ခေတ်တစ်ထောင်ရဲ့ငိုကြွေးသံ ( ၁ )
ညမင်းကြယ်တံခွန်ရဲ့{ လှောင်အိမ်ထဲ၌ မွေးဖွားခြင်း }
ကျွန်တော်တို့နေထိုင်ရာအရပ်ဟာ တောနှင့်နီးစပ်ကပ်နေလျှက် ထိုတောထဲ၌ ကျွန်တော်တို့အတွက် အစာအာဟာရဖြစ်သော သစ်သီး ၊ အရွက် နှင့် ကြည်လင်သော ''ရေ'' ၊ လိုအပ်မှု့မရှိအောင် ထိုတောကြီးက ကျွန်တော်တို့တွေရဲ့ ပဒေသာဖြစ်ခဲ့တယ် ၊
ဒါကြောင့်မို့ … … ကျွန်တော်တို့တွေဟာ တစ်ဦးကို တစ်ဦး ဂရုဏာနှင့် မေတ္တာများ လက်ဆင့်ကမ်းနိုင်ခဲ့တယ် ၊
ကျွန်တော်တို့တွေဆီမှာ ပူလောင်ခြင်းမရှိသလို ၊ ဆာလောင်နေခြင်းလဲမရှိခဲ့ပါ ၊ ထိုတောကြီးကကျွန်တော်တို့အတွက် သီးသန့်နိဗ္မာန်ဘုံလေးပါ ၊
ဒါပေမယ့် … … ကျွန်တော်အားလုံးရဲ့နိဗ္မာန်ဟာ
ထိုတောကြီးရဲ့အစာပေါကြွယ်မှု့
ကြောင့်ဖြစ်သလို . . . ထိုနိဗ္မာန်ဘုံလေးကို ပြန်ဖျက်စီးပစ်မယ့်အရာကလဲ ထိုတောကြီးဖြစ်ခဲ့လေပြန်တယ် ၊
( မေမေ သားကိုကယ်ပါ )
တောထဲမှာ တောကောင်တွေရှိနေတယ် ၊
သူတို့က လူသားမဆန်ဘူး ၊
သူတို့က ဘယ်သူ့တွေရဲ့ သွေးအသားကို စားသောက်ရမလဲ . . . . ဘယ်သူတွေဟာ သူတို့တွေရဲ့အစာဝမ်းဖြစ်မလဲ . . .
ဘယ်သူ့ကို . . . ဘယ်လိုအသုံးချပြီး အစာရှာဖမ်းစားရမလဲ , ဒီအသိတရားတွေနဲ့ပဲ သူ့တို့ရင်မှာ သူတို့အုပ်စုကလွဲပြီး ကျွန်တော်တို့အုပ်စုကို တစစီချွေဖျက်ပြီး စားသောက်ကြတော့မည် ၊
ကျွန်တော်တို့တွေအတွက်ကမ္ဘာ့မြေပြင်မျက်နှာက ညိုမွဲလွန်းတယ် ၊ နောက်ပြီး ကျဉ်းလှတယ် ၊
ဒီအရပ် ဒီနေရပ်ကလွဲပြီး တခြားအရပ်ပြန်ပြောင်းရွေ့နေထိုင်ဖို့
မြေနေရာမရှိသလို ၊ လေတွေလဲမရှိဘူး ၊ တခြားအရပ်၌ ရှင်သန်ဖို့ခက်ခဲခဲ့လေ၏ ၊
သို့တဖန် … … ကျွန်တော်တို့ရဲ့ လက်ရှိဗိမာန်လေးဟာလဲ မကြာမီ တောရိုင်းယုတ်သတ္တဝါတွေရဲ့
စားသောက်မှု့ဖြစ်တော့မည် ၊
ကျွန်တော်တို့ရဲ့ ဒီဘေးဒုက္ခက ကယ်တင်မယ့်ကယ်တင်ရှင်ဆိုတာ ကျွန်တော်တို့တွေပဲဖြစ်ခဲ့တယ် ၊
ကျွန်တော်တို့အုပ်စုတွေထဲက
တည တစ်ယောက်ဆိုသလို
ထိုတောရိုင်းယုတ်သတ္တဝါတွေရဲ့
ပဒေသာဖြစ်လေ၏ ၊ မည်သို့မျှ အချိန်ကြာလင့်ထိတိုင်အောင်
ကျွန်တော်တို့တွေဟာ အင်အားပိုမို ကြီးထွားလာသော
ထိုတောရိုင်းယုတ်သတ္တဝါတွေကို
မတွန်းလှန်နိုင်ခဲ့ပါ ၊
ဒီလိုနဲ့ တည တစ်ယောက်ဆိုသလို
အလှည့်ကျ , လူသားတွေဟာ ထိုတောကြီး၌ သွားရောက်၍ အစားခံသော အစာအိမ် ဖြစ်နေရသည် ၊ ကျွန်တော်ရဲ့မေမေ ပြီးတော့ ကျွန်တော်ရဲ့ဖေဖေ , ထုံးစံတခုအတိုင်းပင် , အလှည့်ကျခဲ့လေရာ အခုတော့
