ညီညာတဲ့ဒိုးသံပွဲ
'' ဒေါင် ''ဒေါင်'' တန် ''
'' ဟာ , ဘာလို့ သံချောင်းထတီးရတာလဲ , ကိုအောင်ငြိမ်းရယ် ''
'' ဟ , (၃)နာရီထိုးလို့ သုံးချက်ထတီးတာလေ , ''
'' ဘယ်ကလာ . , မီးလောင်မှ သံချောင်းတီးရတာ ၊နောက်ပြီး တစုံတခုဖြစ်မှ တီးရတာ ၊ တစ်နာရီထိုးတိုင်း တချက်တီးစရာမလိုပါဘူးဗျာ ၊ ''
'' သိဘူးကွာ ၊ ငါက ဘုန်းကြီးကျောင်းသားဆိုတော့ လက်က အကျင့်ပါနေလို့ ''
'' တကယ်ပါပဲဗျာ , ဘာမှန်းမသိဘူး ''
'' အံ့မယ် မင်းက ငါ့ကို ဘာမှန်းမသိဘူးဟုတ်လား ၊ မင်းကကော ကင်းစောင့်တဲမှာ ကင်းမစောင့်ပဲ အိပ်နေပြီးတော့ ၊ ငါမနက်ကျရင် သူကြီးနဲ့မင်းကို တိုင်မယ် ''
'' ကိုအောင်ငြိမ်းကလဲ ပြောရဘူးလေ ၊ မကျေနပ်ရင် ကိုအောင်ငြိမ်းလဲ အိပ်လေ ''
'' ဟ , မင်းရော ငါရော အိပ်တော့ , တစုံတခုဖြစ်ရင် ဘယ်သူက ရွာထဲကို သတိပေး သံချောင်း ခေါက်ပေးမှာတုန်း ''
'' အားလားလား , အတွေးတော်တော်ခေါင်တာပဲ ''ဓပြ''ဝင်လာရင် သူတို့ဖာသာ သံချောင်းခေါက်ပြီး ဝင်လိမ့်မယ် ၊ ''သူခိုး''ဝင်လာရင်လဲ သူတို့ဖာသာ သံချောင်းခေါက်ပြီး ဝင်လိမ့်မယ် ဘာမှမပူနဲ့ ဒီမှာ စာရေးထားလိုက် '' သံချောင်းခေါက်ပြီးမှ ရွာထဲဝင်ပါလို့ ''
''
''အေး , မဆိုးဘူးဟ , အဲ့ဒါဆို ငါလဲအိပ်မယ် ၊ မင်းလဲအိပ်တော့ ''
'' ဒေါင် ''ဒေါင်''ဒန်''
'' ဒန်''ဒေါင်''ဒေါင်''
'' ကိုအောင်ငြိမ်း , တချက် ထကြည့်လိုက်စမ်းပါ ၊ ဘယ်က လက်ကမြင်းမသားလဲမသိဘူး , '' ဒေါင်''ဒေါင်''ဒေါင်''လဲမဟုတ်ဘူး တီးတာကိုက ထောင့်မကျိုးဘူး ''ဒန်''ဒေါင်''ဒေါင်'' တဲ့ ''
'' သ'သု သူ ကြီးး ''
'' အမ် , သူကြီးလား ''
ကျွန်တော်မျက်လုံး အားယူဖွင့်တော့မှ
ရှူ ရှဲူ ရှဲူဂဲ ဖြစ်နေလျှက် သူကြီး၏ ဒေါသများက သိကြားမင်းဖင်တည့်တည့်သို့
တရှူးထိုး ဝင်သွားလေတော့သည် ၊
'' ဟဲ ဟဲ , သူကြီး ''
'' ဟီး ဟီး , သူကြီး ''
