခေါ်ချင်ပေမယ့်
ကျွန်တော်က ဒုစရိုက်သမားဖြစ်တဲ့အတွက်
ကျွန်တော်အတွက်နဲ့ကျွန်တော်ညီမလေး ဂုဏ်ငယ်မှာစိုးလို့ တိတ်တိတ်လေးနေခဲ့ရတဲ့ နှစ်တွေမနည်းတော့ဘူး ၊
ကျွန်တော် ပိုက်ဆံသွားပို့တိုင်း
ညီမလေးက မေးတယ်
''ကိုကြီးအခုဘယ်မှာ / ဘာလုပ်နေလဲ ''လို့
မေးရင်ကျွန်တော်က
နိုင်ငံခြားမှာ အလုပ်လုပ်နေတယ်လို့
လိမ်ပြီးဖြေခဲ့တော့ ညီမလေးကို တစ်လတခါပိုက်ဆံသွားပို့တိုင်း
ညီမလေးကကျွန်တော်ကို
သူ့အကိုလို့မထင်ပဲ
သူ့အကိုပိုက်ဆံပို့ခိုင်းလိုက်တဲ့ သူလို့ထင်ပြီး ''ကိုကြီး,ကို ပြန်ပြောပေးအုန်း ညီမလေး,ကိုကြီးကို သတိရတယ်လို့,မြင်လဲ မြင်ဖူးချင်တယ်လို့ ''ပြောတဲ့အခါတိုင်းကျွန်တော်မျက်ရည်တွေဝဲပြီး ငိုခဲ့ရတယ် ၊ နောက်ဆုံး. . .
မခံစားနိုင်တော့အချိန်မှာ
ကျွန်တော်ညီမလေးကို
အကုန်ဖွင့်ပြောပြလိုက်တယ် ၊
ဝမ်းနည်းလွန်းလို့
ညီမလေးလဲငို ၊ ကျွန်တော်လဲငို ၊
နောက်တော့ . . .
ထွက်ဖောက်နည်းလမ်းကို ညီမလေးက
ကျွန်တော်ကို ပြောပြပေးခဲ့တယ် ၊ ''ကိုကြီး,ရဲစခန်းသွားပြီး အဖြစ်မှန်ကို အကုန်ပြောပြလိုက်ပြီး ,
အပြစ်ခံယူလိုက်ပါ ၊
အဲ့ဒါမှ ,ကိုကြီးဘဝလဲ အေးချမ်းမယ် ၊
ညီမလေးလဲ ကိုကြီးကို ကြည့်ပြီး
စိတ်ချမ်းသာရမှာ ၊
ညီမလေးဘဝမှာ ငွေတွေမလိုပါဘူး ၊
ကိုကြီးသာ အလင်းရောင်ခြည်ထဲ ရောက်ဖို့သာလိုအပ်တာပါ''လို့
ညီမလေးက ကျွန်တော်ကိုအကြံပေးတော့ ကျွန်တော်လဲနောင်ရေးတွေးပြီး
လက်ခံလိုက်တယ် ဆရာ ၊
ဆရာ စဉ်းစားကြည့်ပါ ၊ ကျွန်တော်တို့ဆီမှာ ငွေတွေအမြှောက်အများရှိလျှက်နဲ့ အေးအေးဆေးဆေး မစားရ ၊
အေးချမ်းစွာ မအိပ်ရနဲ့ ၊ ပြေးလွှားရတဲ့
ဒုစရိုက်ဘဝကြီးကိုကျွန်တော်မုန်းသွားပြီဆရာ ''
'' အင်းး , မင်းတောင် ရဲစခန်းကပြန်လာမှ တရားဟောကောင်းလာတယ် ''
ကျွန်တော်သက်ပြင်းချ လိုက်ပြီး ခါးကြားထဲက
ဓားမြှောင်ရှည်တလက်ကို ဆွဲထုတ်ယူလိုက်ရာ , ကျွန်တော်ဆီသို့ ဒူးထောက်ပြေးဝင်လာလျှက် . . . .
