ရက်ပေါင်း ( သုံးဆယ် )
ထူပူသွားခဲ့တယ် ၊ အာရုံကြောများအားလုံး ဖြာပွင့်ထွက်ခဲ့လို နွေရဲ့ကောင်းကင်ပြင်မှာ လျှပ်စီးတွေပွင့်ခဲ့တယ် ၊
သူမရဲ့ရှင်သန်မှု့က အများကြီးကြာခဲ့ရင်
( ရက်ပေါင်း ''၃၀'' ) . . . . . . .
ဆေးရုံကြီးရဲ့ခုတင်တစ်လုံးထက်မှာ
'' သူမ ''လဲလျောင်းနေရတာ သူမအတွက်တော့ အဆင်ပြေ နေသားကျပေမယ့် ကျွန်တော်ရဲ့အမြင်အတွက်တော့ ဆန့်ကျင်သော အရာများစွာ ထိုးကလန့်ခံနေတယ် ၊
လေးကိုင်းညို့သဖွယ် သူမရဲ့နူတ်ခမ်းပါးများ စတင်လှုပ်ရှားရင်း သူမ , ကျွန်တော်ကိုမေးပြီ . . . .
'' မမရဲ့ကျန်းမာရေးအခြေအနေကို ဆရာဝန်က ဘာပြောလဲ မောင် ''
'' ရက်ပေါင်း သုံးဆယ် ''
'' ဘယ်လို ရက်ပေါင်း သုံးဆယ်လဲ မောင် . . . . ''
'' မမအခု ကျန်းမာရေးက ရက်ပေါင်း သုံးဆယ် ဆိုပျောက်ပြီးလေ ဆရာဝန်က ထပ်ပြောသေးတယ် . . . . . ဒီကြားထဲ အားတင်းထားရမယ့်တဲ့ နောက် . . . အပူအပင်ကိစ္စတွေကို မစဉ်းစားရဘူးတဲ့ . . . . သုံးဆယ် ရက်ပေါင်း ၃၀ ပါပဲ ကျော်လွန်သွားခဲ့ရင် အရင်လိုပဲ မမနဲ့မောင် အိမ်မှာပြန်နေလို့ရပြီလေ ''
'' မောင် . . . . . ''
သူမရဲ့နူတ်ဖျားက လေးကိုင်းညွန့်ကွေးလာသလိုပင် သူမရဲ့မျက်ဝန်းအိမ်ဟာလဲ ပတ္တမြားလိမ်းချယ်သလိုပင် ရဲလို့နီနီလာကာ
'' မောင် '' ဆိုပြီး လမ်းတဝက်ရောက်နေသူ စကားတစ်ခွန်းထစ်အသွားတဲ့ အနေထားမျိုး . . . . . . . . .
'' မောင် . . . လိမ်ပြောရင် ငရဲကြီးတတ်တယ်နော် . . . မမအကုန်ကြားတယ် . . မောင် နဲ့ ဆရာဝန် ပြောတာ ''
'' အကုန်ကြားတယ် ဟုတ်လား . . . မမက ဘာတွေအကုန်ကြားလို့လဲ ပြောပါအုန်း ''
'' ရက်ပေါင်း ( သုံးဆယ် ) ပဲ မမရဲ့ရှင်သန်ခွင့်ရှိမယ်ဆိုတာလေ
ဟုတ်တယ်မလား မောင် . . . . ဆရာဝန်က မောင်ကို အဲ့လိုပြောလိုက်တယ်မလား ''
သူမကအကုန်သိထားပြီးပြီဆိုတော့
ကျွန်တော် သူမကို ဘယ်လိုလှည့်ဖျားရင်း အသက်သွေးဆက်ရမလဲ . . . . .
'' သြော် , , , လွဲပြီ . . . မမက မောင်နဲ့ဆရာဝန်တို့ပြောတာ အကုန်မကြားဘူးထင်တယ် . . . မှန်ပါတယ် ရက်ပေါင်း သုံးဆယ်ပဲဆိုတာလေ ဒါပေမယ့် ဆရာဝန်ပြောတာက အခုလိုစောစောစီးစီး ဆေးကုသမှု့မခံခဲ့ရင် အသက်ရှင်မှု့က
ရက်ပေါင်း သုံးဆယ်ပဲတဲ့ ဒါပေမယ့်
မောင်တို့က စောစောဆေးကုသမှု့ခံတော့ ရက်ပေါင်းသုံးဆယ်ဆို မမမှာခံစားရတဲ့ ဝေဒနာဆိုးကြီး (ကင်ဆာ ) အရှင်းပျောက်ပါပြီတဲ့ခင်ဗျာ . . . .