'' မင်းတို့ကို ငါ့သူကြီး ဘာတာဝန်ပေးထားသလဲ ''
'' အရေးထဲ ငါသူကြီးဆိုတာပဲ ၊ ရုပ်ကိုက အီးပေါက်မယ့်ရုပ် ''
'' ကျော်လှ ''
'' ဗျာ ''
'' တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေတာလဲ ၊
ငါသူကြီး မေးတာဖြေလေ ''
'' ဘာမေးလို့လဲ ''
'' ဟာ ဒီကောင်တော့ ကွာ ၊
အောင်ငြိမ်း မင်းပြောပြလိုက်စမ်းကွာ ၊ ''
'' သိပြီ , သိပြီ , ကင်းစောင့်ခိုင်းထားတာလေ,
အဲ့ဒါ ဘာဖြစ်လို့လဲ သူကြီး , ''
'' သြော် အေး , ဒါနဲ့ မင်းတို့နှစ်ယောက်က ကင်းတဲပေါ်မှာ ဘာလုပ်နေသလဲကွ ''
'' အိပ်နေပါတယ် သူကြီး ''
'' အိပ်နေပါတယ် သူကြီး ''
'' ကောင်းသားပဲနော် ., အိပ်နေပါတယ်တဲ့ . . . ကင်းစောင့်သမားတွေက , အဲ့လိုသာ ဆက်သွား . ဆက်သွား , ဆက်သွား ''
'' ဆတ်သားလိုက်ရောင်းနေတာလား သူကြီး ''
'' ဘာကို ငါက ဆတ်သားလိုက်ရောင်းရမှာလဲကွ , မင်းတို့နှစ်ယောက်ကို ဆက်သွားလို့ပြောတာ ''
'' ဘယ်ကိုတုန်း ''
'' ဘယ်ကိုဒုန်း ''
'' ထိပ်တုံးရှိတဲ့ ငါ့သူကြီးအိမ် ''
''အဒမလေး , ဟိုက် ''
'' ကျော်လှ , ခဏ , ခဏ ''
'' ခဏဆိုပြီး , ဘာပြောမလို့လဲ ပြော ''
'' သြော် , မင်း မနေ့က ထိပ်တုံးနဲ့နှစ်ပါးသွားရတယ်ဆို ''
'' အဲ့တော့ … … ''
'' မင်းဘက်က နာလို့ပါကွာ , သူကြီးကိုက ဖင်ကျယ်လွန်းပါတယ်ကွာ ''
'' သူ ဖင်ကျယ်တာ မင်းက ဘယ်လိုသိတုန်း , ''
'' သူ့အီးတုံးကို ကြည့် သိတယ်လေ ''
'' ထွီးးးးး ''
'' ဘာလိုဖြစ်လို့လဲ ကျော်လှ ''
'' သူကြီး အီးမပြောနဲ့ သူကြီးမျက်နှာကို မြင်တောင် . . . ရွံ့ထာကွာ ''
'' ဟိတ် ကျော်လှ , ဆက်မပြောနဲ့တော့ ဟိုမှာ သူကြီး နှစ်လုံးထုတ်ပြီး လမ်းလျှောက်လာတယ် ''
'' နှစ်လုံးပြူးပါကွာ ''
'' ဟေ့ , ဒီနှစ်ယောက် ဘယ်ကလှည့်ပတ်လာတာလဲကွ ငါသူကြီး မေးနေတယ် ''
'' ကျပ်မပြည့်အရူး ''