'' ဆရာ . , မလုပ်ပါနဲ့ ဆရာ ,
ကျွန်တော်ညီမလေးကို မသတ်ပါနဲ့ ဆရာ , ''
ငိုကျွေးသံဖြင့် တောင်းပန်လေတော့သည် ၊
'' မိုးနက် ''
'' ဟုတ်ကဲ့ , ဆရာ ''
''မင်းအခုလို မင်းညီမရဲ့အကြံပေးချက်အတိုင်း လိုက်လုပ်တော့ . . . ငါဘာဖြစ်သွားလဲ သိလား ''
'' ကျေးဇူးပြု ပြီး , ညီမလေးကိုမသတ်ပါနဲ့ဆရာ ''
'' မင်း,ငါ့ကို လက်အုပ်လာမချီနဲ့ ,
ငါ , ဘုန်းကြီးမဟုတ်ဘူး ,
ငါမေးတာပဲ ဖြေ , မင်းညီမပြောတဲ့အတိုင်း မင်းလိုက်လုပ်တော့ . . .
ငါဘာဖြစ်သွားလဲလို့ ,
မိုးနက် မင်းဖြေစမ်း ''
'' ဆရာ,ဆုံးရှူံးမှု့ကြီးဖြစ်သွားပါတယ် ''
'' ငါ နွားဖြစ်သွားတာကွ ,
ငါမွေးထားတဲ့ ''နွား''က နွားမဟုတ်တော့ပဲနဲ့ ,
ငါက နွားပြန်ဖြစ်သွားတာကွ . ,
ငါ နွားဖြစ်သွားတာ , မင်းသိလား ''
'' တောင်းပန်ပါတယ် ဆရာရယ် ,
ညီမလေးအတွက်မို့ပါ ''
'' ညီမလေးအတွက်မို့, ဟုတ်လား ''
'' ဟုတ်,ဟုတ်ပါတယ် ဆရာ ''
'' အဲ့ဒါဆို . . . မင်းညီမကို
ငါယူမယ်ဆိုရင်ကော ''
'' ခင်ဗျား , တရားလွန်သွားပြီ ,''
ကျွန်တော်ရဲ့စကားကြောင့်
မိုးနက်ဒေါသထွက်ပြီး ကြမ်းပြင်ပေါ် မတ်တပ်ထရပ်ကာ သူတို့အိမ်ခန်း၌
ချိတ်ထားသော ရဲတင်းကို ယူဆောင်လာလျှက် . . .
ကျွန်တော်ကို ရဲတင်းဖြင့် ချိန်ရွယ်ကာ
'' ခင်ဗျား,ကို ကျွန်တော်အကုန်ပြောပြပြီးပြီ ၊ တောင်းလဲ တောင်းပန်ပြီးပြီ ,
ကျွန်တော်ရဲ့သည်းခံစိတ်ကုန်ပြီ ၊ ''
'' အဲ့တော့ မင်းက ငါ့ကိုသတ်မယ်ပေါ့ဟုတ်လား ''
'' ထွက်သွားပါ ၊ ဒါမှမဟုတ် ကျွန်တော်ကသစ္စာဖောက်ခဲ့လို့
ကျွန်တော်ကို သတ်မလား ၊ ရပါတယ်၊
ကျွန်တော်သေရဲပါတယ် ၊ ဒါပေမယ့်. .
ကျွန်တော်ညီမလေးကိုတော့ လာမထိနဲ့ . . . ဆရာမထားဘူး ''
'' အို , လူကြမ်းပဲ ''
သူ့ရဲ့ညီမလေးကလဲ
မျက်ရည်များဖြင့် ငိုကျွေးနေလျှက်
'' ကောင်းပါပြီ,ငါ မင်းစကားကိုလက်ခံလိုက်တယ် ၊ မင်းက သစ္စာဖောက်မို့ မင်းကိုတော့ ငါသတ်ရလိမ့်မယ် ၊ မင်းညီမလေးကတော့ မင်းကိုအကြံပေးခဲ့တဲ့အတွက် . . .
