Friday, January 27, 2017


     ငါးမတွေ့ရင် အိုင်ရှာ

ဝေသာဝေ ယှက်နှောင်ဖွဲ့လျှက်
 အချိန်ကည '' ၈''နာရီကြား  ၊ မှေးအိပ်မပျော်သေးသော  ကျွန်တော်ဟာ  ''ဆိုင်ကယ်''တစ်စီးဖြင့် မြို့တပတ် ပတ်မောင်းနှင်နေတော့သည် ၊ တိုးလာတဲ့ လေနွဲ့နွဲ့ဟာ  ကျွန်တော်ကိုတုန်ရီအေးစေခဲ့တယ် ၊ တချိန်တည်းမှာပဲ  ဆူညံ့ဆူညံ့အသံထွက်သော  နေရာ၌
ကျွန်တော်ဆိုင်ကယ်ကို  ထိုးရပ်လိုက်လေ၏ ၊ 
'' နွေဆူး , နင်ကို  လူလာခေါ်ပြီ လိုက်သွား ''
''နွေဆူး''တဲ့  ''သူ'' ဘယ်သူကိုခေါ်နေတာပါလိမ့် ၊ ပြောနေတဲ့သူကို  ကြည့်လိုက်တော့  မျက်နှာမှာ  ဓားဒဏ်ရာအမာရွတ်နဲ့ လက်တွေမှာက  တတ်တူး မှင်ကြောင်တွေအပြည့်နဲ့ပေါ့ ၊ ထိုသူဟာ  လူကောင်းတစ်ယောက်မဟုတ်မှန်း သိခဲ့တယ် ၊ တဆက်တည်းမှာပဲ သူရှေ့က  လူကသူကိုပိုက်ဆံပေးပြီး ကောင်မလေးတစ်ယောက်ကို ခေါ်သွားတယ် ၊ ကျွန်တော်အခုမှသိတော့တယ် ဒီနေရာလေးဟာ ''ကိလေသာဘုံနန်း''လေးပါတကား ၊ 
'' နွေဆူး,ဒီနေ့  သိပ်နေလို့မကောင်းလို့ , တခြားသူနဲ့ချိတ်ပေးလိုက်ပါလား , ကိုစိုးဟိန်း ''
'' မရဘူး ,ဒီမှာ  ငါပိုက်ဆံယူပြီးသွားပြီ ., နင် ငါရဲ့စီးပွားရေးကို ဖျက်နေတာလား , နွေဆူး''
'' နွေဆူး, တောင်းပန်ပါတယ်, 
တကယ်ပြောနေတာပါ ''
'' လာပါ , ခလေးမရယ် . . . ဘဘတို့နဲ့လိုက်ခဲ့ပါ ၊ ဟိုရောက်ရင်  ပျော်သွားမှာပါ ''
ကောင်မလေးခဗျာ  တောင်းပန်နေသော်လဲမရ . . . အဖြစ်အပျက်ကို ကြည့်နေရတဲ့ ကျွန်တော်ရင်ထဲမှာလဲ ဘဝင်မကျ  ၊
'' ကိုစိုးဟိန်း , ခဏလောက်  ''
'' ဟေ , ဘယ်သူလဲကွ ''
'' မင်းဘယ်သူလဲ ၊ ငါဘယ်သူလဲ တစ်ယောက်နဲ့တစ်ယောက်နဲ့သိအောင်  မိတ်ဆက်စရာမလိုပါဘူး ၊ နွေဆူးဆိုတဲ့ ကောင်မလေးကို  '' night '' ခေါ်ချင်တယ် ၊ ''
'' ဒါတော့ ကိုယ့်လူ မရတော့ဘူး ၊ ခေါ်ပြီးသား ဖြစ်သွားပြီ ၊
 နွေဆူးထက်အဆတစ်ရာသာတဲ့  သူတွေ အများကြီး ကျွန်တော်မှာရှိပါတယ် ၊ ကိုယ့်ဆရာ နတ်ပြည်တောင်  သွားချင်တော့မှာမဟုတ်ဘူး ၊
'' ဒါတော့ဒါပေါ့ ၊ ဒါပေမယ့် . . . ကျွန်တော်က  နွေဆူးကိုပဲ  ခေါ်ချင်တာ
ကဲ . . . သိပ်မပြောတော့ဘူး  ကြာတယ် ၊  ဟိုလူတွေဆီက ခင်ဗျား ဘယ်လောက်ယူထားလဲ ၊ အဲ့ထက် နှစ်ဆ ကျွန်တော်ပေးမယ် ၊
ဝမ်းသာအားရမျက်နှာမျိုးနဲ့ . . .
'' ဟား ဟား , နွေဆူးနင်ဒီနေ့ ကံဇာတာတတ်နေပါလား ၊
 တသက်လုံး ဒီလိုအဖြစ်မျိုး  ဒီတခါ ပထမဦးဆုံးပဲ သိလား ကိုယ့်လူ ၊ ကဲဗျာ . . . ကိုယ့်လူ စိတ်ကြိုက်  ကိုယ့်လူသဘောပဲ ၊ ဟား ဟား ''
'' အဲ့ဒါဆို . . . ကောင်မလေးကို  ကျွန်တော်ဆီလွှတ်လိုက်  ဆိုင်ကယ်နားမှာ  ကျွန်တော်ရှိနေမယ်''
'' စိတ်ချ , စိတ်ချ ''
အားရဝမ်းပန်းသာနှင့်ထွက်သွားသော ကိုစိုးဟိန်းတစ်ယောက် တော်တော်ကျေနပ်နေတဲ့ပုံရတယ် ၊ ထို့အတူ  ကောင်မလေးတစ်ယောက် မရွှင်မျက်နှာလေးနဲ့ နှောင့်နှေးသော ခြေလှမ်းဖြင့် ကျွန်တော်ဆီသို့ ရောက်လာခဲ့တယ် ၊ 
'' ဒာစ်ကိုက  ''နွေဆူး''ကို 
 ''night ''ခေါ်ထားတာလား ''
'' ရော့ . .  . ဆိုင်ကယ်ဦးထုတ်ဆောင်းလိုက်အုန်း ''
တလမ်းလုံးဘာစကားမှမပြောပဲ မောင်းနှင်ရင်း ဆိုင်ကယ်ကို  အိမ်ရှေ့၌ ထိုးရပ်လိုက်သည် ၊
'' ဒါ ကိုယ့်အိမ် , အထဲဝင်လေ ''
'' တည်းခိုခန်းကို  ခေါ်သွားမယ်ထင်တာ ၊ ''
'' အပိုစကားတွေသိပ်မပြောနဲ့ ဝင်စရာရှိတာဝင် ၊ အပိုစကားတွေနားမထောင်တတ်ဘူး''
'' ဒီအိမ်မှာ  အကိုတစ်ယောက်ထဲလား ၊ ''
မလုံတလုံအဝတ်အစားလေးနဲ့ထိုင်ခုံလေးပေါ်မှာ ထိုင်နေလျှက်  . . . . .
'' နွေဆူး,ဒီနေ့ည  စိတ်ထဲသိပ်မပျော်ဘူး ၊ အဲ့ဒါကြောင့်  အကိုလိုချင်တဲ့  ပျော်ရွှင်မှု့မျိုးကို  ''နွေဆူး''ပေးနိုင်လိမ့်လို့  မထင်ဘူး ၊ တောင်းပန်ပါတယ်နော် အစ်ကို ၊''
ကျွန်တော်  အပြုံးသဲ့သဲ့နဲ့ ''နွေဆူး''ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး . . . . 
'' ပေးနိုင်အောင်  ကြိုးစားပေါ့ , ''
ရုတ်တရက် နွေဆူးရဲ့အမူယာက ကြောက်လန့်သလို ဖြစ်ဟန်ချေ ၊ ထိုနောက် သူ့ရှေ့က  စားပွဲပေါ်၌ ကျွန်တော်ထိုင်လိုက်ရင်း … … …
'' မင်း , ဆေးလိပ်သောက်တတ်ရင် ယူသောက်နော် .. အရက်ကတော့  ကိုယ်လဲမသောက်ဘူး ၊ ကိုယ်မှာလဲမရှိဘူး ''
'' နွေဆူး , မသောက်တတ်ဘူး ''
'' သြော် , ဒါနဲ့ မင်းအသက်က . . .  ''
'' night ''ခေါ်တာ  အသက်မေးမို့ ခေါ်တာလား ''
သူမရဲ့ခပ်မာမာအသံက  ကျွန်တော်နားထဲ ခပ်ဆတ်ဆတ်ဝင်သွားတယ် ၊
'' မင်းကို တခုတော့ ကြိုပြောပါရစေ ၊ ကိုယ်က လူလိမ္မာမဟုတ်ဘူးနော်  ၊ မင်း သိအောင်ပြောပြတာပါ ၊ နောက်ပြီး မင်းကို ''night ''ခေါ်တာ  မင်းနဲ့ပျော်ချင်လို့မဟုတ်ဘူး ၊ မင်းအတွက်  လွတ်လပ်ခွင့်တည  ပေးတဲ့သဘောပါပဲ ဒီအပြင် မပိုပါဘူး ၊ ''
ထိုအခါ ကောင်မလေးက ငိုပါတော့သည် ၊
'' နွေဆူး , ငယ်ငယ်တုန်းက ဆရာဝန်ဖြစ်ချင်ခဲ့တယ် ၊ အဲ့ဒီအတွက်လဲ စာကြိုးစားခဲ့တယ် ၊ သူငယ်တန်းကနေ  ငါးတန်းထိ  ပထမဆုတွေကြီးပဲ ရခဲ့တယ် ၊ ဒါပေမယ့် . . . ခြောက်တန်းနှစ်မှာ  ဖေဖေက ဆုံးသွားခဲ့တယ် ၊ ဒီလိုနဲ့ပဲ နောက်ပိုင်းကျတော့  မေမေက အားကိုးရအောင်ဆိုပြီး နောက်အိမ်ထောင်ထပ်ပြုခဲ့တယ် ၊ ပထမတော့ . . .အားကိုးရပါတယ် ၊ နောက်တဖြည်းဖြည်းနဲ့ပျက်စီးလာပြီး
အရက်လဲသောက်တတ်လာတယ် ၊