'' ကျော်လှ , မင်းဘာစကားပြောတာလဲကွ , ကျပ်မပြည့်အရူးဆိုတာ ဘယ်သူကို ရည်ညွှန်းပြီး ပြောတာလဲ ငါသူကြီးမေးတာ ဖြေစမ်း ''
'' သူကြီး ''
'' ဘာ ''
'' သြော် , သူကြီးကို ဘာနမပြောပါဘူး
ဒီကောင်လေ သားချောကို ပြောတာ , မင်းနော် တော်တော်ရူးတာပဲ
ကျပ်မပြည့်ဘူးလား
နှစ်စီပဲ ရှိတာလား
အရူးရဲ့ ''
'' ကျော်လှ , မင်းလက်ညှိုးကြီးက ငါ့သူကြီးဆီကို ရောက်ရောက်လာတယ် ၊ သားချောက မင်းဘေးနားမှာပဲလေ ''
'' သူကြီးကလဲ လက်ညှိုးဆိုတာ တခါခါကျရင် အမှန်ပြတတ်တယ်တဲ့ ''
'' သြော် အေး အေး , ငါအရူးကြီးပေါ့ ''
'' သွားပြီ သူကြီး , အိမ်ရောက်ရင် ပြား၉၀ ထည့်လိုက်အုန်းနော် ''
'' သြော် အေး , ဘာကွ ဟေ့ကောင်တွေ ရပ်စမ်း . . . ငါနော် ကျော်လှ ကျော်လှ ရွာထဲမှာ မင်းဆိုးဆုံး တွေ့မယ် တစ်နေ့ ငါ့သူကြီး လက်သံ . . . . ''
တစ်နေ့မှာ ကျွန်တော်တို့ရွာထဲက ခလေးတွေ တစ်ယောက်ပြီး တစ်ယောက် ပျောက်ပျောက်ကုန်တယ် ၊ ညဆို အပြင်မထွက်ရဲ ညိုမှောင်စပြုလာရင်တောင် ကိုယ်အိမ်နှင့်ကို သူအိမ်နှင့်သူ တံခါးကို သေချာလုံခြူံ စွာ ပိတ်ထားရင်း နေကြရ၏ ၊ နို့မို့ဆို အခုတလော ရွာထဲမှာ လူတွေပြောပြောနေတဲ့ '' သွေးငုတ်တုတ် သရဲမကြီး ''၏ ဖမ်းယူစားသောက်မှု့ကို ခံကြရ၏ ၊ ထိုသတင်းကို ကျွန်တော်တို့သူကြီး ကြားသာအခါဝယ် . . . . ရွာထဲက
သန်မာထွားကျို င်းသူတွေအားလုံးကို
စုထားခိုင်းသော်လဲ ကျွန်တော်အပါအဝင် ဝါးခြမ်းပြားဗလများသာရှိသည့်
လူငယ်များသာ ကျွန်တော်ရွာ၌ ရှိကြသည် ၊
'' ကဲ . . . အားလုံးငြိမ်မယ် ''
'' ဝုတ် , အု , ဝုတ် ဝုတ် ''
'' အဲ့ဒါ ဘယ်ကောင် စကားပြောတာလဲ ''
သူကြီး၏ အမေးကိုကျွန်တော်အပါဝင်ရွာလူငယ်များ အားလုံးက တညီတညွှတ်ထဲ . . . . .
'''''''''''''' အဲ့ဒါ သူကြီးးးးးးး ''''''''''''''''
'' ဘာ ကွ ''
'' ခွေးလေ သူကြီး ''
'' ကျော်လှ ''
နီထွေနေလျှက် သူကြီး၏မျက်နှာ ဒေါထပွပြီ . . .