သူလဲ ပြန်ပေးဆပ်စေရမယ် ''
'' လူယုတ်မာ ''
မိုးနက်ကလျှပ်တပြတ် ကျွန်တော်ကို
ရဲတင်းဖြင့်ဝင်ခုတ်ရာအရှောင်ကောင်းပေမယ့် ကျွန်တော်ဝမ်းဗိုက်ကို ရှပ်ထိသွားခဲ့တယ် ၊ မကြာပါဘူး , မိုးနက်ဟာ ကြမ်းပြင်ပေါ်သို့ သွေးရဲရဲများဖြင့် လဲကျရင်း
ချူ ပ်အေးခဲ့သည် ၊ ညီမဖြစ်သူက အကိုဖြစ်သူရဲ့သေဆုံးခြင်းကို
ထိုင်ကြည့်နေရသလို မိုးနက်ရဲ့ညီမဟာ အကြီးအကျယ်ငိုအော်ရှိုက်လေတော့သည် ။
••••••• ••••• ••••• ••••• •••• •••• •••• •
နေချီကကျွန်တော်ကို ဆေးအုပ်ပေးရင်း
''ဆရာ, သက်သာလား ''
'' သက်သာပါပြီ,နေချီ , ကျေးဇူးပဲကွာ ''
''မိုးနက်ကပေါ့သေးသေးမဟုတ်ဘူး ,
မိုးနက်က တအားလျှင်သလို ,
သူ့ကိုသေအောင်သတ်ဖို့မပြောနဲ့
ဒဏ်ရာပေးဖို့တောင်မလွယ်ဘူး ,
ဆရာမို့လို့ , မိုးနက်ကို သတ်နိုင်တာ ,''
'' အေး,မင်းပြောတာမှန်တယ် , ငါတော်တော် အရှောင်အတိမ်းကောင်းလို့ နို့မို့ဆို
သူခုတ်လို့ ငါသေမှာ ''
'' ဆရာကို ကျွန်တော်တခုပြောစရာရှိတယ် ''
'' ပြောလေ, နေချီ ''
'' ဆရာခေါ်လာတဲ့ မိုးနက်ရဲ့ညီမကို
ကြာရှည်ထားလို့မဖြစ်ဘူး , ''
'' အင်း, ဒါပေမယ့် . . .ကိစ္စမရှိပါဘူး ၊
သူမက ဘာလုပ်နိုင်မှာမို့လို့လဲ ၊
အဓိကက သူမကို စောင့်ကြည့်ဖို့နဲ့
အပြင်ပေးမထွက်ဖို့ပဲ ဆောင်ရွက်ပါ ''
'' ကျွန်တော်ကတော့
သဘာဝမကျ ဘူး ထင်တယ် ဆရာ , သတ်လိုက်တာမှ ပိုကောင်းမယ်ထင်တယ် , ဘာဖြစ်လို့လဲဆိုတော့ . . .
ကျွန်တော်တို့အုပ်စုက အခုမှ ဒီနေရာကို အခြေချနေထိုင်ကာစဘဲရှိသေးတယ် ၊ ''
'' အဲ့လောက်ထိ လုပ်ဖို့မလိုပါဘူး ,
အမှန်အတိုင်းပြောရရင် ငါ , သူမရဲ့
မျက်ဝန်းကို မြင်မြင်ချင်းပဲ
သူမရဲ့မျက်ဝန်းအောက်မှာ
ငါဟာ ဒူးထောက်ကျ သွားစေခဲ့တယ် ၊ ''
နေချီက ကျွန်တော်ဒဏ်ရာကို
ဆေးသိပ်ပေးရင်း မျက်နှာကပြုံးဖီးဖီးဖြင့် . . .
