Friday, January 27, 2017


        မျက်ဝန်းထဲကလမ်း

လမ်းတလျှောက်ရဲ့ဘေးပတ်လည်မှာ
ဘာမှမရှိ ၊ ကားတစီးမှလဲ ဖြတ်သွားခြင်းမရှိ ၊ ဒီလမ်းမကြီးဟာ  ဘာအဓိပ္ပါယ်ကို  ဖော်ဆောင်တော့မည်နည်း ၊
အကြင်နာအိမ်သူဆီ မှန်းဆရင်း  မျှော်ကာကြိုနေတော့မလားဆိုပြီး ၊ရည်ရွယ်ချက် အနာဂတ်တခုကို သိမ်းပိုက်လာခဲ့ပြီ
လူကလဲ ချွေးးအလိပ်လိပ်ထွက်လို့  
တကိုယ်လုံးလဲထုံကျင်ကိုက်ခဲလာခဲ့တယ် ၊
 တနေကုန် လမ်းမကြီးပေါ်လျှောက်လို့ ဒီလမ်းမကြီးပေါ်မှာပဲ
လျှောက်၍မရောက်နိုင်သေးဘူး  ၊    
  အကြင်နာအိမ်သူဆီကိုပေါ့  ။

တဖြည်းဖြည်းနဲ့မှောင်စပြုလာတဲ့ အချိန်မှာတော့  သစ်ခုတ်သမားတွေနဲ့တွေ့ပြီး ကျွန်တော်ကို အံ့သြစေခဲ့သော  စကားတခွန်းကြားခဲ့ရတယ် ၊  

'' ဘယ်တုန်းလူလေး , တောထဲကို  မှောင်နေမှသွားအုန်းမလို့လားး ၊ ဦးတို့တောင်  အိမ်ပြန်တော့မှာ ။  ''

'' ဗျာ , '' .. ဒါလမ်းမကြီးပါ , ဘယ်ကလာ  တောအုပ်ကြီးဖြစ်ရမှာလဲ ''

ဒါနဲ့ကျွန်တော် နောက်သို့ ပြန်လှည့်ကြည့်တဲ့အချိန်မှာတော့  လမ်း,မဟုတ်တော့ပဲ  . . . .  တကယ်ပဲတောအုပ်ကြီးဖြစ်လာခဲ့တယ် ။

မယုံနိုင်လောက်အောင်  ဆန်းကြယ်သွားပါလား ၊  ငါကရော ငါမှဟုတ်ရဲ့လားဆိုတဲ့ 
အတွေးတချို့ အသိထဲဝင်ရောက်လာခဲ့တယ် ၊ တဖြည်းဖြည်းနဲ့ထိုတောအုပ်ကြီးထဲက  ဆွဲငင်ညို့သော  အသံတသံထွက်ပေါ်လာခဲ့တယ် ၊ နားထောင်ရင်းနဲ့စိတ်တွေခြောက်ခြားလာခဲ့တယ် ၊ ရုတ်တရက် '' ဝုန်း '' ဆိုပြီး  တစုံတယောက်ဖြတ်ပြေးသွားခဲ့တယ် ၊  ပြီးတော့  ကျွန်တော်အနောက်မှာ တခုတစုံ ရောက်ရှိနေတယ်လို့ စိတ်ထဲခံစားလာရတယ် ၊ 

ချက်ခြင်းတော့  ပြန်မလှည့်ကြည်ရဲဘူး
ချွေးစီးချွေးပေါက်တွေကလဲ တုန်ကာတုန်ကာနဲ့ကျနေပြီ ၊  တဖြည်းဖြည်း နောက်ကျောနားသို့  နီးနီးလာပြီဟု ရိပ်ရိပ်ဖြစ်နေခဲ့တယ် ၊ ခပ်ဖြည်းဖြည်းချင်း ခေါင်းကိုနောက်သို့
လှည့်ကာကြည့်မိလိုက်တဲ့အချိန် . . ,
လွန်စွာခန်းနားလှတဲ့ တိုက်ကြီးတတိုက်ကို တွေ့တယ် ၊ 
တဖန်နောက်သို့ ပြန်လှည့်ကြည့်မိတော့  တော နဲ့ လမ်းမကြီးလဲ  မရှိခဲ့တော့ပေ ၊ ဘာမှမရှိသော နေရာမှရပ်နေတဲ့ ကျွန်တော်ဟာ ခြောက်ခြားစွာနဲ့ ထိုတိုက်ကြီးထဲပြေးဝင်မိခဲ့တယ် . . . ,
''အားးားးးားးးားူးးးးးားးးားးးားးးးားးး''

