တစ်ကြောင်းကျော်ဖတ်မိတဲ့ '' စာ ''
'' မြေးရေ . . ထတော့ ၊ ထတော့ ''
'' ဟာ , ကျွန်တော် အိပ်ရေးမဝဘူးသေးဗျာ ၊ မနက်မိုးလင်းသွားပြီလား ၊ ''
'' မိုးတော့မလင်းသေးဘူး ၊ ဒါပေမယ့် မြေးလေးကို ဖိုးဖိုး ပြစရာတစ်ခုရှိလို့ကွဲ့ ၊ ထတော့ မြေးလေး ၊ ''
'' ဟင်းးးးးးးး' ''
ကျွန်တော်လဲ သက်ပြင်းတစ်ချက်သပ်ချရင်း ထထိုင်လိုက်ပြီး . . . . .
'' ပြလေ ဖိုးဖိုး ၊ ကျွန်တော်ကို ပြစရာရှိတယ်ဆို ''
'' အေး အေး ၊ လာ မြေးလေး ၊ ဖိုးဖိုးနဲ့လိုက်ခဲ့ ၊ ''
ကျွန်တော်ကို ဖိုးဖိုးက လက်ဆွဲခေါ်သွားသဖြင့် နောက်ကနေ ခပ်ဖြေးဖြေးပါလာခဲ့သော ကျွန်တော်ခြေရာလေးတွေကတော့ မမောပန်းခဲ့ပါဘူးး ၊ ဒါပေမယ့် တစ်နေရာ အရောက်မှာတော့ … …>…
'' ဖိုးဖိုး အပုပ်အနံ့ရသလိုပဲ ၊ တော်တော်ဆိုးဝါးတဲ့ အပုပ်နံကြီးပါလား ၊ ''
ဖိုးဖိုးကတော့ မနံ့သလိုပင် ၊ ပြီးတော့ '' တဟား ဟား ဟား နဲ့ရီကာ ရီကာ …
'' မြေးလေးကလဲ ပြောတတ်လိုက်တာ , ဖိုးဖိုးက ဘာများလဲလို့ . . . နံ့မှာပေါ့ မြေးလေးရဲ့ ဒီမြေအောက်မှာ လူတွေအများကြီးအိပ်နေကြတာကိုးကွဲ့ ၊ ''
'' ဗျာ , ဘယ်လို . . လူတွေအများကြီးက ကျွန်တော်တို့အခုနင်းထားတဲ့ ဒီမြေပြင်အောက်မှာ သူတို့တွေ အိပ်နေကြတာလား ၊ ဒါနဲ့ ဖိုးဖိုး သူတို့တွေက ဘယ်အချိန်ထိအိပ်နေမှာဟင် ''
'' မကြာတော့ပါဘူး , သူတို့တွေက နိုးလာရင် မြေပြင်ပေါ်မှာ ဟိုလျှောက်သွား . . . ဒီလျှောက်သွားနဲ့ ( ဟား ဟား ဟား ) မဆုံးတော့ပါဘူး မြေးလေးရယ် ၊ မြေးလေး လာ ဖိုးဖိုးတို့ သွားကြမယ် ''
'' ဟုတ်ကဲ့ ဖိုးဖိုး ''
ကျွန်တော်လက်ကို ဆွဲခေါ်သွားသည့် ဖိုးဖိုးရဲ့အနောက်မှ ပါလာခဲ့ရင်းမှ ကျွန်တော်ရဲ့အကြည့်တွေကတော့ အနောက်မှာ ကျန်ရစ်ခဲ့သော ဟောင်းဆွေးမြည့်တဲ့မြေကွက်လပ်
တခုကိုပဲ အမြင်ကခွာမရပဲဖြစ်နေတာ့၏ . . . ရုတ်တရက် ဖိုးဖိုးက ဆက်မသွားတော့ပဲ တစုံတခုကိုတွေ့လို့ . . တုံ့ဆိုင်းတွပြီး ရပ်နေခြင်းဖြစ်သည်ဟု ကျွန်တော်စိတ်ထဲထင်မှတ်ကာ . . . ဖိုးဖိုးကို ကြည့်လိုက်တဲ့အချိန်မှာ . . . '
'' ဟာာ:; ဖိုးဖိုး ''
ကျွန်တော်ရဲ့ပါးစပ်ကသာ '' ဖိုးဖိုး ''လို့ခေါ်ပေမယ့် တကယ်တမ်း ကျွန်တော်ရဲ့လက်ကို ဆုပ်ကိုင်ထားသည်က '' ဖိုးဖိုး''မဟုတ်
အရိုးခြောက်ကြီးတခုပင် ဖြစ်သည် ၊
'' အားးးး '' သွေးပျက်စရာ ချောက်ခြောက်ဖွယ်ကောင်းလှ၏ ၊ အရိုးခြောက်ကြီးက ကျွန်တော်လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသည့်
အပြင် တဖြည်းဖြည်း သူရဲ့ပါးစပ်က
'' ဟ ဟ ဟ ''လာလေသောအခါ ကျွန်တော်ကလဲ အတင်းအကန် အားအကုန်ရုန်းရင်းဖြင့် မြေပြင်ကြီးပေါ်သို့ '' ဗိုင်း '' ခနဲ့ ပစ်လဲကျပါတော့သည် ၊ ထိုအခါမှ မြေပြင်အထက်သို့ လက်တစ်ဖက်ပြတ်ကြီးက '' ဝုန်း '' ခနဲ့ထိုးဖွင့်လာရာ ကျန်နေသော အိပ်ပျော်နေသူများလဲ တဖြည်းဖြည်းနဲ့မြေပြင်ကထိုးထွက်လာပြီး ကျွန်တော်အနားကနေ ဖြတ်သွားလေကြ၏ ၊ မြင်ရသည့်မြင်ကွင်းက '' အားးးးးးး ''စိတ်ရဲ့သွေးကြောများကို ပြတ်တောက်စေခဲ့တယ် ၊ ကျွန်တော်ကလဲ အသက်တောင်ပြင်းပြင်းမရှူ ရဲသလို ၊