'' ဆရာ,ဆိုလိုချင်တဲ့ သဘောက
ဆရာ,သူကို ချစ်တယ်ပေါ့ ,
အဲ့လိုလား ဆရာ ''
'' ငါမပြောချင်ဘူးကွာ , ငါရှက်တယ် ,
သွားတော့မယ်
မနက်ကျမှ ပြန်တွေ့မယ် နေချီ ''
'' မျက်လုံးချင်း
စကားသွားပြောတော့မလို့လား ,ဆရာ ''
''ာ ဟာ , မင်းတော့ကွာ ''
'' ဆရာကလဲ မိန်းကလေးက ရှက်ရမှာဗျာ , ဆရာအဲ့လိုကြီး ရှက်သွားတာ မိန်းကလေးနဲ့သွားတူနေတယ် ''
'' အေးပါ အေးပါ အေးပါ , ပြောထား ''
နေချီက တဲငယ်ထဲမှာကျန်ခဲ့၍ တဟားဟားနှင့်ရီနေလေတော့သည် ။
ကျွန်တော်ရဲ့တဲအဆောင်ထဲသို့ ဝင်ခဲ့ရာ , ကောင်မလေးက ထောင့်နားလေးမှာ ထိုင်ပြီးငိုနေလျှက်
မတိတ်သေးပါ ။
'' ဟိတ်, ဗိုက်ဆာနေလား ''
သူမ,ဘာမှပြန်မပြောခဲ့ပေ ,
'' ဗိုက်ဆာရင်., ဒီမှာ မင်းစားဖို့အတွက် ချန်ထားပေးတယ်နော် , ငိုလို့ဝရင် ထမင်းစားလိုက်အုန်း , အစာခံနေရင် အစာအိမ်ရောဂါဖြစ်တတ်လို့ ပြောတာ ''
'' သေသွားလဲ အေးတာပဲ ''
'' ဒါပေါ့ , မသေသေးသမျှတော့ မအေးနိုင်သေးဘူးပေါ့ကွာ ,
သေရင်တော့ မင်းပြောသလို
အေးသွားတာပေါ့ ''
'' လူယုတ်မာကြီး ,
အနားလာမကပ်နဲ့ ''
''ကပ်ချင်လို့ကပ်တယ်များ
မှတ်နေလား , မင်းအကိုရဲ့
ကောင်းမှု့ကြောင့်ငါတို့မှာ ခွေးပြေးသလို ပြေးလာရတော့ . . .
စောင်တွေပါမလာဘူး , ချမ်းတယ် ,
အဲ့ဒါကြောင့် ကိုယ်ငွေ့လှူံ တာပါ ''
မနက်မိုးသစ်အချိန်ကိုရောက်တော့
သူမဟာ ကျွန်တော်ရဲ့ရင်ခွင်လေးပေါ်၌
ခေါင်းလေးတင်ပြီး အိပ်နေလျှက်ပေါ့ ၊
( ဒီလိုသာ သာယာတဲ့အချိန်တွေ
တခါတရံလေးငါဘဝမှာရှိခဲ့မယ်ဆိုရင်
ငါမဆိုးပါဘူး , လောကကြီးရယ် )
ခဏကြာသောအခါ၌ , သူမနိုးလာ၍
ရုတ်တရက် ကျွန်တော်ရင်ခွင်ကို
တွန်းကာ ပြေးထွက်သွားလေသည် ။
သူမပြေးထွက်သွားသည်ကို
ကျွန်တော်ကြည့်၍ . . .
( လှလိုက်တဲ့ အမိငယ်
ကြွေလောက်တဲ့ အသဲတွေ
မြေခြောက်ကပ်နေလို့
ဒေဝါသိကြား ကဲ့သို့
ချွေကာ ချစ်သဲလေးများ
ရွာသွန်းပေးပါလားကွာ )
°° ° °°°°°° °°°°°° °°°°°° °°°°°°° °°°°°
ထမင်းချက်အောင်ဒင်က ကျွန်တော်အနားသို့ ရောက်လာ၍ ကခုန်ပေါက်လျှက်
ကျွန်တော်ကို ပွေ့မချီလိုက်ပြီးး
'' ဆရာရေ,ဆရာကံထူးပြီသိလား ''
'' အောင်ဒင်,ငါကို
အောက်ချပေးတော့
ငါအသက်ရှူ ကျပ်လာပြီကွ ''
'' တောင်းပန်ပါတယ်ဆရာ ,
ဆရာအတွက် ပျော်လွန်းလို့ပါ ''
'' ငါမှာ ဘာပျော်စရာရှိလို့လဲ ''
'' ဆရာ,ခေါ်လာတဲ့
ကောင်မလေးက ဒီနေ့ကစပြီး
ဆရာအတွက်ထမင်း၊ဟင်းတွေကို သူပဲချက်မယ်ဆိုပြီး,
ကျွန်တော်ကိုလာပြောပြီး
အခုဆရာအတွက် ချက်ပြုတ်နေတယ် , ''