ထိုတိုက်ကြီးက  လွန်စွာကြီးမားလှသော  ဝန်းပြင်ကျယ်ကြီးပါ ၊ ထိုအတူ့  လူတစ်ယောက်ရဲ့စကားသံတွေ ပဲ့တင်ဟိန်းကာ ဆူညံလာခဲ့တယ် ၊ ပြီးတော့ တဆက်ထဲ ခုတ်ထစ်နေတဲ့ အသံတခုကို  ထပ်မံကြားခဲ့ရပြန်တယ် ၊ 

ဒါနဲ့ ကျွန်တော်လဲ အသံထွက်ရာ  နေရာသို့ ခြေလှမ်းဖွဖွလေးနဲ့လျှောက်ကာ စူးစမ်းမိတယ် ၊ ကြည့်မိတဲ့  ကိုယ့်မျက်လုံးတောင်  ကိုယ်မယုံကြည်နိုင်တော့ဘူး ၊ '' ဟာ  ဟိုလူ  မိန်းမသားတစ်ဦးကို ခုတ်ထစ်နေပါလား ၊ '' 'ဟာ ,  ''ာာာ  '' 
ကျွန်တော်ဆက်မကြည့်ရဲတော့ပဲ ထိုမြင်ကွင်းကို ကျောခိုင်းပြီး တဖက်သို့လှည့်ချိန်မှာတော့ . . . . ,
 ' 'ူာာာာာာာူာာာာာာုူ  ' '

'' ကောင်လေး , ဒီတိုက်ကြီးထဲက ကြိုဆိုပါတယ်ကွာ . . , ဒါနဲ့ ဘယ်လိုလုပ်ပြီး  ရောက်ရှိလာခဲ့လဲ ၊ ပြောပြပါအုန်း , နားထောင်ချင်လို့ ''

စောစောက ခုတ်ထစ်နေတဲ့ လူ  အခုကျွန်တော်ရှေ့မှာရောက်နေလျှက်
ထိုလူလက်ထဲမှာလဲ  သွေးတမြမြနဲ့ဓားနီတလက် ကိုင်ဆောင်တာ မြင်တွေ့ရတော့  ကျွန်တော်စိတ်ထဲမှာတော့ '' ဘုရား '' တနေမိတယ် ၊ စောစောက  သူခုတ်ထစ်နေတာကို  ငါမြင်တာ သိသွားလို့  အခုငါကို ထပ်ခုတ်ထစ်အုန်းမလားဆိုတဲ့ အတွေးတွေနဲ့ကျွန်တော်  ဘာမှပြန်မပြောနိုင်အောင်  တုန်ရီနေတယ် ၊

'' ဒီမှာ , မေးနေတယ်လေ . . . , ဘာလဲ မင်းက  ငါ့စိတ်ကို ဆွနေတာလား . . . , ရတယ်လေ . . , မင်းကိုပါ  ဟိုမိန်းမလေးနဲ့အတူ  ပို့ဆောင်ပေးလိုက်ရုံပဲရှိတာပေါ့ကွာ , ဟားး ဟားားးးးဟားး  ''

ပြောရင်း  ထိုလူက  သွေးရောင်တလဲ့လဲ့လက်နေတဲ့  ဓားကို လေပေါ်မြှောက်ပြီး  ခုတ်ချလိုက်ပါတော့သည် ၊ 
   '' အားားးးားးးားးးးားးးားးးးး  ''
     ''အားးားးးး အအားးးးးားးးး ''