'' ဘယ်သူမှ စကားမပြောပါဘူး , သူကြီးက အားလုံး ငြိမ်မယ်ပြောတော့ ကျွန်တော်တို့လဲ ဘာစကားမှမပြောပဲ ငြိမ်နေတာပဲ . . . ဒါပေမယ့် . . . ခွေးက စကားထပြောတော့ . , အဲ့ဒါကို ပြောပြတာပါ ခွေးပါသူကြီး ''
'' ဟာ တော်တော့ , ငါသူကြီး ပြောမယ် နားထောင် . . . ''
'' ဝုတ် , အူ , ဝုတ်ဝီ ''
'' သူကြီး အဲ့ဒါ ခွေးပြောတာနော် ''
''
'' ကျော်လှ မင်းပါးစပ်ပိတ်ထား / ခွေးပဲထပြောပြော , ဘဲ ပဲထပြောပြာ ''
'' က က ကု ကုပါ သူကြီး ''
'' က က ကု ကု က ဘာပြောတာလဲ ကျော်လှ ''
'' မင်းကလဲ , ဥာဏ်စွမ်း ဆိုတဲ့နာမည်နဲ့မလိုက်အောင် စွမ်းနေပါလား . , က က ကုကုသူကြီး ဆိုတာ ကုတ်ကမြင်းသူကြီးလို့ ပြောတာ တိုးတိုးရီ တော်ကြာက က ကု ကု သူကြီး ကြားသွားအုန်းမယ် ''
''
'' ကဲ . . .အခုတလော ရွာမှာ ခလေးတွေပျောက်ပျောက်နေသလို ၊ မိန်းမငယ်လေးတွေလဲ ပျောက်ပျောက်နေတယ် ၊ အဲ့ဒါကို ငါ့သူကြီးအပါအဝင် အခုခေါ်ထားတဲ့ ရွာထဲက သန်မာထွားကျို င်းတဲ့ လူငယ်တွေအားလုံးး အဲ့ဒီအရာကို ကာကွယ်နှိမ်နင်းရမယ် , အထူးသဖြင့် ပျောက်မှု့အများဆုံးက ''ည''ဘက်မှာ ဖြစ်သဖြင့် အားလုံး ဒီဖလားခွက်ထဲမှာ မဲနှိုက်ရမယ် ပြီးရင် ပေါက်တဲ့သူနှင့်အတူ ရွာရှိ အမျိုးသမီးငယ်နှင့် ခလေးတွေ လုံခြုံရေး အတွက် ကာကွယ်စောင့်ရှောက်ရမယ် ၊ ကဲ . . . ဘာများ ဘယ်သူ ပြောချင်သေးလဲ ''
'' ကျွန်တော် . . . ''
'' ကျော်လှ , မင်း ဘာပြောချင်သေးတုန်း ''
'' ဒီကိစ္စမှာ . . . ကျွန်တော်တခုမရှင်းလို့ ပါ ၊
ဘာလို့ မိန်းမငယ်လေးတွေနဲ့ခလေးတွေကိုမှ ဖမ်းခေါ်ရတာလဲ ,
ကျွန်တော်တို့လို သန်မာထွားကျို င်းတဲ့ဝါးခြမ်းပြား ဗလပိုင်ရှင်ကိုကျတော့ ဘာလို့မဖမ်းလဲ''
'' ဟုတ်တယ် , သူကြီး . . . နောက်ပြီး ကျွန်တော်တို့က ဘယ်လိုလူနဲ့ယှဉ်ပြိုင် နှိမ်နင်းရမှာလဲ ပြောပြပါ ,
ကျွန်တော်တို့ အပြတ်ကို ချေပလိုက်မှာ ''
'' အေးအေးအေး , မင်းတို့တွေ အားလုံး ရင်ဆိုင်နှိမ်နင်း ရမှာက
'' သွေးးး ငုတ် တုတ် သရဲမကြီးကွ ''