ကဲပြော မမ ခိုးနားထောင်တာ လွဲပြီမဟုတ်လား ''
'' ဟာ . . မောင်ကလဲ မမကခိုးနားထောင်တာမဟုတ်ပါဘူး . . . လမ်းလျှောက်ထွက်ရင်းနဲ့
စကားပြောတာတွေ့တော့ ဝင်နားထောင်လိုက်တာပါ ''
'' ဟား ဟား ဘာပဲဖြစ်ဖြစ်လေ . . . လူများမသိအောင်လုပ်ရင် အပြစ်ပဲ
အဲ့တော့ အပြစ်ပေးရမယ်
အခုတော့မဟုတ်သေးဘူး အိမ်ပြန်ရောက်မှ . . . ''
'' မောင်နော် . . . ဒါနဲ့ စောစောက မောင် ပြောတာတွေက အမှန်တကယ်ပဲလား ''
'' အင်းး . . . အမှန်ပါ မမ ''
'' အဲ့ဒါဆိုလဲ ပြီးရော . . . မမကဖြင့် မောင်နဲ့တသက်လုံးဝေးရပြီလားလို့
ရင်ထဲဆို့နင့်ပြီး မခံစားနိုင်ခဲ့ဘူး ''
'' စိတ်ညစ်စရာတွေ သိပ်မတွေးနဲ့လေ ''
အခုလိုလိမ်ညာဖျားခဲ့တွေက ဘယ်အချိန်ထိ သူမကိုပျော်ရွှင်စိတ်ချမ်းသာနိုင်မလဲ ၊
သူမအတွက်ကို ဆရာဝန်တွေက လက်လျှော့ခဲ့ကြသလို အသိုင်းအဝိုင်းတွေကလဲ လက်လျှော့ရင်း ဝမ်းနည်းကြေကွဲနေကြတယ် ၊ သူမအတွက် လက်မလျှော့သူကတော့ ကျွန်တော်တစ်ယောက်ထဲ ။
နေ့ရက်တိုင်းလိုလို သူမကို အချိန်မှန်မှန်ဂရုစိုက်ပေးရင်း
ညပေါင်းရှည်သမျှ သူမအနားက တဖဝါးမှမခွာ တမှေးမှမအိပ်စက်ပဲ သူမကို စောင့်ရှောက်ခဲ့တယ် ၊
တစ်နေ့သောအခါမှာ သူမရဲ့စကားတစ်ခွန်းဟာ ခိုင်ခိုင်မာမာ နူတ်ထွက်လာခဲ့တယ် ၊ ဘယ်သူတွေ ပြောတာကြားသွားသလဲမသိဘူး ကျွန်တော်ကို လူလိမ်ဆိုပြီး သူအနားက မောင်းထုတ်ခဲ့တယ် ၊ ရက်သုံးဆယ် ရဲ့အမှန်ကို သူမ သိသွားခဲ့ပြီလေ ဒီတခါတော့ ကျွန်တော် ဘယ်လိုမှ လှည့်ဖျားလို့မရတော့ဘူး ၊ သူမရဲ့ခုတင်ထက်မှာ သူမရဲ့မျက်ရည်တွေဟာ သူမကိုဝါးမြိုဖို့စောင့်နေရစ်ပြီ ၊
ကျွန်တော်ရင်ခွင်ထဲ ခိုဝင်မှီပြီး တစ်နေ့ထက် တစ်နေ့ သူမငိုမျက်ရည်များကို ကျွန်တော်အနေနဲ့လဲ တားဖို့ဆိုတာ အားအင်မဲ့လို့နေခဲ့ပြီ ၊
````` ရက်ပေါင်း သုံးဆယ်ပြည့်ခါနီးပြီလား ´´´´´´
•••••••••••••••••••••••••••••••••••••••••••••••••••••
°°°°°° °°°°°°° °°°°°°°°°° °°°°°```°
'' မမ , , , အခုချိန်ကစပြီး ပန်းတစ်ပွင့်ကို ပြတင်းပေါက်နားမှာ ချထားပေးမယ် . . . အဲ့ဒီပန်းတစ်ပွင့်က ရက်ပေါင်း သုံးဆယ်ပြည့်တာနဲ့ ညိုးနွမ်းသွားမှာ ., မမ နဲ့အတူတူပဲပေါ့ ၊ နောက်ပြီး မောင့်ကို ယုံကြည်တယ်ဆိုရင် အဲ့ဒီပန်းတစ်ပွင့်ရဲ့အနားကို မသွားပဲနဲ့
အဝေးကပဲ စောင့်ကြည့်ပေးပါ ..