ဘေးနားက လူတစု လူတအုပ်ကလဲ ကျွန်တော်ကို မမြင်သလို အရေးမစိုက်ပါဘူး ၊ ဒါနဲ့ ဖြည်းဖြည်းချင်း မြေပြင်ထက်ကနေ ကျွန်တော် အားယူထပြီး နောက်ကိုဖြည်းဖြည်းဖွဖွလေး ခြေသံမကြားအောင် ဘက်ပြန်နောက်ဆုတ်နေရင်း , , , ဘယ်ခြေနောက်တလှမ်းလဲ လှမ်းလို့ပြီးတဲ့အခါ ကျွန်တော်အနောက်မှာ - အရာတစ်ခုက ဒါမှမဟုတ် သစ်တစ်ပင် အဲ့ဒါမှမဟုတ်ရင်တော့ … … …
'' ဟိတ် ကောင်လေး , ဘာလို့ငါခြေထောက်ကို တအားနင်းပြီး ငါကိုဘာလို့ဝင်တိုက်ရတာလဲ , , ,
ကဲ ပြန်ကောက်ပေး . ငါရဲ့လက်တစ်ဖက်
ပြုတ်ကျ သွားလို့ ''
''အို ဘုရားသခင် '' ငါရဲ့အနောက်က ဘယ်သူဖြစ်မလဲ ၊ ဒုက္ခပဲ ငါ အခုချက်ခြင်း လှည့်ကြည့်လိုက်ရင် မတော်လို့ သူက ငါကို ဘာဆက်လုပ်မလဲ ၊ ဒါမှမဟုတ် ငါ မလှည့်ပဲ ပြေးရင်ကော လွတ်နိုင်မလား ၊
အတွေးနှစ်မျိုးအတွက် ခေါင်းထဲက အဖြေနှစ်ခုမထွက်ပေမယ့် . . . . ကျွန်တော် တဖြည်းဖြည်း နောက်ကို လှည့်လိုက်တယ် . . . .
( ကြုံတွေ့သမျှအရာ ထုဆစ်သွားမယ် )
'' ရော့ ____ ဒီမှာ ခင်ဗျားရဲ့လက်တစ်ဖက် ''
''ဟာ ''ဆိုးဝါးလိုက်တာဗျာ ၊ သူက ခန္ဓာကိုယ်လဲမရှိဘူး ၊ ခေါင်း ၊ လက် ၊ ခြေထောက်ပဲရှိတယ် ၊ '' ဘုရားသခင် ''
ကျွန်တော်
အခုဘယ်ကိုရောက်နေပါလိမ့် ၊
'' ဟား ဟား ဟာားး ဟား ဟားး
ဟားားးးး ဟားးး ဟားးး
ဟားး ဟားးး ''
သူက အကျယ်ကြီးအော်ဟစ်ပြီး ရီသွမ်းလိုက်ရာ တခြားလူများကလဲ လျှောက်နေရာမှ ရပ်၍ '' ဒုက္ခ '' ပဲ
သူတို့အခု … ကျွန်တော်ကို မြင်သွားပြီ
ကျွန်တော်ဆီ . . . သို သူတို့ လာနေကြပြီ . ကျွန်တော်ထွက်ပြေးမည်အပြုမှာပဲ ပြေးခွင့်မရလိုက်ပါ ၊ ကျွန်တော်ရဲ့ ခြေထောက်ကိုရော ၊ ကျွန်တော်ရဲ့လက်ကိုရော ၊ ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုရော ၊ ကျွန်တော်ရဲ့ခေါင်းကိုရော ၊ အားလုံးက ဖမ်းဆွဲထားလို့ပေါ့ ၊ ရုန်းမရ ၊ တွန်းမရ ၊ ရှုပ်ထွေးနေတဲ့ ဒီလူတစုကြားထဲက ကျွန်တော်အတွက် '' နောက်ဆုံးကျည်ဆံ လွှတ်ကြသွားသလိုပါပဲ ၊ သူတို့တွေက တဟားဟားရီမောရင်း သူတို့တွေ အားလုံးလက်ထဲက ကိုင်ဆောင်ထားသည့် '' ချွန်မြတဲ့ '' အရာတစ်ခုကို ကျွန်တော်ဆီ
အားလုံးညီတူညီမျှ လက်ရည်တညီ
ဝိုင်းထိုးစိုက်ကြလေတော့၏ ၊
''' အားးးးး '' '' ဘုရားအရှင် ''
'' ကိုကို . , ကိုကို , ကိုကို . , ''
'' ဟင် ''
'' ဟာ ကိုကိုရဲ့ခန္ဓာကိုယ်တခုလုံး ချွေးတွေစိုရွဲနေပါလား ၊ ကိုကို ကိုကိုရေ ''
'' ဒါ . . ဒါက ဘယ်နေရာလဲ ၊ ပြီးတော့ ဘယ်သူလဲ ''
'' ဟာ စိတ်တိုလာပြီအရမ်းပဲ … … အဲ့ဒါကြောင့် ကိုကို, ကိုအမြဲတမ်းပြောတယ် . . . သိပ်အကြာကြီး မအိပ်ပါနဲ့ . . . ညဥ့်နက်တဲ့အထိ ပန်းချီမဆွဲပါနဲ့လို့ . . . ကဲ အခုကြည့် ကိုကို,က ဘာတွေပြောနေမှန်းမသိဘူး ၊ တကယ်ပါပဲ . . . ''
'' နွေ , ''
'' ဟုတ် ကိုကို , ပြောလေ ''
'' နွေ ''
'' ဟာ ဘယ်လိုဖြစ်နေတာလဲ ၊ နွေ နွေနွေ နဲ့ ဘာမှမပြောပဲ နာမည်လာခေါ်ရလား ''
'' မင်းမသေဘူးနော် နွေ , အို့ , ကိုယ် ဝမ်းသာလွန်းလို့ပါ ''
ကျွန်တော်ရဲ့မျက်ရည်တွေ ပါးပြင်ထက်မှာ အဆက်မပြတ်စီးဆင်းနေလို့ပေါ့ . . .