'' လူလေး , ဟိတ်,လူလေး  . . .  လူလေး  ''

''' အားး ,  ဟင် , ဒါ , ဒါါါ  . , ဒါဘယ်နေရာလဲ ၊ ကျွန်တော်ကရော  သေသွားပြီလားး . , ဟုတ်တယ် . . . . ကျွန်တော်သေသွားခဲ့ပြီ  . , ဟိုလူ ဓားနဲ့ကျွန်တော်ကို ခုတ်လိုက်တာ . . , ''

'' လူလေး , စိတ်အေးအေးထားပါ , ဘကြီး ,ပြောမယ် နားထောင် . . .  လူလေးကို ဘယ်လူမှဓားနဲ့မခုတ်ပါဘူး ၊ လူလေးဖာသာ  တောကြီးထဲမှာ မေ့လဲနေလို့ သစ်ခုတ်သမားတသိုက်က  တွေ့တာနဲ့ဘကြီးဆီမှာ  လာပို့ထားတာပါ  , နောက်ပြီး လူလေးကကော  ဒီဇာတိကပဲလား , တခါမှတော့ မမြင်ဖူးဘူးနော် . . ''

'' ခဏနေပါအုန်း ,  ကျွန်တော်က  လမ်းမပေါ်မှာ  လမ်းလျှောက်နေတာလေ , ဘာလို့ ဒီတောကြီး ရောက်သွားရတာလဲ , နောက်ပြီး ကျွန်တော်ကရော  ဘယ်သူလဲ , ကျွန်တော်ဘယ်သူလဲဟင် , ကျွန်တော်ရဲ့လမ်းမကြီးကရော  ဘယ်ရောက်သွားလဲ ''

'' ရော့ , လူလေး . . .  ဒီဆေးရွက်ရည်ကို  သောက်လိုက်ပါ ၊ ကောင်းသွားလိမ့်မယ် , ပြီးရင် အနားယူလိုက်အုန်း . . ''

ဘာဆေးမှန်းတော့မသိဘူး , ပူရှရှနဲ့လည်ချောင်းထဲလဲရောက်သွားရော  ခါးဖန်ပြီးပူစပ်လိုက်တာ ရင်တွေကွဲမတတ်ခံစားလာရတယ် ၊ အတင်းမြိုချလိုက်ပြီး  သောက်လို့ပြီးတော့  ခဏအနားယူရင်း  မှေးခနဲ့အိပ်ပျော်သွားခဲ့တယ် ၊  ။ ။
 သို့တဖန် ''တကျွီကျွီ '' နဲ့   ဝါးခြမ်းနင်းလို့ ထွက်လာတဲ့အသံမျိုး အဆက်မပြတ်ကြားနေရတယ် ၊ တဖန်ဆက်ကနဲ့လန့်ကာပြန်နိုးတော့
ဟင်းလင်းပြင်ကြီးလို စိတ်ထဲမှာခံစားလာခဲ့ရတယ် ၊ အိပ်နေရာမှ ထကာ ကြည့်မိတော့  , 
  ''ာာာာာာာာာာာာာာာာာာာ ''
   ''ာာာာာာာာာာာာာာာာာ ''

ကျွန်တော်ဟာ  ကျွန်တော်မဟုတ်တော့တဲ့  လူတစ်ယောက် ၊ ကျွန်တော်ရဲ့ရှေ့မှာ ကျွန်တော်ဟာ  မျက်လုံးမှိတ်အိပ်နေတယ်၊ ကျွန်တော်ဟာ အရာရာကိုတွန်းဖွင့်စရာမလိုပဲ  သွားလို့ရခဲ့တယ် ၊  ဒါနဲ့အိပ်ပျော်နေတဲ့ ကျွန်တော်ကို  . . . , ကျွန်တော် ဘယ်လိုမှလှုပ်နိုးမရတော့ ထိုနေရာမှာပဲ ထားခဲ့လိုက်တယ် ၊ 