'' အဲ့တော့ မင်းက တစ်ယောက်စာလျှော့
ချက်ရတာ သက်သာတယ်ဆိုပြီး
ပျော်နေတယ်ပေါ့ ''
'' ဟာ , ဆရာကလဲ ,
သူနဲ့ဆရာ အဆင်ပြေတာကို ဝမ်းသာလို့ပါဗျာ ''
'' သူနဲ့ငါက အဆင်ပြေတယ်လို့ ပြောရအောင်လဲ . . . သူနာမည်ကိုတောင် ငါမသိတာ
နောက်ပြီး စကားလဲသိပ်မပြောဖြစ်ပါဘူးကွာ ၊
ဘယ်လိုလုပ်ပြီး , အဆင်ပြေသွားတာတုန်း ''
'' ဆရာက ဒီနေရာကျတော့ ညံ့တယ်၊''
'' ငါ ညံ့တယ် ၊ ဟုတ်လား ''
'' ဒါပေါ့ , မိန်းကလေးဆိုတာ
သူတို့ဘယ်လောက်ပဲနာကျည်းမုန်းတီးနေပါစေ အချစ်ဖြည့်လိုက်ရင် မမုန်းနိုင်တော့ဘူး ၊ အပြင်အနေအထားမှာသာ ငြင်းလွှတ်နေပေမယ့် သူတို့ရဲ့အတွင်းစိတ်ထဲမှာ
သူတို့မေတ္တာ ရှိတယ် ဆရာရဲ့ ''
'' မိန်းကလေးတိုင်းလားး ''
'' ရှိတဲ့ မိန်းကလေးပဲ ရှိတာပါ ၊
'' ဒါဆို သူက ''
'' ဆရာကို သူချစ်သွားပြီ ၊ သေချာတယ်ဆရာ ၊ ကျွန်တော်က လူပျို ကြီးသာ ဖြစ်နေတာ
ဒါမျိုးလောက်တော့ ကြည့်တတ်ပါတယ် ဆရာ ''
'' မင်းပြောသလိုသာ ဖြစ်ခဲ့ရင်တော့
ငါ ကံကောင်းတာပေါ့ ''
ထမင်းချက်နေရာသို့ လျှောက်ခဲ့ရာ
သူမက အောင်ဒင်ပြောသလို
ချက်ပြုတ်နေတာကို တွေ့သည် ၊
'' ဒါက အဆိပ်ဆေးလား ''
ကျွန်တော်စကားကြားတော့မှ သူမဆီ ကျွန်တော်ရောက်နေမှန်းသိလေသည် ။
'' မယုံကြည်ရင် မစားနဲ့ ၊ စိတ်မဆိုးဘူး ''
'' အောင်ဒင်က ပြောတယ် ၊ကိုယ်စားဖို့အတွက် မင်းကတာဝန်ယူပြီး ချက်ပြုတ်ပေးမယ်တဲ့
အဲ့ဒါအမှန်လား ''
'' ရှင်,အောင်ဒင်ဆီက
ကြားခဲ့အတိုင်း အမှန်ပဲ ''
'' ဘာစိတ်ကူးပေါက်သွားတာလဲ ''
'' ဘာကိုလဲ ''
'' ထမင်းချက် ၊
ဟင်းချက်ဖို့ စိတ်ကူးကိုပြောတာပါ ၊
ကိုယ့်ကို အချို တွေပေးပြီး
အဆိပ်ခတ်သတ်မလို့လား ''
'' ရှင့်ကို သတ်ချင် လွယ်လွယ်လေး ,
ရှင့်,အိပ်နေတုန်း
ဓားနဲ့ထိုးသတ်လိုက်လို့ရတယ် ၊ ''
'' အဲ့ဒါဆို ဘာလို့မသတ်လဲ ၊
ကိုယ်က မင်းရဲ့အကိုကို သတ်တဲ့လူပဲလေ ''
'' မှန်တယ် ရှင့်က ,ကျွန်မအကိုကို သတ်တဲ့လူ ၊ နာကျည်းခဲ့တယ် ၊ အမှန်အတိုင်း ပြောရရင် ရှင့်ကိုပြန်သတ်ချင်မိတယ် ၊ ဒါပေမယ့်. . . သေတဲ့လူကလဲ သေပြီးနေပြီ ထပ်ပြီး မပူလောင်ချင်တော့ဘူး , အေးအေးချမ်းပဲ နေချင်တော့တယ် ၊
ဒါ,ကျွန်မရဲ့စကားအမှန်ပါ , ရှင့်ကို ယုံဖို့ ပြောပြနေမဟုတ်ဘူး ''
'' အေးအေးချမ်းချမ်းနေချင်ရင် ဒီမှာတော့ အေးအေးချမ်းချမ်းနေလို့မရနိုင်ဘူး ၊ ကိုယ်လုပ်တဲ့အလုပ်ကို မင်းလဲသိမှာပါ ၊
အချိန်တိုင်း ပြေးလွှားနေရတာ ၊ ''
'' သိတယ် ၊ ဒါပေမယ့် . . .