သူကြီး၏ စကားသံမဆုံးခင်မှာတင် ကျွန်တော်အပါအဝင် ရွာသားများအားလုံး သူကြီးအရှေ့၌ မရှိကြတော့ချေ ၊ အိမ်တံခါး အသေပိတ်ပြီး ရှိသမျှစောင် အားလုံးကို ခြုံနေလျှက်
'' ဒတ် ဒ ဒတ် '' ဒူးတုန် ၊ရင်တုန် ၊ နှာခေါင်းတုန် ၊ ဖင်တုန် ၊ မျက်စီတုန် ၊ ခြေတုန် ၊ လက်တုန် ၊ တုန်ခြင်းများစွာတုန် လေတော့သည် ၊
`` သူကြီးနှင့်ကျော်လှ ´´
`` အောင်ငြိမ်းနှင့်သားချော ´´
`` ဥာဏ်စွမ်းနှင့်ပုတ်ပြဲ ´´
`` အာအုနှင့်ယာဟု ´´
`` မြင့်မောင်နှင့်ပုတတ် ´´
`` ဂဏန်းနှင့်သချာင်္ ´´
'' ကဲ . . . အားလုံးမဲနှိုက်လို့ပြီးပြီ ညကျရင် ကိုယ့်အတွဲနဲ့ကိုယ် ရွာကို စောင့်ရှောက် , ဒါပဲ ''
( အရေးထဲ သူကြီးနဲ့မှ တွဲရတယ်လို့ )
မဲနှိုက်လို့ ကျရာလူနဲ့တွဲပြီး ရွာအနီးပတ်လည်၌ လုံခြုံရေးယူကာ စောင့်ကြည့်နေလေတော့သည် ၊
'' ကျော်လှ . . ငါ့သူကြီးရဲ့ နှစ်လုံးကိုခဏကိုင်ပေးအုန်း ''
'' ဘာ ဘာ , သူကြီးနှစ်လုံး သူကြီးဖာသာ သူကြီးကိုင်ပါလား , ကိုယ့်နှစ်လုံးတောင် ကိုယ့်မကိုင်နိုင်ဘူးလား ''
'' ဘာကွ မင်းဘာတွေပြောနေတာလဲ ငါသူကြီးရဲ့ နှစ်လုံးပြူးကို ပြောတာကွ
နှစ်လုံးပြူးသေနတ် ခဏ ကိုင်ထားပေး ,
ငါသူကြီး ပုဆိုးကျွတ်တော့မယ်ကွ ''
'' ကျွတ်သေလဲ အေးတာပဲ ,
ပေး, ပြူးနှစ်လုံး သေနတ် ''
'' နှစ်လုံးပြူးပါကွ
ပြူးနှစ်လုံးမဟုတ်ဘူး , ''
'' သူကြီး , ခဏ နေအုန်း . . .
ဟိုချူံ ပုတ်ထဲက ရှဲရှဲရှဲအသံကြားတယ် , ကျွန်တော်သွားကြည့်လိုက်အုန်းမယ် ''
'' ကျော်လှ , ငါပုဆိုးမဝတ်ရသေးဘူးလေ , နေအုန်း , အရမ်းရမ်းသွားမလုပ်နဲ့နော်''
'' ဟာ , သူကြီးကလဲ အရေးထဲ မြန်မြန်ဝတ် ''
'' အေးပါ , အေးပါ ''
```` ဝါးးး ဝေါင်း ဝီ ´´´´´
'' အားး သူကြီး ဟိုမှာ ထွက်လာပြီ ''
'' ဘာလဲကွ ''
'' သ သ ရဲ မမမမ ''
'' အိုး မိုင် ဂေါ့ ''
'' သူကြီးကလဲ အရေးထဲ ''
'' ကျော်လှ , မပြေးနဲ့ , ပြေးရင် ငါသူကြီးနဲ့အတူတူ ပြေးရမယ် , ဒါပဲ ''
'' ဟာ ဒီသူကြီးကတော့လေ ''
'' ရော့ ''
'' ဘာလဲ သူကြီး , ''
'' သေနတ်နဲ့ပစ်ကွာ ''
'' ဟာ သူကြီးပစ်ပေါ့ဗျာ ''
'' ငါသူကြီး မပစ်ရဲလို့ကွ , မြန်မြန်ပစ် ဟိုမှာ တဖြည်းဖြည်း ငါတို့အနားရောက်လာပြီ''
'' သူကြီး ''
'' ဟေ ''
'' သူကြီးပြောတော့ . . . အနားရောက်လာတော့မယ်ဆို ''
'' အေးလေ ''
'' အခုအနားရောက်ရုံတင်မဟုတ်ဘူး , နှစ်လုံးကို လိုက်စမ်းနေပြီဗျာ
( နှစ်ဦးပြူးသေနတ်ကို ပြောတာပါ ) ''
'' ငြိမ်ငြိမ်နေလိုက်ကွာ ''
````` မင်းတို့က ငါ့ကိုဖမ်းဖို့လား ´´´´´
'' မဟုတ်ပါဘူး ,
သူကြီးခိုင်းလို့လုပ်ရတာပါ ''
'' ဟေ့ကောင် ကျော်လှ , ဘာလို့ သူကြီးပြောရတာလဲကွ ''
````` သူကြီးက ဘယ်သူလဲ ´´´´´
'' ဒီမှာပါ , က က ကုကုသူကြီးက ''
````` မင်းလား သူကြီးက ´´´´´
'' အယ် , သူသိသားပဲကိုး ''
'' သူကြီးရေ , လစ်ပြီ တာ့တာ့ '' ဝစ် ''
'' ဟေ့ကောင်ကျော်လှ , မင်းကို တသက်လုံး ထိပ်တုံးခတ်မယ် , ဟီး ဟီး ဟီး , တွေ့ရတာ ဝမ်းသာပါတယ်နော် ''သွေး ငုတ် တုတ် သရဲမမ '' ''
အပြေးသန်သလားမမေးနဲ့ ပြေးတာ ပြေးတာ ဒီနေရာကနေကိုရှေ့ကို တစ်ထွာမတိုးဘူး ၊ နောက်တော့ ဘယ်ဟုတ်မလဲ … …
သစ်ပင်နဲ့အင်္ကျီငြိနေတာကို ၊
ဒီလိုနဲ့ပဲ
က က ကုကုသူကြီးနဲ့
ကျွန်တော်နဲ့ကို
သစ်တစ်ပင်မှာ ကြိုးးနဲ့ပူးတွဲချည်ပြီး
ရွာထဲသို့ . . . ထို ''သွေး ငုတ် တုတ် ''သရဲမကြီး ဆံပင်ဖါးယားဝဲလွင့်လျှက် ဝင်တော့သည် ၊ ခွေးတွေအူသံတွေကလဲ တရွာလုံးကို လွှမ်းအုပ်မိုးထားလျှက်
ကြောက်မက်ဖွယ် ပါတကား ။
'' သူကြီး ''
'' ဘာလဲကွာ ''
'' ဝင်သွားပြီ သူကြီးရေ ''
'' ဟာ ဟေ့ကောင် ဘာဝင်တာတုန်း ''
'' ဖုတ်,သရဲမကြီး, ရွာထဲကို ဝင်သွားပြီ ''
'' ဒုက္ခပါပဲကွာ , ဒါပေမယ့် သိပ်မစိုးရိမ်ပါနဲ့ ဟိုကောင်တွေ ရှိနေတာပဲ ''
'' ဟာ သူကြီး ဟိုမှာ ဟိုမှာ … … … ''
'' ဘာလဲကွာ , ကျော်လှ ''
'' သူကြီးပြောတဲ့ ဟိုကောင်တွေအားလုံး ကျွန်တော်တို့လို့ ကြိုးးနဲ့ချည်ထားခံနေရပြီ ''
'' သေစမ်းကွာ , ရွာထဲမှာရှိတာ အသက်ကြီး အဘိုး၊အဖွား နဲ့ ခလေးငယ် နဲ့ မိန်းမသားတွေပဲရှိတာ , ငါတို့လို သန်မာထွားကြိုင်းတဲ့ သူတွေတောင် ခံရတာ သူတို့တွေဆို ပြန်တွန်းလှန်နိုင်မဟုတ်ဘူး ''
'' ကျွန်တော်တခု စဉ်းစားမိတယ် ,သူကြီးသိလား ''
'' ဘာများလဲ , ကျော်လှ ''
'' သရဲ ၊ တစ္ဆေဆိုတာ ဝိညာဉ်လေ ''
