ခေတ်တစ်ထောင်ရဲ့ငိုကျွေးသံ ( ၄ )
ညမင်းကြယ်တံခွန်ရဲ့
( မီးတိုင်စင်တွေကြားထဲက ပိုးစုန်းကြူး )
သာယာဖြူးဖြန့်သော ရေကန်ကြီးရဲ့
အနီးနားသို့ လူရွယ်လေးတစ်ယောက် ရောက်ရှိလာပြီး မှိုင်မှုန်သော
မျက်နှာမျိုးဖြင့် ကောင်းကင်ကြီးကို
မော့ကြည့်ရင်း တိုးညင်စွာ
ညည်းရှာလေတော့သည် ၊
( တဘဝလုံးထိတော့ ငါကိုယ်ငါ
မပေးဆပ်နိုင်ဘူး ၊ မိုးလင်းရင် ငါအမြဲတမ်းကြည့်နေတဲ့ ''မှန်''တချပ်က
အခုထိတော့ ဘာမှမပြောင်းလဲသေးဘူး ၊
ဒါပေမယ့် . . . ငါသာလျှင် ပြောင်းလဲသည်ကို
မေ့၍ ငါ နေ့စဉ်မျှ ကြည့်နေသော ''မှန်''ကို အပြစ်မြင်တတ်၍ နောက်ထပ် ''မှန်''တချပ်ကို ရှာလေခဲ့သည် ၊ သို့သော် ဘယ်''မှန်''တွေကို ဘယ်လိုကြည့်ကြည့် ကိုယ်ကကိုယ်ပဲဆိုတာကို ငါတချိန်တုန်းက မသိခဲ့၍ ငါမှားလေခဲ့တယ် ၊ )
ဆိုပြီးလူရွယ်တစ်ယောက် အောင်မြင်ခြင်းကို
တမ်းတကာငိုရှို က်လေတော့သည် ၊
ထိုအခါ . . . ရေကန်ကြီးက လူရွယ်လေးကို မော့ကြည့်ရင်းး
( အို. . . လူရွယ်လေး ,
စောစောက သင်ပြောသည့်
စကားထဲမှာ သင်ရဲ့အောင်မြင်ခြင်း
ပါရှိနေပါလျှက်နှင့် သင်ဘာကြောင့် အောင်မြင်ခြင်းကို တမ်းတနေပါလိမ့် , သင်ပြောသည့် စကားထဲမှာ ''မှန်''တချပ်ဆိုတာ ပါခဲ့သည် ၊ အောင်မြင်ခြင်းဆိုတာကလဲ ထို''မှန်''တချပ်ပမာ ဘယ်လိုအောင်မြင်မှု့မျိုးမဆို ကြည့်တဲ့သူသာ မြင်စေ၍ ၊
လျှောက်တဲ့သူသာ ရောက်နိုင်ပါ၏ ၊
ဘုရားသခင်က သင့်ကို
လမ်းဖောက်မပေးနိုင်သလို ၊ တခြားလူတစ်ယောက်က သင့်ကိုဆွဲခေါ်တင်ပေးနိုင်မည်မဟုတ်
ဘယ်''မှန်''တချပ်က ဘယ်လိုကြည်လင်ပြီး ဘယ်လိုပင်တောက်ပြောင်နေပါစေ
သင်ရဲ့မျက်နှာပေါ်မှာ ညစ်ညမ်းနေရင်
''မှန်''ပုံရိပ်က ညစ်ညမ်းမှာပဲ ၊
သင့်မျက်ဝန်းမှာ မျက်ချေးရှိရင်
ဘယ်လို''မှန်''မျိုး ဘယ်လောက်ပဲ ကြည်လင်တောက်ပနေပါစေ
''မှန်''ကတော့ သင်ရဲ့ဟန်ကို
မူမပျက် ထင်ဟပ်စေပါ၏ ၊
အောင်မြင်မှု့ဆိုသည့်အရာသည်
သင့်ကို ဒီလမ်းမှ ၊ ဟိုလမ်းသွားမှရောက်မည်ဟု
ပညာရှင်ပေါင်းများစွာက
သင့်ကိုပြောကြားခဲ့သလော ၊
တခြားအလုပ်လုပ်မှ အောင်မြင်ခြင်း
ရနိုင်မည် မဟုတ်ပါ . . . သင်နေ့စဉ်လုပ်သော အလုပ်မှာအောင်မြင်ခြင်းတွေရှိပါတယ် ၊ ''မှန်''ပမာပါပဲ ၊ သင်စိတ်ကြိုက်''မှန်''ဖြစ်ချင်ရင် သင်ရဲ့ကြိုးစားမှု့ ၊ လုံလစိုက်မှု့ ၊ ဇွဲမလျှော့မှု့ဖြင့် သင်ကြိုးစားမည်ဆိုရင်
သင်တစ်နေ့ ''မှန်''ကြည့်တဲ့အခါ
ဘဝမှာ အပျော်ဆုံးလူသားဖြစ်ပေလိမ့်မည် ၊ )
ဟု ရေကန်ကြီးက ပြောကြားပြီး
ခွပ်ယိုင်ကာ ရေလုံးကြွ၍ ငြိမ်သက်လေခဲ့သည် ၊
ထိုအခါ လူရွယ်လေးက ခွန်အားသစ်များရရှိခဲ့၍ အလျှင်ပင်ထိုရေကန်ကြီးကို နူတ်ဆက်ပြီးး
ပြန်ခဲ့လေသည် ၊ အပြန်လမ်း၌ မြေပြင်ကြီးက
( သင် ကြည့်လော့ ၊
မိုးမြင့်ထက်က ကောင်းကင်ကြီးက ဘယ်လိုပင်ကျယ်ကျယ်
သူ့အောက်က မြေကြီးဖြစ်တဲ့ ငါကလဲ
သူ့လိုပဲ ကျယ်ပြန့်ကျယ်ဝန်းလျှက်ပါ ၊
အမြင့် , အနိမ့်ဆိုတာကို
လူတွေက ခွဲခြားကာ ကြည့်ရှုတတ်သော်လဲ
အရည်အချင်းဆိုတာကိုတော့
သူတို့တွေ မမြင်နိုင်ဘူး ၊
လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ
မီးပုံထဲရောက်တဲ့ ''ရွှေ''လိုပဲ . . ,
လောင်ကျွမ်းစေတဲ့ မီးအဟုန် ဒုက္ခသာ ငြိမ်းသွားမယ် . . ,
အရည်အချင်းရှိတဲ့လူနှင့် ''ရွှေ ''
ကတော့ မူလပုံမပျက်ပဲ
တရွေ့တလီနှင့်အောင်ခြင်းကိုဆက်နေလျှက်ပဲ)ဟု
မြေဝန်းပြင်ကြီးက ရီမောရင်း ပြောကြားပြီး ငြိမ်ဆိတ်သွားလေတော့သည် ၊
( မီးတိုင်စင်တွေရဲ့ အလင်းတွေ
ဘယ်လိုဖြာဖြာ ,
သူ့တို့ရဲ့အလင်းက တခဏပါ ,
ပိုးစုန်းကြူးဖြစ်တဲ့ ငါက
မီးတိုင်စင်တွေရဲ့ အလင်းဖြာမှု့အောက်မှာ
မျှင်စစအလင်း ဖြစ်စေအုန်းတော့ ,
ငါကကိုယ်ပိုင်အလင်းဖြစ်သည် ၊
မီးတိုင်စင်တွေရဲ့အလင်းက ပေးစွမ်းသူရှိလို့ တခဏတာ လင်းထိန်နေတာပါ ၊
ငါကကိုယ်ပိုင်အလင်းရှင်ဖြစ်သည် ၊
တနေ့ တချိန်မှာ ရှည်လျားမှု့ဖြင့်
ကြည့်မယ်ဆိုရင် ထိုမီးတိုင်စင်သည်
ငါရဲ့အလင်းကိုမှီ၍
အမှောင်တွေပျောက်သွားရမည် )
အိမ်အပြန်လမ်းမှာ ထိုလူရွယ်သည်
အတွေးများစွာ တွေးလေ၍
မနက်သစ်ကိုသွေးသစ်လောင်းခဲ့လေတော့သည် ။
[ ပြီး ]

No comments:
Post a Comment