'' နွေ , က ဘာလို့သေရမှာလဲ ၊ ဘာလဲ ကိုကိုက နွေကိုမချစ်တော့ဘူးလား ''
'' အဲ့လိုမဟုတ်ပါဘူး , ပြီးတော့ , နွေ … … [… ] ဘာမှမဟုတ်တော့ပါဘူး ''
'' ထမင်းစားခန်းမှာ . .
ကိုကို ., အတွက် မနက်စာ ပြင်ဆင်ထားပေးတယ် ၊ ''
အိပ်ယာတွေကို ခေါက်သိမ်းနေသည့် '' နွေ ''ကို ကျွန်တော်လဲ '' ခေါင်းတချက်ညိမ့်''ပြလိုက်ပြီး ထမင်းစားခန်းထဲသို့ အရောက် . . . .
'' ဟင် , နွေ , ဘယ်လို ဘယ်လို ထမင်းစားခန်းကို အရင်ရောက်နှင့်နေတာလဲ ၊ စောစောက အိပ်ခန်းထဲမှာ အိပ်ယာသိမ်းတာမဟုတ်လား , ''
'' ဟုတ်တယ်လေ ကိုကို , ဘာဖြစ်လို့လဲ ကိုကိုရဲ့ ''
'' အင်း , ဘာမှမဟုတ်တော့ပါဘူး ''
'' နွေ ''ပြင်ထားပေးတဲ့မနက်စာကို စားသောက်ပြီးတော့ . . . စိတ်ထဲဘဝင်မကျတာနဲ့ ခြံရှေ့က ပန်းပင်တွေဆီကို လမ်းလျှောက်နေရင်း
'' နွေ ''က ပန်းပင်တွေရဲ့ကြားမှာ ပြုံးပျော်နေတာ မြင်ရတော့ . . . စိတ်ထဲထူးဆန်းသလို . . . စောစောထဲက ထမင်းစားခန်းမှာ
'' နွေ '' ရှိနေတယ် . . . အခု ဘယ်လို ဘယ်လို ခြံထဲက ပန်းပင်တွေကြားထဲကို ရောက်နေတာလဲ ၊ မယုံသင်္ကာဖြစ်သွားပြီး . . . အိမ်ရဲ့ထမင်းစားခန်းကို လှမ်းကြည့်လိုက်ရာ ., ထမင်းစားခန်းထဲမှာလဲ
'' နွေ '' ရှိနေတယ် ၊ တခါ အိပ်ခန်းဆီလှမ်းဆီကြည့်တော့လဲ '' နွေ''ရှိနေတုန်းပဲ ၊ ခြံထဲက ပန်းများကြားကို လှမ်းကြည့်လိုက်တော့လဲ '' နွေ '' … …(. . . ) အိမ်ထဲကနေ '' နွေ '' '' နွေ '' တွေအများကြီး ထွက်လာပါလာူး ၊ ပြုံး၍ပြုံးကာ ကျွန်တော်ဆီကို
'' နွေ ''တွေအများကြီး ရောက်လာတဲ့အခါမှာတော့ , . , ကျွန်တော်လဲ '' နွေ '' နှင့်ဝေးရာ လမ်းတစ်လမ်းထဲ ဝင်ပြေးလိုက်လေ၏ ၊ အမောဖောက်သလို ကျွန်တော်အသက်ရှူ ရတာလဲ တော်တော်ဆို့နင့်လာကာ မွန်းကျပ်လာခဲ့ပြီး , ရင်ဝကို မီးတုတ်နဲ့ဆောင့်ထိုးသလိုမျိုး ကျွန်တော်ရင်မှာ ပူလောင်ခြင်းကို ခံစားရပြီး . . . ရေရှိရာ လိုက်လံရှာတော့လေသည် ၊ ကျွန်တော်ရဲ့ခြေလှမ်းတိုင်းရဲ့
အနောက်မှ တခုခုကပ်လိုက်လာသလို ခံစားမိနေ၏ ၊ ကျွန်တော် ရပ်လိုက်သည်နှင့် ထိုအရာကလဲ ရပ်နေ၏ ၊ ဒါနဲ့ ကျွန်တော် ပြန်လှမ်းရင်း ဖျတ်ခနဲ့ အနောက်သို့ လှည့်ကြည့်လိုက်ရာ '' အာာားးးး '' ( ဓာတ်တိုင်တစ်တိုင်သာ ကျွန်တော်အနောက်မှာရှိပြီး ဘယ်သူမှမရှိတဲ့လမ်းအပေါ်မှာ တစ်ယောက်ထဲရှိခဲ့တာ ကျွန်တော် )
ထိုအချိန်မှာပဲ . . . ကားတစ်စီးက အရှိန်ပြင်းပြင်းဖြင့် လာနေသည်ကို ကျွန်တော်တွေ့တော့ သိပ်ကိုဝမ်းသာ ဝမ်းမြောက်သွားတယ်
( ဟာ ဟုတ်ပြီ ငါအခုဖြစ်နေတာတွေက အိမ်မက်တွေဖြစ် ဖြစ်နေတယ် ၊ ငါ အိမ်မက်ကို ငါအဆုံးသတ်ရမယ် . . . ဒါမှ ငါ ပြန်နိုးလာပြီး
'' နွေ ''နဲ့ တွေ့ရမှာ ,
အဲ့ဒါဆို ငါ ဘာလုပ်သင့်လဲ ,' ဟ ဟုတ်ပြီး ကားအရှေ့တည့်တည့် သွားရပ်ပြီး
ငါ ငါ ငါ - ကားအတိုက်ခံလိုက်မယ် ,
ဒါမှ ငါ လန့်ပြီး အိမ်မက်က ပြန်နိုးလာမှာပဲ . . . )
အတွေးက ကြာကြာသိုသိပ်ထားတာ မကောင်းဘူးဆိုပြီး ချက်ခြင်းဆိုသလို အရှိန်ဖြင့် ပြေးနှင်လာတဲ့ ကားတစ်စီးရဲ့အရှေ့တည့်တည့်ဆီ ပြေးရပ်လိုက်တဲ့အခါမှာတော့ . .
