မသိ,သန်းယောင်
အိမ်မှာဘယ်သူမှမရှိ ၊ အမေကတော့ ဈေးးသွားနေတယ် ၊ အဖေကတော့ ပုံမှန် လက်ဖက်ရည်ဆိုင်မှာနေမှာပေါ့ ။
ကျွန်တော်ဟာ အိပ်ယာမှနိုးထခြင်းမှာပဲ
မြင်ကွင်းတခုကြောင့်
အားအင်တွေကုန်ဆုံးသွားတော့တယ်
ကျွန်တော်တို့ခြံထဲမှာက သရက်ပင်ကြီး တစ်ပင်ရှိတယ် ၊
တဖြည်းဖြည်းနဲ့အပင်သာကြီးလာတာ
တစ်နှစ်နေလို့
သရက်သီးတစ်လုံးမသီးဘူး ၊
သူသီးချင်တဲ့အခါကျမှ
လေး ငါး လုံးလောက်သာ သီးသောသရက်ပင်ကြီးဖြစ်သည် ။
ထိုသရက်ပင်ကြီးမှ
ကျလာတဲ့ အရွက် ၊ အခက်တွေကို
တစ်နေ့ ,တစ်နေ့
နေ့တိုင်းလိုလိုလှဲကျင်းရတဲ့အမှိုက် . . . . မပြောင်နိုင်ဘူး ၊
တစ်နေ့,မလှဲကျင်းပဲ ထားလိုက်ရင်
နောက်တစ်နေ့မနက်မှာ . . .
ကျွန်တော်တို့အိမ်ကြီးကို အမှိုက်အုပ်ဖုံးလွှမ်းသွားလိမ့်မယ် ။
သို့ကြောင့် ,ကျွန်တော်သည် အိပ်ယာကနိုးနိုးခြင်းမှာပဲ အားအင်ကုန်သွားရတော့ပေါ့ ၊
အခုလဲကြည့်လေ , ခြံဝန်းထဲမှာ
ရွက်နွမ်းအမှိုက်တွေ ဖွေးလို့ ၊
ကျွန်တော်လဲ နေ့တိုင်းလှဲနေရတော့
စိတ်ရှုပ်လာပြီး , ဒီတခါတော့ တံမြက်စည်းကိုင်မနေတော့ဘူး ၊
ရဲတင်းကိုင်ပြီးသရက်ပင်ကြီးဆီထွက်လာခဲ့သည် ။
သရက်ပင်ကြီးကို သေသေချာချာကြည့်ပြီး ,
ကျွန်တော်ဟာ
ကျွန်တော်မှာရှိသမျှ အားအကုန်ဖြင့် လွှဲခုတ်နေပါတော့သည် ။
'' အင့်ကွာ , မှတ်ပြီလား ,
သီးတော့ လေး ငါး လုံးနဲ့ ငါကိုနေ့တိုင်း တံမြက်စည်းလှဲခိုင်းချင်အုန်း ၊ ''
ပါးစပ်ကပြောလဲပြော ၊ လက်ကလဲခုတ် ၊ အားရပါးရကို အားအကုန်နဲ့ခုတ်လျှက် . . .
သိပ်မကြာခင်မှာ. . . အသံတခုက ဆိုးဝါးစွာ ထွက်လာလေတော့သည် ၊
'' မခုတ်နဲ့ , မခုတ်နဲ့,
မခုတ်နဲ့ , မခုတ်နဲ့,
မခုတ်နဲ့ , မခုတ်နဲ့,''
မခုတ်နဲ့လို့ ပြောသံကြားလို့ ဘေးဝန်းကျင်ကိုလှည့်ကြည့်လိုက်ရာ
ဘယ်သူမှမရှိ ၊ မခုတ်နဲ့လို့
ပြောနေတဲ့အသံကတော့ '' အဖေ ''အသံ . . .