ကျွန်တော်အနားမှာ သူတို့တွေ မရှိတော့ဘူး , နောက်ဆုံး , အလှည့်ကျလေသူကတော့
(ကျွန်တော် )ဖြစ်သည် ၊
မီးတုတ်ငယ်လေးနှင့်
ထိုတောကြီးထဲသို့ ဝင်ခဲ့လေပြီး . . . တောရိုင်းယုတ်သတ္တဝါတွေကတော့ ကျွန်တော်အရှေ့၌ စားသောက်ဟန်ပြုနေလေ၏ ၊ သို့ပေမယ့် . . . ကျွန်တော်လက်ထဲက မီးတုတ်လေးရဲ့ရောင်ရှိန်ဝါ
ဝင်းနေသမျှ သူတို့
ကျွန်တော်အနား မရောက်လာနိုင်ပါ ၊
မီးတုတ်ငယ်လေး မငြိမ်းသက်သ၍ ကျွန်တော်အသက်ရှင်နေနိုင်သေးသည် ၊
ဒီမီးတုတ်ငယ်လေးကလဲ ကျွန်တော်အသက်ကို ထာဝရမကာကွယ်နိုင်ဘူး ၊ တခဏလေးပါပဲ ၊ ထိုအချိန်အခါ၌ နောက်ဆုံး အတွေးမျိုးကို ကျွန်တော်တွေးနေမိတော့၏ ။
( သြော် , ငါ ဒီလောကထဲမှာ လူဖြစ်လာတာဟာ
အချူ ပ်အချယ်ခံ ၊ အနင်းခံဖို့ ၊ အသုံးချ ခံဖို့ကို ငါ့မေမေက မွေးပေးထားတာတော့ မဟုတ်နိုင်ဘူး၊
ဒီလောကကြီးကလဲ
ဒီအတွက်ဖြစ်တည်ပေးနေတာ
မဖြစ်နိုင်ဘူး ၊
ငါ့ဖေဖေကလဲ ငါကို ကြီးပြင်းလာတဲ့ထိ ရှာဖွေကျွေးးမွေးလာတာဟာ
အခုလို , တောရိုင်းယုတ်သတ္တဝါတွေရဲ့ အစာအိမ်ဝမ်း ပိုဝဖြိုးဖို့အတွက်
ဖြစ်နေရော့မလား ၊
လိုရာနေ စေရာသွား ၊ အရာအားလုံးကိုကြိုးချည်ထားသော ကြိုးတွေထဲကနေ လွတ်မြောက်အောင် ပျံစွမ်းရဲရမယ် ၊
ငါဟာ ဘယ်သူ့ကိုမျှ ရန်မမူတတ်ပေမယ့် ,
ငါ့ကို အခုသူတို့စားသောက်ကြတော့မည်, ငါတို့တွေအားလုံးဟာ
လူစပြီးဖြစ်တည်းက ဤနေရာ၌ ဖြစ်တည်ပြီး ဤတောကြီးထဲ၌ တချိန်က ငါတို့အတူပျော်ပါးခဲ့ဖူးတယ်
တချိန်က ဤတောကြီးဟာ ငါတို့အတွက် နိဗ္မာန်ဘုံဖြစ်သလို အခုတော့
ဤတောကြီးကိုအမှီပြု ပြီး ငါတို့တွေအားလုံးရဲ့အသက်ကို
ရန်မူမယ့် သေမင်းတမန်တော်တွေ များပြားစွာရှိလို့နေပြီ ,
ဒီဘေးဒုက္ခတွေကြားထဲမှာပဲ ,
ရှင်သန်ခြင်းဆိုတဲ့
နှောင်မျိုးဆက်တွေ ရှိဦးမည် ၊
ပြီးရင်တခါ . . .
တစ်နေ့ ညမှာ ငါ့အခုရပ်နေတဲ့နေရာ၌ သူတို့လေးတွေ ရပ်နေရပေမည် ၊
{ လှောင်အိမ်ထဲက ရှင်သန်ခြင်းတွေပဲ }
ဒါပေမယ့် . . . ငါတို့တွေရဲ့လှောင်အိမ်ကတော့ ကမ္ဘာ့အဆိုးဆုံး လှောင်အိမ်ဖြစ်သည် ၊
ဘာလို့ဆို … …
တောရိုင်းယုတ်သတ္တဝါတွေရှိတဲ့ လှောင်အိမ်ဖြစ်နေလို့ပဲ ၊ )
ကျွန်တော်ရဲ့အတွေးပြီးဆုံးခြင်းနှင့်အတူ ,
ကျွန်တော်လက်ထဲမှာ ကိုင်ထားသည့် မီးတုတ်ငယ်လေးကလဲ တဖြည်းဖြည်းနှင့် ငြိမ်းသက်သွားခဲ့လေတော့သည် ။
[ ပြီး ]

No comments:
Post a Comment