အလွမ်းဝေ , စိတ်ကြွေလမ်း
လူတစ်ဦးတစ်ယောက် အမြဲလိုပင်
တစ်ညမှာပျောက်ဆုံးကာ
နိဂုံးချူ ပ်ခဲ့ရတယ် ၊ ဝေဒနာဆိုးကြီးက
ထိုမြို့လေးမှာနေတဲ့ လူတိုင်း ၊ လူတိုင်းကို
ဝါးမြို ကြိတ်ခဲ့လို့ ထိုမြို့ငယ်လေးထဲက
လူတိုင်း လူတိုင်းဟာ
တစ်ညအခါမှာတော့ *.*.*.*.*.*.*.*.*.*
မှုန်ရီဝိုးဝါးလှတဲ့ နှင်းရဲ့အေးမြနှင့်အတူ အိမ်ပြတင်းပေါက်၌ လူတစ်ဦး ကြည့်ရှု့ကာ နှင်းငွေ့တို့ရဲ့အသက်ဝင်တဲ့ အေးမြမှု့နှင့်အတူ တခဏငြိမ်သက်သွားခဲ့သည် ၊
******-****--******----******---***
ကားအပြာရောင်တစ်စီးနှင့်အတူ
လောကကြီးရဲ့အချူ ပ်သားတစ်ဦး
ရုန်းကန်ခြင်းမရှိပဲ လိုက်ပါသွားခဲ့လေတော့သည် ။
အရှိန်ဖြင့်မောင်းလာသော ကားတစ်စီးဟာ ရုတ်တရက်အိမ်တစ်လုံးရဲ့အရှေ့တည့်တည့်မှာ
တန့်ရပ်သွားခဲ့သည် ။
အထုတ်အပိုးတွေကို သယ်လာခဲ့ပြီး
ထိုအိမ်ထဲသို့ဝင်ခဲ့လေသည် ၊
ရေကိုတဝသောက်ချပြီး ကြမ်းပြင်ပေါ်
ခဏလဲလျောင်းလိုက်ချိန်မှာ မြင်ကွင်းက မျက်နှာပြင်တခုကို တွေ့မြင်မိခဲ့တယ် ၊
သို့တဖန် . . . ပြန်အကြည့်မှာတော့ ထိုမျက်နှာပြင်ကိုမတွေ့တော့ချေ ။
အိမ်မှာတစ်ယောက်တည်း အပိုလူမရှိ ၊ ထိုအိမ်ကတော့ မစိုပြေပဲ
ခြောက်ကပ်လာတော့သည် ၊
ဘေးကအိမ်တွေကလဲ ဆိတ်ငြိမ်သက်လို့ နေ့ရောညပါ ဘာအသံမှမကြားရပဲ ခြောက်ကပ်ကပ်ကြီးပေါ့ ၊
ကျွန်တော် မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့အချိန် ရုတ်တရက် အိမ်ရှေ့တံခါးခေါက်သံ ဖွင့်ဟထွက်လာခဲ့သည် ။
သွားရောက်ဖွင့်ချိန်မှာတော့ လူတစ်ယောက်ကျောခိုင်းပြီး ပြန်ထွက်သွားသည့် သူ့ရဲ့နောက်ကျောကိုသာ မြင်တွေ့ခဲ့ရတယ် ။
ဘာကိစ္စမှမရှိပဲ တံခါးလာခေါက်သွားလို့ စိတ်ထဲတော့ တမျိုးဖြစ်သွားခဲ့တယ် ၊
ဒီလိုနဲ့တစ်နေ့ပြီး တစ်နေ့ နေလာခဲ့ရင်း နေ့တွေညတွေဟာ
ပြောင်းပြန်တွေဖြစ်လာခဲ့ရတယ် ၊
တစ်နေ့မှာဘေးအိမ်မှထွက်ပေါ်လာခဲ့သော မိန်းမကြီးတစ်ယောက်အသံနှင့်အတူ လူတစ်ဦးတစ်ယောက်သံ ပဲ့တင်ထွက်ကာ ဆူညံထွက်ပေါ်လာခဲ့တယ် ၊
ခြေတစ်လှမ်းခြင်း တစ်လှမ်းခြင်းတိုးလို့ ထိုအိမ်ထဲသို့ဝင်ရောက်ခဲ့လေသည် ၊
မထင်မှတ်ခဲ့တဲ့ မြင်ကွင်းတချို့က ကျွန်တော်မျက်စီရှေ့ကျရောက်လာခဲ့သည် ။
လူတစ်ယောက်ကို လူတစ်ဦးက
လည်းပင်းညှစ်ကာ သတ်နေလေသည့် မြင်ကွင်းစုံတွေ ပြည့်နှက်လေတော့သည် ၊ ကျွန်တော်ခြေလှမ်း နောက်ဖက်သို့ဆုတ်ရင်း တစ်စုံတစ်ဦးနှင့်ထိတိုက်ခံနေခဲ့တယ် ။