ဒါပေမယ့် ., သိပ်တော့မသေချာဘူး ၊
ဒီသရက်ပင်က နှစ်တွေကြာသွားလို့ စကားပြောတတ်လေပြီဟု ထင်မိပြီး
ကျွန်တော် ဆက်ခုတ်နေလေ၏ ။
'' အင့်ကွာ , အင့်ကွာ
အင့်ကွာ , အင့်ကွာ ''
ဒီတခါ အသံက ပိုကြီးလာတယ် ။
'' ဟိတ်ကောင် , မခုတ်နဲ့လို့ ပြောနေတယ်လေ ''
ကျွန်တော် ဒေါသအကြီးအကျယ်ထွက်သွားပြီး
'' ဘယ်သူလဲကွ'' လို့
အော်မေးလိုက်သည် ။ ထိုအခါ . . .
'' မင်းအဖေကွ , မင်းအဖေ ''
ကျွန်တော် စိတ်ဒေါသတွေ ပေါက်ကွဲသွားသည် ၊
'' အောင်မာ , အောင်မာ , သရက်ပင်ကလဲ လူစကားထပြောသေးတယ် ၊ လူကိုများ မင်းအဖေတဲ့လား , ငါ့အဖေက လူကွ ၊
မင်းလို သရက်ပင်ကြီးကိုလဲ
ငါ့အမေက မယူဘူးကွ . ,
ခုတ်တယ်ကွာ ဘာဖြစ်လဲ ''
'' မင်းအဖေအစစ်ကွ , မင်းအဖေအစစ်''
'' အောင်မာ ,သရက်ပင်ကသရက်ပင်စကားပြော
သရက်ပင်ပါးဝလို့ ,မင်းကငါ့အဖေအစစ်ဆိုတော့ ,
ငါ့အမေက မင်းနဲ့ရပြီး ,ငါ့ကို မွေးတာပေါ့ဟုတ်လား ,
ငါ့ကိုလဲ မင်းအဖေလို့ပြောသေးတယ် ပြီးတော့
ငါ့အမေကိုလဲ ပြောသေးတယ် ,ထပ်အားမရလို့ ,
ငါ့အဖေကိုလဲ
အတုဖေဖေဖြစ်အောင်ပြောသေးတယ် ,
မင်းကိုကျိုးအောင်ခုတ်ပစ်မယ် ,
ကဲ့ကွာ , အင့်ဟာ , ကျိုးစမ်းကွာ ,
ပြတ်စမ်းကွာ , နှစ်ပိုင်းပြတ်စမ်းကွာ ''
'' မင်းအဖေ,အပေါ်မှာ ရှိတယ်ကွ ''
'' တိတ်စမ်း,မကြားချင်ဘူး ,
လူကိုများ သားတဲ့ , ပြတ်အောင်ကို ခုတ်မှာ ''
'' ဟိတ်ကောင် , မှားမယ်နော် ,
မှားမယ်ကွ ''
'' တိတ်စမ်း,မပြောနဲ့ ဘာမှမမှားဘူး
မကြာခင် ကျိုးတော့မှာ ,
အင့်ကွာ , ရော့ကွာ
ရော့ကွာ , အင့်ကွာ
ပြတ်ပြီ , ကျိုးခါနီးပြီ
ကျိုးစမ်းကွာ ''
တဖြည်းဖြည်းနဲ့ ပြတ်လာပြီး
နောက်ဆုံးတော့, ကျွန်တော် အားအကုန်လွှဲခုတ်လိုက်လေတော့သည် ။
'' ဂျွတ် '' ဂျွတ် '' ဂျွတ် '' ဖြောင်း ''
ဝုန်းးးးးးးးးးးးးးးးးးးးးးး ''
အောင်သွားပြီ ,သရက်ပင်ကြီး တဖြည်းဖြည်းနှင့် မြေပြင်ပေါ်သို့
ကျိုးကျတော့မည် ၊ တဖြည်းဖြည်းနဲ့
မြေပြင်ပေါ်သို့ ကျိုးကျတော့မည့်သရက်ပင်ကြီးကို
ကျွန်တော် သေသေချာချာ
အောင်ပွဲခံသော အကြည့်များဖြင့် အားရပါးရကြည့်နေမိ၏ ၊ ထိုအခါ . . .
