Tuesday, January 31, 2017

  ဘဝကလင်းတ,အချစ်ကအသုံးမကျ

ညိုရီ ညရီ, ကောင်းကင်တခွင်၌အနီလှိုင်းယှက်တဲ့အချိန်မှာ တိမ်တွေဟာနီနီရဲဖြစ်ကုန်တယ် ၊ တစ်နေ့,ကျွန်တော် အိမ်မက်တခုမြင်မက်တယ်. . . အဲ့ဒီအိမ်မက်ထဲမှာ ကျွန်တော်ဟာ လယ်သမား, , , ဒါပေမယ့် . . . ကျွန်တော်ဟာ ကျွန်တော်ခန္ဓာကိုယ်ရဲ့ လယ်ပိုင်ရှင်ဖြစ်ခဲ့တယ်. . . အဲ့ဒီမှာတင် ကျွန်တော်ရဲ့အိမ်မက်ကြီးက ,
အိပ်စက်သွားခဲ့ပြီး , ကျွန်တော်က ပျံ သန်းခြင်းဖြင့် နိုးထလာခဲ့တယ် ၊
သန်းခေါင်ယံရဲ့မွေးဖွားခြင်းနှင့်အတူ ကျွန်တော်ဟာ , ညရဲ့မင်းဖြစ်ချင်တယ်
 ၊ ဘာလို့ဆို . . . အမှောင်တွေ အားလုံးရဲ့ဘုရင်ဖြစ်ချင်လို့ ၊ ပြီးတော့ . . . အဲ့အမှောင်တွေအားလုံးကို  ဖျက်စီးပစ်ပြီး , ဒီလောကကို အလင်းဆောင်ပေးမယ့်
ထာဝရ''နေမင်း''ကို ဖန်ဆင်းချင်တယ် ၊ ဒါမှ , အမှောင်ဆိုတာ ကွယ်ပျောက်မှာ ၊
ဒါပေမယ့် . . .ကျွန်တော်က စိတ်ကူးမယဉ်တတ်ဘူး ၊
အတွေးနဲ့မဖြေတတ်ဘူး ၊ ကြိတ်ပြီးမဆွေးတတ်ဘူး ၊ ကြိတ်ပြီးမခံစားတတ်ဘူး ၊ ရှင်းရှင်းပဲ ဖွင့်ထုတ်ပြတတ်တယ် ၊  ခံစားမှု့မရှိရင် ကျွန်တော်ရဲ့ဝိညာဉ်ဟာ ထာဝရ အနားယူနေတာ ကြာခဲ့ပြီ ။
လူအများအုပ်က . . . .
''ပေါက်တူး''ကိုင်တဲ့လက်ကို , လက်ဖဝါးမှာ,အမာရွတ်က ကြမ်းထော်နေတာပဲလို့ ပြောမိရင် , ပြောခဲ့ရင်, ကျွန်တော်က ဘာပြန်ပြောမလဲ သိလား
'' ''မသာ''တွေရဲ့နောက်ဆုံးခရီး ပြီးမြောက်စေဖို့ကို ကောင်းကျိုးဆောင်ပြီး , မြေတွင်း''တူး''ပေးနေတဲ့ ''ပေါက်တူးသမား''ပါလို့ ပြန်ပြောချင်တယ် ,
'' အဲ့လိုဆို ကျေနပ်ပေးနိုင်မလား ''
ဆင်းရဲတိုင်း စာရိတ္တပျက်မယ်လို့ထင်ရင်
ကျွန်တော်က ဘာပြန်ပြောမလဲသိလား
'' ကုန်ဈေးးနှုန်း,
စီးပွားရေးရှင်သမားတိုင်းဟာ ,
လူလိမ် ၊ လူညာလို့ , ပြောမိမှာပဲ ''
အဲ့လိုပြန်ပြောရင် ကျေနပ်ပေးနိုင်မလား ၊
သရဲမမြင်ဖူးတဲ့ မျက်ကန်းက, ကျွန်တော်ကို , သရဲကဘယ်လိုပုံစံမျိုးကြီးကွလို့ '' လာခြောက်တိုင်း , ကြောက်စိတ်ကို ဖောက်ထုတ်ပစ်မယ် ,
ဘာလို့ဆို . . . ဘဝဖြစ်နေလို့ပဲ ။
လူ့ဘဝရဲ့ဆင်းရဲမှု့ကို ကြောက်နေရင်
ကျွန်တော် , အမေရဲ့ဗိုက်ထဲ ပြန်ဝင်နေလိုက်မယ် ၊ ဒါပေမယ့် အဲ့ဒီလို လုပ်လို့ရရင်ပေါ့လေ,တခါခါလဲ စိတ္တဇဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ထဲက , အရူးမင်းသားဖြစ်ချင်မိတယ် ၊ ဒါပေမယ့်လည်း . . . ဆေးတိုက်ပေးမယ့် သူနာပြုကလဲ အနားမှာမရှိတော့ , ''ဘယ်လိုမျိုးက  ဘယ်လိုမျိုးလဲ''ဆိုတဲ့
မေးခွန်းထက်ကို ဖြေရတာခက်ခဲ့တယ် ၊ ကျွန်တော် ငယ်ငယ်က တွေးခဲ့ဖူးတယ်. . .ဒီလောကကြီးထဲမှာ ငါ,တစ်ယောက်ထဲသာ ဖြစ်ခဲ့ရင် , ပျင်းခြောက်ခြောက်နဲ့နေရခက်မှာပဲလို့ ., , ဒါပေမယ့် . . . အခု,ကျွန်တော် တစ်ယောက်တည်း ,အနီးအနားမှာ ဒီလောကရဲ့လူသားတွေ အများအပြား ရှိခဲ့လဲ ရှိနေလဲ , ကျွန်တော်ရဲ့အိမ်မှာတော့ , ကျွန်တော်တစ်ယောက်တည်းပဲ ၊ မနက်ဆို , မနက်စာပြင်ပေးမယ့်သူ, မရှိသလို ၊ ညဆိုလဲ , ထွက်စောင့်ကြို သူ,မရှိခဲ့ဘူး ၊ ဘာဖြစ်လဲ ၊ ကျွန်တော်က လူ ၊ ကျွန်တော်က အပူမဟုတ်တော့ , အထီးမကျန်ခဲ့ဘူး ၊ ပြီးတော့ ,ကျွန်တော်မှာ ပျင်းချိန်တောင် မရဘူး ၊ အလုပ်က ပြန်လာရင် , ထမင်းချက်ထားရင်း,ရေချိုးတယ် ၊ ဟင်း,ကတော့ ကြုံရာပေါ့ ၊ ဒါပေမယ့် . . ပျော်အောင်နေရင်တော့  ပျော်လာပါလိမ့်မယ် ၊
ပျင်းခဲ့ရင်လဲ . . . . ကမ္ဘာ့ကျော်,စာရေးဆရာကြီးတွေရဲ့စာပေတွေကို ဖတ်တယ် ၊ တခါတလေဆို ကဗျာတွေရေးတယ် ၊ ပြီးရင်,ကိုယ်ရေးတဲ့ကဗျာကို  ကိုယ်ပြန်ဖတ်ပြီး '' ငါ,တော်တော် ရူးပါလား''ဆိုပြီး ဘယ်သူမှမကြားအောင်
ရီမိတယ် ၊
 ညအိပ်ခါနီးရင်လဲ အနမ်းပေးတတ်တဲ့ ''ဖူးစာရှင်မလေး''ကို  သတိရလာမိတယ် ၊ တစ်ယောက်ထဲ ငိုမိတယ် ၊ ရင်ထဲက မီးတွေမကုန်သ၍တော့ သူမကိုသတိရအုန်းမှာပဲ . . . တားလို့မှမရတာ ၊ လေဖောင်းနေတဲ့ ''အိတ်''ကို , ဓားနဲ့ခုတ်လို့ရပေမယ့် . . . လေကိုတော့  ခုတ်ပိုင်းလို့မရပါဘူး ၊ ကျွန်တော် သူမကိုစတွေ့တဲ့အချိန်က ,သူမဟာ , ပါးမို့နီနီလေးနှင့် ပြီးတော့ , သူမ,ရီလိုက်တဲ့အခါကျရင်,ပါးချို င့်လေးနှင့်ချစ်စရာကောင်းခဲ့ပြီး . . ., စမ်းရေလေးတွေဟာ ငှက်ကလေးတစ်ကောင်လို ပျံ ဖြန့်သွားခဲ့တယ် ၊ ဘာလို့ဆို. . . သူမရဲ့အပြုံးဟာ အေးမြမှု့ဖြင့်ဝဲပျံနေလို့ပဲ ၊ သူမ,အတွက် ဘာမှမလိုအပ်ပေမယ့် ,ကျွန်တော်ရဲ့ ကြင်နာမှု့ကိုတော့ လိုအပ်တယ် ၊ ကျွန်တော်အတွက် ဘာမှမလိုအပ်ပေမယ့် , သူမရဲ့မေတ္တာကိုတော့ လိုအပ်တယ် ၊
နှစ်ဦးသား, , , တမိုးအောက်မှာ တွေ့ဆုံခဲ့ပေမယ့် . . . တမိုးရိပ်အောက်မှာပဲ အချစ်တွေဟာ ပျောက်ဆုံးမသွားခဲ့ပါ ၊ ညို ချမ်းရီ  နေစောင်းတဲ့အချိန်တိုင်း သူမ,ကျွန်တော်အပြန်အလာကို  အိမ်ရှေ့ခုံတန်းလေးမှာ အမြဲမျှော်နေတတ်တယ် ၊
မနီးမဝေး၌ ကျွန်တော်,သူမရဲ့ ရိပ်သဲ့သဲ့မြင်ခဲ့တယ် ၊  သူမ,ကျွန်တော်ရဲ့အပြန်လာကို တကယ်စောင့်မျှော်နေတာပဲလို့ ပျော်ခဲ့ပြီး . . . ထိုခုံတန်းဆီ ပြေးသွားခဲ့တယ် ၊ အဝေးကနေ လှမ်းမြင်ရတာတော့ သူမဟာ,ခုံတန်းလေးမှာ ထိုင်နေလျှက် ကျွန်တော်ကို စောင့်မျှော်နေတယ် . . . အနီးကပ်ရောက်ရှိချိန်မှာတော့ , ခုံတန်းအိုလေးဟာ , ''တကျွီကျွီနဲ့ ''ဆွေးမြည့်နေတယ် ၊ ဟုတ်သားပဲ ၊
ကျွန်တော်မေ့သွားခဲ့တယ် ၊ သူမ,က တခြားကမ္ဘာ့ရဲ့ လူဖြစ်သွားခဲ့ပြီပဲ . . . ခုံတန်းအိုလေးကို ဖြည်းဖွဖွကိုင်နေရင်းကျွန်တော်, သူ့ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိတယ် ၊ ကျွန်တော်က ဖြေတတ်ပေမယ့် . . . ဒီခုံတန်းအိုကတော့ ဖြေနိုင်လိမ့်မယ်မထင် . . . ညနေတိုင်း ညနေတိုင်း ထိုင်လေ့ရှိတဲ့ သူမ,မရှိတော့တဲ့ နောက်ပိုင်း,ဒီခုံတန်းအိုဟာ  ညနေ.,နေဝင်ခါနီးတိုင်း '' တကျွီကျွီ''နဲ့ ခေါ်နေရှာတယ် ၊ မျှော်တမ်းနေတယ် ၊
မျက်ရည်မရှိပေမယ့် . . . သံယောဇဉ်တော့, သူ့မှာရှိလိမ့်မယ် ၊
ဒီညချမ်းမှာတော့ ခုံတန်းအိုဟာ,တစစနဲ့ဆွေးမြည့်ကျိုးပဲ့ထွက်ပြီး,မနက်ဦးမှာတော့ . . . ခုံတန်းအိုဟာ,မရှိချေတော့ပါ ၊ အခုဆို ကျွန်တော်အနားမှာ  ,သူမကော ,သူမ,ထိုင်နေကျ , ခုံတန်းအိုပါ မရှိခဲ့ ၊
ကျွန်တော်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တော့ နည်းနည်းလွယ်လာမိတယ် ၊ မငိုမိအောင်တော့ ထိန်းထားနိုင်ခဲ့တယ် ၊
ပုံမှန်နေ့စဉ် ဘဝအတိုင်း,ရုန်းကန်မှု့ဖြင့် ကျွန်တော်ဟာ ချီတတ်ခဲ့တယ် ၊ တနေထွက် တနေဝင်ပေါ့ . . . ဒီလိုနဲ့ တညမှာတော့ , အလုပ်ပင်ပန်းလာသော ကျွန်တော်ဟာ ခဏလဲလျောင်းရင်း အိပ်မောကျ ပြီး  အိပ်ပျော်သွားလေခဲ့တယ် ၊ ထိုအချိန်မှာတော့ . . . သူခိုးတစ်ယောက် ကျွန်တော်အိမ်ထဲသို့ ဝင်လာလေတယ် ၊ ဒါပေမယ့် . . . ကျွန်တော်ကတော့ မသိ . . . တနေကုန်အလုပ်ပင်ပန်းခဲ့လို့ အိပ်ကောင်းကောင်းပေါ့ , , , ပြီးတော့ . . . သူခိုးက ကျွန်တော်ကို လာခေါ်နိုးတယ် ၊ အဲ့တော့မှ ကျွန်တော်က ရုတ်တရက်လန့်နိုးသွားပြီး , လူစိမ်းမျက်နှာကို မြင်ရတော့ , အံ့သြတော့ အံ့သြပေမယ့်  အချိန်တော့မဆိုင်းဘူး , နီးရာ သံပိုက်ကို ပြေးဆွဲယူတော့ . . . သူခိုးက လက်ကာပြတယ် ၊ မလုပ်နဲ့အုန်းပေါ့ ၊ ဒါနဲ့ သူက ဆက်ပြောတယ် . . . '' ကျွန်တော် ,ဒီအိမ်ကိုဝင်လာတာ ခိုးဖို့ဝင်လာတာ ..ဒါပေမယ့် . . . အကို့ကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်းလို့ , ခိုးဖို့စိတ်ကူးမရှိတော့ဘူးဆိုပြီး '' သူ့ ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပေးတယ် ၊ အေးပေါ့ ဟုတ်သားပဲ ၊  ကျွန်တော်အိမ်မှာ ဘာမှမှမရှိပဲ . . . ကျွန်တော်တောင်မှ ဝတ်ထားတဲ့အင်္ကျီက စုတ်ပြတ်လို့ အဖာတစ်ရာနဲ့ , ဒါကိုမြင်မကောင်းလို့ဆိုပြီး သူခိုးက ,သူ့အင်္ကျီ ကျွန်တော်ကို ချွတ်ပေးတာပေါ့ ၊ သူခိုးကလဲ သူ့အင်္ကျီချွတ်ပေးခဲ့ပြီး  ပြန်သွားလေခဲ့တယ် ၊ သူခိုးပေးခဲ့တဲ့ အင်္ကျီကို ကျွန်တော်ကိုင်ကြည့်လိုက်တော့ , , , အလိုလေး ၊ တစ်သိန်းတန်အင်္ကျီဆိုပါလား ၊ သြော် , သူခိုး , သူခိုး , နာမည်ကတာ ဆိုးတာ , လူကတော့ မြင့်ပါ့ဆိုပြီး , တွေးနေမိတယ် ၊ အေးပေါ့ ,တို့တွေက  ဆင်းရဲပေမယ့် ရိုးသားကြတယ်. . . သူခိုးတွေလိုတော့  ဘယ်မြင့်ပါ့မလဲ ၊
သြော် ,ငါဘဝ  ဘယ်လောက်ထိအဆင်ပြေသလဲဆိုရင် , ကိုယ့်အိမ်ကို လာခိုးတဲ့သူခိုးတောင်မှ မခိုးရက်တော့တဲ့ ဘဝပါလားနော် ဆိုပြီး ကိုယ်ဖာသာကိုယ်တွေးပြီး ဘယ်သူမှမကြားအောင် ရီနေမိတယ် ။