နောက်ပြန်ကြည့်မိလိုက်စဉ်မှာတော့ မိန်းမကြီးတစ်ဦးက ကျွန်တော်လည်းပင်းကို ရုတ်တရက် ဖမ်းဆုပ်ကိုင်ညှစ်ရင်း ထိုမိန်းမကြီးရဲ့မျက်ဝန်းထဲမှာ
ဆာလောင်မှု့တွေ ကိန်းအောင်းနေတယ် ။
ကျွန်တော်လဲ အတင်းရုန်းထွက်ကာ
ဘေးနားမှာရှိတဲ့ ဓားနဲ့
ထိုမိန်းမကြီးရဲ့ဝမ်းပိုက်ထဲသို့ ထိုးစိုက်လိုက်လေတော့သည် ၊
ပြီးတာနဲ့ ကျွန်တော်လဲထိုနေရာမှ
ပြေးထွက်မည်အပြု အပေါက်ဝတည့်တည့်မှာ ကလေးငယ်တစ်ဦး ငိုနေရှာတာ
တွေ့လေခဲ့သည် ၊
ထိုကလေးက ကျွန်တော်အနားက ဖြတ်ပြေးကာ မှောက်လျှက်လဲကျနေသော သူ့မိခင်အနားသို့ လှုပ်ကာ လှုပ်ကာနဲ့ငိုပြီး ခေါ်နေလေခဲ့သည် ၊ ကျွန်တော်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိအောင် စိတ်တခုခြောက်ခြားသွားခဲ့လေသည် ၊။
ကျွန်တော် စောစောတုန်းက ဓားနဲ့ထိုးလိုက်တဲ့ ထိုမိန်းမကြီးရဲ့ ကလေးဖြစ်နေလို့ပါပဲ။
စိတ်မကောင်းဖြစ်သွားမိတယ် ၊ သက်ပြင်းရှည်တချက်ချရင်း ထိုမိန်းမကြီးအနားသို့ သွားရောက်ကြည့်ရှု့ချိန်မှာတော့ ထိုကလေးငယ်က ကျွန်တော်ကိုအတင်းတွန်းထုတ်ကာ အိမ်ရှေ့ထိရောက်အောင် တွန်းထုတ်လေခဲ့သည် ။
ပြီးတော့ ထိုကလေးငယ် သူ့အိမ်ထဲသို့ ပြန်ပြေးဝင်သွားခဲ့လေသည် ။
ကျွန်တော်လဲတုန်ရီစွာနဲ့ ကျွန်တော်အိမ်ထဲ၌ အဝတ်အစားအိတ်ထုတ်ထည့်ရင်း အိမ်ရှေ့ဖက်သို့ တချက်ကြည့်မိလိုက်ချိန်မှာတော့ ထိုမိန်းမကြီး သူ့ကလေးနှင့်အတူ ကျွန်တော်အိမ်ရှေ့တံခါး၌ မတ်တတ်ရပ်ကာ
ကျွန်တော်ကို ကြည့်နေလေသည် ။
'' အာာားးး , မလာနဲ့ , ကျွန်တော်အနားမလာနဲ့နော် ''
ကျွန်တော်လဲ ကြောက်လန့်ခြင်းဖြင့် နူတ်မှ''မလာနဲ့ ''ဟုထပ်ခါတလဲလဲ ပြောနေမိရင်း ချွေးစီးများစိုထွက်လာခဲ့တယ် ။
ဒါပေမယ့်. . . သူတို့က ကျွန်တော်ကိုကြည့်ရင်းနဲ့တဖြည်းဖြည်း ကျွန်တော်ရဲ့အရှေ့တည့်တည့်မှာ မတ်တတ်ရပ်နေကြတယ် ။
ကျွန်တော်လဲတခဏ ငြိမ်သက်ရင်း
ဘာဆက်လုပ်ရမှန်းမသိတော့လေခဲ့ပြီ ၊ ဆတ်ကနဲ့ဆိုသလို ထိုမိန်းမကြီးက ကျွန်တော်ရဲ့လက်မောင်းတဖက်သို့
ဓားထိုးစိုက်ကာ သွေးများဖျန်းခနဲ့ထွက်လာလေခဲ့သည် ၊ ကျွန်တော်လက်မောင်းမှ သွေးစက်များက စီးကျလာခဲ့ရင်း နာကျင်လာကာ သတိခဏမေ့သွားခဲ့လေသည် ။
မိုက်ခနဲ့မူးမိုက်ကာ ကျွန်တော်မျက်လုံးဖွင့်ကြည့်မိတော့ နေရောင်ခြည်တွေထိုးနေလို့ပေါ့ ၊
ဖြစ်ခဲ့တာတွေက အိမ်မက်လား ၊ တကယ်လား ၊ စိတ်ကူးယဉ်လား မသိလေတော့သည် ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment