နယ်ပြင်စိတ္တဇ
မိုးစက်အိအိလေးတွေ တွဲခို တွဲလောင်းလေး အိမ်အမိုးရဲ့ရင်ခွင်ထဲသို့ဆင်းခနေတယ် ၊ လေပြင်းရိုင်းတွေကလဲ ကောင်းကင်ကို
ပြိုကျမတတ် ပင့်တက်ရိုက်ခတ်လှုပ်စေခဲ့ပြီ ။
အာကာပြင်တခွင်လုံးကို ကြည့်ရှု့၍
ဒါဟာ မနက်လား ညလား ခွဲခြားရခက်ချေ ပြီ ၊ မြေဝန်းပြင်ကျယ်ကျယ်ထက်မှ ခန့်ထည်ဝါသည့် ရဲတိုက် ( သို့မဟုတ် ) အိမ်ကြီးတစ်လုံးသာရှိခဲ့၍
မားမားမတ်မတ် အာကာပြင်ကို ငေးရှု့နေတယ် ။
ထိုအိမ်ကြီးထဲမှာမှ အရိပ်နှစ်ခုထွက်သော လူတစ်ယောက် . . . . . မီးမှန်အိမ်စင် တစ်လုံးကိုင်လို့ ရှေ့နောက် လျှောက်နေလေသည် ။
နာရီစက်သံတွေကပဲ
'''တ'''ချောက်'''ချောက်'''နဲ့ မြည်နေသလား
ရာသီမိုးစက်တွေကပဲ အိမ်အမိုးကို
''တ''ဖျောက် ''ဖျောက် ''ဖျောက် ''နဲ့
ထင်တိုင်းကျဲချနေသလား ဝေဝါးမတတ် ? ? ? ။
ထိုအချိန်၌ ပီပြင်စွာအသံတခုထွက်ပေါ်လာခဲ့တယ်
,အိမ်ရှေ့တံခါးခေါက်သံ . . . . . . .
'' ဒေါက် , ဒေါက် , ဒေါက် ''.
မိုးစိုနေသည့် သူတစ်ယောက်ကို မြင်တွေ့ခဲ့တယ် . .
'' ကျွန်တော်ကို ဒီမှာခဏခိုလှူံ ခွင့်ပေးပါ ''
''' ရပါတယ် , ဝင်ခဲ့ပါ '''
ဆေးပြင်းလိပ်ကြီးကို အငွေ့ပေါင်းများစွာ
သွင်းယူရှူိ က်နေသည့် အိမ်ရှင်လူကို ဧည့်သည်လူက အံ့သြမှု့အကြည့်ဖြင့်
ရီဝေဝေ တုန်ဆိုင်းခဲ့၍ မဟုတ်ပါဘူးဆိုပြီး အာရုံလွှဲရင်း အိမ်ထဲသို့ ဝင်သွားခဲ့သည် ။
အိမ်ရှင်လူကတော့ တချက်ပြုံးရင်း
အိမ်ရှေ့ခန်းရဲ့ထိုင်ခုံလေးမှာ ထိုင်နေလျှက် . . . .
''' အပိုအဝတ်တွေပါလား ., မပါရင် အဲ့မှာရှိတဲ့ အဝတ်တွေ ယူဝတ်လို့ ရတယ် ဘာမှအားမနာနဲ့ '''
'' ဟုတ်ကဲ့ , ဒါဆို ခဏယူဝတ်မယ်နော် ,
ပါလာတဲ့ အဝတ်တွေကလဲ မိုးစိုကုန်လို့
ကျေးဇူးပါပဲဗျာ ''
''' ရပါတယ်ကွာ , တို့က အချင်းချင်းပဲ ကူညီရမှာပေါ့ကွ '''
'' ဗျာ , ဘယ်လို , အချင်းချင်း ဟုတ်လား ဘာကိုဆိုလိုရင်းလဲ ကျွန်တော်မသိလို့ ''
''' ဟား ဟား ဟား , ယောက်ကျာင်္းအချင်းချင်းကို ပြောတာပါကွ , ဟားး ဟားးး ဟားးးး '''
'' သြော် , ဟုတ်ကဲ့ ဒါနဲ့ ဒီနေရာက ထူးဆန်းတယ်နော် ဒီအိမ်တလုံးထဲရှိလို့
နောက်ပြီး ခင်ဗျားကတစ်ယောက်ထဲနေတာလား ''
''' အင်း , ပြောရမယ်ဆိုရင် ဒီအိမ်မှာ ငါတစ်ယောက်တည်း နေတာမဟုတ်ဘူး အရင်တုန်းကပါ အခုတော့ ငါတစ်ယောက်ထဲနေတာပေါ့ '''
'' သြော် ဟုတ်ကဲ့ ''
''' ဒါနဲ့ မင်းဆေးလိပ်သောက်တတ်ရင်
ရော့ ယူသောက်ပါ '''
'' ကျွန်တော် ဆေးပြင်းလိပ်မသောက်တတ်ဘူးဗျာ
နေပါစေ ''
''' စီးကရက်ပဲ သောက်တတ်တာပေါ့ ဟုတ်လား '''
'' ဟုတ်တယ် , ဆေးပြင်းလိပ်ကျတော့ ပြင်းလို့ မသောက်တတ်ဘူး ''
''' အေးပါ , ဒါပေမယ့် မင်းတစ်နေ့ အဲ့ဒီပြင်းတယ်ဆိုတဲ့အရာကို မင်းသောက်နေလိမ့်မယ် '''
စကားပြတ်သွားပြီး အိမ်ရှင်လူက အိမ်ထဲသို့ဝင်သွားခဲ့တယ် ၊ အပြင်အိမ်ရှေ့၌ ဧည့်သည်ဖြစ်တဲ့ ကျွန်တော်ကတော့ မိုးစက်ပေါက်ပေါက်ကျတာကို ကြည့်ရင်း စောစောတုန်းက ထိုလူပြောသွားတဲ့ စကားကို နားမလည်ခြင်းဖြင့် စဉ်းစားနေမိသည် ။
မိုးကမစဲသည့်အပြင် ပိုမိုရွှာသွန်းဖြိုး
လေပြီး လေတွေကလဲ တဟုန်တပြင်းနဲ့ ဖြည်းညင်းညင်း မနွဲ့ညင်သာပဲ အပြင်းအဟုန် မာန်ခွဲတိုက်ခတ်လေတော့တယ် ၊ ထိုအချိန်မှာ အပေါ်ထပ်က လူတစ်ယောက် အောက်သို့ဆင်းလာခဲ့တယ် . . . ကျွန်တော်တချက်ကြည့်မိလိုက်တယ်
အသက်ပါသွားသလို ခံစားရပြီး
ရုတ်တရက် ကျွန်တော်ခေါင်းကို တူ နဲ့ထုခွဲလိုက်သလိုမျိုးပဲ အရာရာ ပြာပြာဖြစ်သွားခဲ့ရတယ် ၊ မဖြစ်နိုင်ပါဘူးဆိုပြီး အာရုံလွှဲရင်း အကြည့်ပြန်လွှဲခဲ့တယ် ။
မိန်းမငယ်လေးတစ်ဦးပေါ့ ဒါမှမဟုတ်ကျွန်တော် ဇနီး . . . ဒါပေမယ့် သူမကတော့ကျွန်တော်ကို
မသိသလိုအကြည့်မျိုးနဲ့ကြည့်နေလျှက် . . . ကျွန်တော်ထင်လိုက်တယ် လူတူမရှား နာမည်တူမရှားလို့ပဲပေါ့ ။
ထိုအချိန်၌ အိမ်ရှင်လူ ရောက်လာခဲ့ပြီး ထမင်းစားဖို့ ကျွန်တော်ကို လာခေါ်လေတယ် ၊ မိုးကလဲ မစဲသေးတာနဲ့ ကျွန်တော်ဘယ်လိုမှ အိမ်ပြန်နိုင်မှာမဟုတ်ဘူး ၊ ဒီတော့ ကျွန်တော် ဒီအိမ်ကြီးထဲမှာပဲ မိုးမစဲသ၍ နေရအုန်းမပေါ့ ။
ထမင်းဝိုင်းကိုရောက်မှ ကျွန်တော်ပို၍ တုန်လှုပ်သွားခဲ့တယ် . . . စိတ်တွေခြောက်ခြားကုန်လျှက် ကျွန်တော် လက်တွေက ဘာမှကိုင်တွယ်၍ မရတော့ပါ ၊ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကွယ်လွန်ခဲ့တဲ့ '' အမေ ''က အခုထမင်းရဲ့တဖက်မှာ
သက်ရှိထင်ရှားထိုင်နေလျှက် - -
ကွယ်လွန်ပြီးခဲ့တဲ့ '' အဖေ '' ကလဲ ထမင်းဝိုင်းရဲ့ညာဖက်ထောင့်မှာ သက်ရှိထင်ရှား ထိုင်နေလေသည့် မြင်ကွင်းက ကျွန်တော်ကို ခြောက်မက်ဖွယ် ဖြစ်စေလေတော့သည် ။
ကျွန်တော် , ' ကျွန်တော် ထိုထမင်းဝိုင်းမှ ထထွက်လာခဲ့၍ အိမ်ရှေ့သို့ ပြေးထွက်သွားခဲ့သည် ၊ ခေါင်းထဲကို မဖြစ်နိုင်ပါဘူးဆိုတဲ့ အတွေးကို ထည့်သွင်းရင်း တုန်ရီနေတဲ့ နူတ်ခမ်းအပေါ် စီးကရက်တင်ရင်း တဖွာဖွာနဲ့ရှိုက်သောက်နေရင်း စိတ်ကိုငြိမ်အောင် အကြည့်တွေကို အဝေးဆုံးကို လွင့်တင်လိုက်တယ် ။
အိမ်ရှင်လူရောက်ခဲ့ပြီး ကျွန်တော်ကို '' ဘာဖြစ်သွားတာလဲ '' ဆိုပြီး မေးလေ၏ ၊
ဒါပေမယ့် ကျွန်တော်ကပြန်မဖြေပဲ
ထိုလူကို စိုက်စိုက်ကြည့်ရင်းးးး . . . .
'' ထမင်းဝိုင်းမှာ ထိုင်နေတဲ့ လူတွေက ခင်ဗျားနဲ့ဘယ်လိုပတ်သတ်လဲ နောက်ပြီး သူတို့တွေက ကျွန်တော် အမေ အဖေ နဲ့တော်တော်တူတယ် ''
''' ဟားဟာားးး .' ဘာများလဲလို့ဗျာ -- ခင်ဗျား စိတ်တွေခြောက်ခြားနေတယ်ထင်တယ် , ထမင်းဝိုင်းမှာ ထိုင်နေတာ ကျွန်တော်တစ်ယောက်ထဲထိုင်နေတာပါ ခင်ဗျားရုတ်တရက် ထပြေးတော့ ကျွန်တော်တောင်နည်းနည်းလန့်သွားတာပဲ
ကဲ . . ခင်ဗျား မယုံရင် ပြန်လာကြည့် '''
'' နေအုန်း , ကျွန်တော် စောစောတုန်းက မိန်းကလေးတစ်ယောက် အိမ်အပေါ်ထပ်က ဆင်းလာတာ တွေ့တယ် . . နောက်ပြီး . . . . .''
''' ကဲ တော်ပါတော့ဗျာ , ခင်ဗျား ကို အရှင်းဆုံးပြောမယ် ဒီအိမ်မှာ ကျွန်တော်တစ်ယောက်ထဲနေတာ အခုတော့ ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်တည်းပဲ ရှိတယ် ,
ကဲ လာပါတော့ဗျာ ဒီမှာ ဗိုက်ဆာနေပြီ '''
ထိုလူက ရီမောရင်းကျွန်တော်ကို ထမင်းဝိုင်းဖက်သို့ ဆွဲခေါ်သွားလေသည် ၊ ကျွန်တော် ထမင်းဝိုင်းသို့ ဒုတိယအကြိမ် ပြန်ရောက်သော် ဘယ်သူမှမတွေ့တော့ပဲ သူနှင့်ကျွန်တော်သာ ထိုထမင်းဝိုင်း၌ ရှိကြလေတော့သည် ။
ထိုညလား ထိုနေ့လား မသိ ထမင်းစားသောက်ပြီးချိန်၌ ကျွန်တော် အပေါ်ထပ်က အခန်းတခုထဲသို့ အိပ်စက်ရန် တွန်းဝင်အဖွင့် . . . . . . .