'' အဲ့တော့ … … … ''
'' ကျွန်တော်တို့ကို အခုလို ကြိုးချည်သွားတဲ့သူက ''သရဲ''မဟုတ်ဘူး ''လူ ''ဗျာ ''
'' အေ …¡''
'' အေ ,မလုပ်နဲ့ , သူကြီး … … ကျွန်တော်ပုဆိုးကြားထဲမှာ ''ဓားမြှောင် ''ရှိတယ် , ယူလိုက် ပြီးရင် ကျွန်တော်ကို ပေးး ''
'' အေး ,အေး , ငါသူကြီး , မင်းပုဆိုးကြားထဲကို နှိုက်နေတယ် ''
'' အား , ''
'' ဟေ့ကောင် ,ကျော်လှ ဘာဖြစ်တာတုန်း … ''
'' သူကြီးယူတဲ့
''ဓားမြှောင် ''မှားနေတယ် ''
'' မင်းက ငြိမ်ငြိမ်နေလေကွာ , ရပြီ ''
'' ပေး , ကျွန်တော်ကို . . ''
'' ရော့ . . ကြိုးးမြန်မြန် ဖြုတ်ကွာ ''
'' သူကြီးကလဲ မလောပါနဲ့ , ရပြီ , ဖြုတ်ပြီးပြီး ,''
''အေး ,အေး,ဟိုကောင်တွေကိုလဲ ဖြုတ်ပေးလိုက်ကွာ . . . ''
'' ကဲ . . . . အားလုံးလူစုမယ် . . .ရွာထဲက လူတွေပြောပြောနေသလိုမျိုး
''သွေး ငုတ် တုတ် သရဲမ''က လိုက်လံဖမ်းတယ်ဆိုတာ မဟုတ်ဘူး ,
သူက သရဲယောင်ဆောင်ပြီး ငါတို့ရွာကို ခြောက်လန့်တယ် ၊ ပြီးတော့ ခလေးငယ်နှင့် မိန်းမငယ်တွေကို ဖမ်းတယ် , ပြီးရင် ပြန်ရောင်းစားမယ်. . . အဲ့ဒါကို ငါတို့တားဆီးရမယ် လိုအပ်ရင် အတွင်းအား ထုတ်သုံးပါ . .
ကဲ အားလုံး ဘယ်သူ ဘာများ ပြောချင်သလဲ ''
'' ကျွန်တော် . . . ''
'' ကျော်လှ , ဘာပြောအုန်းမလို့လဲ ''
'' အတွင်းအား ဆိုတာ ဘာကိုခေါ်တာလဲ သူကြီး ''
'' ဟုတ်တယ် , သူကြီး . . ကျွန်တော်သိတဲ့ အတွင်းအားဆိုတာ
'' ဖွတ် ဗွတ် ''ဆိုတဲ့ ''အီး''ပေါက်တာကို ပြောတာလား ''
'' အေးအေးအေး. , အတွင်းအားးးးးးးး ဆိုတာက '' ငါသူကြီးအပါအဝင် အားလုံးတညီတညွှတ်ထဲ စုပေါင်းပြီး '' ရွာကို ''ဒုက္ခပေးနေတဲ့ ဟန်ဆောင် ''သရဲ''ကို အမြစ်ပျက်ချေမယ် ''
'' အိုး ရေး , အိုး ရက် . , ထောက်ခံတယ် သူကြီး ,''
'' သူကြီး ,ဟိုမှာ . .ဟန်ဆောင် ''သရဲ '' ခလေးတွေနဲ့မိန်းမငယ်လေးတွေကို ဖမ်းခေါ်ပြီး ပြန်ထွက်လာပြီ ''
'' မင်းတို့အားလုံး ဘာကို စောင့်နေတာလဲ ''
သူကြီး၏ အမေးကို ကျွန်တော်အပါအဝင်
သန်မာထွားကျို င်း ဝါးခြမ်းပြားဗလပိုင်ရှင်များ
အားလုံးကတညီတညွှတ်ထဲ . . .
