လူ အာလှုပ်
တစ်နေ့သော်ဝယ် . . . .
ကျွန်တော်၏ အိမ်သို့
မိပုံ၏အကြီး ဖြစ်သူ
အလည်ရောက်ခဲ့လေတော့သည် ၊
'' ငါ,တူမက အိမ်ထောင်ကျ ပြီးမှ
လှလို့ဝလာလို့ပါလား ၊ ဒါနဲ့ . . .
သမီး ယောက်ကျာင်္းကိုလဲ
ပြန်ကြည့်ပါအုန်း ,
အလုပ်တွေ ပင်ပန်းလို့ ထင်တယ်
လူလဲအရိုးပဲ ရှိတော့တယ် ''
'' အမလေး , အကြီးရယ် ,
သိပ်လဲမပြောချင်ပါဘူး. . သူက အစားလဲသိပ်မစားဘူး ၊
အဲ့ဒါကြောင့် ပိန်နေတာလေ ''
ဤသို့ပြောဆိုနေမှု့ကိုကျွန်တော်ကြား၍ ဒေါသုန်တရုန်းရုန်းထကာ . . . .
'' ဒီမယ်,အကြီး ,
ကျွန်တော်က ပိန်ချင်နေလို့ ပိန်နေတာပါ ၊
ကျွန်တော် ''ဝ''စေချင်ရင် လွယ်လွယ်လေးပါ ''
''ဝ ဝ ဖြိုး ဖြိုး ''လေးဆိုတော့ ပိုကောင်းတာပေါ့ သားရယ် ၊ သားက အခုတော့ အရိုးစုဖြစ်လို့
ဘယ် ကြည့်ကောင်းမလဲ ''
'' ဟုတ်တယ် ,အကြီး ပြောတာမှန်တယ် ၊
ရှင်ကိုက မ''ဝ''နိုင်ဘူး ထင်ပါတယ်နော် ''
''
'' ကြည့်နေပါ , တစ်လပဲစောင့်ကြည့်
တစ်လပြည့်တာနဲ့ ကျွန်တော်အရင်လိုအရိုးစုမဟုတ်တော့ပဲ
ဝဝဖြိုးဖြိုး ဖြစ်လာတာ မြင်စေရမယ်အကြီး ,''
'' အေးပါ ,အဲ့ဒါဆိုလဲ . . .
တစ်လပြည့်တာနဲ့အကြီး လာကြည့်မယ် ၊ ''
'' ဟေ့ မိပုံ ''
'' ဘာတုန်း , ရှင့်လက်ထဲမှာလဲ
ပုလင်းတစ်လုံးပါလား , ''
'' ဒါကို , ဘာ ပုလင်းလို့ထင်လဲ ,
မိပုံ ''
'' ဘယ်သိမတော့ , ဘာပုလင်းတုန်း ''
'' ဒါ , အာဟာရပြည့် ဆေးနှစ်ရည်ပုလင်းတဲ့ ,
ရွာထဲက ဆေးဆရာဆီကနေ ယူလာတာ ,
ထမင်းပြီးတာနဲ့ ဒီဆေးနှစ်ရည်ကို
တစ်ဇွန်းသောက် . , တစ်လမကြာဘူး ,
ငါ ဝဝဖြိုး ဖြိုးဖြစ်လာလိမ့်မယ် ''
'' ဟုတ်မှလဲလုပ်ပါ , တော်ကြာ
မဝလာတဲ့အပြင်လက်ရှိအရိုးစုကနေ
အရိုးစိတ်စိတ်ဖြစ်နေပါအုန်းမယ် ''
'' မယုံရင် စောင့်ကြည့်နေ မိပုံ ,
ငါ , ဝဝဖြိုး ဖြိုး ဖြစ်ပြီကွ ''
ဒီလိုနဲ့ , ကျွန်တော် ထမင်းစားပြီးတဲ့အခါတိုင်း. . .
'' ဟေ့ မိပုံ , ငါရဲ့ အာဟာပြည့်ဆေးနှစ်ရည် ယူလာပေးပါအုန်း ''
'' ဟေ့ မိပုံ , ဆေးနှစ်ရည် ယူလာပေးပါအုန်း ''
'' ဟေ့ မိပုံ , ဆေးနှစ်ရည်ပုလင်းယူလာပေးပါအုန်း ''
ဤသို့ ဤမူဖြင့် တစ်လကြာသော်အခါဝယ် . . . .
မိပုံ၏ အကြီးဖြစ်သူ ရောက်လာပြီး
'' ဟယ် , မိပုံ ,
အကြီးအရင်တခေါက်ကလာတုန်းက
သမီးအခုလောက် မဝဘူး ၊
အခုတော့ အာူးပါးပါး သမီးက ဝဝတုတ်တုတ်ကြီးဖြစ်နေပါလား ,
ဒါနဲ့ သမီး ယောက်ကျာင်္းကော , တစ်ပြည့်တာနဲ့သူအရင်လို အရိုးစုမဟုတ်တော့ပါဘူးလို့ ပြောထားလို့ အကြီးလာကြည့်တာ ''
'' မပြောချင်တော့ပါဘူး , အကြီးရယ် ,''
အိမ်ရှေ့ဖက်မှ စကားသံများ ကြားသဖြင့် ကျွန်တော်ထွက်လာခဲ့ရာ
'' အမလေး , မောင်ပိန်ရိုး ,
အခုထိ ပိန်ရိုးဖြစ်နေပါလား ,
ပြောတော့ , အာဟာရပြည့်တဲ့ဆေးအနှစ်ကို
နေ့ ၊ ညမပြတ်သောက်တယ်ဆို ,
ဆေးနှစ်က မစွမ်းလို့လား ,သား ''
'' ကျွန်တော်မပြောချင်တော့ပါဘူး ,
ရှက်လွန်းအားကြီးလို့ ရွာထဲတောင်မထွက်ရဲတဲ့အဖြစ်ပါ ၊
အိမ်ထဲမှာပဲ လူတွေမမြင်အောင် ပုန်းအောင်းနေရတယ် ၊
မိပုံ,နင်ပဲ ရှင်းပြလိုက်ပါတော့ ''
'' ဒီလိုအကြီးရေ ,
အာဟာရပြည့်တဲ့ဆေးနှစ်က စွမ်းတယ် ၊ မစွမ်းတာက သူပဲ ၊
ဆေးနှစ်ရည်က တအားချို တော့
သူက နဂိုတည်းကအချို မကြိုက်တဲ့
လူဆိုတော့ . . . ဆေးနှစ်ရည်ချို ကို
ရေရောပြီး သောက်မယ်ဆိုပြီးး
သမီးကို ရေရောခိုင်းပြီး
အရင်မြည်းစမ်းခိုင်းတယ် ၊
သမီးလဲ သူခိုင်းအတိုင်း ဆေးနှစ်ရည်ချို ကို
ချို သေးရင်ရေရောလိုက် မြည်းလိုက် ,
ထပ်ပြီး ချို နေသေးရင်ရေထပ်ရောလိုက်
မြည်းလိုက် , မြည်းကြည့်လိုက် ရေရောလိုက်နဲ့ပဲ
အာဟာရပြည့်ဆေးနှစ်ရည်ရဲ့
အစွမ်းတွေက အခုလို
သမီးကိုပို ဝတုတ်စေတာပဲ ၊ အဲ့ဒီအာဟာရပြည့်ဆေးနှစ်ရည်က
အချို ကျဲ သွားရင် အာနိသင်သက်ရောက်မှု့မရှိတော့ဘူးလို့ ဆေးဖော်စပ်သူကလဲ
သူ့ကိုကြိုပြောထားပြီးသားပါ ၊
ဒါပေမယ့်လည်း . . . . သူက တရွာလုံး သူ့ကို
အထင်ကြီးအောင်ဆိုပြီး တရွာလုံးကြားအောင် အိမ်ရှေ့ထွက်ပြီး
'' ဟေ့ မိပုံ , ငါရဲ့ အာဟာပြည့်ဆေးနှစ်ရည် ယူလာပေးပါအုန်း '' ဆိုပြီး အော်ခေါ်ယူခိုင်း
ပြီးရင် သမီးက အချို သောက်
သူကအချို မရှိတော့တဲ့
ဆေးနှစ်ရည်ကျဲကျဲကိုသောက် ၊
ဒါကို တရွာလုံးကဘယ်သူမှ
ဒီအကြောင်းမသိဘူး ၊
တရွာလုံးက လူတွေကသူ့ကို
ဝဝဖြိုး ဖြိုးဖြစ်ပြီထင်ပြီး အထင်တွေကြီး ၊
ဒါပေမယ့် . . . သူ့က နဂိုအရိုးစုက အရိုးစုဖြစ်ပြီး နဂိုတည်းက ဝနေတဲ့ သမီးက ပိုဝတုတ်လာလေတော့တယ် ၊ အကြီးရေ ''
'' အယ် . , ''
[ ပြီး ]
ညမင်းကြယ်တံခွန်

No comments:
Post a Comment