တကယ်တော့ . . . ဘဝဆိုတာ ,
ကြိုးပေါင်း,အမြောက်အများ,များစွာဖြင့် ချည်တုတ်ခြင်းခံရသော အရာကို ''ဘဝဟု''ခေါ်ရင် မှန်နိုင်မည်လား ၊
ကျွန်တော်ရဲ့ဘဝက လင်းတတစ်ကောင်လို စုတ်ပြတ်နေပြီး ,ကျွန်တော်ရဲ့အချစ်ကလဲ လင်းတတစ်ကောင်လိုပဲ မတင့်တယ်ခဲ့ဘူး ၊
အဲ့တော့ . . . ဘယ်လိုပြန်ပြောမလဲသိလား ၊
ဘဝက ''လင်းတ '' ,
အချစ်က, '' စောက်သုံးမကျ''လို့ ပြောချင်မိတယ် ။

  ညမင်းကြယ်တံခွန်

Monday, January 30, 2017

    ကျွန်တော်ချစ်သူ{ ဂွင်း }

'' ဝင်းလဲ့ ''တဲ့ နာမည်နှင့်လိုက်အောင်ကို
ဘယ်လောက်ထိ ဝင်းလဲ့တယ်ဆိုရင်
စကြာဝဠာရဲ့ အလင်းသခင်ဖြစ်လောက်တယ် ၊
နာမည်ကလှသလို လူကလဲလှ
မြင်သူတကာရဲ့ အချစ်စိတ်ကူးတွေကို
ပျံ သန်းစေတဲ့ အလှရှင်လေးပေါ့ ၊
နေ့ခင်းမှာသူ့ကိုမြင်ရင် ရင်ခုန်ရတဲ့ကျွန်တော်ဟာ
ညခင်းရောက်ရင်လဲ အိမ်မက်မှာ နှလုံးသွေးရပ်တန့်ခဲ့ရသူပါ ။
အမှန်သစ္စာပြောရမယ်ဆိုရင်
ကျွန်တော်ရင်ထဲက  ချစ်သူအသဲနှလုံးတခုအလိုရှိနေပြီ ။
အခိုက်တန့် , ကျွန်တော်ရဲ့ချစ်အတွေးစီခြယ်ခန်းကို ကျွန်တော်ရဲ့ သူငယ်ချင်းကောင်းဖြစ်သော
မောင်မြင့်က အသံဆိုးကြီးတခုဖြင့် ဖျက်စီးလိုက်လေသည် ။
'' ဟိတ်ရောင် , ကျော်စိန် , ကျော်စိန် ''
'' ဘာလဲကွာ , ''
'' အတွေးကောင်းနေတယ်ပေါ့ ဟုတ်လား , ကျော်စိန် ''
'' မင်းလဲ သိသားနဲ့ ၊ မေးနေရသေးတယ် ''
'' အေးကွာ , မင်းနှယ့်လဲ ဝင်းလဲ့ဆီက အဖြေတစ်ခွန်းရဖို့ကို ကြိုးစားလိုက်ရတာ ၊ ငါ မင်းကိုကြည့်ပြီး  စိတ်တောင်ပျက်လာပြီ ''
'' ကြိုးစားရမှာပေါ့ကွာ ၊ မင်းလဲ အကြံဥာဏ်လေးပေးအုန်း ၊ ငါ ဘာလုပ်သင့်လဲ ဆိုတာကို ''
'' မင်း , တကိုယ်လုံးကို ဆေးမှင်ကြောင်အပြည့်ထိုး လိုက်ပါလား , ''
'' ဟာကွာ , ငါက  ''အပ်''ကိုကြောက်တတ်တာ မင်းလဲသိသားနဲ့ ၊ မထိုးဘူးကွာ ၊ နောက်ပြီး , ဘာအကျိုးထူးလို့လဲ ''
'' ထူးတာပေါ့ကွ ၊ မှင်ကြောင်အပြည့်နဲ့ကောင်လေးတွေဆိုရင် ကောင်မလေးတွေက အထင်ကြီးပြီး အသေခိုက်တာကွ ''
'' နောက်တမျိုး စဉ်းစားကွာ ၊ ဒီနည်း,မဖြစ်နိုင်ဘူး ''
'' ဟုတ်ပြီ , အဲ့ဒါဆို , လူမိုက်လုပ်ကွာ ''
မောင်မြင့်၏ စကားအဆုံး၌ ကျွန်တော်ဟာ ဘာမှမပြောနိုင်ခဲ့
'' အို့ အိုး ''
'' ဟုတ်တယ် , လူမိုက်တွေကိုလဲ ကောင်မလေးတွေက အသေခိုက်တာကွ ''
'' လူမိုက်လုပ်ရအောင်  မင်းပထွေးရဲတွေက  ငါကိုလာဖမ်းရင်
အိမ်ထောင်မကျပဲ ထောင်ကျမှာပေါ့ကွ , မောင်မြင့် , မင်းကွာ , အတွေးအခေါ်ကို နာမည်နဲ့လိုက်အောင်  မြင့် မြင့်တွေးဟ ''
'' ထောင်မကျတဲ့ လူမိုက်လုပ်နည်း ငါ့မှာ ရှိပါတယ်ကွ ၊ ဘာမှမပူနဲ့ ၊ မင်းသာ လူမိုက်လုပ်ဖို့အရေးကြီးတယ် ''
'' တကယ်နော် ,အဲ့ဒါဆို အခုချိန်ကစပြီး ငါ မင်းကို ဆရာတင်လိုက်ပြီ ၊ ငါ လူမိုက်လုပ်တော့မယ် ၊ ဘာလိုလုပ်ရမလဲသာ ပြောတော့ ''
ထိုအခါ မောင်မြင့်က ဆရာကြီးလေသံဖြင့် . . .
'' ကဲ . . . လူမိုက်ဖြစ်ဖို့ဆိုရင်
အရင်ဆုံး လူတစ်ယောက်ကို ဆွဲထိုးကွာ ၊ မနားတမ်းထိုး ၊ မမောတမ်းထိုး ''
'' ဘယ်သူကို ထိုးရမလဲ ၊ အခုလောဆယ်ဆယ် မင်းနဲ့ငါပဲရှိတာလေ ၊ ငါ မင်းကို ထိုးရမှာလား ပြော ''
'' ဟ အာ , လူလိုက်ရှာပေါ့ကွ ၊ ''
'' မင်းဟာကလဲ , ဒါငါတို့ ရပ်ကွက်ကွ ၊
ဒီက လူတွေကိုတော့ မထိုးချင်ဘူး ၊ ''
'' ဟုတ်ပြီ , ပန်းခြံထဲ သွားမယ် ၊ မင်းအဲ့မှာ ကြိုက်သလောက် ထိုးလို့ရတယ် ''
'' ဘာပြောတယ် ''
'' လက်သီးထိုးတာ ပြောတာပါကွာ ''
'' ပန်းခြံမှာဘယ်သူကိုသွားထိုးရမလဲ ''
'' မင်းကလဲ ''အ ''ပါ့ ၊ ပန်းခြံထဲမှာ  အတွဲလေးတွေရှိတယ်လေ ၊ ''
'' အဲ့တော့ ငါက  အရှေ့တည့်တည့်က သွားထိုင်ကြည့်ရမှာလား ''
'' ပြီးတော့ သူတို့က  ထီးလေးတွေနဲ့ ကွယ်ပြီး နေတတ်ကြတယ် ''
'' အဲ့တော့ . . . ''
'' မင်းက  သူတို့ထီးကို ရိုက်ချိုးလိုက်ရင်  , အဲ့မှာ ကောင်မလေးကဘာမှမပြောရဲပေမယ့် ကောင်လေးက ဒေါသထွက်မယ် ၊ မင်းက ဘာကောင်လဲလို့ ပြောလိမ့်မယ် ၊ အဲ့ကျရင်  ထိုးလို့ရပြီပေါ့ကွ ''
'' မိုက်တယ် , မောင်မြင့် , မင်း ဥာဏ်ကောင်းနေပါလား ၊ အဲ့ဒါဆို အခု ငါတို့ ပန်းခြံထဲသွားမယ် ''
'' ကြာသလားလို့  အမြန်ယာဉ်
ဒုံးကျည်စီးပြီး  သွားမယ် ''
ထိုသို့မျှ ဖြင့်  ကျွန်တော်နဲ့မောင်မြင့်ဟာ
ပန်းခြံဝန်းထဲသို့ ရောက်လေသောအခါ . . .
'' အို မိုင် ဂေါ့ ''
နှစ်ယောက်သား မျက်လုံးများပြူးသွားလေခဲ့သည် ၊
'' မင်း ပြောတော့  ပန်းခြံထဲမှာ အတွဲတွေရှိတယ်ဆို ၊ အခုဘယ်မှာလဲ အတွဲ ၊ ''
'' နေအုန်းကွ ၊ ကြည့်ရတာ ဒီနေ့ ဥပုဒ်နေ့မို့လားမသိဘူး ''
'' တော်တော့ , ငါ အခုဘယ်သူ့ကို သွားထိုးရမလဲ , ငါ တော်တော်ထိုးချင်လာပြီနော် ''
'' ဟာ ,ဟိုမှာ လာပြီကွ ''
'' ဘယ်သူလဲ ''
'' လူတစ်ယောက်ကွ ၊ ငါပြောထားသလိုနော် , မနားတမ်းထိုး၊ မညောင်းတမ်းထိုး ၊ မမောတမ်းထိုး ၊ ''
'' မင်း ငါအနားမှာပဲ နေနော် ၊ ''
'' အေးပါကွ , တဖြည်းဖြည်း နီးလာတော့မယ် အသင့်ပြင်ထား ''
'' အေး , ''
တောင်ကြည့် မြောက်ကြည့် အရှေ့ကြည့် အနောက်ကြည့် လူတစ်ယောက် . . . စောင်း စောင်းကြီးနဲ့လမ်းလျှောက်လာလေခဲ့ပြီး ကျွန်တော်တို့အနား ရောက်လေသောအခါ ,ကျွန်တော်က ရင်ကော့ပြီး . . .
'' ဟိတ် ,စောင်း , နေအုန်း ''
ရပ်သွားသည် ၊ ဘာမှ ပြန်မပြော
'' မင်းက  ဘာကောင်လဲ ၊ အရှေ့ကြည့် အနောက်ကြည့် တောင်ကြည့် မြောက်ကြည့် , ကြည့်ပြီး ငါတို့ကိုကျတော့ မကြည့်ဘူး ၊ ဒါ ငါတို့ကို ပေါင်ကားတာလားကွ ''
'' ကျော်စိန်,မှားနေတယ် , စော်ကားတာ, ပေါင်ကားတာမဟုတ်ပါဘူး ''
'' အေး , သူပြောသလိုပဲ  ဒါ ငါတို့ကို စော်ကားတာ ၊ မင်း ငါ့ကို ဘာကောင်ထင်လဲ ၊ မင်းကကော ဘာကောင်လဲ ၊ မင်း ဘာမှမပြောနဲ့ ငါ့လက်သီးက ပြင်းတယ်နော် ''
'' အာပ အာပါ အာပ အာပါ
       အာပါ အာပါ ''
'' သူဘာပြောတာလဲ ''
'' မင်းကို ပါးရိုက်လိုက်လို့  , အသက်တောင် ပျောက်သွားမယ်တဲ့ ''
'' ဟုတ်လို့လား , ''အ''နေတာတော့ မဟုတ်ပါဘူးနော် ''
'' ဘယ်ကလာ ''အ''တဲ့သူက အာပါ အာပ လို့ အသံထွက် ပြောနိုင်မလား ၊ စကားမှပြောလို့မရတာ , ''
'' အေး,ဟုတ်သားပဲနော် ''
'' ဒီမှာ , စောင်းစောင်း , မင်းက ငါကိုပါးရိုက်မယ် ဟုတ်လား ''
'' အာပူ အာပါ အာပ ''
'' မြင့်ရေ , ခေါင်းခါနေတယ်ကွ ''
'' စိန်ကလဲ , အဲ့ဒါက မင်းကို သူ,ပါးရိုက်လိုက်ရင်  မင်းရဲ့ခေါင်း , အဲ့လိုခါသွားမယ်လို့ သူက အမူအယာနဲ့လုပ်ပြနေတာကွ ''
'' မြင့်ရေ ''
'' စိန်ရေ ''
'' ငါ ထိုးတော့မယ်ကွာ ''
'' ချ ကွာ , အပြတ်သာထိုး ''
'' ကိုင်း , လာလေရော , အင့်ကွာ ,
မှတ်ပြီလား , ဒါက ဒူးနဲ့တိုက်တဲ့အကွက် ၊ ဒါက ခေါင်းနဲ့ဆောင့်တဲ့ အကွက် ၊ ဒါက ခြေမနဲ့ညှပ်တဲ့ အကွက် , ''
`` အုန်းအုန်း ဘုန်း  ဒုန်းဒုန်း ´´
'' စိန်ရေ , တော်တော့ ''
'' ငါ မမောသေးဘူးကွ ''
'' တော်တော့လို့ ''
'' နေစမ်းကွာ ''
'' ဘာာာာ ''
'' မ,ဘာနဲ့ အနားတောင်ရောက်လာပြီ''
'' အမလေး , အမလေး ,
လုပ်ရက်လိုက်ကြတာ ၊
ကိုယ်အင်္ဂါချို့ တဲ့ , တဲ့သူကိုမှ  ဒင်းတို့က ရွေးပြီးအနိုင်ကျင့်ရလား , အမလေး , မေမေ ရင်ကျိုးပါပြီ , သားရယ် , ပြစမ်း , အမလေး , သွေးပေါ်မှာ မျက်နှာတွေနဲ့ သားရယ် ''
''အန်တီ , မှားနေတယ် ,
သွေးတွေပေါ်မှာ မျက်နှာမဟုတ်ဘူး
 မျက်နှာပေါ်မှာ သွေးတွေနဲ့လေ , ''
'' မသာလေး , ငါသိတယ် , ငါစကား အဓိပ္ပါယ် ငါ သိတယ် ''
'' ကဲ , ကောင်လေး စခန်းလိုက်ခဲ့ , ''
'' ဗျာ ''
'' မဗျာနဲ့ , ''
'' နေပါအုန်း ဆရာ ၊ ကျွန်တော်တစ်ယောက်ထဲ ဒီပြသာနာကို လုပ်တာမဟုတ်ဘူး ၊ ကျွန်တော် သူငယ်ချင်းပါ , ပါတယ် ၊ သူက စကားပြန်ပါ , သူ ,စကားပြန်ပေးလို့ အခုလိုဖြစ်တာ  ,''
'' သြော် ,အဲ့လိုလား, အဲ့ဒါဆို ဟိုတစ်ယောက်ပါ လိုက်ခဲ့ ''
'' စိန်ရေ,မင်း ငါ့ကို တော်တော်ချစ်တယ်နော် , ''
'' မြင့်ကလဲ ပြေးကြည့်မှ , သူငယ်ချင်းနှစ်ယောက်ထဲရှိတာ , ကောင်းအတူ  ခေါင်းကွဲခံပေါ့ ''
'' ကောင်းအတူ  ဆိုးခံကွ ''
'' ငါ စကား ငါသိတယ် , ခေါင်းကွဲတာနဲ့ ဆိုးတာ အတူတူပဲ ''
ထိုမျှ ဖြင့်,ကျွန်တော်နှင့်မြင့်ဟာ ရဲစခန်းသို့ ရောက်ခဲ့ရလေ၏ ၊
'' အာမခံနဲ့ထုတ်လို့ရအောင်
 မင်းတို့ရဲ့  အုပ်ထိန်းသူတွေကို အကြောင်းကြားပေးမယ်, ကဲပြော , ဘယ်ရပ်ကွက်ကလဲ ''
'' ကျွန်တော်တို့နှစ်ယောက်လုံးမှာက အမေကော အဖေကော ရှိကြတော့ဘူး, ဆရာမှူး ,
အဲ့ဒါလေ , ဒီအတိုင်း ပြန်လွှတ်လို့မရဘူးလားဟင် ''
'' တကယ် မရှိကြတော့ဘူးလား ''
'' ဟုတ်ပါတယ် , အမှန်ပါ ''
'' အဲ့ဒါဆိုလဲ , မင်းတို့ရပ်ကွက်က အုပ်ချူ ပ်ရေးမှူးနာမည် ပြော, ''
'' အုပ်ချူ ပ်ရေးမှူးကို အာမခံခိုင်းရင်တော့ , သေချာတယ် , ကျွန်တော်တို့နှစ်ယောက်လုံး
 အချူ ပ်ပတ်ချာလှည့်ကျမှာ ''
'' ဘာဖြစ်လို့လဲ ''
'' ကျွန်တော်တို့နှစ်ယောက် ,
အုပ်ချူ ပ်ရေးမှူးကို  လေးဂွနဲ့ ချောင်းပစ်ထားဖူးလို့ပါ ဆရာမှူး ''
'' ကဲ. . . ဒီတခါတော့ ခွင့်လွှတ်ပေးလိုက်မယ် ၊ နောက်ပြီး တဖက်ကလဲ ကျေနပ်ပေးတယ်ဆိုတော့ ဒီတကြိမ်တော့ ပြန်လွှတ်ပေးလိုက်မယ် ၊ ဒီမှာ လတ်မှတ်ထိုးသွား ၊ နောက် တကြိမ်ဖြစ်ရင်တော့ ခွင့်မလွှတ်တော့ဘူး ''
'' စိတ်ချ , နောက်တကြိမ် ဆရာတို့ မသိအောင် တိတ်တိတ်လေး ဖြစ်ပါ့မယ် ''
'' ဘာပြောတယ် ''
'' မဖြစ်တော့ပါဘူးလို့ ပြောတာပါ ''
တော်ပါသေးတယ် ၊ စခန်းက ထွက်နိုင်ခဲ့လို့ ၊
'' မြင့်ရေ , မင်းပြောတော့  အချူ ပ်မကျတဲ့ လူမိုက်လုပ်တဲ့နည်းရှိတယ်ဆို, မင်းကွာ , ကံကောင်းလို့ပေါ့ , '' အ'အ'ကို 'အ'အ'မှန်းမသိ , ဒါနဲ့များ သူကိုယ်သူ ဆရာ , ဘာဆရာလဲ ''
'' စိန်ရယ် , ထားလိုက်ပါတော့ , ''
ကျွန်တော်နှင့်မြင့်ဟာ ရဲစခန်းမှထွက်လာစဉ် . . .
လေဟုန်ကိုစီးပြီး လမ်းလျှောက်လာသော အလှရှင်လေးတစ်ဦးကို မြင်ရတော့
ရင်ထဲ အေးငြိမ်းသွားခဲ့ရတယ် ၊
'' ဟိတ်,ဂွင်း , ခဏလေး နေပါအုန်း ''
'' ဘာ ''ဂွင်း''လဲ , ''ဝင်း''လေ , သူများနာမည်ကို ဖျက်နေတာလား ''
'' မဟုတ်ပါဘူး ဂွင်းရယ် ၊ ရင်ထဲက လာတဲ့ နာမည်လေးတခုကို  နူတ်ဖျားက ထွက်လာတဲ့ လေနဲ့ပေါင်းစပ်လိုက်တော့  , ''ဝင်း''ဆိုတဲ့နာမည်ဟာ ,''ဂွင်း'' ဖြစ်သွားတာပါ ''
'' မိုက်လိုက်တာ စိန်ရယ် ''
'' နေစမ်းပါအုန်း , ရှင်တို့နှစ်ယောက်က ရဲစခန်းထဲက ထွက်လာတော့ , ရဲစခန်းထဲကို ဘာဝင်လုပ်နေတာလဲ ''
'' ဒါက ဒီလို ''ဂွင်း''ရဲ့ , ရဲစခန်းမှာ လူမိုက်စာရင်း လာသွင်းတာပါ ''
'' ရှင် ''
'' မရှင်ပါနဲ့ , ''ဂွင်း''ရယ် ,ကိုယ်ဟာ ဘယ်လောက်ထိမိုက်လဲဆိုရင် ,
ခြင်တွေကို လည်ပင်းညှစ်သတ်ရင်း ,
ယင်ကောင်တွေကို  နပန်းလုံးပြီး ခါးရိုးချိုးတဲ့သူဟာ  ကိုယ်ပါပဲ ''ဂွင်း''ရယ် ''
'' ကိုကျော်စိန်,ရှင,်အကြောင်း ကျွန်မ,မသိဘူးလို့ ထင်နေလား ၊ ရှင်တို့နှစ်ယောက် ပန်းခြံထဲမှာ ''အ 'အ''ကို အနိုင်ကျင့်လို့ ရဲစခန်းကို ရောက်တာမလား ၊ အကုန်သိတယ် လာမကြွားနဲ့ ''
'' သြော် , ''ဂွင်း''သိသွားပြီကိုး ''
'' သိတယ် , ကဲ . .ကျွန်မ ရှေ့ကဖယ် ''
'' အရှေ့ကဖယ်ပြီး , အနောက်က ထိုင်ကြည့်ရမလားဟင် ''
'' ဘာပြောတယ် ''
''  ဖယ်ပေးပါ့မယ် , ဂွင်းရယ် , သွားပါ ,
တစ်နေ့,နေ့တော့ , ကိုယ့်ကို ပြန်ချစ်ပါနော် ''ဂွင်း'' ''
'' အဲ့မှာ လဲသေလိုက် ''
'' မြင့်ရေ , ''
'' စိန်ရေ , ''
'''ဂွင်း'က  တော်တော်လှတာနော် ''
'' မင်းပဲ လှ ၊ တနေကုန် ထိုင်လှ ၊ ငါတော့ သွားပြီ, ''
'' နေအုန်းလေ , မြင့် ''
+ + + + + +
ကျွန်တော်အိမ်သို့ ပြန်ရောက်လေသောအခါ ,
အဖေက,ဒေါသထထွက်လျှက်
'' ကောင်းသေးလား , ကောင်းသေးလား ''
'' ကောင်းတယ်လေ အဖေ ''
'' ဘာကောင်းတာလဲ ''
'' အဖေချက်တဲ့ ဟင်းတွေ အကုန်ကောင်းတယ်လေ ''
'' မင်း , နော် ,
ငါ,ဒေါသမဖြစ်ချင်ဘူးနော် ,
မင်း,ကြောင့်  ငါမှာ တကြိမ်ကြိမ်သေပေးနေရတယ် ၊
အဲ့ဒါကောင်းလား ''
'' အဖေကလဲ , ဘာမှမသိဘူး ၊
အဖေမရှိတော့ဘူးလို့ ပြောတော့ , အဖေက သားရဲ့ပြသာနာတွေကို မျက်နှာငယ်ခံပြီး ဖြေရှင်းပေးစရာမလိုတော့ဘူးလေ ၊ သားက  အဖေအတွက် သေချာစဉ်းစားပြီး ပြောပေးတာ ၊ သားကိုတောင် ကျေးဇူးတင်သင့်တယ် ''
'' သြော် ,အေး , ဟုတ်သားပဲ ၊
ဥာဏ်ကြီးရှင်ရယ် ''
'' ဒါနဲ့ .,အဖေ ဘယ်သွားမလို့လဲ ''
'' ဘုန်းကြီးကျောင်းပါ ''
'' ဟင့်,အဖေကလဲ , အမေမရှိတော့ထဲက
အချိုးတွေပြောင်းနေတယ်နော် ''
'' သားကလဲ ဘုန်းကြီးကျောင်းသွားမလို့ပါဆို , ထမင်းစားစရာရှိတာ မစားဘူး ''
'' ပြီးရော ,ပြီးရော ''
ကျွန်တော်ဟာ ထမင်းမစားတော့ပဲ
အဖေကို မယုံတာနဲ့ တိတ်တိတ်လေး အဖေနောက်သို့ ခြေရာနင်းခဲ့လေရာ
'' အမလေး ဘုရား ''
အဖေက ဘုန်းကြီးကျောင်းကို သွားတာမဟုတ်ပဲ အပျို ကြီးအန်တီနွဲ့သီနှင့် ချိန်းတွေ့လေ၏ ။
တွေ့ကြသေးမယ်ပေါ့ အဖေရာ
လာပါစေအုန်း၊
ညနေခင်းသို့ ရောက်မှ အဖေက အိမ်သို့ပြန်ရောက်လာလျှက် . . . ကျွန်တော်ကိုလဲ တွေ့ရော , အံ့သြသွားလေခဲ့သည် ၊ ပုံမှန်ဆို ကျွန်တော်က အိမ်၌မရှိ ၊ ဒီနေ့တော့ ထူးဆန်းဆန်း ကျွန်တော်ကို အိမ်၌မြင်တွေ့လေတော့ အဖေက အံ့သြမှု့အပေါင်းနှင့်ကြုံလေခဲ့သည် ။
'' သား ,ဒီနေ့  အိမ်မှာငြိမ်လို့ပါလား ''
'' အဖေ,ဘယ်က ပြန်လာတာလဲ ''
'' ဘုန်းကြီးကျောင်းကလေ သားကလဲ ''
'' သြော် , အဖေကို အန်တီနွဲ့သီက  တရားဟောပေးတာပေါ့ ''
'' အမ်, သားက ဘယ်လို ဘီလူး ဘီလို ''
'' ဟာ ,အဖေကလဲ ဘယ်လိုလုပ်ပြီးသိတာလဲပါ ၊ ''
'' ငါစကား ငါသိတယ် အံ့သြသွားလို့ကွ ''
'' ကဲပြော , အဖေ ဘာလုပ်မှာလဲ ''
'' အဖေ,ဘာလုပ်ရမှာလဲ သားရယ် ''
'' အဖေ,အန်တီနွဲ့သီကို တကယ်လက်ထက်ယူမှာလား ''
'' သား,သဘောတူရင်တော့ , အဖေမငြင်းပါဘူး သားရယ် ''
'' တခုတော့ရှိတယ် ''
'' ဒါတော့ ငါလဲသိပါတယ်ကွ ၊ လူတိုင်းက တခုပဲရှိတယ်ဆိုတာ ''
'' ဟာ ,အဖေကလဲ , သားပြောတာက
အဖေ,သားကို ကူညီပေးလို့ ပြောတာ ၊ အဖေလဲ သိသားနဲ့ သား''ဂွင်း''ကို ဘယ်လောက်ချစ်လဲဆိုတာ ပြီးတော့ ''ဂွင်း''က သားကိုအခုချိန်ထိ အဖြေပြန်မပေးသေးဘူး ၊ နည်းလမ်းလေးပေါ့ အဖေရာ ၊ အဖေက ဒီကိစ္စတွေကို ကျွမ်းကျင်တယ်ဆိုတော့ နည်းလမ်းလေး ပြောပြပါနော် အဖေ ''
'' နေစမ်းပါအုန်း ''ဂွင်း''ဆိုတဲ့ မိန်းကလေးနာမည်ကို  ဒီရပ်ကွက်ထဲမှာ ငါတခါမှမကြားဖူးဘူး, ရှင်းအောင်ပြောကွာ ''
'' အဖေကလဲ '' ဝင်းလဲ့''လေ ၊ လူတိုင်းက သူ့ကို ''ဝင်း''လို့ ခေါ်ကြပေမယ့် , သားက ချစ်စနိုးနဲ့ ''ဂွင်း''လို့ ခေါ်တာပါ ''
'' အေးပါ ,ထားပါတော့ ,''
'' အဖေ,ကူညီမယ်ပေါ့ ''
'' အေး ,လို့ ''
'' ဟာ , ဝမ်းသာလိုက်တာ အဖေရယ် ,အာဘွား ''
'' ဟိတ်ကောင် , အရှေ့တည့်တည့်ကနေ လာမဖက်နဲ့ သားဖချင်းနော် , ''
----
ကျွန်တော်ဟာ မောင်မြင့်၏အိမ်၌ ''ဂွင်း''အချစ်ကို ရဖို့ကြံစည်နေစဉ် . . .
မောင်မြင့်က အကြံတခုရသွားသလိုနှင့် ,
'' စိန်ရေ ''
'' ဘာလဲ မြင့် ''
'' ငါအကြံရပြီကွ ၊ ''
'' ဘာအကြံတုန်း ''
'' မင်း,ဒီတခါ . . . သေချာတယ် ''ဂွင်း''အချစ်ကို ရမှာ ''
'' ''ဝင်း''ပါကွ ''
'' မင်း ''ဂွင်း''လို့ ၊ ငါတို့လဲ ''ဂွင်း''ဖြစ်ကုန်ပြီ,ငါ ပြောမယ် သေချာ နားထောင် , ×××××××××××× ''
ကျွန်တော်လဲ'' မြင့်''ပြောတဲ့ အကြံဥာဏ်အကုန်လုံးယူ၍ . . .
ညနေဘက်မှာ ''ဂွင်း''ထိုင်နေကျ  နေရာလေးသို့ ကြိုတင်သွား၍  စောင့်နေရင်း မကြာမီပင်  ''ဂွင်း''ရောက်လာပါတော့သည် ။
'' အမလေး ဘုရားသခင် ''
'' ''ဂွင်း''ကလဲ  ကိုယ့်ကိုမြင်တာနဲ့ ဘုရားသခင်ကို တမ်းတရသလား ၊ အဲ့လောက် ရင်ခုန်သွားလို့လား ''ဂွင်း'' ''
'' သေလိုက်လေ , ဘာရင်ခုန်ရမှာလဲ ၊ လန့်တာ, နင်က ငါ ထိုင်ခါနီးမှ ခုံအောက်က ထွက်လာတော့  လန့်တာပေါ့ဟဲ့ ''
'' ချစ်ခြင်းအစ လန့်ခြင်းက,တဲ့ . . ''
'' နင်,တော်တော်ကို ခေါင်းမာတာပဲနော် , ဒါနဲ့ ခုံအောက်ထဲ ဝင်ပြီး ဘာလုပ်နေတာလဲ ''
'' ထုနေတာ ''
'' ဘာာာ ''
'' အမလေး ,လန့်တာဟာ , ဖြေးဖြေးအော်ပါဟ , ခုံအခင်းက သံတွေကျွတ်ထွက်နေလို့ အဲ့ဒါ ''ဂွင်း''ထိုင်ရင် အိုးကျိုးမှာစိုးလို့ ''
'' ဘာပြောတယ် ''
'' ''ဂွင်း'' ထိုင်လိုက်ရင် ခုံကျိုးပြီး ,
''ဂွင်း''တခုခုဖြစ်သွားမှာစိုးလို့ , ခုံအောက်ထဲဝင်ပြီး  ''တူ''နဲ့ ထု ရိုက်ပေးနေတာပါ , စေသနာရဲ့ချစ်ခြင်းပါ ''ဂွင်း'' ''
'' အဲ့လိုဆိုရင်တော့ ကျေးဇူးတင်ပါတယ် ''