တနေရာသို့  - - ရောက်ရှိသော် . . .  မိန်းကလေးတစ်ယောက်  ကျောပေးရပ်နေတယ် , 
သူမရဲ့ရှို က်ညည်းနေသံကိုလဲ ကျွန်တော်နားကကြားနေရတယ် ၊  နောက်ကျောကိုသာ  မြင်ရတဲ့အတွက်  သူမ,ဘယ်သူလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး ၊ ပြီးတော့ သူမရဲ့ဘေးနားမှာလဲ  စီးကရက်တိုတွေများစွာ ပြန့်ကျဲပွနေတယ် ၊, , ,

'' ကို , ရောက်လာပြီလား . , ဒီအိမ်လေးထဲမှာ  အတူတူချစ်ဖူးခဲ့တယ်နော် ''

သူမ , ဘယ်သူ့ကိုပြောနေတာလဲမသိဘူး ၊ ဒါပေမယ့် . . . . ကျွန်တော်ကို ပြောနေတာပဲ . . . .  

'' ကို ,'' ၊ လိမ်ခဲ့တယ် ၊ ဆေးလိပ်မသောက်တော့ဘူးဆိုပြီး  ညာခဲ့တယ် ၊ အခု  ချစ်တို့အခန်းက  စီးကရက်တိုတွေနဲ့ မီးခိုးငွေ့တွေ ထူထူလာခဲ့တယ် ၊ ''ကို ''ကိုမုန်းတယ် ၊ ''

'' ထပ်ပြီးမခွဲသွားပါနဲ့ ချစ် ၊ ကိုယ် တောင်းပန်ပါတယ် ,  ကိုယ် ,ကို ခွင့်လွှတ်ပေးပါနော် ချစ် ''

အနောက်ကနေသူမကို တင်းကျပ်စွာသိုင်းဖက်ရင်း  သူမရဲ့ခန္ဓာကိုယ်ဟာ လျှော့ရဲလာပြီး တဖြည်းဖြည်း သွေးအထပ်ထပ်စီးလိမ့်ကျလာခဲ့တယ် ။ ၊  

'' ချစ် , ကို နဲ့အတူနေလို့မရတော့ဘူး , ကိုယ် . . ကိုခွင့်လွှတ်ပါတယ် ,  ဒါပေမယ့် , ချစ် . . . ကိုနဲ့ဝေးရာကို သွားရတော့မယ် . , ''

 ကျွန်တော်ဖက်ထားတဲ့ အရာပျောက်ကွယ်ခဲ့ပြီး ထိုသွေးစက်ရဲရဲများသာ ကျွန်တော်ရဲ့လက်နှစ်ဖက်မှာ  ပေကုန်ထင်ကျန်ခဲ့တယ် ၊  ထိုအခိုက်မှာ  ကျွန်တော်ပထမက တွေ့ခဲ့တဲ့  တိုက်ကြီးထဲမှာ ခုတ်ထစ်တဲ့လူနဲ့  ပြန်ဆုံတွေ့ခဲ့တယ် ၊

'' ဟားးားးးး , မင်း , ချစ်သူအတွက်  ငိုနေတာ မရှက်ဘူးလားကွ ၊ ယောက်ကျာင်္းဆိုတာ  ငိုနေရင် ယောက်ကျာင်္းမပီသဘူးကွ ၊ ဟားး ဟားး ဟားား . . . , မင်း . . , ငါလက်က ဘယ်နည်းနဲ့မှမလွတ်ပါဘူးကွာ . , အခုတော့  မင်းဘယ်ပြေးမလဲ , ကောင်လေး  ''

'' ခင်ဗျား,က  ကျွန်တော်ကို ယောက်ကျာင်္းဆန်စေချင်တာလား . . , ဘယ်ကိုပြေးရမလဲ . . ,  ဘယ်လမ်းရွေးရမလဲ . . ,  ကျွန်တော်မသိဘူး ၊ မစဉ်းစားဘူး ၊ ကျွန်တော်သိတယ်  ခင်ဗျားကိုသတ်မယ် , အဲ့ဒါပဲ ကျွန်တော်သိတယ် .''