မောင့်ကို ထပ်ပြီးယုံကြည်တယ်ဆိုရင်
အဲ့ဒီပန်းတစ်ပွင့်ကို ဘယ်တော့မှမပန်ပါဘူးလို့ ကတိပေးပါ ၊ ဒါပေမယ့် မမစိတ်ထဲမှာ သိမှတ်ထားရမှာက အဲ့ဒီပန်းတစ်ပွင့်မညိုးမနွမ်းခြင်း ရက်ပေါင်း '' သုံးဆယ် '' မပြည့်သေးဘူးဆိုတာ ယုံကြည်ပေးပါ . . နေမင်းရဲ့အဝင်အထွက်ကို မမှတ်ထားပဲ လမင်းရဲ့အရိပ်တွေကို
မရေတွက်ပါဘူးလို့ ကတိထပ်ပေးပါ . . . အဲ့ဒီပန်းတစ်ပွင့်ဟာ ပန်းတစ်ပွင့်မဟုတ်တော့ဘူး အခုချိန်ကစပြီး မမဖြစ်သွားပြီ . . . မညိုးမချင်း အားတင်းရင်း အားမွေးပါ မမ ''
'' မောင် မမကိုတော့ ထပ်ပြီးမလိမ်ပါဘူးနော် . . . ဟိုတခါကလို လှည့်ဖျားလိမ်ရင်တော့ မောင့် ကိုမမခွင့်မလွှတ်ဘူး . . .''
'' မလိမ်ပါဘူး တကယ်ပါ ''
'' အင်း . . . ဒါနဲ့ အဲ့ဒီပန်းက ဘာပန်းလဲ , မောင် ''
'' ဘာပန်းလဲလို့မေးမယ့်အစား
အဲ့ဒီပန်း မညိုးမနွမ်းခြင်း မမလဲ အားအင်တင်းရင်း မနက်ဖြန်ပေါင်းများစွာကို မြင်ရမယ်လို့ ရင်ထဲခံယူထားပါ ''
'' ဟုတ် . . မောင်လဲ ကျန်းမာရေးဂရုစိုက်အုန်း . . . တအားပိန်သွားတယ် ထမင်းကော
မှန်မှန်စားရဲ့လား . . မမကို ဂရုစိုက်နေရင်း မောင်ရဲ့ကျန်းမာရေးပါ ထိခိုက်မှာစိုးမိတယ် ၊ ''
'' ဒီမှာ . . ရေနဲ့ ဆေးသောက်လိုက်အုန်း မမ . . ''
ဒီနေ့ ဘယ်နှရက်မြောက်သွားပြီလဲဆိုတာ သူမ တစ်ယောက်မသိတော့ဘူး သူမ သိတာက ပြတင်းပေါက်နားက ပန်းတစ်ပွင့်ရဲ့ညိုးခြောက်လာမယ့်နေ့ ပဲ . . . . .
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
'' ဒီက လူနာရှင်က မမနှင်းလားခင်ဗျာ . .''
'' ဟုတ်ပါတယ်ရှင့် . . . ဘာများအကြောင်းထူးလို့လဲ ဆရာ . .''
'' သတင်းကောင်းလာပြောပြတာပါ. . .''