'' နေပါစေ,''ဂွင်း''ရယ် . . . ကိုယ်လေ ,နေ့ဘက်မှာ ''ဂွင်း''ကို မြင်ရင်,ရင်ခုန်ရသလို ,
ညဘက်ကျ ပြန်တော့လဲ ''ဂွင်း''ကိုပဲ , အိမ်မက်ထဲမှာ မြင်မက်မိပြီး ,ညတစ္ဆေတွေ ဝိုင်းရံနေတဲ့ကြားထဲကနေ ကိုယ်ဟာ
စွန့်စားပြီး , ''ဂွင်း''အတွက် သူရဲကောင်းကြီး ဖြစ်ချင်တယ် ''
'' တကယ် သူရဲကောင်းဖြစ်ချင်လား ''
'' ဖြစ်ပါရစေ ''ဂွင်း''ရယ် ''
'' အဲ့ဒါဆို , မျက်လုံးမှိတ်ပြီး  ''ဝင်း''ကို ချစ်စကားပြောကြည့် , နားထောင်ကြည့်မယ်''
'' တကယ်လား ''ဂွင်း''
'' ဒါပေမယ့် . . မျက်လုံးဖွင့်မကြည့်ရဘူးနော် ''
'' စိတ်ချ ''ဂွင်း ''
'' ကဲ . . အဲ့ဒါဆို ပြောကြည့် , ''
'' ရင်ထဲမှာ အကြင်နာရှိပေမယ့်
   မြင်ရတဲ့ အချစ်ဒုက္ခကို
     စာနာသနားရင်
     ''ဂွင်း''ကိုယ့်ကို ပြန်ချစ်ပါ ,
အာဘွား ''
'' ဟိတ်ကောင်,ငါ မင်းအဖေကွ , မှားမယ်နော် , မျက်လုံးဖွင့်စမ်း, ဟိတ်ကောင် မှားမယ်နော်  ''
'' ''ဂွင်း''ရယ် ,
အခုတမျိုး တော်ကြာတမျိုးနဲ့
 ကိုယ်အဲ့လောက်မရိုးအပါဘူး
အာဘွားးးးးးးး ''
'' ဟိတ်ကောင်,လွှတ်, ငါ,မင်းအဖေကွ ''
'' ဟာ ,အဖေ , ဘယ်က ဘယ်လိုရောက်နေတာလဲ ''
'' ငါ,ပြောပါတယ် , မင်း အဖေပါဆို ,
မင်းကွာ , ယောက်ကျာင်္းအချင်းချင်း အနမ်းခံရတာလောက် ဆိုးတာမရှိဘူး ''
'' သားက သိမှသိဘဲကို , ''
'' သိတာတွေ မသိတာတွေလုပ်မနေနဲ့ ဘယ်အချိန်ရှိပြီလဲ , ထမင်းစားဖို့ ,စောင့်နေတာ , အဖေ,ဗိုက်အတော်ဆာနေပြီ ''
'' အဖေကလဲ နည်းနည်းပါးပါး အသံပေးတာမဟုတ်ဘူး ၊ သားက ''ဂွင်း''ထင်ပြီး နမ်းတာ , အဖေဆိုရင် မနမ်းပါဘူး ''
'' ငါ လုပ်လိုက်ရ , ''ဂွင်း''ပဲဂွင်း ဂွင်း ,
ကွမ်ပဲ ကွမ်ကွမ် , လာ အိမ်ပြန်မယ် ''
- -- -
''ဟေ့ , မောင်မြင့် ''
'' သြော် , ဦးလေးပါလား , တခါမှမလာစဖူး ,အလာထူးပါလား ''
'' အေးကွာ,ဦးလေးလဲ ငယ်ရာက သေးလာတာဆိုတော့ ''
'' မှားနေတယ် ဦးလေး, ငယ်ရာက ကြီးလာတာ ''
'' မင်း ဘာသိလို့လဲကွ ၊ ငါစကား ငါသိတယ် ၊''
'' ကျွန်တော်ကိုက လျှာရှည်မိပါတယ် ''
'' အဲ့လိုဆိုတော့ . . . ဦး,သားကို  ဦး,လုပ်မှ ဖြစ်တော့မယ် ''
'' ဗျာာာာ ''
'' မင်းက , ဘာဗျာတာတုန်း , ဦး,သားကို, ဦးကိုယ်တိုင်  သူ့အချစ်ရေးမှာ အောင်မြင်ဖို့အတွက်
စီမံဆောင်ရွက် ပံ့ပိုးကူညီပေးမယ်လို့ ပြောတာကွ ''
'' သြော် ,အဲ့လိုလား ''
'' ဒါနဲ့ , ဦး,သား , ဒီကို လာသေးလား ''
'' မနက်ထဲက မလာဘူး ၊  ''
'' အေးကွာ , ဒီကောင် စိတ်ဆင်းရဲပြီး ,
မကြံကောင်းတာတွေ အဆိပ်သောက် သတ်သေမှာစိုးရိမ်မိတယ်ကွ ''
'' ဦးလေး,သားလား , အဲ့လိုဖြစ်မှာ , ကျွန်တော်တော့ မထင် ''
'' မိဘဆိုတာ ဒီလိုပဲကွ , သားသမီးအတွက် ပူပန်တတ်တယ် ''
'' ဟိုမှာ , ဦးလေး,သား လာပြီ ''
'' သား , သား , သား ''
'' ဖေ , ဖေ , ဖေ ''
'' သြော် ,ကြည့်ရခက်လိုက်တာ အခုမှပြန်တွေ့တာ ကျနေတာပဲ ''
'' အဖေ,မြင့်အိမ်ကို ဘာလာလုပ်နေတာလဲဟင် ''
'' အဖေလဲ တခါမှမလုပ်ဖူးတာတွေ လာလုပ်နေတာပါ သားရယ် ''
'' ဗျာာာာ ''
'' ဟာ ,ဦးလေးကလဲ ရှင်းအောင်စကားကိုပြောလေ ''
'' ဒီလို,သားနဲ့ ''ဂွင်း''နဲ့ အဆင်ပြေဖို့အတွက် ဖေဖေ,အစွမ်းကုန် ကူညီပေးမလို့ , အဲ့ဒါနဲ့ပဲ မောင်မြင့်အိမ်ကို လာခဲ့တာ ''
'' အဖေက,တကယ်ကူညီပေးမှာလား''
'' ဒါပေါ့,သားရယ်, စိတ်သာချ , အဖေပြောတဲ့အတိုင်းသာ လုပ် , သား''ဂွင်း''အချစ်ကို ရမှာသေချာတယ် ''
'' ဟုတ်ကော ဟုတ်လို့လား အဖေရယ် ၊ ဟုတ်မှလဲ ပြောနော် , ''
'' စိန်ကလဲ , ဦးလေးက ငယ်ရာက သေးလာတာဆိုတော့ , ပိုကျွမ်းကျင်တာပေါ့ကွ ''
'' ဟိတ်ကောင် , ငယ်ရာက ကြီးလာတာလို့ ပြောစမ်းပါကွာ ''
'' ဟာ ,ဦးလေးပဲ စောစောက သေးရာက ငယ်လာတာဆို ''
''ကဲ. . တော်ကြတာပေါ့ , မြင့်နဲ့အဖေ ,
ကူညီမယ်ဆို , ဒီတခါ ''ဂွင်း''နဲ့တွေ့ရင် စကားဘယ်လိုပြောရမလဲ , ဥာဏ်ပေးအုန်း ''
'' ဒီလိုသားရဲ့ , မိန်းကလေးတွေက အင်မတန်မှ ရှက်တတ်တာ ၊ အင်မတန်မှ မူတာ ၊ ''
'' သြော် , မိန်းကလေးတွေက မူးတတ်လား ''
'' အရက်မသောက်ပဲနဲ့ မူးတဲ့သူတွေနေမှာပေါ့ ''
'' ဟိတ်ကောင်နှစ်ယောက် , ငါပြောတာက မူးတာ မဟုတ်ဘူး မူတာကွ ''
'' ဘာမူတာလဲ အဖေ ''
'' မူဝါဒဖြစ်မှာပေါ့ ,''
'' ဟိတ်ကောင်နှစ်ယောက်, တော်တော့ , ငါပြောတာကိုပဲ နားထောင် .. ဘာမှဝင်မပြောနဲ့ ''
'' ဒီလိုသားရဲ့ , မိန်းကလေးတွေက တကယ်တော့ ကြင်နာတတ်ကြတယ် ၊ ပြီးတော့ သူတို့မှာ နူးညံတဲ့အသဲနှလုံးရှိတယ် ၊ ဘယ်လောက်ပဲ ရက်စက်တတ်ပါစေ
သူတို့မှာ ကြင်နာတဲ့ နှလုံးသားရှိတယ် ၊ ယောက်ကျာင်္းလေးတွေနဲ့မတူဘူး ၊ ''
'' မိန်းကလေးတွေက ယောက်ကျာင်္းလေးတွေနဲ့မတူတာ သားလဲအဲ့လောက်တော့ သိပါတယ်အဖေရာ
ခံစားမှု့ အသဲနှလုံးကို ပြောတာပါ ''
'' မိန်းကလေးတွေများ ဘယ်လောက်ထိ အရှက်ကြီးသလဲဆိုရင် ,ဖေဖေငယ်ငယ်သေးသေးတုန်းက သားအမေကို '' ချစ်တယ်''လို့ ဖွင့်ပြောလိုက်တဲ့အချိန်မှာ , သားအမေဟာ အရမ်းရှက်သွားပြီး
တခါထဲ ထခုန်ပြီး ''ဂျွမ်းထိုး''ပါလေရော , ဒါပေမယ့် . . . သားရဲ့အမေ ''ဂျွမ်းထိုး''တာက  သူများတွေနဲ့မတူဘူး , ဟိုဖက်ကိုမကျ , ဒီဖက်ကိုပြန်မကျနဲ့ , အလယ်မှာ  ကန့်လန့်ကြီး ထောင်လို့ , ကင်းမြီးကောက်ထောင်သလိုဖြစ်လို့ , သားစဉ်းစားကြည့် သားရယ် , ထမိန်ဝတ်ပြီး ကင်းမြီးကောက်ထောင်ရင် ဘာဖြစ်သွားသလဲဆိုတာလေ , အဲ့ဒါနဲ့ပဲ . . . သားအမေဟာ ရှက်ကြီးရှက်ပြီး တစ်လတိတိ ထမင်းမစားပဲ အရှက်ကို အဲ့လိုရှက်တာ,သားရဲ့''
'' အဖေကလဲ , ထမိန်ဝတ်ပြီး ကင်းမြီးကောက်ထောက်မှတော့ . . . ကင်းမြီးကောက်ပဲပေါ့ အဖေရာ ''
'' အဲ့ဒါကို ပြောတာကွ , မိန်းကလေးတွေက  အရှက်သိပ်ကြီးတာကွ ''
'' အရှက်ကြီးလို့ပဲနော် , ကင်းမြီးကောက်ထောင်တာ ၊''
'' သား.,ဒီတခါ ''ဂွင်း''နဲ့ တွေ့တဲ့အခါကျရင်, သူလက်ကို ဖမ်းကိုင်လိုက် , ပြီးရင် ''
'' ပါးရိုက်တာ ခံရမှာလား ဖေဖေ ''
'' မင်းအဲ့လောက် ''အ''ရလား ''
'' မောင်မြင့်ရေ ''
'' ဗျာ,ဦးလေး ''
'' ဂွင်း''လုပ်ကွာ ''
'' ဟာ , ဦးလေးကလဲ နေ့ခင်းဘက်ကြီး , ''
'' မင်း,ဘာတွေပြောနေတာလဲ , ငါပြောတာက ဒီမှာ ဒီကောင်ချစ်သူ ''ဂွင်း''လို မင်းက သရုပ်ဆောင် , ငါက သူ့နေရာကနေ ဝင်သရုပ်ပြမလို့ကွ ''
'' မသိပါဘူး .. .. ကဲ,ပြီးရော , ''ဂွင်း''ဖြစ်သွားပြီ ''
'' သေချာကြည့်ထား , ကျော်စိန်, မင်းအမေကို အဖေ,အခုလို ချစ်ရေးဆိုခဲ့လို့ မင်းကို ရလာတာ  ''
'' ဟုတ်ပါပြီ,အဖေရယ် , ''
'' မင်း,ချစ်သူ ''ဂွင်း''က  ဈေးကအပြန်ပေါ့ကွာ , အဲ့မှာ ဒီလိုလေး လှမ်းတားပြီး - - - -
'' ဂွင်း ''
'' ရှန် ''
'' ဘာ''ရှန်''လဲ ''ရှင်''လေ ''
'' ဦးလေးကလဲ ချွဲကပ်ပြီး ချွဲ သွားတဲ့ အသံလေ ''
'' ကဲပါ , ပြန်စမယ် ''
'' ဂွင်း ''
'' ရှန် ''
'' ''ဂွင်း''ရဲ့အကြည့်တွေကြောင့် အခုကိုယ်ရင်ထဲက အသဲနှလုံးထဲမှာ ဂျ ပိုးတွေ တွယ်ငြိစားသောက်နေပြီ , ကိုယ်ရဲ့အသဲနှလုံးလေးကို ကယ်တင်တဲ့ အနေနဲ့  ကယ်တင်ပေးပါလား ''ဂွင်း''  ''
'' အို, ဘယ်မှန်းသိဘူး သွား ''
'' သူရိန်တစ်ရာနဲ့စီးခြင်းထိုးရမယ်ဆိုရင်တောင် ကိုယ်ရှူံးစရာ အကြောင်းမရှိဘူး , ဘာလို့လဲဆိုတော့  ကိုယ်ရဲ့လက်ကို ''ဂွင်း''က ဆုပ်ကိုင်ထားပေးလို့ပဲ ''
'' ဝမ်းသာလိုက်တာ ကိုယ်ရယ် ''
'' တော်တော့ , တော်တော့ , သားနဲ့''ဂွင်း''နဲ့ အဆင်ပြေမပြေတော့ မသိဘူး ၊ အခုလက်ရှိကတော့ အဖေနဲ့မြင့်နဲ့ ညားကြတော့မယ် , တော်တော့ ''
'' သရုပ်ပြနေတာပါ , သားရယ် ''
'' ဟုတ်ပါပြီ ,''
'' အခုလို , သရုပ်ပြတဲ့အတိုင်းသာ အကွက်ကျကျလုပ် , ''ဂွင်း''အချစ်ကို သားရမှာ သေချာတယ် ''
'' ကျေးဇူးပါပဲ အဖေရယ် ''
'' မလိုပါဘူး သားရယ် , သားလဲ အခုလုပ်ရမယ့် သရုပ်အမှန်ကိုသိပြီဆိုတော့ အဖေလဲ,အိမ်ပြန်လိုက်အုန်းမယ် ''
'' စိတ်ချ အဖေ , ''
'' အေး , အေး , ''
အဖေကတော့ ပြောဆိုခဲ့ပြီး အိမ်သို့ပြန်သွားလေခဲ့တော့သည် ။
'' စိန်ရေ ''
'' မြင့်ရေ ''
'' ''ဂွင်း''ကို ကြည့်ထားပေးကွာ ၊ အဖေ.,သင်ပေးတဲ့ အမူအရာအတိုင်း ''ဂွင်း''နဲ့တွေ့ရင် အဲ့အတိုင်းတစ်လုံးမကျန်ပြောမယ် ''