ကျွန်တော်ဟာာာာာာာာ; ;ံ့ ;ံ့;့ံ;ံ့; ;ံ့ ;ံ;ံ့;့ ;ံ့
အရှိန်အဟုန်ပြင်းသော လှိုင်းရိုက်ခတ်တွေ
'' တ ဝေါ ဝေါ '' က ကျွန်တော်ရဲ့အိပ်စက်မှု့ကို လှုပ်နှိုးစေခဲ့ပြီ ၊ မျက်စီကို အားယူဖွင့်ရင်း ကြည့်လိုက်တော့ ကျွန်တော်ဟာ သဲသောင်မြေထက်မှာ လဲလျောင်းအိပ်နေသည်ကို သိရလေ၏ ၊ မတ်တတ်ထရပ်လိုက်ပြီး အနီးနားပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ
တော တစ်တောသာတွေ့၍ ဘယ်သူ့အရိပ်အယောင်မှမတွေ့ချေ ၊
ထိုအခိုက် ကျွန်တော်နဘေးကို
လေမှုန်သံလေးများက တိုးညင်းဝှေ့သွားလို့ပေါ့ ကြည့်လိုက်ရာ . . . မိန်းကလေးတစ်ဦး ၊
အဝတ်အစားတွေက မလုံမခြုံ ၊
ဒါနဲ့ ကျွန်တော်လဲ ထိုမိန်းကလေးကို ကြည့်မကောင်းတာနဲ့
ကျွန်တော်အင်္ကျီကို ချွတ်၍ ပေးလိုက်ရာ . . . အဲ့တော့မှ သူမဟာ '' စကားမပြောတတ်သူလေး '' ဖြစ်နေတယ် ၊ သူမက မယူဘူးလို့ လက်ဟန်အမူရာနဲ့ အတင်းငြင်းနေပေမယ့် နောက်ဆုံးတော့လဲ သူမ , မငြင်းရှာနိုင်တော့ပဲ
ကျွန်တော်အင်္ကျီကို ယူဝတ်လိုက်ရလေ၏ ၊
ပြီးတော့ သူမရဲ့ လက်ထဲက သစ်သီးတွေကို , ကျွန်တော်ဆီကို လှမ်းပေးကာ
စိတ်ချ ဒီအသီးတွေထဲမှာ အဆိပ်မပါဘူးဟု သူမ,က လက်ဟန်အမူယာဖြင့် ပြောတော့ , ကျွန်တော်က သူမ,ကို ''ကျေးဇူးတင်ပါတယ်လို့ ''ပါးစပ်က လွှတ်ခနဲ့ ပြောမိလိုက်ရာ { သူမ ကျွန်တော်ကို ပြန်ပြုံးခဲ့လို့ } သြော် သူမ,က ( စကားသာ မပြောတတ်တာ ၊ ကြားတဲ့စကားလုံးတွေကိုတော့ သူသိသားပဲဟု ) ကျွန်တော်သိခဲ့ရလေတယ် ၊
ဒါနဲ့ ကျွန်တော်က . . . . .
'' ဒီတောထဲကို ဝင်ကြည့်ချင်တယ် '' လို့ပြောတဲ့အခါမှာတော့ သူမက ကြောက်လန့်နေသော မျက်နှာအမူအယာမျိုးဖြင့် ခဏငြိမ်သွားပြီး -
'' လေထဲကို သူမရဲ့လက်သည်းများဖြင့် ဝေ့ရန်းပြတော့ ကျွန်တော်က
'' ကျား ရှိလို့လား (. . . .) ဒီတောထဲမှာ ကျားရှိတယ်လို့ပြောတာလား '' ဟု မေးလိုက်ရာ
သူမ ခေါင်းညိမ့်ပြ၍ နောက်တခါထပ်ပြီး သူမက
'' လေထဲကို ပါးစပ်ဖြင့်ကိုက်ကာ ကိုက်၍ပြတော့ ကျွန်တော်က '' ဘီလူးလား ''လို့ မေးလိုက်ရာ
သူမ,က ခေါင်းညိမ့်ပြပြန်တယ် , ပြီတော့ သူမက , ကျွန်တော်ကို အဲ့ဒီတောထဲ မဝင်ဖို့ တောင်းပန်နေလေ၏ ၊ ကျွန်တော်ကလဲ
'' မဝင်တော့ဘူးဟု '' ပြောလိုက်ရာ . . . သူမ, တော်တော်ပျော်သွား၍ ကျွန်တော်အနားကို တိုးကပ်ကာမှီ၍ သူမ, ပြောတာကတော့
'' ဒီညက သူမ,အတွက် သေခြင်း''ပဲလို့ပြောပြီး ကျွန်တော်ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမ,ငိုနေပါတော့သည် ၊ '' ဘာမှစိတ်မပူနဲ့ ဘယ်သူမှမင်းကို ထိခိုက်အောင်လုပ်လို့မရဘူး . . . . ကိုယ်ဒီည မအိပ်ပဲနဲ့ မင်းအနားမှာ မနက်မိုးသောက်တဲ့အထိ တဖဝါးမှမခွာပဲ ဘယ်သူတွေလာလာ အားလုံးကို ကိုယ်ဖြေရှင်းပေးပါ့မယ် '' လို့ပြန်ပြောလိုက်ရာ သူမ,က ငိုနေရာက အငိုတိတ်သွားပြီး သူမ,လက်ထဲက သစ်သီးများကို '' ကျေးဇူးတင်တဲ့အနေဖြင့် '' ကျွေးလေ၏ ၊
ကျွန်တော်ရဲ့ရင်ခွင်ထဲမှာ သူမ,က စိတ်ချသော အမူအယာဖြင့် ပြုံးနေလျှက် အိပ်ပျော်သွားခဲ့လေတော့သည် ၊ တဖြည်းဖြည်းနဲ့ တစတစ ညဆိုတဲ့အမှောင်က လောကကြီးကို ဖုံးအုပ်လွှမ်းလိုက်လေတော့သည် ။
ကျွန်တော်ကလဲ ဘယ်လိုဘယ်လို အိပ်ပျော်သွားမှန်းမသိ . . .
သိပ်မကြာလိုက်ပါဘူး . . . ကျွန်တော် ပါးပြင်ပေါ်သို့ တစက် စက်နဲ့ ဘာအရည်တွေမှန်းမသိ တအိ အိနဲ့ထိတွေ့နေလေ၏ ၊ မျက်လုံးဖွင့်ကြည့်တဲ့အခါမှာတော့ . . . လူတစ်ယောက်ပေါ့ ဒါမှမဟုတ်ရင် လူမဟုတ်တဲ့သတ္တဝါ ၊ ကျွန်တော်အပေါ်ကနေ ငုံ့ကြည့်နေ၍ သူရဲ့နူတ်ခမ်းပေါ်က သွေးစက်များဟာ ကျွန်တော်ပါးပြင်ပေါ်သို့ ကျဆင်းလာသည်ကို အခုမှသိတော့သည် ၊ ထိုနောက် သူ့ရဲ့လက်ထဲက လက်နက်တခုဖြင့် ကျွန်တော်ရဲ့ ရင်ဝကို အပေါ်ကနေ ထိုးအစိုက် . . .
ကျွန်တော်ရှောင်တိမ်းခြင်းဖြင့် လွှတ်ခဲ့ကာ သဲပြင်ထက်မှာ
သူမ,ကို တွေ့ခဲ့ရတယ် ၊ ဒါပေမယ့် သူမ,ပြောသလိုပါပဲ '' ဒီညဟာ သူမ,အတွက်သေခြင်းဆိုတာကိုပေါ့ ''
ကျွန်တော် အော်ငိုမိတယ် ၊
ကျွန်တော် သူမ,ကို မကာကွယ်နိုင်ခဲ့ဘူးး ,
သူမ,က ကျွန်တော်ကို ယုံကြည်စိတ်ချလို့ ကျွန်တော်ရင်ခွင်ထဲမှာ သူမ,အိပ်ခဲ့တာ . . . အခုတော့ သူမ,ဟာ သဲပြင်ကြီးရဲ့ရင်ခွင်ပေါ်မှာပဲ သူမ,ထာဝရအိပ်ပျော်သွားခဲ့ရပြီ ၊
ကျွန်တော် မျက်ရည်များကို သုတ်လိုက်ပြီး . . . သူမ,ကို သတ်သွားတဲ့ ဟိုလူဘီလူးဆီ
ကျွန်တော် ခြေလှမ်းပြန်လှည့်သွားလိုက်လေသည် ၊
ထိုအခါ လူဘီလူးနဲ့မျက်နှာခြင်းဆိုင်တွေ့၍ တစ်ယောက်နဲ့တစ်ယောက် အကြည့်တွေရဲ့အဓိပ္ပါယ်ကတော့
[{( သူသေ , ကိုယ်သေပဲ )}]
မျှတပါတယ် ၊ လူဘီလူးက သူလက်ထဲက လက်နက်ကို သောင်မြေပေါ် လွှတ်ချလိုက်ပြီး - ကျွန်တော်ဆီ တရှိန်ထိုးပြေးဝင်လာခဲ့တယ် ၊ ကျွန်တော်ရဲ့လက်ထဲမှာလဲ ဘာမှမရှိခဲ့၍ ကျွန်တော်လဲ တဟုန်ထိုး ၊ ထိုနောက် လူဘီးလူးရဲ့လက်သီးက ကျွန်တော်ရဲ့ရင်ထဲကို ဝင်၍ ၊ ကျွန်တော်ရဲ့ ညာခြေထောက်က လူဘီလူးရဲ့ လည်မျို ကို
ကန်ထည့်လိုက်ရာ . . .ဒီလိုနဲ့ သတ်ပုတ်ကြရင်း နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်မှု့များဖြင့် သောင်မြေပေါ် လူးလူးလိမ့်လိမ့် ကျခဲ့ရလေတော့သည် ၊
နှစ်ဦးစလုံး ချက်ခြင်းပြန်မထနိုင်ခဲ့ . . . . နောက်ဆုံးအားကိုယူခဲ့ပြီး ကျွန်တော်ပြန်ထလိုက်တဲ့အချိန် သူလဲသူရဲ့နောက်ဆုံးအားကိုယူ၍ ပြန်ထလာတော့သည် ၊
ဒီတခါ သောင်မြေပေါ် လဲကျ သွားသည့်
သူကတော့ အသေပဲဖြစ်မည်ဟု နှစ်ဦးစလုံး ကြိမ်းဝါးပြီး သူရဲ့နောက်ဆုံးလက်သီးတချက်နဲ့ ကျွန်တော်ရဲ့နောက်ဆုံး
ခြေဝိုက်ကန်ချက် တချက် . . . . ,
ကျယ်လောင်ပြီးဆိုးဝါးတဲ့
'' အသံနက် ''ကြီးတခု ထွက်ပေါ်လာခဲ့သည် ၊
{… … } ကျွန်တော်ရဲ့ '' အသံ ''တော့မဟုတ်ခဲ့ ။
ဒါပေမယ့် … … မြက်ရှည်စိမ်းပင်တွေကြားထဲမှ ကျွန်တော်ဟာ … …
ပန်းချီဆွဲနေတဲ့ ပျို မေတစ်ဦးကို လှမ်းတွေ့၍ သေချာကြည့်တော့မှ
ပျို မေရေးဆွဲချယ်သနေတဲ့ ပန်းချီထဲက ရုပ်ပုံက ကျွန်တော်ပုံဖြစ်နေမှန်း သိလိုက်ရတယ် ၊
ပျို မေက ဘယ်လိုလုပ်ပြီး ကျွန်တော်ပုံကို ရေးဆွဲနိုင်တာလဲ ၊ နောက် . . သူကကော ဘယ်သူဖြစ်မလဲဆိုပြီး
ကျောခိုင်းပြီး ပန်းချီဆွဲနေတဲ့
ပျို မေအနားဆီ ကျွန်တော်လျှောက်လှမ်းလာရင်း လမ်းတဝက်မရောက်မှီအချိန်မှာပဲ . , ကျောခိုင်းပြီးပန်းချီဆွဲနေတဲ့ ပျို မေက
ရုတ်တရက် . . . တဖက်သို့ လှည့်လိုက်လေ၏ ၊ တခါမှမမြင်ဖူးဘူး ၊ ပျို မေက ကျွန်တော်ဆီလှမ်းလာခဲ့၍ နှစ်ဦးသား , . ,
နီးကပ်လာပြီး တစ်ယောက်မျက်နှာအရှေ့၌ တစ်ယောက်က ရောက်နှင့်နေ၍ တစ်ဦးနဲ့တစ်ဦး ဘာစကားမှမပြောကြသေးပဲ . . . ,
နှစ်ဦးသား . . . တိတ်တဆိတ် အကြည့်များက အသက်ဝင်လှပ လာ၏ ၊ ထိုအသက်ဝင်နေတဲ့ လှပတဲ့အကြည့်များကို အနီရောင်သွေးများက ဖျက်စီးသွားခဲ့လေပြီ ၊
ပျို မေရဲ့ရင်ဘတ်ကနေ အရှေ့သို့ ချွန်မြတဲ့'' ဓါး '' တစ်လက် ထိုးထွက်လာလေသည် ၊
'' နက်ရှို င်းတဲ့လောကဓံလေညင်း''က
မခံသာနိုင်သည့် ပျို မေရဲ့ရင်ထဲကို
ဓားတစ်လက်ကဲ့သို့ပင် တိုးဝင်ထိုးစိုက်လိုက်ပါပြီကော ၊
ကျွန်တော် နောက်ဆုတ်လိုက်တဲ့ ခြေတစ်လှမ်းရဲ့အနောက်မှ ''ချောက်''ကြီးက ဆွဲခေါ်ချသွားလေခဲ့ပြီ ၊ နိုးလတ်စပြုလာသော် ကျွန်တော်ဟာ
ဂူပျက်ကြီးအတွင်း၌ ရောက်ရှိနေ၍
ဝါရင့်ရင့်မီးအရောင်တွေလဲ ထိန်လျှက်ဖြာနေလို့ပေါ့ ၊