 ပြီးတော့ အရက်မူးလာရင်လဲ မေမေကို ရိုက်နှက်တယ် ၊ 
ဒီကြားထဲ လောင်းကစားဝိုင်းထဲမှာပဲ အချိန်ပြည့်
ရှိနေတော့ . . တဖြည်းဖြည်းနဲ့ရှိသမျှ  ကား ၊ အိမ် ၊ နောက်ဆုံး မေမေမှာဆီတဲ့
ရွှေတွေအားလုံးလဲ ကုန်လာရော ၊ ကိုစိုးဟိန်းဆိုတဲ့လူဆီမှာ အတင်းအကျပ် ခြိမ်းခြောက်ပြီး ''ကိလေသာမလေး''အဖြစ်
 နွေဆူးကို ပုံသွင်းခဲ့တယ် ၊ မေမေလဲ တဖြည်းဖြည်းနဲ့အားအင်ချိနဲ့ပြီး  နောက်ဆုံး  ဆုံးပါးသွားခဲ့တယ် ၊ နွေဆူးရဲ့အသက် ''၁၃''နှစ်မှာ  ''ကိလေသာမလေး ''ဖြစ်ခဲ့ရတယ် ''
သူမရဲ့မျက်ရည်များကသာ 
 သူမရဲ့စိန်တွေ ၊ ရွှေတွေ ဖြစ်ခဲ့ရင် သူမအဲ့လောက်ခံစားရတာ  ကျေနပ်မှု့ရှိခဲ့မယ် သို့ပေမယ့် . . .  အခုတော့ , သူမရဲ့မျက်ရည်များက သူမအတွက် ငရဲမြစ်တစ်စင်းကဲ့သို့  စီးနေလို့ပေါ့ ၊ သူမရဲ့ဘဝက  လျှပ်စီးကြောင်းကဲ့သို့  ရှုပ်ထွေးပြီး ၊ လျှပ်စီးကြောင်းလို  အရောင်မဝင်ထွက်သေးပါတကား ၊ ကျွန်တော်ရဲ့အရှေ့၌  သူမငိုနေသည် ၊ ကျွန်တော် သူမကို ဘယ်လိုအားပေးကူညီရမလဲဆိုတာ ကျွန်တော်ကိုယ်တိုင်  လူလိမ္မာမဟုတ်တော့  မသိခဲ့ချေ ၊ 
'' နွေဆူး , ''
ကျွန်တော်ကို  မျက်ရည်များဖြင့်
 ရွှန်းလဲ့သောမျက်ဝန်းဖြင့်ကြည့်ကာ
'' နွေဆူး တောင်းပန်တယ်နော် ၊ ရင်ထဲမှာမခံစားနိုင်လွန်းလို့ နွေဆူး ပြောမိသွားတာပါ ၊ စိတ်အနှောင့်အယှက်ဖြစ်သွားရင်  နွေဆူး တောင်းပန်တယ် ၊ ''
'' ရပါတယ် ၊ မဖြစ်ပါဘူး ၊
 မင်း ကိုယ့်ကို  အပျော်တခုလောက်
ပြန်ပေးမယ်ဆိုရင်ပေါ့ ''
ကျွန်တော်စကားအဆုံးမှာ ထိုင်နေသော နွေဆူးဟာ  ရုတ်တရက် မတ်တရပ်လိုက်ပြီး . . . 
'' မင်း , အင်္ကျီချွတ်တာကို  ကိုယ်မမြင်ချင်ဘူး ၊ ကိုယ်ပိုပြီး ဝမ်းနည်းရလိမ့်မယ် ၊ ပြန်ထိုင်နေပါ  ၊ မင်း ကိုယ့်ကို ပေးနိုင်တဲ့ ပျော်ရွှင်ခြင်းက ဒါအကုန်ပဲလား ၊ ကိုယ်လိုချင်တာအရာက   လူတွေလိုချင်တဲ့အရာ မဟုတ်တာသေချာတယ် ၊  မင်းခန္ဓာနဲ့မင်းရဲ့အသွေးအသားက  လူတိုင်း လူတိုင်းကို ပျော်ရွှင်ခြင်းပေးနိုင်ရင် ပေးနိုင်မယ် ဘာလို့ဆို . . . မင်းက  အရမ်းလှတာကိုး ၊ ဒါပေမယ့် . . . ကိုယ့်က  အဲ့ဒီအရာတွေရဲ့ဆန့်ကျင်ဘက်  ပျော်ရွှင်ခြင်းကို  လိုချင်တယ်  မင်းပေးနိုင်မလား ''
'' ဒာစ်ကိုပြောတဲ့  ပျော်ရွှင်ခြင်းကို  နွေဆူး နားမလည်ဘူး ၊ ရှင်းပြပါလား  နွေဆူး တတ်နိုင်သလောက် ပေးနိုင်မှာပါ ''
'' လူမှာ ကတိ ၊ မင်းမှာ သစ္စာ တဲ့ ၊ 
ဒါပေမယ့် . . .တချို့  တချို့ တော့ကတိတည်တယ်  ဒါပေမယ့်  လူတိုင်းမဟုတ်ဘူး ၊ တချို့  တချို့  မင်းတွေက  သစ္စာရှိပါတယ်  ဒါပေမယ့်  ''မင်း''တိုင်းသစ္စာတော့မရှိကြဘူး ၊ 
ကိုယ် မင်းဆီက ကတိမတောင်းဘူး ၊ 
ဆန္ဒရှိလား မရှိဘူးလားဆိုတာလဲ မမေးတော့ဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ . . . ဒီလို''ကိလေသာအပျော်မယ်''ဖြစ်ဖို့ ဘယ်သူကရည်ရွယ်ချက်ဆန္ဒရှိပါ့မလဲ ၊ 
မလွဲသာ မရှောင်သာ ကြုံတွေ့ရတော့ ဖြစ်ပျက်ခဲ့တဲ့ ''ပြဇာတ်''ထဲ  ဝင်ကနေတာပေါ့ မဟုတ်ဘူးလား ၊ ဒါပေမယ့် . . . မင်း အဲ့ဒီ ပြဇာတ်ထဲမှာ ဆက်မကနဲ့တော့ ၊ ဒီအလုပ်ဆက်မလုပ်နဲ့တော့ ၊ ကိုယ်စွမ်းသလောက်  မင်းကို  အလင်းဆီရောက်အောင် ပို့ပေးနိုင်တယ် ၊ ကိုယ်က ဘုရားသခင် မဟုတ်တော့ လူတိုင်းကိုတော့  မပို့ပေးနိုင်ဘူး  ဒါပေမယ့် . . . ''နွေဆူး''  မင်းကိုတော့ ကိုယ်ပို့ပေးနိုင်တယ် ''
'' နွေဆူးရဲ့ဘဝကို  အစ်ကိုက ဘာလို့ ပြောင်းလဲစေချင်တာလဲ ''
'' မင်းအသက်က  ငယ်ငယ်လေးပဲရှိသေးတယ် ၊ ကြိုတင်မပြင်ဆင်တဲ့သူအတွက် ရှေ့ဆက် ဘဝက  ကြမ်းဖို့ပဲရှိတယ် ၊ ပြင်ဆင်ရင်းနဲ့တောင်  တချို့  တချို့ က  ခပ်ပါးပါးလေး လွဲနေတယ် ၊ မှန်းသလောက် ဘဝက  မညံ့ဘူးနော် ၊ ဘဝကို  ပညာရှင်ကြီးလို့ မှတ်ထား . . . သူ့ထက်ကို  ကိုယ်က ပညာပိုရှိမှ  ကိုယ့်ဘဝအေးချမ်းမှာ ၊ ပညာဆိုတာ  နေရာတိုင်းမှာရှိတယ် ၊နောက်ပြီး  လူတိုင်းမှာ ရှိတယ် ၊ သူတောင်းစားမှာလဲ  ပညာရှိတယ် ၊ မီလျံနာမှာလဲပညာရှိတယ် ၊ ပညာဆိုတာ  အေးချမ်းရာကို  ခေါ်တာ ၊ ပူလောင်နေရင်တော့  ပညာမဲ့ပဲ ၊ ဘာမှပြောစရာမလိုဘူး ၊ မင်း ဘဝကို အေးချမ်းစေချင်တယ် , နွေဆူး ''
'' နွေဆူး , ဒာစ်ကို စေသနာကိုလက်ခံပါတယ် ၊ ဒါပေမယ့် . . . နွေဆူး အဲ့ဒီအလုပ်ကထွက်ရင် ကိုစိုးဟိန်းက
နွေဆူးကို ဒုက္ခပေးမှာ ၊ သူပြောဖူးတယ်  နွေဆူးကို ''နင် ငါဆီက အလုပ်ထွက်တဲ့နေ့  နင်သေတဲ့နေ့ပဲလို့ ''ကြိမ်းဝါးပြောဖူးတယ် ၊ နွေဆူး  သူကိုကြောက်တယ် ၊ သူ့မှာက  တပည့်တွေ ရာချီရှိတယ် ၊ နောက်ပြီး သူက  ထောင်ထွက်လူမိုက်ကြီး တစ်ယောက် ၊ ''
''  သြော် , သူက  အဲ့ဒီမျိုးနဲ့ မိန်းမငယ်လေးတွေကို  အတင်းအကျပ်  လုပ်ကျွေးပြုခိုင်းတာကိုး ၊ ထင်ပါတယ် သူပုံစံက လူမိုက်တစ်ယောက်လိုမျိုး ပုံစံလို့ ၊ အဲ့ဒါတွေထားပါ  ဒါက နောက်ပိုင်းကိစ္စ  နွေဆူး အခု ဆုံးဖြတ်ရမှာက  မနက်ဖြန်ည  အဲ့ဒီနေရာကို  ပြန်သွားမှာလား ၊ ဒါမှမဟုတ် . . . ဆန့်ကျင်ဘက်လား ၊ ကျန်တဲ့ကိစ္စ ကိုယ်တာဝန်ထား ၊ ''
'' နွေဆူး , ဒာစ်ကိုကို ဒုက္ခမပေးချင်ဘူး ၊ အရင်နေရာဟောင်းမှာပဲ နွေဆူးကို ထားခဲ့ပါ ၊ ''
'' ကောင်းပြီလေ , မင်းပြောတဲ့ စိုဟိန်းထက်ကို  ကိုယ်က အဆတစ်ရာ ပိုမိုက်တယ်နော် ၊ ကိုယ့်စကား နားမထောင်ရင် . . . အပြန်လမ်းက  တခုပဲရှိတယ် ၊
( အဲ့ဒါ သေခြင်းပဲ ) ''
'' ဒာစ်ကို , ''
'' ဆက်မပြောနဲ့တော့ , မင်းက ကိုယ့်ကို  ငရဲမင်းကိုစိန်ခေါ်စေတယ် ၊ ညနက်နေပြီ . . . အိပ်တော့ , မနက်ဖြန်ကျရင် နယ်မှာနေတဲ့
ကိုယ့်ကြီးကြီးဆီ  မင်းသွားနေရလိမ့်မယ် ၊ ကျန်ကိစ္စကို  ကိုယ့်ဖာသာကိုယ်ငရဲပြည်မှာ သွားရှင်းမယ် ''
'' 
''ဒာစ်ကို ,ဘာလို့ , ''
'' ထပ်မပြောနဲ့နော် , အိပ်တော့ , ကိုယ်ဒီမှာ  ဆေးလိပ်ထိုင်သောက်ရင်း  မင်းအတွက်တညလုံး ကင်းစောင့်နေမယ် ၊ ညီမလေး စိတ်ချလက်ချ အိပ် ''
သူမ ဆီက ဘာသံမှဆက်မကြားတော့ပဲ , အိပ်ခန်းထဲသို့ ဝင်အိပ်လေတယ် ၊ 