'' စိန်ရေ,ဟိုမှာ ''ဂွင်း''လာနေပြီ , သွားပြောတော့ , မြန်မြန် ''
'' အေး , အေး ,သွားပြီ ''
''ဂွင်း''က ခပ်သုတ်သုတ်လေး လျှောက်လာလျှက်လက်ထဲမှာလဲ ထင်းစည်းကြီးနှင့် . . . . .
'' ခဏနေပါအုန်း ''ဂွင်း'' ''
'' ဟာ , ဘာ ရှုပ်အုန်းမလို့လဲ ''
'' ''ဂွင်း''ရဲ့အကြည့်တွေကြောင့် အခုကိုယ်ရင်ထဲက အသဲနှလုံးထဲမှာ ဂျ ပိုးတွေ တွယ်ငြိစားသောက်နေပြီ , ကိုယ်ရဲ့အသဲနှလုံးလေးကို ကယ်တင်တဲ့ အနေနဲ့  ကယ်တင်ပေးပါလား ''ဂွင်း''ရယ် ''
'' ဒုက္ခပါပဲ , ဒီမှာရှင့် နောက်မှပြောပါလား , အခု ''ဝင်း''မှာ အန္တရာယ်နဲ့ သွားအုန်းမယ် ''
'' နေပါအုန်း ''ဂွင်း''ရယ် ,
သူရိန်တစ်ရာနဲ့စီးခြင်းထိုးရမယ်ဆိုရင်တောင် ကိုယ်ရှူံးစရာ အကြောင်းမရှိဘူး , ဘာလို့လဲဆိုတော့  ကိုယ်ရဲ့ညာဖက်လက်နဲ့  အန္တရာယ်တွေကိုဖြေရှင်းပြီး
ကျန်တဲ့ဘယ်ဖက်လက်ကို ''ဂွင်း''က ဆုပ်ကိုင်ထားပေးလို့ပဲ ''
'' ရှင်,တော်တော် စီးခြင်းထိုးချင်တယ်ပေါ့ , ဟုတ်လား ''
'' သေချာတာပေါ့ , '' ဂွင်း '' ''
'' ဒီလောက်တောင် ပြောမရတော့လဲ
ကဲ့ဟယ် , မှတ်ပြီလား ''
'' အိုး ဖေ ဖေ , သေပါပြီဗျာ ''
- - - - - - - - -
'' အဟီး , အဟီး , အဟီး ''
'' အဲ့လောက်ထိ ရီစရာသိပ်မပါဘူး,
မရီပါနဲ့ သားရယ် ,''
'' ငိုနေတာ အဖေရဲ့ ''
'' မင်းကလဲ , ''အဟီး ''ဆိုတော့  ငိုမှန်းမသိ ငိုမှန်းမသိ ဖြစ်နေတာပေါ့ကွ ''
'' ငိုမှန်းမသိ ရီမှန်းမသိပါ အဖေရယ် ''
'' လျှာမရှည်နဲ့ ငါ့စကား ငါနားလည်တယ် ''
'' မောင်မြင့်,ကူညီတုန်းက
သား,အချူ ပ်ခန်းကို ရောက်တယ် ၊
အခုအဖေ,လဲ ကူညီရော သား,ခေါင်းပါကွဲတယ်,
ဖေဖေ, ဒီမှာ ကြည့်ပါအုန်း
နီနီသွေးတွေ
   နီနီသွေးတွေ
        နီနီသွေးတွေ ''
'' သြော်,အရေးထဲ ကဗျာလာဖွဲ့နေတယ် , မင်းက အခြေအနေမှမကြည့်တတ်တာ ခံရတာတောင် နည်းသေးတယ် ၊ ''
'' ဘာလို့လဲ အဖေရ ''
'' မင်းရဲ့''ဂွင်း''က  အန္တရာယ်နဲ့လို့ ပြောတာတောင်  မင်းက ဆက်ပြောနိုင်သေးလို့လေ ''
'' ဘာဆိုင်လို့လဲ ''
'' ဆိုင်တာပေါ့ကွ , ''ဂွင်း''က မင်းကို ''အိမ်သာ''တတ်ချင်နေပြီလို့ ပြောရမှာ ရှက်လို့ . . . မင်းကို , သူက အန္တရာယ်နဲ့လို့ပြောတာကွ ၊ တောင်းပန်လို့မရတော့လဲ  သူ့လက်ထဲက ထင်းစည်းနဲ့ မင်းခေါင်းကို မိတ်ဖွဲ့ပေးလိုက်တာပေါ့ ''
'' သြော် , သားက သိမှသိဘဲ ''
'' သိတာတွေ မသိတာတွေလုပ်မနေနဲ့
ဆေးသွားဝယ်လိုက်အုန်းမယ် , ငြိမ်ငြိမ်လေး ထိုင်နေ ''
'' ဟုတ်ကဲ့ ''
- - - - - - -
'' ဦးလေး , ခဏ , ခဏ ''
'' သြော်,ဘယ်သူလဲလို့ သမီးလေး ''ဂွင်း''ပဲ ''
'' ရှင် ''
'' မှားလို့ သမီး''ဝင်း ''  ''
'' ကိုကျော်စိန်,နေကောင်းရဲ့လားဟင် , အပြင်သိပ်မထွက်တော့လို့ ''
'' သမီး,သူ့ခေါင်းကို ထင်းစည်းနဲ့မိတ်ဖွဲ့ပေးလိုက်ထဲက သူ့တော်တော်စိတ်ထိခိုက်သွားတယ် သမီး ၊ ခေါင်းကွဲသွားထဲက ထမင်းဆိုလဲ အရင်လို မစားတော့ဘူး ၊ ပုံမှန်ဆို ဦးတို့သားအဖနှစ်ယောက် တစ်နေ့ကို 'လေးဖူး',ချက်ရတယ် ၊ အခုဆိုရင် တစ်နေ့ကို'တစ်ပြည်'ချက်ရတယ်သမီး ''
'' ရှင် ''
'' နောက်ပြီး , စိတ်ထိခိုက်တယ် ဆိုပြီး ည ညဆို အိပ်နေရင်း ယောင်ပြီး
'' ထပြီး က''တဲ့ အကျင့်တခုတောင် တိုးလာတယ် သမီး ''
'' သြော် ''
'' ဦးလေး,ဆက်မပြောချင်တော့ပါဘူး ၊
စိတ်ထိခိုက်လွန်းလို့
 သွားတော့မယ် သမီး ''
'' ဒါနဲ့ သူ,အခု အိမ်မှာရှိလားဟင် ''
'' ရှိတာပေါ့ သမီးရယ် ၊ သမီးသွားရင် မြင်လိမ့်မယ် သူ့စိတ်ထိခိုက်ပြီး အိမ်မှာ'' ဘရိတ်ဒန့် က''နေတာကိုလေ ''
'' ဟုတ်ကဲ့ , ကျေးဇူးပဲနော် , အဲ့ဒါဆို သမီး , သူဆီကို သွားလိုက်အုန်းမယ် ''
'' ကောင်းပါပြီ သမီးရယ် ''
- - - -
'' ကိုကျော်စိန်, ''
'' ရှန်,အဲ့မဟုတ်ပါဘူး , ခင်ဗျာ ''
'' ခေါင်းက သက်သာလားဟင် ''
'' အားး , အု , ကျွတ် , ကျွတ် , တဆစ်ဆစ်နဲ့ ခေါင်းကိုက်နေတယ် ''
'' ဟယ်,စောစောက အကောင်းကြီးထိုင်နေရင်း ,အခုမှ ဘယ်လိုဖြစ်ပြီး တဆစ်ဆစ်ကိုက်လာတာတုန်း ''
'' အချစ်နဲ့တွေ့လို့ပေါ့ '' ဂွင်း''ရယ် ''
'' ဟာကွာ , လွှတ်, ဘာလဲ သူအိမ်မှာမို့လို့ အနိုင်ကျင့်တာလားပြော''
'' သူ့အိမ်မဟုတ်ပါဘူး , ဒီအိမ်က ''ဂွင်း''အိမ်ပဲလေ , ကိုယ်နဲ့''ဂွင်း ''လက်ထပ်ပြီးသွားလို့ရှိရင် . . . ဒီအိမ်မှာပဲ ''ဂွင်း''နဲ့ကိုယ်နဲ့ နှစ်ဦးသား အချစ်တွေ ပေါက်ဖွားကြမယ်လေ ''
'' နေစမ်းပါအုန်း,ဘယ်သူက အဖြေပေးသေးလို့လဲ ၊ နောက်ပြီး ဒီအိမ်မှာ နှစ်ယောက်ထဲပြောရအောင် ဦးလေးကို ဘယ်မှာသွားထားလို့လဲ ''
'' ဟာ , အဖေကို 'ရိပ်သာ'ပို့လိုက်မှာပေါ့ , ''ဂွင်း''ရယ် ''
'' ဟိတ်ကောင် , ''
'' ဟိုက် , အဖေ . , ဘယ်တုန်းထဲက ခိုးနားထောင်နေတာလဲဟင် ''
'' ကြာပြီ သားရဲ့ , ဟာ , မင်းကွာ , ခိုးနားထောင်စရာလားကွ , ''
'' ဒီညနေကျရင် , ''ဂွင်း''ထိုင်နေကျ  နေရာမှာ စောင့်နေနော် , သွားပြီ ''
တိုးတိုးလေး အနားကပ်ပြော၍ ''ဂွင်း''ထွက်သွားလေတော့သည် ။
- - - - -
ညနေဆင်းတဲ့  ညနေမှာ ကျွန်တော်ဟာ '' ဂွင်း''ထိုင်နေကျ နေရာ၌ ''ဂွင်း''ကို စောင့်နေမိတယ် ။
'' မောင်မြင့်ရေ , ဟေ့ မြင့် ''
'' ဦးလေး , လာလေ , ကျွန်တော်ဒီမှာ ''
'' သြော် , အေး , အေး ''
'' ဘာကိစ္စရှိလို့လဲ ဦးလေး ''
'' အခုငါသား,''ဂွင်း''နဲ့  သွားတွေ့လေရဲ့ ၊ အဲ့ဒါ ငါသားကို ငါ,စိတ်မချလို့ ၊ ''
'' ဘယ်လို စိတ်မချတာတုန်း , ဦးလေး ''
'' မင်းလဲ သိတဲ့အတိုင်း , ဟိုတခါက ထင်းစည်းနဲ့ရိုက်လို့ ငါသား ,ခေါင်းကွဲသွားတယ်လေ ၊ အခုလဲ ပြောလို့မရဘူးကွ . . . ''
'' ဦးလေးပြောတာ မှန်တယ် ၊ အဲ့တော့ ကျွန်တော်တို့,
ဘာလုပ်သင့်လဲ ဦးလေး ''
'' ဘာလုပ်ရမှာလဲကွ , ဆေးရုံကို ကြိုတင်ပြီး ဖုန်းဆက်ထား , အရေးပေါ်လူနာတစ်ယောက်,လာဖို့ရှိတယ်လို့ , ''
'' ဟုတ်ကဲ့ , ပြီးတော့ကော ဦးလေး ''
'' ပြီးရင် , ငါနဲ့လိုက်ခဲ့ , အခြေအနေသွားကြည့်ရမယ် ''
'' ခဏစောင့်ခိုင်းထားကွာ , အရေးပေါ်အခြေအနေ ဖြစ်ခါနီးပြီးလို့ ပြန်ပြောလိုက် ''
'' ဟုတ်ကဲ့ ''
- - -
'' အခုလိုသာယာတဲ့ ညနေခင်းကို
''ဂွင်း''နဲ့အတူ ကြည့်ခွင့်ရတာ ပျော်စရာကောင်းလိုက်တာ ''
'' ''ဂွင်း''လဲ မောင့်လိုပါပဲ , ပျော်ရပါတယ် ''
'' အင်း,အဲ့ဒါဆို အဖြေဘယ်တော့ပြန်မလဲဟင် ''
'' ငတုံးလေး , ''မောင်''လို့ခေါ်နေပြီပဲ
အဖြေပေးစရာ လိုသေးလားလို့ ''
'' တကယ်လား ''ဂွင်း '' ''
'' တကယ်ပေါ့ မောင် ''
'' အဲ့ဒါဆိုရင် , မောင့်ကိုလေ  ချစ်တယ်လို့ ပြောပါလား ''
'' မောင်ကလဲ ရှက်စရာကြီး , သွားကွာ,တော်တော်ဆိုးနဲ့ ''
'' ဆိုးပါဖူး , ''ဂွင်း''ပြောတာလေး ကြားချင်လို့ပါ ''
'' မောင့်ကိုလေ ''ဂွင်း''အများကြီး,အများကြီး,အများကြီး,
ချစ်တယ် မောင် ''
'' ဟာာ , ပျော်လိုက်တာ ''ဂွင်း''ရယ် ''
'' မောင့်,သတိထားအုန်း ''
'' အမလေး,အိုး ဖေ ဖေ , သေပါပြီ,''
'' ဦးလေးရေ , အသံကြားတယ် ''
'' ဟေ, လာသွားရအောင် ''
'' ကယ်ပါအုန်းရှင်,အရေးပေါ်ဖြစ်နေလို့ပါ ''
'' ဘာဖြစ်နေတာလဲ သမီး ''
'' ဦးလေးရေ , ဦးလေးသားကို ကြည့်ပါအုန်း ''
'' စိန်,ဘယ်လိုဖြစ်ရတာလဲ  ''
'' အာားး , ငါ စကားများများပြောလို့မရဘူး ၊ ''
'' သား,ဘာဖြစ်တာလဲ သား ''
'' မောင် , ဘာဖြစ်တာလဲ မောင် ''
'' စိန်,ဘာဖြစ်တာလဲ စိန် ''
'' သား,အပျော်လွန်ပြီး ထခုန်တာ ဖင်ထိုင်လျှက်လဲကျရင်း  , ဖင်ထဲကို ''ငုတ်''ဝင်သွားလို့ , အား , မလုပ်နဲ့ , မလုပ်နဲ့ , သားအခုအချိန်မှာ
ဘာမဆိုဖြစ်သွားနိုင်တယ် ''
'' မောင်မြင့်,လူနာတင်ယာဉ်ကားကော''
'' ဘာမှမဖြစ်တော့ဘူးဆိုပြီး,ပြန်လွှတ်လိုက်ပြီ ဦးလေး ''
'' ဘာ ''
'' အားး , ဖေဖေရယ် ကျယ်ကျယ်မအော်ပါနဲ့ , ကျယ်သွားလိမ့်မယ် ''
'' အဲ့ဒါဆို ,''ဂွင်း''တို့ အခုဘယ်လိုလုပ်ရမလဲ ဦးလေး ''
'' တနည်းတော့ရှိတယ် လူနာတင်ယာဉ်ကားကိုအမှီပြေးလိုက်ဖို့ပဲ ''
'' အမလေး,ကောင်းသေးရဲ့လား ,
ဖင်ထဲငုတ်ဝင်ပါတယ်ဆိုမှ ဝိုင်းထမ်းပိုးတဲ့ လူတွေက
ဖင်ပိတ်ပြီး ထမ်းပြီးပြေးတော့ ,
အမလေး , တတိယ မာရသွန်ပေါ့, '' ဂွင်း''ရယ် ''
                     [ ပြီး ]