'' ဘယ်လိုသတင်းကောင်းလဲ ဆရာ ''
'' . . . သမီး ရဲ့ ( ကင်ဆာ ) ဝေဒနာဆိုးကြီး အမြစ်ပျက် ပျောက်ကင်းသွားပါပြီလို့ လာအကြောင်းကြားရတာပါ ''
'' ရှင် . . တကယ်ပြောနေတာလား ဆရာ , ''
'' ဟုတ်ပါတယ် ဆရာ အခုပြောတာတွေက အိမ်မက်မဟုတ်ပါဘူး တကယ်ပါ စိတ်စွမ်းရဲ့အင်အားကို ကြီးမားအောင် လုပ်ပေးသွားတဲ့ သမီးရဲ့ '' မောင်ဇာအေး '' ကိုပဲ ကျေးဇူးတင်ရမှာပါ . . ''
'' ဟုတ်ကဲ့ . . . ဒါနဲ့ ဆရာစောစောက ပြောတဲ့စကားက
တမျိုးကြီးဖြစ်သလိုပဲနော် သမီးကို စိတ်စွမ်းအားကြီးမားအောင် လုပ်ပေးသွားတယ်ဆိုတော့
မောင် ကအခု ဘယ်ရောက်သွားလို့လဲ ဆရာ . . . သူ အခုတလော အလုပ်မအားလို့ ဆိုပြီး သမီး ဆီမလာတာတောင် အတော်ကြာပြီ . .သူဘာဖြစ်နေလဲ ဆိုတာ အမှန်အတိုင်းပြောပြပါ ''
'' ကဲ . . ဆရာတို့လဲ ထပ်ပြီးမလိမ်ချင်တော့ပါဘူး . . . သမီးရဲ့ပြတင်းပေါက်နားက
ပန်းတစ်ပွင့်က အခုချိန်ထိ မညိုးနွမ်းသေးဘူးနော် ''
'' ဟုတ်ကဲ့ ဆရာ . . . အဲ့ဒီပန်းတစ်ပွင့်က
ရက်ပေါင်း '' သုံးဆယ်'' ပြည့်မှ ညိုးနွမ်းမယ်ဆိုပြီး '' မောင် '' ပြောတာပဲ . . . ဒါပေမယ့် ရက်ပေါင်း သုံးဆယ် မပြည့်သေးလို့လားမသိဘူး အခုဆို သမီးတောင် ( ကင်ဆာ ) ဝေဒနာ ပျောက်ကင်းသွားပြီ ၊
အဲ့ဒီပန်းတစ်ပွင့်က မညိုးနွမ်းသေးဘူး .ဒါနဲ့ ဘာဖြစ်လို့လဲ ဆရာ ''
'' တကယ်တော့ အဲ့ဒီပန်းတစ်ပွင့်ဟာ သမီးထင်သလို ပန်းအစစ်မဟုတ်ခဲ့ပါဘူး . . . သူ . . သမီးကို ပထမဦးဆုံးပြတဲ့နေ့မှာတော့
ပန်းတစ်ပွင့်ဟာ အစစ်ပါ . . . ဒါပေမယ့် နောက်ပိုင်း အဲ့ဒီပန်းတစ်ပွင့်ဟာ ပိတ်ကားတစ်ချပ်ရဲ့ရှေ့က ပန်းချီပန်းတစ်ပွင့် ဖြစ်ခဲ့တယ် . . . ပန်းချီဆရာရဲ့ ပန်းချီလက်ရာက ကောင်းလွန်းတော့ သေသေချာချာအနီးကပ်ကြည့်မှ ပန်းချီပန်းတစ်ပွင့်ဆိုတာ သိမှာ
အဝေးကကြည့်မယ်ဆိုရင်တော့ တကယ့်ပန်းတစ်ပွင့်အစစ်ပဲပေါ့ သမီး
. . နောက်ပြီး '' မောင်ဇာအေး ''ကလဲ သမီးကို နေ့ရော ညပါ ပြုစုစောင့်ရှောက်ရင်း သူခဗျာ အစားအသောက်မမှန်တာက တစ်ကြောင်း ခုခံအားကျဆင်းလာပြီး
ဆေးရုံဆိုတော့ လူနာရှင်ထောင် သောင်းရဲ့ရောဂါပိုးပွှားတွေက ပျံနှံနေလို့ ခုခံအားကျဆင်းသူအတွက် ရောဂါဆိုတာ သေးသေးလေးဖြစ်ပါစေ အနိုင်ရစမြဲပဲပေါ့ . . . ''
'' ရှင် ,:; အဲ့ဒါဆို သူကအခု နေမကောင်းဖြစ်နေတာလားဟင် ဆရာ ''
'' စိတ်မကောင်းပါဘူး သမီး , , , သူဆုံးသွားခဲ့ပြီ ''
'' ဘယ် ဘယ်လို '' မောင် '' ဆုံးသွားပြီ
ဟုတ်လားး ဆရာ ''
'' ဟုတ်ပါတယ် . . . သမီးနဲ့အတူ နေခဲ့တဲ့ အိမ်လေးမှာပဲ သူဆုံးသွားခဲ့တာပါ . . .
လွန်ခဲ့တဲ့ ရက်ပေါင်း '' သုံးဆယ် '' လောက်ကပေါ့သမီး . . . နောက်ပြီး
သမီး ဒီဆေးရုံရဲ့ ခုတင်ပေါ်မှာ နေတာ
ရက်ပေါင်း '' သုံးဆယ် '' မကတော့ပါဘူး . . ''
ညမင်းကြယ်တံခွန်

No comments:
Post a Comment