ခေတ်တစ်ထောင်ရဲ့ငိုကြွေးသံ ( ၂ )
ညမင်းကြယ်တံခွန်ရဲ့ { ရှင်သန်ခြင်းနှင့်အသုံးချခံ }
ကျေးးလက်ရွာလေး တရွာ၌
စိုက်ပျိုးရေးနှင့် ဝမ်းစာမှန်အောင်
လုပ်ကိုင်စားသော လူအစုအုပ်တသိုက်ရပ်တည်
နေထိုင်လေသည် ၊ သို့ဖြစ်၍ . . . ကာလတွေရွေ့လျားရင်းနဲ့ အဲ့ဒီကျေးးလက်ရွာလေးရဲ့
စိုက်ပျိုးရေးတွေဟာ ပိုမိုကောင်းမွန်လာသည်နှင့်အမျှ
တမျိုးချဲ့ထွင်ကာ တဖန်မွေးမြူ ရေးကို ပိုမိုတိုးချဲ့လေခဲ့သည် ၊
ထိုအခါ , မွေးမြူ ရေး
ခြံအကျယ်ကြီးတည်ဆောက်လို့ , အမြတ်အစွန်းများတဲ့ သတ္တဝါများစွာကို
သူတို့အကျိုးအမြတ်အတွက်အသုံးချလို့
မွေးမြူ ခဲ့တယ် ၊ တစ်နေ့ထက် တစ်နှစ် ပိုမိုပေါကြွယ်ဝလာသော သူတို့တွေရဲ့လက်ထဲ၌
ရွှေ ၊ ငွေ အပြည့်နှင့် သက်ရှိသတ္တဝါတွေရဲ့သွေးစက်၊
ချွေးစက်များမှသာ ဖြစ်ချေတော့၏ ၊
ထိုမှတပါး တစ်နေ့၌ ,
သက်ရှိသတ္တဝါတစ်ကောင်ဟာ
ငါတို့တွေ တစ်နေ့ပြီး တစ်နေ့ , ကြီးထွားသည့်နှင့်အမျှ ငါတို့ဟာ သူတို့အတွက် အသုံးချခံမှု့တွေ ဖြစ်လာလေပါလား ၊
သူတို့တွေဟာ ငါတို့တွေရဲ့ ရှင်သန်မှု့ကို
သူတို့အတွက်အကျိုးအမြတ်ထုတ်ယူပြီး
ငါတို့ကို ဟန်ဆောင် ချစ်ပြ ၊ ဂရုစိုက်ပြ ၊
ဒီအရာတွေရဲ့ နောက်ကွယ်မှာ
ငါတို့ရဲ့ချွေးစက် ၊ ငါတို့ရဲ့သွေးစက်တွေ ပြန်ပေးဆပ်ရတော့မည်ပါတကား ၊
ဤသို့ ဤသို့ တွေးဆချီနေလျှက်ရှိသော် ထိုသတ္တဝါတစ်ကောင်အတွက်တော့
ညထက်ကို ပိုမှောင်သော မနက်ခင်းတခု သူ့ဆီရောက်လာပါတော့သည် ၊
ထိုခြံကြီးထဲသို့ လူနှစ်ယောက်ဝင်လာပြီး ထိုသတ္တဝါကို ဖမ်းချူ ပ်ခေါ်သွားလေတော့သည် ၊ ထိုခြံပိုင်ရှင် လက်ထဲမှာတော့
ငွေအမြှောက်အများ ရောက်ရှိနေလို့ပေါ့ ၊ ထိုသတ္တဝါအတွက်ကတော့ ကံကောင်းခြင်းတွေမရှိနိုင်တော့ဘူး ၊
ထိုသတ္တဝါနှင့်အတူနေ ၊
အတူအစာတွေစားဖော် ၊
နောက်သူရဲ့ သားသမီးများစွာက
ဖမ်းချူ ပ်ခေါ်ဆောင်သွားသော
သူ့ကို ကြည့်၍
ထိုခြံကြီးထဲ၌ ဆူလောင်စွာ အော်ဟစ်ခေါ်ငင်နေသော်လဲ ,
သူကတော့ သူတို့ဆီ ဘယ်တော့မှ ပြန်မလာနိုင်တော့ပါဘူး ၊
ဒီလိုနှင့်တစ်နေ့ပြီး တစ်နေ့ ခြံကြီးထဲက
သတ္တဝါတွေ ကြီးထွားလာသည့်နှင့်အမျှ
သူတို့ဟာ တစ်ဦးကိုတစ်ဦးခွဲခွာရင်း
ထိုခြံကြီးပိုင်ရှင်အတွက်
အကျိုးအမြတ်များစွာကို သူတို့ရဲ့ရှင်သန်မှု့ဖြင့် ပေးဆပ်လေတော့သည် ၊
ဒီလိုအဖြစ်မျိုးကို ရှောင်တိမ်းဖို့
ကြိုးစားစွမ်း၍ ထိုခြံဝန်းကြီးထဲ၌ ခုန်ထွက်လေသော သတ္တဝါသည်
အားကုန် အားခမ်း ထွက်ပြေးလေရာ
လွတ်မြောက်ပြီဟု သူ့စိတ်ထဲတွင်
ထင်နေသော်လဲ ရုတ်တရက်
လှံတံဟာ သူ့၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားလေတော့သည် ၊
ထိုအခါ ခြံပိုင်ရှင်က ထိုသတ္တဝါသေကို တရွတ်တိုက်ဆွဲခေါ်ပြီး အိမ်နောက်ဖေးသို့ ဝင်သွားလေတော့သည် ၊
ထိုမြင်ကွင်းကို ကြည့်ရှု့၍
သနားစဖွယ်အကြည့်နှင့် အားငယ်နေသော် သတ္တဝါများအားလုံးဟာ မြေပြင်ထက်မှာ ခေါင်းလေးတင်ပြီး
မနက်ဖြန်ကို သွားဖို့
မှေးအိပ်ရင်း မျက်ရည်များက မြေကြောပေါင်းများစွာကို
ထိုးဝင်စီးလေတော့သည် ၊ မနက်ရောက်လေသော်အခါ ,
သူတို့ထဲက တစ်ယောက်လျှော့သွားပြန်တယ် ၊
ဒီအဖြစ်ကို
ထိုခြံကြီးရဲ့ဘေးတဖက်က
ရေစပ် ချူံပုတ်ထဲမှာနေတဲ့ နှစ်ရာထောင်ချီ အသက်ရှည်သော လိပ်အိုကြီးက
ဝေခွဲဆုံးဖြတ်လိုက်လေသည် ၊
ညရောက်သော်အခါ ထိုခြံဝန်းထဲသို့
လိပ်အိုဟာ ဝင်ရောက်၍ ထိုခြံကြီးထဲက
သတ္တဝါများအားလုံးတွေကို နည်းညွှန်ပြောလေတော့၏ ၊
( ငါတို့တွေရဲ့ ရှင်သန်မှု့က
တပါးသူအတွက် အသုံးချ ခံဖြစ်နေရင်
ငါတို့တွေရဲ့ရှင်သန်ခြင်းဟာ ငါတို့ဘဝအတွက်သေဆုံးခြင်းပဲ ၊ ငါတို့တွေရဲ့ရှင်သန်ခြင်းဟာ ငါတို့ဘဝရဲ့ရှင်သန်ခြင်းပဲ ၊
အယောင်ဆောင် ချစ်ဟန်ပြုတဲ့
လူတွေရဲ့အသုံးအလိုခံ ဘဝထဲကနေ
ငါတို့တွေ လွတ်မြောက်အောင် ကြိုးစားရမယ် ၊ ရှင်သန်ခြင်းနှင့်အသုံးချ ခံကို
ငါတို့တွေ ခွဲခြားနိုင်ရမယ် ၊
ငါတို့တွေဟာ ဘယ်သူတွေရဲ့
အသုံးချ ခံဖြစ်နေလဲဆိုတာ
ငါတို့ကိုယ်တိုင်သိအောင် ကြိုးစားရမယ် ၊
ပြီးရင် ထိုအရာလက်ထဲကနေ ရုန်းထွက်နိုင်ရမယ် ၊
စုစည်းနေရင် လေမတိုးနိုင်ဘူး ၊
မနက်ဖြန်မှာ , အသုံးချ ခံတစ်ယောက်
ဒီခြံဝန်းကြီးက ထွက်ခွာရအုန်းမည် ၊
ဒါကိုဆန့်ကျင်စွာ ပြောင်းလဲနိုင်ရမယ်
မင်းတို့တွေအားလုံး မှတ်ထားရမှာက
{ရှင်သန်ခြင်း နှင့် အသုံးချ ခံမှု့}ကို
ကောင်းစွာ ခွဲခြားမြင်နိုင်ပါစေ ၊
ရှင်သန်ခြင်းဆိုတာ လွတ်လပ်ရမယ်
အသုံးချ ခံဆိုတာက လိုရင်သာ
မင်းတို့ကို ခေါ်ထားမှာ ,
မလိုတော့ရင် မင်းတို့ကို ပြန်စွန့်ပစ်မှာပဲ ၊
အသုံးချ ခံရတဲ့ အပေါ်မှာ
ဘာတခုမှမင်းတို့အတွက် ဖြစ်မလာနိုင်ဘူး ၊ သူ့အတွက်ချည်းသာ ၊
မနက်ဖြန်မှာ ငါတို့တွေရဲ့ စုစည်းမှု့ကို ထိုလူသားတွေ သိမြင်လာအောင် ပြစွမ်းဖို့ ရင်၌စွမ်းရည်သတ္တိထားရှိရမည် )
လိပ်အိုဟာ ထိုခြံဝန်းကြီးထဲက သက်ရှိသတ္တဝါများကို နည်းညွှန်ပြပြီးသကာလ, တဖြည်းဖြည်းနှင့် မနက်နီဦး စထွက်လာလေတော့သည် ၊
ထိုအခါ ခြံဝန်းကြီးထဲကို
လူနှစ်ယောက်ဝင်လာ၍
သတ္တဝါတွေကို ဖမ်းလေရာ ,
ရှင်သန်ခြင်းနှင့်အသုံးချ ခံကို
ခွဲခြားသိမြင်လေသော
သတ္တဝါအပေါင်းတို့သည် ,
မည်သို့ မည်သို့ ပြုမူကြတော့မည်နည်း ။
[ ပြီး ]

No comments:
Post a Comment