'' ဟဲလို , ကြီးကြီးလား , ''
နယ်က ကြီးကြီးနှင့်ကျွန်တော်ဖုန်းပြောနေချိန်၌ နွေဆူး အိပ်ရာကနိုးလာပြီး  အခန်းရှေ့သို့  ထွက်လာခဲ့သည် ၊ ရောင်စဉ်တစ်သန်းနဲ့နေမင်းသည်  အမြင်ကိုစူးရှထိစေ၏ ၊
'' ကျွန်တော်ပြောတဲ့အတိုင်း ဂရုစိုက်ပေးပါ , ဒါပဲနော်  ကြီးကြီး ''
'' ဒာစ်ကို ''
'' ရေချိုးခန်းထဲမှာ  မင်းအတွက်  အင်္ကျီရှိတယ် ၊ ရေချိုးပြီးရင်  မနက်စာက   ကြက်ဥနဲ့ပေါင်မုန့်ရှိတယ် ၊ ကိုယ် ကားလက်မှတ်သွားဝယ်လိုက်အုန်းမယ် ၊ ကိုယ်ပြန်လာရင်  အဆင်သင့်ဖြစ်နေတာကို  လိုချင်တယ် ၊ ''
ိကျွန်တော်ဘာကြောင့်အလျင်လိုနေသလဲဆိုတာ  သူမ  မသိပေမယ့် . . . ကျွန်တော်ကတော့ သိတယ် ၊
'' ဘယ်ခုံယူမလဲ ဆရာ ''
'' ရပါတယ် , အဆင်ပြေတဲ့ ခုံပေးပါ ''
'' လက်မှတ်ကကော ''
'' တစ်ယောက်ပါ ''
'' ဟုတ်ကဲ့ , ကားက နေ့လည် ၁၀နာရီမှာ ထွက်မှာပါ ခင်ဗျာ ''
'' ကျေးဇူးပဲ ''
ကျွန်တော်အပြန်လမ်းမှာ  ကျွန်တော်ထင်သလိုပဲ  သူတို့တွေရှေ့၌ ဆီးတားဟန့်တော့သည် ၊ 
'' ဘာအကူအညီလိုအပ်နေလဲ မိတ်ဆွေတို့ ''
'' ကျူ ပ်တို့ , ဆရာစိုးဟိန်းက  ခေါ်ခိုင်းလိုက်လို့ ၊ ''
'' မင်းတို့ ဆရာက  အနံ့ခံတော်တော်ကောင်းတာပဲ ၊ ''
ထိုနောက် သူတို့ခေါ်သွားသည့် နေရာသို့အရောက်မှာ  စိုဟိန်းဆိုတဲ့သူက  ဓားမြှောင်တစ်လက်ဖြင့်  ဆော့ကစားနေသည် ၊
'' မင်းရောက်လာပြီလား, မနေ့ညက  မင်းခေါ်သွားတဲ့ ကောင်မလေး  ဒီနေ့မနက်  ငါတို့ဆီပြန်မလာဘူး . .  ခါတိုင်းဆို . . . ဒီလိုမဟုတ်ဘူး , အဲ့တော့ . . . အဲ့ကောင်မလေး အခုဘယ်မှာလဲ , ပြော , ''
'' ကျွန်တော်လဲ အဲ့ဒီကိစ္စပြောမလို့ ,  နည်းနည်းစောနေသလားလို့ ၊ နွေဆူး ကျွန်တော်အိမ်မှာရှိပါတယ် ၊ ဒါပေမယ့် . . . ခင်ဗျား သူ့ကိုအရင်လို ခေါ်လို့မရတော့ဘူး ၊ သူ့အရှေ့မှာ  ကျွန်တော်ရှိနေလို့ပဲ , ''
'' ကိုယ့်လူက  မရဏရထားကို  အခမဲ့စီးချင်နေသလိုပဲ ၊ လူက ပျော့နွဲ့နွဲ့နဲ့မမိုက်ပါနဲ့ . . . လူလိမ္မာလုပ်လိုက်ပါ ., ''
'' ကိုစိုးဟိန်း , 
ခင်ဗျားနှာခေါင်းထောင်ထဲမှာကျိုးတာ
အခုကော  သက်သာသွားပြီလား ''
'' မင်း ငါနှာခေါင်းထောင်ထဲမှာ 
ကျိုးတာ ဘယ်လိုသိလဲ ''
'' သိပ်သိတယ် , ထောင်ထဲမှာ ခင်ဗျားနှာခေါင်းကို 
 ဆောင့်ကန်ချိုးတာ  တခြားလူမှမဟုတ်တာ  ကျွန်တော်ပဲလေ ''
'' အော် , မိတ်ဆွေဟောင်းကြီးကိုး , အဲ့ဒီကျေးဇူးကို ပြန်ဆပ်ချင်နေတာ , အခုတော့ . . . ဆပ်ခွင့်ရပြီပေါ့ ''
'' ရှည်တယ်ဗျာ , ဘာလုပ်မှာလဲ ၊ ခုတ်မှာလား ၊ ရိုက်မှာလား ၊ ဓားကိုင်ပြီး  ဓားကော ခုတ်တတ် ၊ ထိုးတတ်လို့လား ၊ ကလေးသူငယ်လို ခုတ်ချင်သလိုခုတ် ၊ ရိုက်ချင်သလိုရိုက် အဲ့လိုပဲ ခင်ဗျားတို့တတ်မယ်ထင်တယ် ''
''ဆရာ , ဒီကောင် စော်ကားတာများနေပြီ ''
'' အဲ့တော့ . . . မင်းတို့ ငါ့မိတ်ဆွေဟောင်းကြီးကို ရထားအခမဲ့ပေးစီးလိုက်ကွာ  ၊  ''
``````သေဖို့သာ ပြင်ပေတော့ ´´´´´´´´´´
'' ငါလဲ သေချင်နေတာနဲ့အတော်ပဲ ''
လမ်းမြေပေါ်၌  သွေးအလိမ်းလိမ်းကျင်းဖြင့်  ပေလိမ့်နေလျှက် တကြောလုံးနီထွေးစေခဲ့တယ် ၊ မြေခွေးတအုပ် ဘယ်လို အူအူ တောမခြိမ်းတတ်ပေမယ့်  ကျားတစ်ကောင်ဟိန်းရင်တော့  တောခြိမ်းလေတတ်တယ် ၊ မကြာမှီ . . . ကျွန်တော်လက်ထဲက ဓားက  ရှေ့ကလူကို  ထိုးသွင်းခဲ့ပြီး 
ကိုစိုးဟိန်းဆိုတဲ့လူရဲ့ လည်မျို ကို ထိုးမယ့်အချိန် . . . .  ဘယ်သူခေါ်လိုက်လဲမသိဘူး ,  ရဲတပ်ဖွဲ့ရောက်လာကြတယ် ၊ 
စိုးဟိန်းရဲ့လည်မျို ၌ တင်ထားသောကျွန်တော်ဓားကို အောက်သို့ချခိုင်းသည် ၊ 
ထိုအချိန် ကျွန်တော်အသိ၌ 
 '' ရဲတွေ သူ့ကိုဖမ်းသွားရင်  ထောင်ချမယ် ၊ 
တခါ သူထောင်ထဲကထွက်လာရင်  အခုလိုမိန်းမငယ်တွေကို အတင်းအကျပ် ''ကိလေသာအပျော်မယ် ''အဖြစ်  ဖန်တီးအုန်းမယ် ၊ ပြီးရင်  အုပ်စုဖွဲ့ပြီး အားနည်းတဲ့သူတွေဆီက  အနိုင်ကျင့်ငွေတွေလုမယ် ၊ ယူမယ် ၊ 
တဆက်တည်းမှာပဲအဖြေတခုနဲ့ဆုံးဖြတ်လိုက်ပြီး . . . လည်မျို ပေါ်တင်ထားသည့် ဓားကို ဘေးသို့ဆွဲလိုက်ပြီး . . . . အသက်လုလျှက် ထိုနေရာကနေဝေးရာ ပြေးလေတော့သည် ၊ နောက်က ရဲတွေက  တဟုန်ထိုးလိုက်သလို ၊ ကျွန်တော်ကလဲ ကွေ့ပတ်ပြီး  တရှိန်ထိုးပြေးတော့သည် ၊ 
'' ဟင် , ဒာစ်ကို ., ဒဏ်ရာတွေအပြည့်ပါလား ၊ 
သွေး သွေး သွေးတွေ  . . . . ''
'' ရတယ် ၊ ကိုယ်ဘာမှမဖြစ်ဘူး ၊
 ဒီလိုဒဏ်ရာမျိုးတွေက ကိုယ့်အတွက် အဆန်းမဟုတ်တော့ဘူး ၊ 
စိုးဟိန်း သေသွားပြီ , ဒာား , နွေဆူး ''
'' ဒာစ်ကို  သတ်လိုက်တာလား ''
'' တရားကို နတ်မစောင့်လို့ ၊ 
ကိုယ်ကိုတိုင် စောင့်နေရတာပေါ့ , 
တကယ်တော့ . . . တရားကို ငွေစောင့်တယ် ၊ အဲ့ဒါကြောင့် သူ့ကိုအသေသတ်လိုက်တာ ,  ဘယ်လူသားမှ  သူ့အတွက်ကြောင့်  ဒုက္ခမရောက်တော့ဘူးလေ ''
'' ဒာစ်ကို , ''
'' ဆက်မပြောနဲ့ ၊ ဘာမှမပြောနဲ့တော့ . . . ရော့ , ဒါကားလက်မှတ် , ၁၀နာရီကားထွက်မှာ , ဟိုရောက်ရင် ကြီးကြီး မင်းကို လာကြိုလိမ့်မယ် ၊ ဘဝကို လွတ်လွတ်လပ်လပ်ပျံ သန်းပါ ၊ ကိုယ့် ကြီးကြီးက  မင်း ကြီးကြီး ပဲ ၊ မင်း အမေက  ကိုယ့်အမေပဲ ၊
မင်းမျက်ရည်က  ကိုယ့်မျက်ဝန်းပဲ ၊ 
သွားတော့ , ညီမလေး , ဘာမှပြန်မမေးနဲ့  ကိုယ်လုပ်သင့်တာ ကိုယ်လုပ်ပေးနိုင်ခဲ့ပြီးပြီ ၊ ကိုယ်ဟာ  လူဆိုး ၊ လူမိုက်တစ်ယောက် ဆိုပေမယ့် . . . လူဆိုး ၊ လူမိုက်တွေကို ပြန်သုတ်သင်တဲ့  ''လူမိုက်''တစ်ယောက်ပါ ၊ မငိုနဲ့ သွားတော့ . . . ၁၀နာရီထိုးတော့မယ် ၊ တော်ကြာ  ကားမမှီပဲနေလိမ့်မယ် ၊
'' နွေဆူး ,ဒာစ်ကို ကို  ဆေးရုံပို့မယ် , ဒာစ်ကို အသက်ရှင်ပါနော် ''
'' ဒာားး  , ငတုံးမလေး . , ဒာစ်ကိုကို ထောင်ထဲပို့နေတာလား , ဆေးရုံကို သွားမှတော့  ရဲတွေသိပြီး  ထောင်ထဲရောက်ပြီပေါ့ , မလိုပါဘူး , ကိုယ်သိတယ် , ခဏနေရင် ဘုရားသခင်  ကိုယ့်အနားရောက်လာတော့မယ် ၊ အဲ့ကျရင်  ကိုယ်လိုက်သွားတော့မယ် , ညီမလေး ပေးတဲ့ ပျော်ရွှင်မှု့က  အကို့အတွက်  ဒီတသက် သေပျော်ပြီ , မှန်တင်ခုံနားက  ဆေးလိပ်ဗူးလေးယူပေးပြီး
ကိုယ့်အိတ်ထဲထည့်ထားပေး. . . ပြီးရင် . . . နွေဆူး သွားတော့ , ''
'' ဒာစ်ကို , နွေဆူး , မရှင်းတာ မေးမလို့ ''
'' ဘာမရှင်းမှ မမေးနဲ့ , 
မင်းတော်တော်ခေါင်းမာပါလား , 
 သွားတော့လို့ ပြောနေတယ်လေ , ''
'' နွေဆူး , မသွားဘူး ,  ဒာစ်ကိုက  နွေဆူးနဲ့ဘယ်လိုပတ်သတ်နေလဲ 
 နွေဆူး သိရမှ သွားမယ် ၊
 မသိရရင်  သေချင်သေပါစေ , 
နွေဆူး လုံးဝမသွားဘူး ''
သွေးတွေတရွဲရွဲဖြစ်နေတဲ့ 
ကျွန်တော်ခန္ဓာကိုယ်ကို  မှီတွယ်ဖက်ရင်း 
 ထစ်အသည့်တိုင် ငိုရှိုက်နေလေတော့သည် ၊
'' မင်း , တကယ်မသွားဘူးလား ''
'' ဒာစ်ကို , ပြောပြပါလားး ''
'' မင်းမသွားရင်  ငါသွားမယ် ၊ 
ဒီမှာတွေ့လား  ''ဓား '' ငါလည်မျို ကို  ငါပြန်ထိုးမဖောက်ရဲဘူးလို့ မင်းထင်လား , 
ရတယ် , မင်းမသွားမှတော့  ငါသွားရတာပေါ့ ''
'' မလုပ်ပါနဲ့ ဒာစ်ကို , နွေဆူး, သွားမယ် , 
ဒါပေမယ့် . . .  နောက်တကြိမ် ဒာစ်ကို  နွေဆူးနဲ့ပြန်တွေ့နိုင်မလား ''
'' အင်း , တွေ့မယ် , သွားတော့  ညီမလေး ''
ငိုရည်စလွယ် မျက်ဝန်းနဲ့  နွေဆူးတစ်ယောက်  ကားလက်မှတ်လေးကိုင်လျှက်  ကျွန်တော်နဲ့အိမ်လေးကို  ထားခဲ့လေပြီ ၊ ကျွန်တော်ရင်ထဲက 
သူ့အတွက် ''ကံကောင်းပါစေ ''လို့ 
ဆုတောင်းနေရင်း . . . ရုတ်တရက် ကျွန်တော်အရှေ့၌ ဘုရားသခင် 
( သို့မဟုတ် ) . . . . မီးခြစ်တစ်လုံး . . ,


'' နွေဆူး , သမီးလေး , ကြီးကြီးဒီမှာ ''
'' ဟုတ်ကဲ့ , ကြီးကြီး , နွေဆူးကို  သိလို့လားဟင် ''
'' ကဲ… လာ  ကားပေါ်တတ် သမီးလေး ၊ မရှင်းတာ  ကြီးကြီး အိမ်ရောက်မှ ပြောပြမယ် ''

'' ကြီးကြီး, ရှင်းပြမယ်ဆို , နွေဆူး သိချင်လှပြီ ''
'' ဒီလို , သမီးအမေက  ကြီးကြီးရဲ့ညီမပါ ၊ ဒါပေမယ့် . . .မိဘတွေသဘောမတူတဲ့ သူနဲ့ယူလို့  မိဘတွေက စိတ်ဆင်းရဲပြီး သူ့အတွက်နဲ့နောက်ဆုံး  ဆုံးရှာကြတယ် ၊ အဲ့ဒါကို  ကြီးကြီးက စိတ်နာပြီး  သမီးအမေကို  သေသည့်တိုင်အောင်မခေါ်ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် . . . ရှိတာမှ  မောင်နှမနှစ်ယောက် နောက်ပြီး သမီးအမေ  အဆင်မပြေတာကို  မကြည့်ရက်လို့  အမွေတဝက် ခွဲပေးလိုက်ပြီး . . . လုပ်ကိုင်စားစေတယ် ၊ ဒါပေမယ့် . . . ခေါ်ပြောခြင်းတော့မရှိခဲ့ဘူး ၊ ပထမဦးဆုံး သားဦးဖြစ်တဲ့ ''ဆောင်းစက်''လေးကို မွေးတော့  ကြီးကြီးလေ   တအားဝမ်းသာပျော်ရွှင်ခဲ့ရတယ် ၊ သူက သိပ်ချစ်ဖို့ကောင်းတာကိုး ၊ 
ဒီလိုနဲ့ပဲ  ပျက်ပြားနေတဲ့ သံယောဇဉ်ကို  ပြန်ချည်ဆက်ပေးတာတော့  သမီးလေးရဲ့ဒာစ်ကိုအရင်းဖြစ်တဲ့ ''ဆောင်းစက်''ပဲ ၊ ဆောင်းစက်လေး အရွယ်ရောက်လာနှင့်သူတို့တွေရဲ့
စီးပွားရေးကလဲ  တအားထွန်းတောက်လာခဲ့တယ် ၊ ဒါနဲ့ပဲ အရာရာကို အလိုလိုက်လေတယ် ၊ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သမီးအစ်ကိုက  အလိုလိုက်ခံရတော့ ဆိုးသွမ်းလာတယ် ၊  နေရာတခါမှာ ရန်ဖြစ်တယ် ၊ လူကြီးတွေကိုလဲ မထင်ရင် မထင်သလိုပြုမူတတ်သလို
သူ့အကျင့်က  မတရားတာလုပ်ရင်
မနေတတ်သလို ဝင်ပါတတ်တယ်လေ ၊ နောက်ဆုံး ''ဆောင်းစက် ''လေး  အသက် ''၁၈ ''မှာ  ထောင်ကျ ခဲ့ရတယ် ၊ အဲ့ဒါကို  သမီးမိဘတွေက သူတို့ကို အရှက်ရစေတယ် ဆိုပြီး  သားသမီးအဖြစ်က  စွန့်လွှတ်ခဲ့တယ် ၊ သားသမီးအဖြစ်က စွန့်လွှတ်ရမလားဆိုပြီး ကြီးကြီးက သူတို့နဲ့ တဖန် အခေါ်အပြော ရပ်တန့်စေခဲ့ပြီး  သူတို့နဲ့ဝေးရာမှာ  ပြောင်းရွေ့နေထိုင်ခဲ့တယ် ၊ 
ဒါကြောင့်မို့ . . . သမီးတို့  နောက်ပိုင်းဖြစ်တဲ့ ကိစ္စကို  ကြီးကြီးမသိတော့တာ ၊  သမီးလဲ  သမီးအစ်ကိုအကြောင်းမသိတာ ၊ နောက်ပြီး  ကြီးကြီးကိုလဲ မသိတာပေါ့ ၊ အဲ့နောက်ပိုင်းတော့ သမီးလေးကို မွေးခဲ့တယ် ၊ အခုဆို . . . သမီးသိသင့်သလောက် သိရောပေါ့ ''
'' သမီး , တခုမေးချင်တယ် , ဒာစ်ကိုက  ထောင်ထဲထွက်လာရော ဘယ်မှာနေလဲ ၊ သမီးကိုလဲ တခါမှ လာမတွေ့ဘူး ၊ ''
'' သမီးအစ်ကိုက  ထောင်ထဲကလဲထွက်လာရော  တကယ့်ဆိုးပေ  လူမိုက်ဖြစ်လာခဲ့တယ် ၊  မိဘတွေကို စိတ်နာတာက  တစ်ကြောင်းပေါ့ ၊ ကြီးကြီး. . . ဘယ်လိုပဲဆုံးမ ဆုံးမ သူက မလိမ္မာတော့ဘူး ၊ ကြီးကြီးလဲ သူနဲ့ တခါပဲ အဆက်အသွယ်ရပြီး  နောက်ပိုင်း  သူ့သတင်းတောင်မကြားတော့လို့  သေပြီလာတောင် ထင်မိတယ် ၊ ဒါပေမယ့် . . . မနေ့မနက်ကတော့ သမီးအစ်ကို  ထူးထူးဆန်းဆန်း ကြီးကြီးကို  ဖုန်းလှမ်းဆက်ပြီး , '' ငိုခဲ့တယ် '' ပြီးတော့ . . . သူညီမလေးကို  သူပြန်တွေ့ပြီတဲ့ ''လူတွေစွန့်ပစ်တဲ့ အမှိုက်ပုံဘေးနားမှာ''
တွေ့တာဆိုပြီး , ငိုလေတော့တယ် ၊ ပြီးတော့ . . . ကြီးကြီး ကျွန်တော်ညီမလေးကို စောင့်ရှောက်ပေးပါဆိုပြီး , ပြောပြီး ဖုန်းချ သွားတယ် , ''
'' ဟင် , ဒါဆို သမီးအစ်ကိုက  . . . . ''
'' ဟုတ်တယ်သမီး , သမီးကို တညလုံးစောင့်ရှောက်သွားတဲ့ ''လူ''က  ''ဆောင်းစက်''ဆိုတဲ့   သမီးအစ်ကို အရင်းပဲ ''
'' အဲ့ဒါဆို , ကြီးကြီး ,
သမီး အစ်ကိုဆီပြန်သွားချင်တယ် , သမီး အစ်ကို့ဆီ ပြန်သွားပါရစေနော် ''
'' သမီး , စိတ်ထိန်းပါ ,  သမီးသွားလို့မရဘူး , 
သမီးအစ်ကိုက … … …  အဲ့နေ့ချက်ခြင်းပဲ  ဆုံးသွားပြီလို့  ရဲတွေဆီက သတင်းအကြောင်းပြန်ရခဲ့တယ် ၊ သမီး , သမီးအစ်ကို  ဘာကြောင့် သေသွားခဲ့ရတာလဲ  မမေ့နဲ့လေ ၊ သမီးရဲ့ဘဝရှေ့ရေး  ကောင်းမွန်အောင်ဆိုပြီး  သမီးအစ်ကိုက သမီးကိုရွှံ့နွံ့ထဲကနေ ထုတ်ခဲ့တာလေ ၊ သမီးဘဝကို  ဒီနေ့ကစပြီး  ပတ္တမြားဖြစ်အောင်  ကြိုးစားလိုက်ရင်  ကောင်းကင်ဘုံမှာရှိတဲ့ 
 သမီးမေမေ ၊ သမီးဖေဖေ ၊ နောက်ပြီး သမီးအစ်ကို ၊ ဝမ်းသာပျော်ရွှင်နေလိမ့်မယ် သမီး ၊ ''
'' ဟုတ်ကဲ့ ကြီးကြီး , သမီးကြိုးစားပါ့မယ် ''
'' သမီးရဲ့ဒာစ်ကိုမရှိတော့ပေမယ့်  သမီးရဲ့ကြီးကြီး ရှိတယ် ၊ ကမ္ဘာကြီးဟာ  ဂရုဏာအသက်ဝင်နေရင်  အစဉ်အေးချမ်းနေလိမ့်မယ်  ''

ညမင်းကြယ်တံခွန်

No comments:

Post a Comment