ရှင်ရှိနေရင်ကျွန်မဘဝဟာ အေးချမ်းပါတယ် ''
'' နေပါအုန်း , မင်း ,ငါ့ကို အယုံသွင်းနေတာလား , မင်းစကားက မင်းပါးစပ်ထဲက ထွက်တဲ့အသံနဲ့မညီသလိုပဲနော် ''
'' ကျွန်မ,ချက်ပြုတ်လို့ ပြီးပြီ ၊
မယုံသူကို အခါခါရှင်းပြရတာ အမုန်းဆုံးပဲ ၊ သွားတော့မယ် ''
'' ဟင်းရနံ့က အဆိပ်နံ့သင်းနေသလိုပဲနော် ''
မကြည်သလို အကြည့်ဖြင့်
သူမ,ကျွန်တော်ကို ကြည့်ကာ
လှည့်ထွက်သွားခဲ့သည် ။
( အောင်ဒင်ပြောသလို
သူမ,ရဲ့ရင်ထဲမှာမေတ္တာရှိနေမလား ၊
ဒါမှမဟုတ်
သူမရဲ့ရင်ထဲမှာ လှည့်ကွက်ရှိနေမလား ၊
ဘယ်လမ်းပဲလျှောက်လျှောက် ညရောက်လာရင်တော့
ဆက်သွားလို့မရတော့ပါဘူး )
ကျွန်တော်ရဲ့လုပ်ငန်းတွေဟာ မိုးနက်ရဲ့သစ္စာဖောက်မှု့ကြောင့် အကုန်ပျက်ပြားခဲ့ကာ
ပုံမှန်အရင်အတိုင်းလို မဖြစ်ပေမယ့်
နောက်ပိုင်း . . . .
အဆက်အသွယ်ပေါင်းများစွာဖြင့်
ပြန်ချိတ်ဆက်မိကာ . . . အရင်လိုပုံမှန်လည်ပတ်လေတော့သည် ။
ထိုသို့တဖန် , သူမနဲ့လဲကျွန်တော်ဟာ
ပိုပို၍ သံယောဇဉ်များ ယှက်နှောင်စွာရစ်ပတ်လာလေတော့သည် ။
နေချီကတော့ သူမနဲ့ပတ်သတ်ပြီး ကျွန်တော်ကို သတိထားဖို့ အချိန်တိုင်းပြောလေ့ရှိသည် ။
တစ်နေ့ , ကျွန်တော်အပါအဝင်
တောလမ်းတခုသို့ လျှောက်နင်းရာ , , ,
ရုတ်တရက်,ကျွန်တော်တို့အားလုံးကို
ဘယ်အချိန်တုန်းတည်းက ဘယ်လို
ရဲတပ်ဖွဲ့တွေ ဝိုင်းထားမှန်းမသိ ၊
''လက်နက်ချပြီး အဖမ်းခံ''ဟု
အော်ပြောသော အသံကြားတော့မှ
ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ . . . ရဲတွေအများကြီး ကျွန်တော်တို့ကို
ဝိုင်းရံထားလေသည်ကို တွေ့မိတော့သည် ။
ထိုရဲအုပ်ကြားထဲ၌ကျွန်တော်ရဲ့
အားအကိုးရဆုံးဖြစ်တဲ့ နေချီ
ထွက်လာလေခဲ့သည် ။
'' နေချီ , မင်း ,မင်းက ဘာလိုဖြစ် ''
'' ဟုတ်တယ်ဆရာ ၊ ကျွန်တော်သေရမှာမကြောက်ပါဘူး ၊
ဒါပေမယ့် . . .