သရက်ပင်ကြီးကိုကားယားခွလျှက် မျက်နှာမဲ့မဲ့နှင့်ဖြစ်နေသော သူသည်
အဖေဖြစ်လေတော့သည် ။
'' အို, , , ဖေဖေ, ''
'' အေး,ငါပြောပါတယ် , မင်းအဖေအစစ်ပါလို့ ၊ ''
'' အဖေ,ခုန်ချလိုက် . , ခုန်ချလိုက် ''
'' မင်းကွာ , ငါ စောစောတည်းက , ပြောပါတယ် , မင်းအမေယောက်ကျာင်္း, မင်းအဖေပါလို့ , ''
'' အဖေက သရက်ပင်ကြီးပေါ် ဘာတတ်လုပ်နေတာလဲ ''
'' ဟာ , ဟိတ်ကောင် , မင်းမသိဘူးလား ,
ငါ ထမင်းစားရင် သရက်သီးပါမှ
စားတတ်တယ်လေ ၊
မင်းကို ခူးခိုင်းဖို့ကလဲ မင်းကအိပ်နေတော့ ,
ငါဖာသာ အပင်ပေါ်တတ်ခူးရတာပေါ့ကွ ''
'' နေအုန်း,အဖေ ခဏနေအုန်း , ''
'' ဟိတ်ကောင်, ငါက ဘာလဲ , သရက်ပင်ကြီးကို ဘရိတ်နင်းပြီးဘက်ပြန်လှည့်ရမှာလားကွ,ငတုံးရ
အပေါ်မှာ မင်းအဖေရှိတယ်ဆိုတာ ,
အပေါ်ကို မကြည့်ပဲ အောက်ကို ကြည့်တော့ ,
မင်းအဖေ ငါက အခုတော့ကျိုးပြီပေါ့ကွ ''
'' သားပါ တတ်လာခဲ့ရမလား ,အဖေ ''
'' မင်းကို ငါလေ,မင်းကွာ , တော်တော်တုံးရလား , အခုတောင် တဖြည်းဖြည်းနဲ့အောက်ကိုကျနေတာ
မင်းသာ တတ်လာလို့ကတော့ ,
ပိုဆိုးမှာပေါ့ သားငတုံးရဲ့ ''
'' ခဏနေအုန်း , အဖေ , ခဏ ''
'' ခဏနေလို့မရတော့ဘူး သားရေ ,
အဖေ ကျိုးချင်သေးဘူး ကယ်ပါအုန်း''
'' လာကြပါဦးခင်ဗျာ ၊ ကယ်ကြပါအုန်း
ဒီမှာ ကျွန်တော်အဖေ
သရက်ပင်ကြီးကို ကားယားခွလို့
အဖေကျိုးတော့မယ် , ကယ်ကြပါအုန်း ''
'' ဟိတ်ကောင် ,
မင်း ဘယ်လိုတွေအော်နေတာတုန်း ,
ငါဖာသာ ကားယားခွတုန်းက မကျိုးဘူး
အခုမင်းခုတ်လိုက်လို့ ကျိုးတာကွ ၊
အားးးးး , သားရေအဖေတော့ သွားပြီ ''
``´´``` ဝုန်းးးးးးးးးးးးးးးးးးးး `´`´`´`´`´
ကျိုးသွားပြီ , သရက်ပင်ကြီးလဲကျိုးသွားတယ် ၊
အဖေလဲ ကျိုးသွားလေတော့သည် ။
[ ပြီးးးး ]
ညမင်းကြယ်တံခွန်


No comments:
Post a Comment