'' ဟားး ဟားးးဟားးး , ကောင်လေး  , မင်း . . . ကောင်းကင်ဘုံမှာ နေချင်ပြီနဲ့တူတယ် . . အဲ့ဒါကြောင့် ငါ့ကိုစိန်ခေါ်လိုက်တာပေါ့ ဟုတ်လား. အေး :;,  ငါကလဲ  မင်းဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့ကွာ ''

သွေးအလိမ့်လိမ့်နဲ့ရဲရဲနီမြကာ ဖြာကနဲ့ဝင်းလဲ့သွားတဲ့  သူ့ရဲ့ဓားသွားရောက်ကို  ကျွန်တော်အငိုက်မိသကဲ့သို့  ဝင်ရောက်သွားပြီး  ကျွန်တော်ရဲ့ လည်မြိုအပေါ်မှာ  သူ့ရဲ့ထက်မြနေသော  ဓားသွားက  မိုးထားပြီး  မခုတ်သေးပဲ  ဖိရုံသာဖိထားလိုက်တယ်  ၊

အသက်တောင်ရှူ လို့တောင်  မမြိုချရဲဘူး ၊ ဘာလို့ဆို  ထိုလူရဲ့ဓားသွားက   ကျွန်တော်လည်မြိုပေါ်ရောက်ရှိနေလို့ပဲ ၊ ဘာမှတုန့်ပြန်လို့မရခဲ့ပါ ၊ ထိုလူရဲ့  ကြောက်မက်ဖွယ် ရက်စက်တဲ့မျက်နှာကလဲ တဖြည်းဖြည်းပိုပို ကြောက်စရာကောင်းလာခဲ့တယ် ၊ အချိန်မဆိုင်းခဲ့ပါဘူး . . . .  ကျွန်တော် လည်မြိုပေါ် ဖိနှိပ်ထားတဲ့  သူ့ရဲ့ထက်မြဓားကို   လိမ့်ရင်းခုတ်ချလိုက်ပါတော့သည် . . ,
*ာာာာာာာာာာာာာာာာာာာာ  *
    *ာာာာာာာာာာာာာာာာ *

"" " """ "" " "" "    
        '' အားးးးးးးး,ု . . .  ''

ကျွန်တော်ရုတ်တရက်လန့်အော်မိလိုက်တယ် , ကျွန်တော် ဘေးနားမှာထိုင်နေသော  ဘကြီးက ပြုံးရင်းနဲ့ တဟားဟားးဟားး ရယ်လို့နေတယ် ၊ ဘာတွေဖြစ်ကုန်တာလဲဆိုတာ  မသိတော့ဘူး , ကျွန်တော် , ကျွန်တော် , ကျွန်တော် . . ကျွန်တော် မသိတော့ဘူး ,  '' ဟာာာာာာာာ  '' 

သိပ်မကြာခင်မှာ  တဟားဟားနဲ့ရီနေတဲ့ '' ဘကြီး ''ရဲ့
ဦးခေါင်းဟာ  တဖြည်းဖြည်းနဲ့ရှေ့သို့ညွန့်ညွန့်လာခဲ့ပြီး  ကျွန်တော်ရဲ့ရှေ့သို့လိမ့်လာရင်း ရောက်လာခဲ့တယ် '' ဟာာာာာာာ   , ဦးခေါင်းချည်းသာ လိမ့်ကျလာပြီး ခန္ဓာကိုယ်ကတော့  ထိုင်နေလျှက်ပဲ ၊ ထိုခေါင်းပြတ်ကြီးကလဲ တဖြည်းဖြည်းနဲ့ကျွန်တော်ဘက် လှည့်ရင်းလှည့်ရင်း  မျက်လုံးပြူးပြီး  ပါးစပ်ကပြုံးပြနေတယ် ၊ 

ကျွန်တော် ,.. ဘာလုပ်လို့ဘာကိုင်မှန်းမသိတော့ဘူး , ''သွေးပျက်မတတ် အဖြစ်ဆိုးတွေတခုပြီးတခု ကြုံဆုံတွေ့ရင်း ရင်ဆိုင်ဖြေရှင်းခဲ့ရတာလဲ များပြားခဲ့တယ် ၊ တခုပြီးတခုမဆုံးနိုင်သေးပါလား , 