  ညမင်းကြယ်တံခွန်

Friday, January 27, 2017

 မသိ,သန်းယောင်

အိမ်မှာဘယ်သူမှမရှိ ၊ အမေကတော့ ဈေးးသွားနေတယ် ၊ အဖေကတော့ ပုံမှန် လက်ဖက်ရည်ဆိုင်မှာနေမှာပေါ့ ။
ကျွန်တော်ဟာ အိပ်ယာမှနိုးထခြင်းမှာပဲ
မြင်ကွင်းတခုကြောင့်
အားအင်တွေကုန်ဆုံးသွားတော့တယ်
ကျွန်တော်တို့ခြံထဲမှာက သရက်ပင်ကြီး တစ်ပင်ရှိတယ် ၊
တဖြည်းဖြည်းနဲ့အပင်သာကြီးလာတာ
 တစ်နှစ်နေလို့  
သရက်သီးတစ်လုံးမသီးဘူး ၊ 
သူသီးချင်တဲ့အခါကျမှ  
လေး ငါး လုံးလောက်သာ သီးသောသရက်ပင်ကြီးဖြစ်သည် ။
ထိုသရက်ပင်ကြီးမှ
ကျလာတဲ့ အရွက် ၊ အခက်တွေကို 
တစ်နေ့ ,တစ်နေ့ 
နေ့တိုင်းလိုလိုလှဲကျင်းရတဲ့အမှိုက် . . . . မပြောင်နိုင်ဘူး ၊
တစ်နေ့,မလှဲကျင်းပဲ  ထားလိုက်ရင်
နောက်တစ်နေ့မနက်မှာ . . . 
ကျွန်တော်တို့အိမ်ကြီးကို အမှိုက်အုပ်ဖုံးလွှမ်းသွားလိမ့်မယ် ။
သို့ကြောင့် ,ကျွန်တော်သည်  အိပ်ယာကနိုးနိုးခြင်းမှာပဲ  အားအင်ကုန်သွားရတော့ပေါ့ ၊
အခုလဲကြည့်လေ , ခြံဝန်းထဲမှာ
 ရွက်နွမ်းအမှိုက်တွေ ဖွေးလို့ ၊ 
ကျွန်တော်လဲ နေ့တိုင်းလှဲနေရတော့
စိတ်ရှုပ်လာပြီး , ဒီတခါတော့ တံမြက်စည်းကိုင်မနေတော့ဘူး ၊ 
ရဲတင်းကိုင်ပြီးသရက်ပင်ကြီးဆီထွက်လာခဲ့သည် ။
သရက်ပင်ကြီးကို  သေသေချာချာကြည့်ပြီး ,
ကျွန်တော်ဟာ  
ကျွန်တော်မှာရှိသမျှ အားအကုန်ဖြင့် လွှဲခုတ်နေပါတော့သည် ။
'' အင့်ကွာ , မှတ်ပြီလား , 
သီးတော့ လေး ငါး လုံးနဲ့ ငါကိုနေ့တိုင်း တံမြက်စည်းလှဲခိုင်းချင်အုန်း ၊ ''
ပါးစပ်ကပြောလဲပြော ၊ လက်ကလဲခုတ် ၊ အားရပါးရကို  အားအကုန်နဲ့ခုတ်လျှက် . . . 
သိပ်မကြာခင်မှာ. . . အသံတခုက ဆိုးဝါးစွာ ထွက်လာလေတော့သည် ၊
'' မခုတ်နဲ့ , မခုတ်နဲ့,
   မခုတ်နဲ့ , မခုတ်နဲ့,
    မခုတ်နဲ့ , မခုတ်နဲ့,''
မခုတ်နဲ့လို့ ပြောသံကြားလို့  ဘေးဝန်းကျင်ကိုလှည့်ကြည့်လိုက်ရာ
ဘယ်သူမှမရှိ ၊ မခုတ်နဲ့လို့
 ပြောနေတဲ့အသံကတော့ '' အဖေ ''အသံ . . . 
ဒါပေမယ့် ., သိပ်တော့မသေချာဘူး ၊
 ဒီသရက်ပင်က နှစ်တွေကြာသွားလို့ စကားပြောတတ်လေပြီဟု  ထင်မိပြီး
ကျွန်တော် ဆက်ခုတ်နေလေ၏ ။
'' အင့်ကွာ , အင့်ကွာ
   အင့်ကွာ , အင့်ကွာ ''
ဒီတခါ အသံက ပိုကြီးလာတယ် ။
'' ဟိတ်ကောင် , မခုတ်နဲ့လို့ ပြောနေတယ်လေ ''
ကျွန်တော် ဒေါသအကြီးအကျယ်ထွက်သွားပြီး
'' ဘယ်သူလဲကွ''  လို့
အော်မေးလိုက်သည် ။ ထိုအခါ . . .
'' မင်းအဖေကွ , မင်းအဖေ ''
ကျွန်တော် စိတ်ဒေါသတွေ ပေါက်ကွဲသွားသည် ၊ 
'' အောင်မာ , အောင်မာ , သရက်ပင်ကလဲ လူစကားထပြောသေးတယ် ၊ လူကိုများ မင်းအဖေတဲ့လား , ငါ့အဖေက  လူကွ ၊
 မင်းလို သရက်ပင်ကြီးကိုလဲ 
 ငါ့အမေက မယူဘူးကွ . , 
ခုတ်တယ်ကွာ ဘာဖြစ်လဲ ''
'' မင်းအဖေအစစ်ကွ , မင်းအဖေအစစ်''
'' အောင်မာ ,သရက်ပင်ကသရက်ပင်စကားပြော
သရက်ပင်ပါးဝလို့ ,မင်းကငါ့အဖေအစစ်ဆိုတော့ , 
ငါ့အမေက  မင်းနဲ့ရပြီး ,ငါ့ကို မွေးတာပေါ့ဟုတ်လား , 
ငါ့ကိုလဲ မင်းအဖေလို့ပြောသေးတယ် ပြီးတော့ 
ငါ့အမေကိုလဲ ပြောသေးတယ် ,ထပ်အားမရလို့ , 
ငါ့အဖေကိုလဲ 
အတုဖေဖေဖြစ်အောင်ပြောသေးတယ် , 
မင်းကိုကျိုးအောင်ခုတ်ပစ်မယ် , 
ကဲ့ကွာ , အင့်ဟာ , ကျိုးစမ်းကွာ ,
  ပြတ်စမ်းကွာ , နှစ်ပိုင်းပြတ်စမ်းကွာ ''
'' မင်းအဖေ,အပေါ်မှာ ရှိတယ်ကွ ''
'' တိတ်စမ်း,မကြားချင်ဘူး ,
လူကိုများ သားတဲ့ , ပြတ်အောင်ကို ခုတ်မှာ ''
'' ဟိတ်ကောင် , မှားမယ်နော်  ,
  မှားမယ်ကွ ''
'' တိတ်စမ်း,မပြောနဲ့ ဘာမှမမှားဘူး 
မကြာခင် ကျိုးတော့မှာ , 
 အင့်ကွာ , ရော့ကွာ
  ရော့ကွာ , အင့်ကွာ
  ပြတ်ပြီ , ကျိုးခါနီးပြီ
    ကျိုးစမ်းကွာ ''
တဖြည်းဖြည်းနဲ့ ပြတ်လာပြီး
နောက်ဆုံးတော့, ကျွန်တော် အားအကုန်လွှဲခုတ်လိုက်လေတော့သည် ။
'' ဂျွတ် '' ဂျွတ် '' ဂျွတ် '' ဖြောင်း '' 
      ဝုန်းးးးးးးးးးးးးးးးးးးးးးး ''
အောင်သွားပြီ ,သရက်ပင်ကြီး တဖြည်းဖြည်းနှင့် မြေပြင်ပေါ်သို့
ကျိုးကျတော့မည် ၊ တဖြည်းဖြည်းနဲ့
မြေပြင်ပေါ်သို့ ကျိုးကျတော့မည့်သရက်ပင်ကြီးကို 
ကျွန်တော် သေသေချာချာ  
အောင်ပွဲခံသော အကြည့်များဖြင့် အားရပါးရကြည့်နေမိ၏ ၊ ထိုအခါ . . .
သရက်ပင်ကြီးကိုကားယားခွလျှက် မျက်နှာမဲ့မဲ့နှင့်ဖြစ်နေသော  သူသည် 
အဖေဖြစ်လေတော့သည် ။
'' အို, , , ဖေဖေ, ''
'' အေး,ငါပြောပါတယ် , မင်းအဖေအစစ်ပါလို့ ၊ ''
'' အဖေ,ခုန်ချလိုက် . , ခုန်ချလိုက် ''
'' မင်းကွာ , ငါ စောစောတည်းက , ပြောပါတယ် , မင်းအမေယောက်ကျာင်္း, မင်းအဖေပါလို့ , ''
'' အဖေက သရက်ပင်ကြီးပေါ် ဘာတတ်လုပ်နေတာလဲ ''
'' ဟာ , ဟိတ်ကောင် , မင်းမသိဘူးလား ,
 ငါ ထမင်းစားရင် သရက်သီးပါမှ
 စားတတ်တယ်လေ ၊ 
မင်းကို ခူးခိုင်းဖို့ကလဲ မင်းကအိပ်နေတော့ , 
ငါဖာသာ အပင်ပေါ်တတ်ခူးရတာပေါ့ကွ ''
'' နေအုန်း,အဖေ  ခဏနေအုန်း , ''
'' ဟိတ်ကောင်, ငါက ဘာလဲ , သရက်ပင်ကြီးကို  ဘရိတ်နင်းပြီးဘက်ပြန်လှည့်ရမှာလားကွ,ငတုံးရ
အပေါ်မှာ မင်းအဖေရှိတယ်ဆိုတာ  ,
အပေါ်ကို မကြည့်ပဲ အောက်ကို ကြည့်တော့ , 
မင်းအဖေ ငါက အခုတော့ကျိုးပြီပေါ့ကွ ''
 '' သားပါ တတ်လာခဲ့ရမလား ,အဖေ ''
'' မင်းကို ငါလေ,မင်းကွာ , တော်တော်တုံးရလား , အခုတောင် တဖြည်းဖြည်းနဲ့အောက်ကိုကျနေတာ
မင်းသာ တတ်လာလို့ကတော့ , 
ပိုဆိုးမှာပေါ့ သားငတုံးရဲ့ ''
'' ခဏနေအုန်း , အဖေ , ခဏ ''
'' ခဏနေလို့မရတော့ဘူး သားရေ ,
အဖေ ကျိုးချင်သေးဘူး ကယ်ပါအုန်း''
'' လာကြပါဦးခင်ဗျာ ၊ ကယ်ကြပါအုန်း
ဒီမှာ ကျွန်တော်အဖေ  
သရက်ပင်ကြီးကို ကားယားခွလို့
အဖေကျိုးတော့မယ် , ကယ်ကြပါအုန်း ''
'' ဟိတ်ကောင် , 
မင်း ဘယ်လိုတွေအော်နေတာတုန်း ,
ငါဖာသာ ကားယားခွတုန်းက မကျိုးဘူး
အခုမင်းခုတ်လိုက်လို့ ကျိုးတာကွ ၊
အားးးးး , သားရေအဖေတော့ သွားပြီ ''
``´´```   ဝုန်းးးးးးးးးးးးးးးးးးးး `´`´`´`´`´
  ကျိုးသွားပြီ , သရက်ပင်ကြီးလဲကျိုးသွားတယ် ၊ 
        အဖေလဲ ကျိုးသွားလေတော့သည် ။

                                    [  ပြီးးးး ]
ညမင်းကြယ်တံခွန်

 ( ပြသာနာကိုဘာမှမလုပ်ရသေးပါဘူး )

ကျွန်တော်စိတ်တွေညစ်သိုးနေတဲ့  တစ်နေ့မှာ  လမ်းမမှာရှိတဲ့ ခဲလုံးကြီးကြီးတစ်လုံးကောက်ကိုင်လိုက်ပြီး  ကျွန်တော်အရှေ့တည့်တည့်က  
 ချူံပုတ်တစ်ခုထဲသို့  အားအကုန်လွှဲပစ်ချလိုက်သည် ။

'' အမလေး သေပါပြီ  . . . သေပါပြီ  ဘယ်မသာ လက်ချက်လဲကွ  ကိုယ်ဖာသာကိုယ် အပေါ့သွားတာတောင်မှ
  ကောင်းကောင်းမသွားရဘူး ခဲလုံးနဲ့အထုခံရသေးတယ် ''

'' ဟာ . . . ဦးချစ် တောင်းပန်ပါတယ်ဗျာ . . ဦးချစ် 
ချူံပုတ်ထဲမှာ ရှိမှန်းမသိလို့ ပစ်လိုက်တာပါ ''

'' ဘာကွ . . . ဒါတမင်သက်သက် မင်းငါ့ကို လုပ်တာ . . . မတော်တဆဆိုရင်  တခြားနေရာတွေမှန်ပါလား အခုဟာက  ငါ့နဖူးတည့်တည့်လာမှန်တာကွ  ဒါမင်း တမင်သက်သက်ငါ့ကို လုပ်တာ  . . .  မင်းကို ရဲစခန်းမှာ အမှု့ဖွင့်မယ် လာ လိုက်ခဲ့ ''

'' ဟာ ဟာ နေပါအုန်း ဦးချစ် , , , ကျွန်တော် . . ''

'' ဘာမှမပြောနဲ့ရဲစခန်းရောက်မှပြော  ဒါပဲ '' 

ဟူး '' ဒီလိုနဲ့ပဲ ဦးချစ်နှင့်အတူ  ရဲစခန်းကို လိုက်သွားလေရာ  တစ်နေရာရောက်တော့  လမ်းဘေးမှာ ခွေးကြီးတစ်ကောင် အမြီးလှုပ်လှုပ်နဲ့အိပ်နေတာကို  တွေ့တော့  စိတ်ထဲဒေါသဖြစ်ကာ  ထိုခွေးကြီးရဲ့ အမြီးကို  ခြေထောက်နဲ့အားရပါးရ တတ်နင်းချပလိုက်တယ်  ၊ ထိုအခါ ခွေးကြီးကလဲ  ဟောင်သံထွက်ကာ  ကိုက်လိုက်ပါတော့သည် ကျွန်တော်ကိုတော့မဟုတ်  
သူ အရှေ့တည့်တည့်က  အန်တီကြွယ် ကို  ထိုးဟပ်ကိုက်ပြီး ထွက်ပြေးသွားလေသည် ၊

'' အမလေး , နင်  နင် နင်  ငါ့ကို ခွေးနဲ့ကိုက်ခိုင်းတယ် ဟုတ်လား  မသာလေး  . . .  ''

'' ဟာ မ ဟုတ်ရပါဘူးဗျာ  ကျွန်တော် . . . ''

'' ဘာမှမပြောနဲ့  ငါ့နင်ကို ရဲစခန်းမှာအမှု့ဖွင့်မယ် . . . အဲ့ဒီကို ရောက်မှပြော  . . . ဒါပဲ ''

ဒီလိုနဲ့ ဦးချစ်နှင့်အန်တီကြွယ်တို့နှင့်အတူ ရဲစခန်းဆီသို့ လိုက်သွားခဲ့လေရာ
သူတို့က  အရှေ့ကလျှောက်လို့  ကျွန်တော်က သူတို့အနောက်မှလိုက်ကာ  စိတ်ထဲဘဝင်မကျတာနဲ့ခြေထောက်ကို ဆောင့်ပြီး လမ်းလျှောက်လိုက်လေ၏  ၊ တံတားတခုအပေါ် ဖြတ်လျှောက်တဲ့အခါမှာတော့  ကျွန်တော်ခြေဆောင့်ချက်ကပဲ ပြင်းထန်သွားလို့လား  ဒါမှမဟုတ် တံတားခင်းထားတဲ့ သစ်သားတုံးကပဲ ဆွေးနေလို့လာမသိ  ကျွန်တော်တံတားအောက် ပြုတ်ကျပါလေရော . . . . . 

'' အမလေး . . . သေပါပြီ . . . သေပါပြီတော် . . . နဂိုထဲကမှ  ရောဂါပြင်းထန်နေလို့  ဆေးခန်းသွားပြတာ  ဒင်းက အပေါ်ကနေ  လာတတ်ဖိတော့  အသက်ပါထွက်တော့မယ်တော် . . . ''

'' ဟာ ဟာ ကျွန်တော်တောင်းပန်းပါတယ် . . . ဒါတမင်လုပ်တာမဟုတ်ပါဘူး  ကျွန်တော်လေ ''

'' တော်တော့ . . .  ဒင်းကို ရဲစခန်းမှာအမှု့ဖွင့်မယ်  အဲ့ရောက်မှပြော . . . အမလေး သေပါပြီ ''

ကဲ . . .အခုတော့  လူသုံးယောက်က အရှေ့ကသွား  ကျွန်တော်က သူတို့အနောက်က လိုက်လို့ ရဲစခန်းကိုလဲရောက်ရော  သူတို့တွေက  စခန်းမှူးဆီ ပြေးဝင်ပြီး သူတို့ခံလာရတဲ့  ကျွန်တော်ရဲ့မတော်တဆအကြောင်းတွေ
ပြောကြကုန်ပါလေရော . . . ကျွန်တော်လဲ အပေါ့သွားချင်တာနဲ့ အိမ်သာဖက်ရှိရာသို့ သွားရင်း  အိမ်သာရဲ့အရှေ့တည့်တည့်  ထိုင်ခုံလေးမှာ  သေနတ်တစ်လက် တွေ့တာနဲ့ ဘယ်သူများမေ့ကျန်ခဲ့တာလဲ ဆိုပြီး  ထိုသေနတ်ကို ယူပြီး  စခန်းမှူးးကိုပေးဖို့  ထိုအခန်းထဲဝင်သွားလေရာ .'. . . .

'' အမလေး . . . ဆရာကြီးရေ  ကယ်ပါအုန်း . . . ဟိုမှာ သေနတ်ကြီးနဲ့လာနေတယ်  ကျွန်တော်တို့ အမှု့ဖွင့်တာကို မကျေနပ်လို့ ပစ်မလို့လားမသိဘူး . . .
''

'' ဟုတ်တယ် . . . ဆရာကြီး  သူကျွန်မကို ခွေးနဲ့ကိုက်ခိုင်းတာ အားမရလို့ အခုသေနတ်နဲ့ပါ  ပစ်တော့မယ် ကယ်ပါအုန်း စခန်းမှူးရယ် '' 

'' ဟာ ဟာ မဟုတ်ပါဘူး . . . ဒီသေနတ်က . . . . ''

'' လက်နက်ချလိုက်ပါ . . .  မင်းကို အပြင်မှာ တို့ရဲတပ်ဖွဲ့တွေ ဝိုင်းထားပြီးပြီ  လက်နက်ချလိုက်ပါ ''

'' ဗျာာာာာာာ်. . အဲ့တော် . ,  ကျွန်တော် ပြသာနာကို ဘာမှမလုပ်ရသေးပါဘူး 
စခန်းမှူးရယ်  ''

ညမင်းကြယ်တံခွန်


        အော် . . . ဥာဏ်ကြီးရှင် , ,

တစ်နေ့ . . . . .
ချစ်သူနှင့်အတူ  တောင်ပေါ်ဘုရားသွားဖူးကြရင်း  လေညင်းလေးတွေကြားထဲက တီတီတာတာချစ်စကားချွေလို့ပေါ့  . . . ဒီလိုနဲ့ တောင်ခြေအောက်သို့ ပြန်ဆင်းခဲ့ချိန်မှာတော့  ချစ်သူဟာ ခြေခေါက်သွားခဲ့လို့
 လမ်းဆက်လျှောက်ဖို့ မသင့်တော်တော့ဘူးလေ . . . ဒါနဲ့ပဲ ချစ်သူကိုကုန်းပိုးလို့ပေါ့  တောင်ခြေအောက်ပြန်ဆင်းလာခဲ့တယ် ၊ ဒီလိုနဲ့ လမ်းတဝက်ရောက်တော့ တ'ဒုတ် 'ဒုတ်'နဲ့အသံမြည်လို့  သတိထားကြည့်မိလိုက်တော့  ချစ်သူရဲ့လက်ထဲမှာ  ဘယ်ကရလာမှန်းမသိတဲ့  '' တုတ် ''ရှည်တစ်ချောင်းနဲ့ ကျွန်တော်ရဲ့ကျောကုန်းပေါ်ကနေပြီဲး့မြေပြင်ကို '' ထောက်ကာ ထောက်ကာ ''တွေ့ရတော့  '' ဘာလုပ်တာလဲ '' ဆိုပြီး  ချစ်သူကိုမေးလိုက်ရာ . . . . . . . 
'' မောင့် , , , ချစ်ကို ကုန်းပိုးထားတဲ့အလေးချိန်ပေါ့အောင်လို့  ချစ်က တုတ်နဲ့မြေပြင်ကို ထောက်ပြီး  အလေးချိန်လျှော့သွားအောင် လုပ်ပေးတာပါ
    '' မောင် ပင်ပန်းနေမှာစိုးလို့ပါ . . . ''

'' အော် . . . ဥာဏ်ကြီးရှင် ''

  ညမင်းကြယ်တံခွန်

 ခေတ်တစ်ထောင်ရဲ့ငိုကြွေးသံ ( ၁ )

ညမင်းကြယ်တံခွန်ရဲ့{ လှောင်အိမ်ထဲ၌ မွေးဖွားခြင်း }

ကျွန်တော်တို့နေထိုင်ရာအရပ်ဟာ တောနှင့်နီးစပ်ကပ်နေလျှက်  ထိုတောထဲ၌ ကျွန်တော်တို့အတွက် အစာအာဟာရဖြစ်သော  သစ်သီး ၊ အရွက် နှင့် ကြည်လင်သော ''ရေ'' ၊ လိုအပ်မှု့မရှိအောင် ထိုတောကြီးက ကျွန်တော်တို့တွေရဲ့ ပဒေသာဖြစ်ခဲ့တယ် ၊ 
ဒါကြောင့်မို့ … … ကျွန်တော်တို့တွေဟာ တစ်ဦးကို တစ်ဦး ဂရုဏာနှင့်  မေတ္တာများ လက်ဆင့်ကမ်းနိုင်ခဲ့တယ် ၊ 
ကျွန်တော်တို့တွေဆီမှာ  ပူလောင်ခြင်းမရှိသလို ၊ ဆာလောင်နေခြင်းလဲမရှိခဲ့ပါ ၊ ထိုတောကြီးကကျွန်တော်တို့အတွက် သီးသန့်နိဗ္မာန်ဘုံလေးပါ ၊ 
ဒါပေမယ့် … … ကျွန်တော်အားလုံးရဲ့နိဗ္မာန်ဟာ
ထိုတောကြီးရဲ့အစာပေါကြွယ်မှု့
ကြောင့်ဖြစ်သလို . . . ထိုနိဗ္မာန်ဘုံလေးကို ပြန်ဖျက်စီးပစ်မယ့်အရာကလဲ ထိုတောကြီးဖြစ်ခဲ့လေပြန်တယ် ၊ 
( မေမေ သားကိုကယ်ပါ )
တောထဲမှာ တောကောင်တွေရှိနေတယ် ၊ 
သူတို့က လူသားမဆန်ဘူး ၊ 
သူတို့က ဘယ်သူ့တွေရဲ့ သွေးအသားကို စားသောက်ရမလဲ . . . . ဘယ်သူတွေဟာ  သူတို့တွေရဲ့အစာဝမ်းဖြစ်မလဲ . . . 
ဘယ်သူ့ကို . . . ဘယ်လိုအသုံးချပြီး  အစာရှာဖမ်းစားရမလဲ , ဒီအသိတရားတွေနဲ့ပဲ   သူ့တို့ရင်မှာ  သူတို့အုပ်စုကလွဲပြီး  ကျွန်တော်တို့အုပ်စုကို တစစီချွေဖျက်ပြီး  စားသောက်ကြတော့မည် ၊ 
ကျွန်တော်တို့တွေအတွက်ကမ္ဘာ့မြေပြင်မျက်နှာက  ညိုမွဲလွန်းတယ် ၊ နောက်ပြီး ကျဉ်းလှတယ် ၊ 
ဒီအရပ် ဒီနေရပ်ကလွဲပြီး  တခြားအရပ်ပြန်ပြောင်းရွေ့နေထိုင်ဖို့
မြေနေရာမရှိသလို ၊ လေတွေလဲမရှိဘူး ၊ တခြားအရပ်၌  ရှင်သန်ဖို့ခက်ခဲခဲ့လေ၏ ၊ 
သို့တဖန် … … ကျွန်တော်တို့ရဲ့  လက်ရှိဗိမာန်လေးဟာလဲ  မကြာမီ တောရိုင်းယုတ်သတ္တဝါတွေရဲ့
စားသောက်မှု့ဖြစ်တော့မည် ၊ 
ကျွန်တော်တို့ရဲ့ ဒီဘေးဒုက္ခက  ကယ်တင်မယ့်ကယ်တင်ရှင်ဆိုတာ  ကျွန်တော်တို့တွေပဲဖြစ်ခဲ့တယ် ၊ 
ကျွန်တော်တို့အုပ်စုတွေထဲက 
တည တစ်ယောက်ဆိုသလို  
ထိုတောရိုင်းယုတ်သတ္တဝါတွေရဲ့
ပဒေသာဖြစ်လေ၏ ၊ မည်သို့မျှ  အချိန်ကြာလင့်ထိတိုင်အောင်  
ကျွန်တော်တို့တွေဟာ အင်အားပိုမို ကြီးထွားလာသော 
ထိုတောရိုင်းယုတ်သတ္တဝါတွေကို 
မတွန်းလှန်နိုင်ခဲ့ပါ ၊ 
ဒီလိုနဲ့  တည  တစ်ယောက်ဆိုသလို
အလှည့်ကျ ,  လူသားတွေဟာ ထိုတောကြီး၌ သွားရောက်၍  အစားခံသော  အစာအိမ် ဖြစ်နေရသည် ၊ ကျွန်တော်ရဲ့မေမေ ပြီးတော့  ကျွန်တော်ရဲ့ဖေဖေ  , ထုံးစံတခုအတိုင်းပင်  , အလှည့်ကျခဲ့လေရာ  အခုတော့  
ကျွန်တော်အနားမှာ  သူတို့တွေ မရှိတော့ဘူး , နောက်ဆုံး , အလှည့်ကျလေသူကတော့ 
 (ကျွန်တော် )ဖြစ်သည် ၊ 
မီးတုတ်ငယ်လေးနှင့်
ထိုတောကြီးထဲသို့  ဝင်ခဲ့လေပြီး . . .  တောရိုင်းယုတ်သတ္တဝါတွေကတော့  ကျွန်တော်အရှေ့၌  စားသောက်ဟန်ပြုနေလေ၏ ၊ သို့ပေမယ့် . . . ကျွန်တော်လက်ထဲက မီးတုတ်လေးရဲ့ရောင်ရှိန်ဝါ
ဝင်းနေသမျှ  သူတို့
ကျွန်တော်အနား မရောက်လာနိုင်ပါ ၊ 
မီးတုတ်ငယ်လေး မငြိမ်းသက်သ၍  ကျွန်တော်အသက်ရှင်နေနိုင်သေးသည် ၊ 
ဒီမီးတုတ်ငယ်လေးကလဲ  ကျွန်တော်အသက်ကို ထာဝရမကာကွယ်နိုင်ဘူး ၊ တခဏလေးပါပဲ ၊ ထိုအချိန်အခါ၌  နောက်ဆုံး အတွေးမျိုးကို ကျွန်တော်တွေးနေမိတော့၏ ။
(  သြော် , ငါ ဒီလောကထဲမှာ  လူဖြစ်လာတာဟာ
အချူ ပ်အချယ်ခံ  ၊  အနင်းခံဖို့ ၊ အသုံးချ ခံဖို့ကို ငါ့မေမေက  မွေးပေးထားတာတော့ မဟုတ်နိုင်ဘူး၊
 ဒီလောကကြီးကလဲ 
 ဒီအတွက်ဖြစ်တည်ပေးနေတာ
မဖြစ်နိုင်ဘူး ၊
ငါ့ဖေဖေကလဲ  ငါကို ကြီးပြင်းလာတဲ့ထိ ရှာဖွေကျွေးးမွေးလာတာဟာ
အခုလို , တောရိုင်းယုတ်သတ္တဝါတွေရဲ့  အစာအိမ်ဝမ်း  ပိုဝဖြိုးဖို့အတွက် 
ဖြစ်နေရော့မလား ၊
လိုရာနေ   စေရာသွား ၊ အရာအားလုံးကိုကြိုးချည်ထားသော  ကြိုးတွေထဲကနေ လွတ်မြောက်အောင်  ပျံစွမ်းရဲရမယ် ၊
ငါဟာ ဘယ်သူ့ကိုမျှ  ရန်မမူတတ်ပေမယ့် , 
ငါ့ကို အခုသူတို့စားသောက်ကြတော့မည်, ငါတို့တွေအားလုံးဟာ
လူစပြီးဖြစ်တည်းက  ဤနေရာ၌ ဖြစ်တည်ပြီး  ဤတောကြီးထဲ၌  တချိန်က  ငါတို့အတူပျော်ပါးခဲ့ဖူးတယ်
တချိန်က ဤတောကြီးဟာ  ငါတို့အတွက် နိဗ္မာန်ဘုံဖြစ်သလို  အခုတော့ 
ဤတောကြီးကိုအမှီပြု ပြီး ငါတို့တွေအားလုံးရဲ့အသက်ကို
ရန်မူမယ့် သေမင်းတမန်တော်တွေ များပြားစွာရှိလို့နေပြီ ,  
ဒီဘေးဒုက္ခတွေကြားထဲမှာပဲ , 
ရှင်သန်ခြင်းဆိုတဲ့ 
နှောင်မျိုးဆက်တွေ ရှိဦးမည် ၊
 ပြီးရင်တခါ . . . 
တစ်နေ့ ညမှာ  ငါ့အခုရပ်နေတဲ့နေရာ၌ သူတို့လေးတွေ ရပ်နေရပေမည် ၊
 { လှောင်အိမ်ထဲက  ရှင်သန်ခြင်းတွေပဲ } 
ဒါပေမယ့် . . . ငါတို့တွေရဲ့လှောင်အိမ်ကတော့   ကမ္ဘာ့အဆိုးဆုံး လှောင်အိမ်ဖြစ်သည် ၊ 
ဘာလို့ဆို … …
တောရိုင်းယုတ်သတ္တဝါတွေရှိတဲ့  လှောင်အိမ်ဖြစ်နေလို့ပဲ ၊  )  
ကျွန်တော်ရဲ့အတွေးပြီးဆုံးခြင်းနှင့်အတူ , 
ကျွန်တော်လက်ထဲမှာ ကိုင်ထားသည့်  မီးတုတ်ငယ်လေးကလဲ  တဖြည်းဖြည်းနှင့် ငြိမ်းသက်သွားခဲ့လေတော့သည် ။

          [ ပြီး ]

  ခေတ်တစ်ထောင်ရဲ့ငိုကြွေးသံ ( ၂ )