အဖွားအို တစ်ဦး ကျွန်တော်အရှေ့မှာ
ထိုင်နေလေသည် ၊ ကျွန်တော် ကျွန်တော်လေ ဘာမှန်းမသိတဲ့ အရာတွေကို တခုပြီးတခု တွေ့ကြုံနေရလို့ ကျွန်တော်မှာ အခုထိ ကြွေနေတဲ့ အသဲကကြွေ ၊ ချွေလေတဲ့ အားအင်ကကုန်ခမ်း ၊ မြင်နေတဲ့အရာတွေကတော့ မပြီးဆုံးသေးဘူး ၊ ငိုခဲ့ရတဲ့ မျက်ရည်တွေက ကျွန်တော်ကိုလေ ပြန်ပြောကုန်ပြီ '' မင်း ဆီမှာ ငါတို့မနေတော့ဘူးတဲ့ ၊ မင်းက အလကားနေရင်း ပြသာနာတခုခုဖြစ်တိုင်း ငိုနေတော့ ငါတို့ မျက်ရည်တွေလဲ အလိုလိုနေရင်း အားမရှိတော့ဘူး'' . . သူတို့ပြောတဲ့အတိုင်း သူတို့တွေ
ကျွန်တော်မျက်ဝန်းထဲမှာ မနေတော့ဘူး ၊
ရင်ထဲမှာလဲ သူတို့မရှိတော့ဘူး ၊
ကျွန်တော်မှာ မျက်ရည်မရှိပေမယ့်
ကျွန်တော်မှာ
ရှိုက်ခွင့်လေးတော့ရှိခဲ့တယ် ၊ အဖွားအိုကြီးက ကျွန်တော်ကို မျက်တောင်မခတ်ပဲ အသေချာစိုက်ကြည့်နေလို့ . . .ကျွန်တော်က, , ,
'' ဖွားဖွား ,ကျွန်တော်အခုထိ အိမ်မက်ထဲမှာပဲ ရှိနေတုန်းပဲမဟုတ်လား ၊ ကျွန်တော်ကိုလေ အိမ်မက်ထဲကနေ ဘယ်လိုလုပ်ရင် ပြန်နိုးလာနိုင်မလဲဆိုတာ
ဖွားဖွား သိရင်ပြောပြပေးပါ ''
ထိုအခါ အဖွားအိုကြီးက ခေါင်းညိမ့်ရင်း '' ခေါင်းကြီးက '' ပြုတ်ထွက်လာပြီး
အောက်ကိုမကျပဲ လေပေါ်မှာ ဝဲနေကာ
'' ကျွန်တော်ဆီသို့ ထိုခေါင်းပြတ်ကြီးက '' တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ွှံ့ွှံ့ွှံ့ွှံ့ွှံွှံ့ွှံ့
'' ဝုန်း '' ဆိုတဲ့အသံ ထွက်လာပြီးနောက် ကျွန်တော်ရဲ့မြင်ကွင်းအရှေ့မှာ '' အဖွားအိုရဲ့ခေါင်းပြတ်ကြီးရော ''
'' ခေါင်း ၊ လက် ၊ ခြေ တို့ပဲရှိတဲ့ လူတစ်ယောက်
'' ကျွန်တော်ဝင်တိုက်လို့ သူ့ရဲ့ပြုတ်ကျ သွားတဲ့လက်တဖက်ကို အခုထိ
ပြန်ကောက်ခိုင်းတုန်း
'' တခါ '' ဝမ်းဗိုက်ကြီး ဗလာနဲ့
သောင်မြေထက်က '' သူမ ''က ကျွန်တော်ကို
'' မျက်ထောက်နီဖြင့် ကြည့်ကာ '' ကျွန်တော်ကို မုန်းသွားလေသည် ၊ မြက်ရှည်စိမ်းပင်ပေါ်၌
'' ကျွန်တော်ပုံကို ပန်းချီဆွဲနေတဲ့ ''
ပျို မေကလဲ '' တကိုယ်လုံးမှာ သွေးနီစက်များပြည့်နှက်နေလျှက်
'' ကျွန်တော်ကို ရင်နာနေသော အကြည့်မျက်ဝန်းများမှ မျက်ရည်များ ထိုးစီးကျလာလေခဲ့သည် ၊
'' မြေးလေး ထတော့ ဖိုးဖိုး မြေးလေးကို ပြစရာတခုရှိတယ် '' ဟာ '' အရိုးပုံကြီးက
'' ကျွန်တော် ကျွန်တော် ဖိုးဖိုးမဟုတ်ဘူး ''
သို့သော်
ထိုအရိုးပုံကြီးမှ လက်တဖက်ထွက်လာခဲ့ပြီး ကျွန်တော်လက်တဖက်ကို
လှမ်းဖမ်းဆွဲလိုက်စဉ် . . . . … … … …
ဟင် ;: '' နွေ ''
ဘာလို့ငိုနေတာလဲ , မျက်ရည်ပေါင်းများစွာဖြင့်
'' နွေ ''က အိပ်ခန်းထဲက ထိုင်ခုံလေးမှာ ထိုင်နေလျှက် '' ငိုနေတာကို '' မြင်တော့ ကျွန်တော်ရင်လေးစွာဖြင့် ဘာများဖြစ်လဲဆိုတာ သိချင်သွားတယ် ၊ '' နွေ ''ရဲ့ နူတ်ခမ်းပါးများက တဖြည်းဖြည်းနဲ့စတင်လှုပ်ရှားလာပြီး . . . . . . . .
'' နွေ''ကို မုန်းရင် ၊ '' နွေ ''ကို မချစ်တော့ရင် ပွင့်ပွင့်လင်းလင်း ဘာလို့ပြောမသွားလဲ ၊
'' နွေ '' ကြည်ဖြူ စွာနဲ့လမ်းခွဲပေးပါ့မယ် ၊
အခုတော့ . . . ကိုကိုက
'' နွေ ''ဆီကနေ ထွက်ပြေးသွားပြီး
'' ကိုယ့်ကိုယ်ကို သေကြောင်းကြံလို့ '' ကားအတိုက်ခံခဲ့တယ် ၊ ကိုကို
'' နွေ ''ကို ဘာမှမပြောသွားပဲ
အခုလို သက်သေလိုက်တော့ . . . .)(. . . ''
'' နွေ '' ငိုနေရင်း ပြောသည့်စကားဟာ
ကျွန်တော်ဟာ ကားအတိုက်ခံပြီး သေသွားပြီတဲ့ ၊ အဲ့ဒါဆို '' ကားအတိုက်သွားခံတာက အိမ်မက်မဟုတ်ပဲ '' တကယ် , .တကယ်ဖြစ်နေပေါ့
'' ငါထင်တာက အိမ်မက်က ပြန်နိုးလာအောင် ကားတိုက်သွားခံတာ .' ဟာ အခုတော့
'' ငါမှားပြီ . . ငါ မှားပြီ , ငါ လုပ်ရပ်က အကြီးအကျယ်မဟာအမှားကြီးပဲ ၊ ဆူညံ့ပေါက်ကွဲနေသော ကျွန်တော်နှလုံးလဲ ထိုအချိန်၌ တစစီတကွဲတပြားဖြစ်သွားရ
လေသည် ၊ တချိန်မှာပဲ '' နွေ ''ဟာ အဆိပ်ပုလင်းထဲက အဆိပ်တွေကို အကုန်မော့သောက်ချလိုက်လေသည်
၊ '' နွေ '' '' နွေ '' နွေ '' နွေ '' နွေ '' နွေ ''
ကျွန်တော်ဘယ်လိုခေါ်ခေါ် '' နွေ ''က ပြန်မနိုးလာခဲ့ ၊ ကျွန်တော် ကျွန်တော်လေ '' သောင်မြေထက်က ကျွန်တော်အသက်သခင်ဖြစ်တဲ့
'' သူမ '' ကိုလဲ ကျွန်တော် မကာကွယ်နိုင်ခဲ့ဘူး ၊ သာယာပြီး အေးချမ်းတဲ့ ကျွန်တော်ဘဝရဲ့ဖန်ဆင်းရှင်ဖြစ်တဲ့ '' ပျို မေ ''ကိုလဲ ကျွန်တော် မကာကွယ်နိုင်ခဲ့ဘူး ၊ အခုလဲ '' ကျွန်တော်ရဲ့မြတ်နိုးရသူက ကျွန်တော်အရှေ့မှာ '' သက်သေ ''တာတောင်
ကျွန်တော်မှာ တားခွင့်မရှိ ၊ ကျွန်တော် မကာကွယ်နိုင်ခဲ့ဘူး ၊ အခု '' နွေ '' မရှိတော့ဘူး ၊
တကယ်တော့ . . . ဒီကမ္ဘာ့မှာ ကျွန်တော်ဟာ ဒဏ်ရာအများဆုံး လူသားတစ်ဦးပါ ဘုရားသခင် ၊
တကယ်ဆို . . . ဒီကမ္ဘာ့မှာ
ကျွန်တော်ဟာ ဘာမှအသုံးမကျတဲ့
လူသားတစ်ဦးပါ ဘုရားသခင် ၊
တကယ်. ပါ ,
လောကကြီးကို မတရားဘူးလို့မပြောပါဘူး ၊
ကျွန်တော်လဲ ကျွန်တော်မြတ်နိုးရတဲ့သူတွေအတွက်ဆို . . . ဘယ်အရာတွေ ဘယ်လူတွေဖြစ်နေပါစေ
တရားတာ / မတရားဟာ ကျွန်တော်အဖို့မှာမရှိပဲ ကျွန်တော်မြတ်နိုးတဲ့ သူတွေ ထိခိုက်လာရင်တော့ မတရားလဲ ကျွန်တော်လုပ်မိမှာပဲ ၊ တရားလဲ ကျွန်တော်လုပ်မိမှာ အမှန်ပဲ ၊
နောက်ဆုံးတော့ . . . ပိုမတရားတဲ့ ဒီလောကကြီးက ကျွန်တော်ကို အနိုင်ယူလိုက်ပြီ ၊
နောင်ဘဝငရဲကို ကျွန်တော်မကြောက်ဘူး ဘုရားသခင် ၊ ဒါပေမယ့် . . . . လက်ရှိဘဝဟာ ငရဲပြည်ဖြစ်မှာကိုတော့ ကျွန်တော်အကြောက်ဆုံးပါပဲ ၊ '' ကျွန်တော်ဒဏ်ရာတွေကို ဆေးထည့်ပေးစရာမလိုပါဘူး '' အချိန်တန်ရင် ပြီးဆုံးသွားမှာပါ ၊ တိုတိုလေးပဲရှိပေမယ့် ပိုပိုဝေးသွားကြတဲ့
'' ကျွန်တော်မြတ်နိုးရတဲ့ '' နွေ '' ,
'' ကိုယ် စိတ်မကောင်းပါဘူး ၊
ကိုယ် တောင်းပန်ပါတယ် ၊
နောက်ဆုံးစကားတခွန်းကတော့
ကိုယ် မင်းကို အမြဲတမ်းမြတ်နိုးနေလျှက်ပါ .''
ကျွန်တော်ဟာ
'' နွေ ''ရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးကို
ကျောခိုင်းပြီး အိပ်ခန်းအပြင်သို့ ထွက်လာခဲ့တယ် ၊ ပြီးတော့ ကျွန်တော် လက်ထဲက
စီးကရက်ကိုယူ၍ တစ်လိပ်ကုန်အောင် သောက်လိုက်ပြီး
ပြင်းရှတဲ့ စီးကရက်ရဲ့နောက်ဆုံးအငွေ့ကို
ရင်ထဲထိ ရှိုက်သွင်းရင် နောက်ဆုံး ကျွန်တော် သွားစရာဆိုလို့ တစ်နေရာပဲ ရှိတော့တယ် . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . .
ညမင်းကြယ်တံခွန်

No comments:
Post a Comment