'' လာမယ့်ဘေးကို တွန်းလှန်ဖို့ စောင့်နေတာပါ သူကြီး ''
'' ကဲ. . . အားလုံး ငါသူကြီးအပါအဝင်
အားလုံး ''စမယ်ဟေ့ '' စ ''
ထိုအခါ , ကြည်ဖူးသမျှ တရုတ်ကားထဲက သိုင်းကွက်ထုတ်ပြီး တစ်ယောက် တစ်ပေါက် တစ်ယောက် တစ်သီးနဲ့ ''အုန်း အုန်း အင်''ဟူသော အသံများထွက်လာခဲ့ပြီး မကြာမီ သူကြီးထံမှ . . . .
'' ကဲ . . . အတွင်းအား ထုတ်သုံးကြတော့ . . . ''
'' ဖွတ် ဘူ ဘူဘူ ''
'' ယား ကျား ဝါး ''
'' အု ပဝါ ညား ''
'' ဘု ရှူ ရှိုင်း ''
'' အု အူး အှိုင်း ''
တစ်ယောက် တကွက် သိုင်းကွက်တွေထုတ်ပြီး . . . . ''သရဲ''ဟန်ဆောင်သော ''လူဖမ်းသမား ''ကို အကွက်တွေပြတော့သည် ။
'' ယောင့် ဒါက မြွေပွေး ကလိထိုးတဲ့အကွက် ''
'' ရောင့် ဒါက ကြိုးကြာ ငါးဖမ်းတဲ့အကွက် ''
အချိန်မဆိုင်းပါ , မတွေဝေပါ ,
ကျွန်တော်အပါအဝင် , သူကြီးအပါအဝင် ,
ရွာထဲက သန်မာဝါးခြမ်းပြားဗလပိုင်ရှင်များ
အားလုံးအပါအဝင် ,အားလုံးတညီတညွှတ်ထဲ
စုပေါင်းအကွက်များဖြင့် ထို''သရဲ''ဟန်ဆောင်သော ''လူဖမ်းရောင်းစား''သမားကို
ချည်နှောင်ဖမ်းချူ ပ်နိုင်ခဲ့လေတော့သည် ၊
ထိုအခါ သူဖမ်းချူ ပ်ထားသည့်
ရွာထဲကခလေးငယ်တချို့ နဲ့
မိန်းမငယ်လေးတွေကို
ဘယ်မှာဖမ်းချူ ပ်ထားလဲ မေးပြီး , သွားရောက် ကယ်တင်နိုင်ခဲ့သည် ၊ ထိုနောက် , မြို့က ရဲဌာနကို အကြောင်းကြားလိုက်ရာ ထိုလူအား
ဖမ်းချူ ပ်ခေါ်ဆောင်သွားလေတော့သည် ။
```````` ''ဒေါင်''ဒိန်''အိန်'' ´´´´´´´´´
''ကျော်လှ , ဘာဖြစ်လို့ , သံချောင်းခေါက်ရတာလဲကွ ''
'' သူကြီးသမီး , ခိုးရာလိုက်ပြေးလို့ , ''
'' ဘာာ , ငါ့သူကြီးရဲ့သမီး
ခိုးရာလိုက်ပြေးတာကို
တရွာလုံးဘယ်သူမှမသိဘူး ,
အဲ့ဒါကို မင်းက ,ကင်းတဲထက်ကနေ တရွာလုံးကြားအောင် ၊ တရွာလုံးသိအောင် သံချောင်းခေါက်ပြီး သတိပေးရတယ်လို့ ,
အေး , မင်း ပြေးနိုင်မှလွှတ်မယ် . . . ကျော်လှ ,
ငါသူကြီးရဲ့အရှက်ကို ခွဲတဲ့အတွက် တသက်လုံး ထိပ်တုံးခတ်မယ်ကွ , ပြေးထား ,
ပြေးနိုင်မှလွှတ်မယ် ''
'' လာလိုက်လေ , သူကြီးရယ် , ဖုန်တောင်မြင်ခွင့်ရအောင် ဆုတောင်းပေါ့ ''
( လစ်ပြီ , ဒုတိယ မာရသွန်ပဲ )
ညမင်းကြယ်တံခွန်

No comments:
Post a Comment