လိပ်ပြာသန့်သန့်နဲ့သေချင်တယ် ဆရာ ၊ ကျွန်တော်တို့တွေကြောင့်လဲ
လူငယ်လေးတချို့ ဟာ မူးယစ်ဆေးဝါးရဲ့ကျွန်တွေဖြစ်ခဲ့ရပြီး
သူတို့တွေရဲ့ရှင်သန်မှု့တွေဟာ သေဆုံးခြင်းနဲ့အတူတူဖြစ်ခဲ့ရတယ် ၊
ကျွန်တော်တို့တွေရဲ့လုပ်ရပ်ကို ရပ်တန့်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်ထင်မိတယ် ၊ ဆရာ,ကိုယ့်ဘဝကို ကိုယ်မှမသနားရင် , ဘယ်သူမှသနားမှာ မဟုတ်ပါဘူး ၊''
'' ရဲတွေကို သတင်းပေးတဲ့အထဲမှာ
သူမ,ကော ပါလား ''
'' မပါပါဘူးဆရာ , ကျွန်တော်တစ်ယောက်ထဲပါ ၊ ''
'' ဒါဆိုအခု သူမက ငါ့အပြန်အလာကို စောင့်နေတော့မှာပေါ့ ၊
သူမ ,စိတ်မကောင်းဖြစ်တော့မှာပဲ . ,
မင်းကြောင့် . . .
ငါ , သူမဆီပြန်သွားနိုင်လိမ့်မထင်ဘူး နေချီ ''
'' သူငယ်ချင်း , မင်း လက်နက်ချလိုက်ပါ ၊ မင်းရဲ့လူတွေကိုလဲ လက်နက်ချခိုင်းလိုက်ပါ ၊
ငါ ကတိပေးပါတယ် ၊ မင်းတို့အားလုံး အပြစ်ဒဏ်လျှော့ပေါ့ဖို့ ငါကူညီပေးနိုင်တယ် သူငယ်ချင်း ၊ ငါကို ယုံပါ ၊
မင်း,ကိုင်ထားတဲ့ သေနတ်ချလိုက်ပါ ''
'' ငါ ,ထင်တာက , မိုးနက် ညီမ,
တစ်နေ့ ငါ့ကို သစ္စာဖောက်မယ်လို့
ထင်ထားမိတာ ၊''
'' သူငယ်ချင်း., ငါပြောသလိုလုပ်ပါကွာ , ငါကူညီပေးပါ့မယ် ''
'' ဆရာ,လက်ခံလိုက်ပါ ၊
အေးအေးချမ်းချမ်းနဲ့ဘဝကို
ရှင်းသန့်မွန်မြတ်ခြင်းနဲ့ပဲ
ကျန်ရှိတဲ့အချိန်တွေကို ဖြတ်သန်းပါ ဆရာ ''
ကျွန်တော်ရဲ့လူတွေရဲ့မျက်နှာတွေကို
တစ်ယောက်စီ , တစ်ယောက်စီ
ကျွန်တော်ကြည့်ရင်း . . .
သူတို့တွေဟာ သူတို့တွေရဲ့သေနတ်တွေကို
တင်းကျပ်စွာ ဆုပ်ကိုင်ထားတာကို
တွေ့ရှိလေသည် ။
'' နေချီ , ''
ကျွန်တော်လှမ်းခေါ်လိုက်ရာ နေချီက
ပြန်မထူးပဲ ခေါင်းငုံ့ထားလျှက်
သူရဲ့မျက်ရည်များက မြေပြင်ထက်သို့
တပေါက် တစက်နှင့်ထိုးစိုက်ဆင်းလေတော့သည် ။
'' နေချီ ''
နေချီဟာ တုန်ရီသော အသံတချို့ ဖြင့်
ကျွန်တော်ကို . . .