ကျွန်တော်လဲ ထိုဦးခေါင်းကို အဝေးကိုလွှင့်ပစ်ရင်း ထိုနေရာကနေ ဝေးရာသို့  ပြေးထွက်လာခဲ့တယ် , မရပ်မနားပြေးနှင်ခဲ့တယ် ၊ နောက်ပြန်လှည့်မကြည့်ပဲ ပြေးမိပြေးရာ ပြေးရင်း . . . . , . တဖန် သစ်ခုတ်သမားတွေနဲ့ထပ်မံတွေ့ပြန်တယ် . .

'' ကောင်လေး , ဒီအချိန်ကျမှတော့  ဒီတောထဲက  ထွက်လို့မရတော့ပါဘူးကွာ , ဆက်ကြိုးစားနေလို့  မင်းအားကုန်ရုံမှအပ ဘာမှဖြစ်မလာပါဘူးကွာ , ဟားးဟားးဟားး ''

'' အခက်အခဲဆိုတာ လူတစ်ယောက်ရဲ့သမိုင်းပဲ ,  ကျွန်တော်ဒီတောထဲကို  ရောက်လာတာမဟုတ်ဘူး . . . ကျွန်တော်ရဲ့ခြေလှမ်းတွေကြောင့် ရောက်ရှိလာခဲ့တာပဲ ၊ဒါပေမယ့်  ကျွန်တော်ပြန်ဖေါက်ထွက်မယ် ,  ပြီးရင်  ကျွန်တော်ကိုအိမ်ပြန်မယ် ''

'' ကောင်လေး , မင်းက  သမိုင်းရေးချင်လို့လားကွ , အလကားပါကွာ  လူတစ်ယောက်ရဲ့သမိုင်းဆိုတာ  , , , ရေစီးသန်တဲ့ဖက်ကိုသာ  လှေဦးတည့်ပေးလိုက်  အေးဆေးပါပဲကွာ . . . အပင်ပန်းခံ ပြန်လှော်ခတ်စရာမလိုပါဘူး . . , ''

'' မှန်ပါတယ် . . ,  ရေစီးသန်ဖက်ကို လှေဦးတည့်ပြီး အေးဆေးနေတာ , , , ကောင်းပါတယ် . . ,  ဒါပေမယ့်  ခင်ဗျားတို့စိတ်ကြိုက်  ကမ်းကိုတော့ ကပ်ဆိုက်ခွင့်မရှိတော့ဘူး , ရေစီးကြောင်းက  ပေးဆိုက်ကပ်တဲ့ ကမ်းတခုကိုပဲ  ခင်ဗျားတို့ရွေးချယ်စရာမရှိပဲ ဆိုက်ကပ်ရလိမ့်မယ် . . , ဒါပေမယ့် ရေစီးသန်တဲ့ရေက  ခင်ဗျားတို့ကို  ပင်လယ်ထဲပဲ ခေါ်ဆောင်သွားမှာ . . , ကမ်းဆိုတာမသေချာဘူး . . ,  ကျွန်တော်ကတော့  ပြန်လှော်ခတ်ပြီး ကိုယ်စိတ်ကြိုက် ကမ်းတခုမှာ  ဆိုက်ကပ်မယ် . . , ဒါဟာ  လူ့ဘဝပဲ ။ ''

ထိုသစ်ခုတ်သမားတသိုက်လဲ တဟားဟားရီမောကာ  လက်ညိုးတထိုးထိုးနဲ့ ကျွန်တော်ကိုလှောင်ရီနေကြတယ် ၊ 

ဒါပထမ ကျွန်တော်ရောက်ရှိလာတဲ့ တောပဲ  ဒါဆိုရင်  ကျွန်တော်အနောက်မှာ တိုက်ကြီးရှိနေပြီဆိုတာ သိလိုက်ပြီ ၊ ပထမတုန်းကလို ခပ်ဖြည်းဖြည်းမလှည့်တော့ပဲ  ပုံမှန်အနေအထားနဲ့ လှည့်လိုက်ပြီး  ထိုတိုက်ကြီးထဲ ဝင်သွားခဲ့တယ် ၊ 