ရုတ်တရက် , , , . . . . စူးဝါးလှသော
အော်သံတချို့  ကျွန်တော်နားဝထဲသို့
ဝင်မွှေနှောက်သွားခဲ့၍ တဖန် . . . . ပြတင်းပေါက်ပေါ်ကနေ မိန်းကလေးတစ်ဦး ကျွန်တော်ကို ပြန်လှည့်ကြည့်ရင်း . . . . .
'' ရှင် , ဘာလို့နောက်ကျရတာလဲ , ''
'' မင်း , . မင်းက ''
'' မှန်တယ် . , ကျွန်မက ရှင့်မိန်းမ . .
ကျွန်မမှာ ရှင့်ကို စောင့်နေရင်း နောက်ဆုံး . . . . . . ''
သူမစကားမဆုံးခင်မှာပဲ
ငိုရှိုက်မှု့တွေက ဖုံလွှမ်းသွားလို့ စကားလုံးတွေ ပျောက်သွားခဲ့လေတယ် ။
'' ကိုယ် လာခဲ့တယ် , ပြန်လာခဲ့တယ် ., ကိုယ် နောက်မကျ ခဲ့ ဘူး , နောက်ပြီး မင်းကကော အိမ်မှာ ကိုယ့်ကို စောင့်နေတာမဟုတ်လား
ဘာလို့ ဒီအိမ်ကြီးမှာ ရှိနေရတာလဲ ''
'' ရှင် ,.မှားနေပြီ . . . ''
ရုတ်တရက် သူမ ပြတင်းပေါက်နားကနေ ခုန်ဆင်းလိုက်လေတော့သည် ။
ထိုအခိုက် -- ကျွန်တော်လဲ သွေးပျက်စိတ်ခြောက်ကပ်ခဲ့ပြီး အောက်ထပ်သို့ ပြေးဆင်းခဲ့ရင်း
သူမ ခုန်ချတဲ့ နေရာဆီ အရောက် . . . . . ထိုအရှေ့၌ လူတစ်ယောက်က အော်ဟစ်ကာ ငိုနေသည် ၊ ထိုလူက အိမ်ရှင်လူ ။
ကျွန်တော် သူ့အနောက်မှာ ရောက်နေတာကို သိသွားသဖြင့် အငိုတိတ်ကာ နောက်လှည့်ကြည့်ရင်း . . . , . ကျွန်တော် နဲ့ ကျွန်တော် စကားပြောလေတော့သည် ။
'' ခင်ဗျားက , ' ဘာလို့ ကျွန်တော်နဲ့တူနေရတာလဲ , ကျွန်တော် ခင်ဗျားကို စတွေ့ထဲက မယုံသင်္ကာဖြစ်မိတယ် ခင်ဗျားဟာ ကျွန်တော်နဲ့အလုံးစုံ တူနေတယ် . . . ခင်ဗျား ဘယ်သူလဲ , နောက်ပြီး ကျွန်တော်မိန်းမ ခုန်ချတဲ့နေရာမှာ ခင်ဗျားက ဘာဆိုင်လို့ လာငိုနေရတာလဲ ''
''' ငါ မင်းကို ပြောပါတယ် , တစ်နေ့ မင်း ပြင်းလှတယ်ဆိုတဲ့ မသောက်ချင်ပါဘူးဆိုတဲ့ ဆေးပြင်းလိပ်ကို မင်း သောက်နေလိမ့်လို့ . . . ဟား ဟား
မင်းက ငါကို ဘယ်သူလဲ မေးတော့
ငါက ဘယ်သူလို့ဖြေရမလဲ , ငါက မင်းပဲလေ . . မင်းကလဲ ငါပဲလေ , , .', ဒါကလဲ မင်းရဲ့အိမ်ပဲလေ , . .' မင်းမသိတော့ဘူးလားကွ ,. '''
'' ဟာကွာ . . .ှ''. ,ှ ''