'' ဟုတ်,ဆရာ ''
'' ဘဝက သက်တန့်လိုပဲ ၊
သက်တန့်ကိုအရောင်တခုတည်း
သတ်မှတ်လို့မရသလို ၊
ဘဝဆိုတဲ့အရာကလဲ
ဘာကို ဘယ်လိုသတ်မှတ်ပြီး
ခေါ်ဆိုရမလဲမသိဘူး ၊
ဒီနေ့ ငါ,အသက်ရှင်ချင် ရှင်မယ် ၊
ဒါမှမဟုတ် သေရင်သေမယ် ၊
ငိုနေလို့လဲ ဘဝကအဆင်ပြေတာမှမဟုတ်တာ ၊
ရီမောနေလို့လဲ ဘဝကအဆင်မပြေနိုင်ဘူး၊
တောင်ထိပ်ပေါ်မှာကော
တောင်ခြေအောက်မှာကော
လေတွေကတော့ တိုက်ခတ်မှု့ရှိမှာပဲ
တစ်နေ့ တချိန်မှာ မင်းပြောတဲ့ အေးချမ်းပြီး ရှင်းသန့်မွန်မြတ်တဲ့ဘဝတခုကို
ပိုင်ဆိုင်နိုင်ပါစေလို့ , ငါဆုတောင်းချွေ ခဲ့ပါတယ်''
ထိုနောက် သေနတ်သံများက တောကြီးတတောလုံးကို မြည်ဟိန်းစေလျှက် . . . မြေစိမ်းစိမ်း မြက်ခင်းလေးတွေပေါ်မှာ နီရဲရဲသွေးများက ညစ်ညမ်းစေခဲ့တယ် ၊
နေချီကလဲ သူ,ခေါင်းကို
သူဖာသာသေနတ်နဲ့ချိန်ကာ
ချူ ပ်ငြိမ်းသွားလေတော့သည် ။
ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာလဲ ကျည်အပေါက်တစ်ရာဖြစ်ခဲ့ကာ ကျွန်တော်ရဲ့လူတွေလဲ ခရီးတိုတိုနှင့်ပြီးဆုံးလေခဲ့တော့တယ်။
ကပိုကယိုနှင့်လုံးထွေးနေ၍ ဖုန်တွေဟာလဲ တခိုးတထောင်းနဲ့
ကျွန်တော်ဟာ တောဖြတ်လမ်းတခုထဲသို့ ပြေးဝင်လျှက် ရဲတွေလက်ထဲကတော့
ပြေးလွတ်ခဲ့ပေမယ့် . . .
သေမင်းရဲ့လက်ထဲကတော့ မလွတ်နိုင်တော့ပါ ။ ကျည်အပေါက်တစ်ရာနှင့်ကျွန်တော်ခန္ဓာကိုယ်ဟာ ဆက်၍မရှင်နိုင်တော့မှန်းသိနေတယ်
ပြေးလျှောက်နေသော်လဲကျွန်တော်ဟာနှစ်လှမ်း သုံးလှမ်း လှမ်းပြီးတာနဲ့
မြေပြင်ပေါ်သို့လဲလဲကျလျှက်
ပြန်အားယူတင်းလို့ တခါပြန်ကုန်းထပြီး
တခါပြန်လျှောက်လိုက်နဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာ ရှိသမျှ သွေးတွေအားလုံးဟာလဲတဖြည်းဖြည်း လျှော့ခဲ့လာပါတော့၏ ။
သူမ,အိမ်မှာ ကျွန်တော်အပြန်အလာကို စောင့်နေတော့မလား ၊
အကယ်၍ . . .
ကျွန်တော်,သူမဆီသို့ရောက်မသွားခဲ့သော်ငြား
သူမ,ငိုနေလေတော့မလား ၊ သူမ,ကျွန်တော်ကို သူမ,ရဲ့နာမည်ကို မပြောပြရသေးဘူး ၊ သူမကျွန်တော်ကို စောင့်မျှော်နေမှာပါ ၊
အကယ်၍သာ . . .
ကျွန်တော်,သူမဆီ ရောက်ခဲ့ရင်
သူမရဲ့နာမည်ကို အရင်ဆုံးမေးမိလိမ့်ထင်တယ် ။
[ ပြီး ]
ညမင်းကြယ်တံခွန်


No comments:
Post a Comment