ပြီးတော့ ထိုလူကိုလိုက်ရှာခဲ့တယ် ၊ 

'' ပထမတခါတုန်းက  ကျွန်တော် ခင်ဗျားဆီကနေ ပြေးခဲ့တယ် ၊ ဒုတိယကတော့  ကျွန်တော်လည်ပင်းပေါ်  ခင်ဗျားဓားထိုးစိုက်ရောက်ခဲ့တယ် ၊ အခု တတိယတကြိမ်မှာတော့ --- ကျွန်တော်ကိုယ်တိုင်  ခင်ဗျားဆီလာခဲ့တယ် . . . . ပြီးတော့ ထပ်မပြေးတော့သလို , ထပ်ပြီးလည်မြိုပေါ်ဓားမိုးမခံတော့ဘူး ၊ လူတစ်ယောက်က ဒဏ်ရာရဖူးသွားရင်  အမာရွတ်တွေဆိုတာ  သူ့အတွက်မထူးဆန်းတော့ပါဘူး ''

ထိုလူကလဲ မျက်ထောက်နီရဲပြီးဒေါသပြင်းစွာနဲ့ ကျွန်တော်ဆီ တဟုန်ထိုး ပြေးဝင်လာပါတော့သည် ၊ သူ့ရဲ့ဝင်းတလဲ့လဲ့ ဓားသွားတွေကလဲ သွေးကိုဆာလောင်နေသလို ကျွန်တော်ရဲ့ရင်ထဲမှာလဲ  အောင်မြင်မှု့ကို ဆာလောင်နေတယ် ၊ ခဏမကြာလိုက်ပါ . . . ပြီးဆုံးသွားခဲ့တယ် ,  

ထိုလူ ကြမ်းပြင်ပေါ်မှပျောက်ကွယ်သွားပါတော့တယ် ၊ ကျွန်တော် သက်ပြင်းတချက်ချလိုက်မိတယ် အောင်မြင်မှု့နဲ့အတူပေါ့ ၊  သို့တဖန် . . . .  တောမြေလမ်းပေါ်  ခွန်းအားခြေလှမ်းများစွာဖြင့်  နင်းလျှောက်လာခဲ့ရင်း . . . . . .  
ကျွန်တော်ရဲ့ရှေ့၌  လူတစ်ယောက်က  ခေါင်းညိမ့်ပြုံးပြရင်း . . . . ,
  '' ပြန်လာပြီလား . . . သား ,  ''

ကျွန်တော်ရဲ့နူတ်ဖျားက စကားလုံးတွေထွက်လာဖို့  အင်အားမရှိတော့ပြန်ခေါင်းညိမ့်ပြရင်း
သတိထား ပြန်ကြည့်မိလိုက်တော့ . . , အကြင်နာအိမ်သူက  ရပ်မျှော်ကာ စောင့်လို့နေတယ် , အဝေးမြင်ကွင်းက မှုန်နေပေမယ့်  အကြင်နာအချစ်ကတော့  ရှင်းလင်းစွာ ထင်သားခဲ့ပါတယ် ၊ 

တဖန်နောက်ကို  လှည့်ကြည့်ချိန်မှာတော့ , တောအုပ်စိမ်းစိမ်းကိုတွေ့ရပြီး , တဖန် အရှေ့ကို  ပြန်လှည့်ကြည့်ချိန်မှာတော့  အကြင်နာအိမ်သူကို တွေ့ရတယ် ၊ ထိုနှစ်ခုထဲက  တခုကိုကျောခိုင်းခဲ့ပြီး ကျွန်တော် လှမ်းလို့လာခဲ့တယ် ။ ။ ။ ။

(  မျက်ဝန်းထဲကလမ်းဟာ  တခါတလေတော့   ဝေဝါးလာတတ်တယ် )

ညမင်းကြယ်တံခွန်       

No comments:

Post a Comment