''' မင်း … ငါကို ထိုးမလို့လားး . , ထိုးစမ်းကွာ ကိုယ့်ကိုယ်ကိုပြန်ထိုးတာ အရသာပိုသလားလို့ပေါ့ကွ . , , , လာစမ်းပါ မကျေနပ်ရင်ာလာထိုးစမ်းပါ ဟား ဟားဟာားားးားး '''
'' မင်း က ငါမဟုတ်ဘူး နောက်ပြီး ငါကလဲ မင်းမဟုတ်ဘူး ဒီအိမ်ကလဲ ငါအိမ်မဟုတ်ဘူး ငါမိန်းမကလဲ မသေသေးဘူး သူအခု ငါကို အိမ်မှာစောင့်နေလိမ့်မယ် , , , ''
မိုးတွေ''တဝေါဝေါ ''ရွာချနေတဲ့ကြားက ကျွန်တော်ရော ကျွန်တော်မဟုတ်တဲ့ကျွန်တော်ရောပါ စိုရွှဲလို့ ကျွန်တော်လဲ တည်ရာမရတဲ့ စိတ်တခုရဲ့ခြောက်ကပ်လာမှု့နှင့်အတူ ပြေးထွက်မည်အပြု . . . . .………,'
ကျွန်တော်ရဲ့အနောက်က ကျွန်တော်မဟုတ်တဲ့ ကျွန်တော်ရဲ့ ငိုရီနေသံ ထွက်ပေါ်လာရင်း ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့လေသည် ၊
''' အားးးး , ' ဒါက မင်းအိမ်ပဲ , ငါကလဲ မင်းပဲ , မင်းရဲ့မိန်းမက မင်းကိုစောင့်နေရင်း ပြန်မလာတော့ဘူးအထင်နဲ့ ကိုယ့်ကိုယ်ကို သတ်သေပြီး သေသွားပြီ , , , မင်းကလဲ . . . . အားးားးားး , , အခု . . . ငါသေသွားခဲ့ရင် မင်းလဲသေလူပဲ , . ,
နှစ်တွေကြာခဲ့ပြီ ငါတစ်ယောက်ထဲ နေရတဲ့အချိန်တွေ . . . နွေရာသီကို မစောင့်နိုင်တော့တဲ့ ငါအသဲနှလုံးက စိုစိုပြေပြေရှိတဲ့ ရာသီမှာတောင် နွမ်းခြောက်ကြွေကျခဲ့တယ် ၊ မင်းဘာမှမသိဘူးဆိုတာ ငါခဏမေ့ထားလိုက်တဲ့အချိန်ဖြစ်မှာပါ
ငါအခု ပြန်သတိရတာနဲ့ မင်းပါ ဆွေးလာလိမ့်မယ် .'''
ကျွန်တော်ရဲ့လက်ပေါ်မှာ အသက်ပျောက်သွားပြီး သူပြောခဲ့သလို သူသေတာနဲ့ကျွန်တော်ပါသေမည်ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူးလို့ စိတ်ထဲတွေးနေရင်နဲ့ . . . . .
ရုတ်တရက် လျှပ်စီးကွင်းနှင့်အတူ မိုးခြိမ်းသံတချက်ထွက်ပေါ်လာခဲ့ပြီး ကျွန်တော်ရဲ့အမြင်တွေ အရာအားလုံးကို ဖမ်းဆုပ်ယူဆောင် ဖြို ခွင်းပစ်ခဲ့တယ် ။
ကျွန်တော်အတွက်တော့ ဘယ်အရာတွေက ဘယ်လိုတည်နေသလဲဆိုတာ ငေးမကြည့်နိုင်လောက်အောင် တွေးကြည့်ဖို့ဆိုတာ မရေရာတဲ့အခန်းဆက်တွေက ရှုပ်ထွေးတတ်လို့ အသေအချာမြင်ရတဲ့ မြင်ကွင်းက
ကျွန်တော်အတွက် -, ဝေပြားထွေလီများခဲ့ရပြီ ။ ။ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment