ခေတ်တစ်ထောင်ရဲ့ငိုကျွေးသံ ( ၃ )
ညမင်းကြယ်တံခွန်ရဲ့ { ကျွန် နှင့် အလုပ်သမား }
ကျွန်ပိုင်ရှင်တွေရဲ့ ခေတ်တခေတ်၌
မာဒမ်း ဆိုတဲ့ ကျွန်သားတစ်ယောက်ဟာ
မိခင်ဖြစ်သူရဲ့ ရောဂါဘေးဒုက္ခကို
ကာကွယ်ကာ ပြုစုစောင့်ရှောက်ရင်း
သူတို့တွေရဲ့ချို့ တဲ့မှု့ကိုပဲ အပြစ်တင်မလားး ၊
ဒီလောကကြီးမှာ
မွေးဖွားလာကိုပဲအပြစ်တင်မလားး ၊
ဒါမှမဟုတ်. . . ငွေကြေးလိုသလောက်ပေးပြီး
လူကို ကျွန်အဖြစ်ခိုင်းစေသော
ကျွန်ပိုင်ရှင်ကြီး '' ဂန္ဒ''ကိုပဲ ကျေးဇူးတင်ရကောင်းမလား ၊
(မသိနက်တဲ့ လောကကြီးပါ )
တစ်နေ့တော့ . . . ကျွန်လေးမာဒင်းရဲ့
မိခင်ဟာ ဆုံးပါးသွားခဲ့တယ် ၊
ကျွန်ပိုင်ကြီး''ဂန္ဒ''ဟာ
သူ့ငွေတွေ ပြန်မဆပ်နိုင်လို့ ကျွန်လေးမာဒင်းကို ဖမ်းဆွဲခေါ်ဆောင်ရာကျွန်လေးမာဒင်းရဲ့မိခင်က ဝင်တားနေရင်းနဲ့ အသက်ပါဆုံးခဲ့ရတယ် ၊
ဒါကို ကျွန်လေးမာဒင်းအဖို့တော့
ရင်မှာတအားဝမ်းနည်းပြီး ,
ခံစားနေရသော်လည်း မည်သို့မျှ
ဒီကျွန်ပိုင်ရှင်ကြီးရဲ့ စကားအောက်၌
မရုန်းထွက်နိုင်ခဲ့ပါ
( အဘယ်ကြောင့် ဆိုသော မတရားရိုက်နှက်ပြီး အလုပ်ကို ခိုင်းစေက တစ်ကြောင်း ၊
သူ့စကားကို ကျွန်သားအားလုံးနားထောင်ရမည်ဟု
တချက်ချ အမိန့်ဒဏ် စေပါးဖွင့်သော်ကြောင့်တည်း )
လျှောက်စရာ မြေပြင်ရှိသလို ၊ လှဲအိပ်ဖို့ မြေကြီးရှိပါလျှက်နှင့် ကျွန်လေးမာဒင်းဟာ မအိပ်ရခဲ့ပါ ၊ လှမ်းချင်တိုင်း မလှမ်းရခဲ့ပါ ၊ ကျွန်လေးမာဒမ်းဟာ ပင်ပန်းဆင်းရဲမှု့ဖြင့် ခန္ဓာကိုယ် အားအင်ကုန်ခမ်းလာလျှက် ဖြစ်ရပ်အတွေးတချို့ ကို ငေးကြည့်ရင်း တွေးလေတော့သည် ၊
( ကျွန်ရဲ့အပေါ်မှာ ခိုင်းစေမှု့ သခင်ရှိတာကြောင့်တည်း )
[ လူဆိုတာ ကိုယ့်နှာခေါင်းကို
ဘယ်အပေါက်နဲ့ပဲရှူ ရှူ ,
လေဆိုတာရှိနေမှာပါ ၊
လူဆိုတာ
ဘယ်ခြေထောက်နှင့်ပဲလျှောက်လျှောက် ၊
ဇောက်ထိုးပဲ လျှောက်လျှောက် ၊
တစ်ချောင်းထဲပဲ လျှောက်လျှောက်
ဒီမြေပြင်က ရှိလျှက်ပါပဲ ၊
လူဆိုတာ ကောင်းကင်ကို
ညာဖက်မျက်လုံးနဲ့ပဲ ကြည့်ကြည့် ၊
ဘယ်ဖက်မျက်လုံးနဲ့ပဲ ကြည့်ကြည့် ၊
နှစ်ဖက်စလုံးနဲ့ပဲ ကြည့်ကြည့် ၊
ကောင်းကင်က မြင့်လျှက်တည်လျှက်ပါ ၊
ဒါပေမယ့် . . . ကျွန်ဖြစ်သွားရင်တော့
လူဆိုတာ ခြေထောက်မရှိတော့ဘူး
မျက်လုံးမရှိတော့ဘူး ၊
နှာခေါင်းမရှိတော့ဘူးး ၊
ကျွန်ပိုင်ရှင်တွေရဲ့ မျက်လုံး ၊
ကျွန်ပိုင်ရှင်တွေရဲ့ ခြေထောက် ၊
ကျွန်ပိုင်ရှင်တွေရဲ့ နှာခေါင်း ၊
ကျွန်ပိုင်ရှင်တွေ ညွှန်ပြတဲ့ မြေပြင်ထက်မှာ ကိုယ့်ခြေထောက်နဲ့ ကိုယ်လျှောက်လှမ်းပြီး ကိုယ့်ခွန်အားကို ကျွန်ပိုင်ရှင်အတွက်
အားပြု ရတတ်တယ် ၊
ပြီးတော့ ကိုယ်လဲ အားချိနဲ့ပြီး အလုပ်မလုပ်နိုင်တော့ရင်
အမှိုက်သဖွယ် မြေစာတခုထက် ကိုယ်ကတန်ဖိုးမရှိတော့ဘူး ၊
အလုပ်သမားလဲ အလုပ်လုပ်ရတာပဲ
ကျွန်လဲ အလုပ်လုပ်ရတာပဲ
ဒါပေမယ့် . . . မတူညီဘူး ,
အလုပ်သမားတွေရဲ့အပေါ်မှာ အောင်မြင်ခြင်းတွေကလွဲပြီး ဘယ်သူမှမရှိဘူး ၊
ကျွန်တွေရဲ့အပေါ်မှာတော့
သခင်ရဲ့ခိုင်းစေမှု့ဒဏ်နဲ့သေဆုံးခြင်းပဲရှိတယ် ၊
အလုပ်တော့ လူတိုင်းလုပ်ကြရတာပဲ
ဒါပေမယ့် . . . . အလုပ်သမားနှင့်တူညီတာပဲ ကောင်းတယ် ၊
ကျွန်နှင့်တူညီနေရင်တော့ ''နေ''ရှိလျှက်နဲ့ အမှောင်ခံပြီး
တွင်းနက်ထဲမှာ နေသလိုဖြစ်နေမယ် ၊ ]
တသက်ပြင်းတချို့ က ကျွန်လေးမာဒမ်းရဲ့
အတွေးစလေးတွေကို ရပ်တန့်စေခဲ့ပြီး , နောက်ဆုံးတော့
ပင်ပန်းနွမ်းလျနေသော ကျွန်လေးမာဒင်းကို
သေမင်းက သနားသောအားဖြင့်
သူ့အသက်ကို ခေါ်ဆောင်သွားလေတော့သည် ။
[ ပြီး ]

No comments:
Post a Comment