ညမင်းကြယ်တံခွန်ရဲ့ { ရှင်သန်ခြင်းနှင့်အသုံးချခံ }

  ကျေးးလက်ရွာလေး တရွာ၌  
စိုက်ပျိုးရေးနှင့် ဝမ်းစာမှန်အောင် 
လုပ်ကိုင်စားသော လူအစုအုပ်တသိုက်ရပ်တည်
နေထိုင်လေသည် ၊ သို့ဖြစ်၍ . . . ကာလတွေရွေ့လျားရင်းနဲ့  အဲ့ဒီကျေးးလက်ရွာလေးရဲ့ 
စိုက်ပျိုးရေးတွေဟာ   ပိုမိုကောင်းမွန်လာသည်နှင့်အမျှ   
တမျိုးချဲ့ထွင်ကာ  တဖန်မွေးမြူ ရေးကို  ပိုမိုတိုးချဲ့လေခဲ့သည် ၊ 
ထိုအခါ , မွေးမြူ ရေး
 ခြံအကျယ်ကြီးတည်ဆောက်လို့ , အမြတ်အစွန်းများတဲ့ သတ္တဝါများစွာကို
 သူတို့အကျိုးအမြတ်အတွက်အသုံးချလို့  
မွေးမြူ ခဲ့တယ် ၊ တစ်နေ့ထက်  တစ်နှစ် ပိုမိုပေါကြွယ်ဝလာသော သူတို့တွေရဲ့လက်ထဲ၌ 
  ရွှေ ၊ ငွေ  အပြည့်နှင့်   သက်ရှိသတ္တဝါတွေရဲ့သွေးစက်၊
ချွေးစက်များမှသာ   ဖြစ်ချေတော့၏ ၊  
ထိုမှတပါး တစ်နေ့၌ , 
သက်ရှိသတ္တဝါတစ်ကောင်ဟာ
ငါတို့တွေ တစ်နေ့ပြီး  တစ်နေ့  ,  ကြီးထွားသည့်နှင့်အမျှ  ငါတို့ဟာ  သူတို့အတွက်  အသုံးချခံမှု့တွေ ဖြစ်လာလေပါလား ၊  
သူတို့တွေဟာ  ငါတို့တွေရဲ့ ရှင်သန်မှု့ကို    
သူတို့အတွက်အကျိုးအမြတ်ထုတ်ယူပြီး  
ငါတို့ကို  ဟန်ဆောင် ချစ်ပြ ၊ ဂရုစိုက်ပြ ၊ 
ဒီအရာတွေရဲ့ နောက်ကွယ်မှာ 
ငါတို့ရဲ့ချွေးစက် ၊ ငါတို့ရဲ့သွေးစက်တွေ ပြန်ပေးဆပ်ရတော့မည်ပါတကား ၊
ဤသို့ ဤသို့ တွေးဆချီနေလျှက်ရှိသော်  ထိုသတ္တဝါတစ်ကောင်အတွက်တော့
ညထက်ကို  ပိုမှောင်သော  မနက်ခင်းတခု  သူ့ဆီရောက်လာပါတော့သည် ၊ 
ထိုခြံကြီးထဲသို့   လူနှစ်ယောက်ဝင်လာပြီး   ထိုသတ္တဝါကို ဖမ်းချူ ပ်ခေါ်သွားလေတော့သည် ၊ ထိုခြံပိုင်ရှင် လက်ထဲမှာတော့ 
 ငွေအမြှောက်အများ ရောက်ရှိနေလို့ပေါ့ ၊ ထိုသတ္တဝါအတွက်ကတော့   ကံကောင်းခြင်းတွေမရှိနိုင်တော့ဘူး ၊
ထိုသတ္တဝါနှင့်အတူနေ  ၊ 
အတူအစာတွေစားဖော် ၊
 နောက်သူရဲ့ သားသမီးများစွာက
ဖမ်းချူ ပ်ခေါ်ဆောင်သွားသော
သူ့ကို ကြည့်၍ 
 ထိုခြံကြီးထဲ၌  ဆူလောင်စွာ  အော်ဟစ်ခေါ်ငင်နေသော်လဲ , 
သူကတော့   သူတို့ဆီ ဘယ်တော့မှ ပြန်မလာနိုင်တော့ပါဘူး ၊ 
ဒီလိုနှင့်တစ်နေ့ပြီး   တစ်နေ့ ခြံကြီးထဲက  
သတ္တဝါတွေ ကြီးထွားလာသည့်နှင့်အမျှ   
သူတို့ဟာ  တစ်ဦးကိုတစ်ဦးခွဲခွာရင်း
ထိုခြံကြီးပိုင်ရှင်အတွက်  
အကျိုးအမြတ်များစွာကို သူတို့ရဲ့ရှင်သန်မှု့ဖြင့်  ပေးဆပ်လေတော့သည် ၊ 
ဒီလိုအဖြစ်မျိုးကို ရှောင်တိမ်းဖို့ 
 ကြိုးစားစွမ်း၍  ထိုခြံဝန်းကြီးထဲ၌   ခုန်ထွက်လေသော  သတ္တဝါသည်  
အားကုန် အားခမ်း  ထွက်ပြေးလေရာ
လွတ်မြောက်ပြီဟု   သူ့စိတ်ထဲတွင်  
ထင်နေသော်လဲ   ရုတ်တရက်   
လှံတံဟာ  သူ့၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားလေတော့သည် ၊
 ထိုအခါ  ခြံပိုင်ရှင်က  ထိုသတ္တဝါသေကို  တရွတ်တိုက်ဆွဲခေါ်ပြီး  အိမ်နောက်ဖေးသို့  ဝင်သွားလေတော့သည် ၊
 ထိုမြင်ကွင်းကို  ကြည့်ရှု့၍  
သနားစဖွယ်အကြည့်နှင့်  အားငယ်နေသော် သတ္တဝါများအားလုံးဟာ  မြေပြင်ထက်မှာ  ခေါင်းလေးတင်ပြီး 
မနက်ဖြန်ကို သွားဖို့
မှေးအိပ်ရင်း  မျက်ရည်များက  မြေကြောပေါင်းများစွာကို 
 ထိုးဝင်စီးလေတော့သည် ၊  မနက်ရောက်လေသော်အခါ  ,  
သူတို့ထဲက  တစ်ယောက်လျှော့သွားပြန်တယ် ၊
ဒီအဖြစ်ကို
ထိုခြံကြီးရဲ့ဘေးတဖက်က   
ရေစပ် ချူံပုတ်ထဲမှာနေတဲ့ နှစ်ရာထောင်ချီ အသက်ရှည်သော လိပ်အိုကြီးက 
ဝေခွဲဆုံးဖြတ်လိုက်လေသည် ၊
ညရောက်သော်အခါ  ထိုခြံဝန်းထဲသို့
လိပ်အိုဟာ  ဝင်ရောက်၍  ထိုခြံကြီးထဲက
သတ္တဝါများအားလုံးတွေကို နည်းညွှန်ပြောလေတော့၏ ၊
(  ငါတို့တွေရဲ့ ရှင်သန်မှု့က   
တပါးသူအတွက် အသုံးချ ခံဖြစ်နေရင်
ငါတို့တွေရဲ့ရှင်သန်ခြင်းဟာ  ငါတို့ဘဝအတွက်သေဆုံးခြင်းပဲ ၊ ငါတို့တွေရဲ့ရှင်သန်ခြင်းဟာ  ငါတို့ဘဝရဲ့ရှင်သန်ခြင်းပဲ ၊ 
အယောင်ဆောင် ချစ်ဟန်ပြုတဲ့
လူတွေရဲ့အသုံးအလိုခံ ဘဝထဲကနေ 
ငါတို့တွေ လွတ်မြောက်အောင် ကြိုးစားရမယ် ၊ ရှင်သန်ခြင်းနှင့်အသုံးချ ခံကို  
ငါတို့တွေ ခွဲခြားနိုင်ရမယ် ၊
 ငါတို့တွေဟာ  ဘယ်သူတွေရဲ့
အသုံးချ ခံဖြစ်နေလဲဆိုတာ  
ငါတို့ကိုယ်တိုင်သိအောင် ကြိုးစားရမယ် ၊ 
ပြီးရင် ထိုအရာလက်ထဲကနေ ရုန်းထွက်နိုင်ရမယ် ၊ 
စုစည်းနေရင် လေမတိုးနိုင်ဘူး ၊
မနက်ဖြန်မှာ , အသုံးချ ခံတစ်ယောက်
ဒီခြံဝန်းကြီးက ထွက်ခွာရအုန်းမည် ၊
ဒါကိုဆန့်ကျင်စွာ  ပြောင်းလဲနိုင်ရမယ်
မင်းတို့တွေအားလုံး  မှတ်ထားရမှာက
{ရှင်သန်ခြင်း နှင့်  အသုံးချ ခံမှု့}ကို
ကောင်းစွာ  ခွဲခြားမြင်နိုင်ပါစေ ၊
ရှင်သန်ခြင်းဆိုတာ  လွတ်လပ်ရမယ်
အသုံးချ ခံဆိုတာက  လိုရင်သာ 
 မင်းတို့ကို ခေါ်ထားမှာ , 
မလိုတော့ရင် မင်းတို့ကို  ပြန်စွန့်ပစ်မှာပဲ ၊ 
အသုံးချ ခံရတဲ့ အပေါ်မှာ  
ဘာတခုမှမင်းတို့အတွက် ဖြစ်မလာနိုင်ဘူး ၊ သူ့အတွက်ချည်းသာ ၊ 
မနက်ဖြန်မှာ  ငါတို့တွေရဲ့ စုစည်းမှု့ကို  ထိုလူသားတွေ  သိမြင်လာအောင်  ပြစွမ်းဖို့  ရင်၌စွမ်းရည်သတ္တိထားရှိရမည် )
လိပ်အိုဟာ  ထိုခြံဝန်းကြီးထဲက  သက်ရှိသတ္တဝါများကို  နည်းညွှန်ပြပြီးသကာလ, တဖြည်းဖြည်းနှင့် မနက်နီဦး စထွက်လာလေတော့သည် ၊
 ထိုအခါ ခြံဝန်းကြီးထဲကို 
 လူနှစ်ယောက်ဝင်လာ၍  
သတ္တဝါတွေကို  ဖမ်းလေရာ , 
ရှင်သန်ခြင်းနှင့်အသုံးချ ခံကို
ခွဲခြားသိမြင်လေသော  
သတ္တဝါအပေါင်းတို့သည် ,
မည်သို့  မည်သို့  ပြုမူကြတော့မည်နည်း ။

           [ ပြီး ]

ခေတ်တစ်ထောင်ရဲ့ငိုကျွေးသံ ( ၃ )

ညမင်းကြယ်တံခွန်ရဲ့ { ကျွန် နှင့် အလုပ်သမား }

ကျွန်ပိုင်ရှင်တွေရဲ့ ခေတ်တခေတ်၌
မာဒမ်း ဆိုတဲ့  ကျွန်သားတစ်ယောက်ဟာ
မိခင်ဖြစ်သူရဲ့ ရောဂါဘေးဒုက္ခကို  
ကာကွယ်ကာ  ပြုစုစောင့်ရှောက်ရင်း
သူတို့တွေရဲ့ချို့ တဲ့မှု့ကိုပဲ အပြစ်တင်မလားး ၊
ဒီလောကကြီးမှာ 
မွေးဖွားလာကိုပဲအပြစ်တင်မလားး ၊
ဒါမှမဟုတ်. . . ငွေကြေးလိုသလောက်ပေးပြီး  
လူကို ကျွန်အဖြစ်ခိုင်းစေသော  
ကျွန်ပိုင်ရှင်ကြီး '' ဂန္ဒ''ကိုပဲ  ကျေးဇူးတင်ရကောင်းမလား ၊ 
(မသိနက်တဲ့  လောကကြီးပါ )
တစ်နေ့တော့ . . . ကျွန်လေးမာဒင်းရဲ့
မိခင်ဟာ ဆုံးပါးသွားခဲ့တယ် ၊
 ကျွန်ပိုင်ကြီး''ဂန္ဒ''ဟာ  
သူ့ငွေတွေ ပြန်မဆပ်နိုင်လို့ ကျွန်လေးမာဒင်းကို  ဖမ်းဆွဲခေါ်ဆောင်ရာကျွန်လေးမာဒင်းရဲ့မိခင်က ဝင်တားနေရင်းနဲ့ အသက်ပါဆုံးခဲ့ရတယ် ၊ 
ဒါကို ကျွန်လေးမာဒင်းအဖို့တော့  
ရင်မှာတအားဝမ်းနည်းပြီး , 
ခံစားနေရသော်လည်း  မည်သို့မျှ  
ဒီကျွန်ပိုင်ရှင်ကြီးရဲ့  စကားအောက်၌
မရုန်းထွက်နိုင်ခဲ့ပါ 
( အဘယ်ကြောင့် ဆိုသော မတရားရိုက်နှက်ပြီး  အလုပ်ကို ခိုင်းစေက တစ်ကြောင်း ၊
သူ့စကားကို ကျွန်သားအားလုံးနားထောင်ရမည်ဟု
တချက်ချ   အမိန့်ဒဏ်  စေပါးဖွင့်သော်ကြောင့်တည်း )
လျှောက်စရာ မြေပြင်ရှိသလို ၊ လှဲအိပ်ဖို့  မြေကြီးရှိပါလျှက်နှင့်  ကျွန်လေးမာဒင်းဟာ  မအိပ်ရခဲ့ပါ ၊ လှမ်းချင်တိုင်း  မလှမ်းရခဲ့ပါ ၊ ကျွန်လေးမာဒမ်းဟာ ပင်ပန်းဆင်းရဲမှု့ဖြင့်    ခန္ဓာကိုယ် အားအင်ကုန်ခမ်းလာလျှက်  ဖြစ်ရပ်အတွေးတချို့ ကို  ငေးကြည့်ရင်း  တွေးလေတော့သည် ၊
( ကျွန်ရဲ့အပေါ်မှာ ခိုင်းစေမှု့ သခင်ရှိတာကြောင့်တည်း )
[ လူဆိုတာ   ကိုယ့်နှာခေါင်းကို  
ဘယ်အပေါက်နဲ့ပဲရှူ ရှူ    , 
လေဆိုတာရှိနေမှာပါ ၊
လူဆိုတာ 
 ဘယ်ခြေထောက်နှင့်ပဲလျှောက်လျှောက် ၊ 
ဇောက်ထိုးပဲ လျှောက်လျှောက်  ၊
 တစ်ချောင်းထဲပဲ လျှောက်လျှောက်  
ဒီမြေပြင်က ရှိလျှက်ပါပဲ  ၊ 
လူဆိုတာ  ကောင်းကင်ကို  
ညာဖက်မျက်လုံးနဲ့ပဲ   ကြည့်ကြည့် ၊
ဘယ်ဖက်မျက်လုံးနဲ့ပဲ ကြည့်ကြည့် ၊
နှစ်ဖက်စလုံးနဲ့ပဲ ကြည့်ကြည့် ၊
ကောင်းကင်က  မြင့်လျှက်တည်လျှက်ပါ ၊ 
ဒါပေမယ့် . . . ကျွန်ဖြစ်သွားရင်တော့
လူဆိုတာ   ခြေထောက်မရှိတော့ဘူး
မျက်လုံးမရှိတော့ဘူး ၊
နှာခေါင်းမရှိတော့ဘူးး ၊
ကျွန်ပိုင်ရှင်တွေရဲ့ မျက်လုံး ၊
ကျွန်ပိုင်ရှင်တွေရဲ့ ခြေထောက် ၊
ကျွန်ပိုင်ရှင်တွေရဲ့ နှာခေါင်း ၊
ကျွန်ပိုင်ရှင်တွေ ညွှန်ပြတဲ့ မြေပြင်ထက်မှာ  ကိုယ့်ခြေထောက်နဲ့ ကိုယ်လျှောက်လှမ်းပြီး   ကိုယ့်ခွန်အားကို  ကျွန်ပိုင်ရှင်အတွက်
အားပြု ရတတ်တယ် ၊
 ပြီးတော့  ကိုယ်လဲ  အားချိနဲ့ပြီး  အလုပ်မလုပ်နိုင်တော့ရင်   
အမှိုက်သဖွယ် မြေစာတခုထက်   ကိုယ်ကတန်ဖိုးမရှိတော့ဘူး ၊
အလုပ်သမားလဲ  အလုပ်လုပ်ရတာပဲ
ကျွန်လဲ အလုပ်လုပ်ရတာပဲ
ဒါပေမယ့် . . . မတူညီဘူး ,
အလုပ်သမားတွေရဲ့အပေါ်မှာ  အောင်မြင်ခြင်းတွေကလွဲပြီး  ဘယ်သူမှမရှိဘူး ၊
ကျွန်တွေရဲ့အပေါ်မှာတော့   
သခင်ရဲ့ခိုင်းစေမှု့ဒဏ်နဲ့သေဆုံးခြင်းပဲရှိတယ် ၊ 
အလုပ်တော့  လူတိုင်းလုပ်ကြရတာပဲ
ဒါပေမယ့် . . . . အလုပ်သမားနှင့်တူညီတာပဲ ကောင်းတယ် ၊
ကျွန်နှင့်တူညီနေရင်တော့   ''နေ''ရှိလျှက်နဲ့   အမှောင်ခံပြီး
တွင်းနက်ထဲမှာ  နေသလိုဖြစ်နေမယ် ၊ ] 
တသက်ပြင်းတချို့ က    ကျွန်လေးမာဒမ်းရဲ့
အတွေးစလေးတွေကို  ရပ်တန့်စေခဲ့ပြီး ,  နောက်ဆုံးတော့
ပင်ပန်းနွမ်းလျနေသော  ကျွန်လေးမာဒင်းကို
သေမင်းက  သနားသောအားဖြင့်
သူ့အသက်ကို  ခေါ်ဆောင်သွားလေတော့သည် ။ 

      [  ပြီး ]

 ခေတ်တစ်ထောင်ရဲ့ငိုကျွေးသံ ( ၄ )

ညမင်းကြယ်တံခွန်ရဲ
( မီးတိုင်စင်တွေကြားထဲက ပိုးစုန်းကြူး )

သာယာဖြူးဖြန့်သော ရေကန်ကြီးရဲ့
အနီးနားသို့  လူရွယ်လေးတစ်ယောက်  ရောက်ရှိလာပြီး  မှိုင်မှုန်သော 
မျက်နှာမျိုးဖြင့်  ကောင်းကင်ကြီးကို
မော့ကြည့်ရင်း  တိုးညင်စွာ 
 ညည်းရှာလေတော့သည် ၊
(  တဘဝလုံးထိတော့ ငါကိုယ်ငါ
မပေးဆပ်နိုင်ဘူး ၊ မိုးလင်းရင်   ငါအမြဲတမ်းကြည့်နေတဲ့ ''မှန်''တချပ်က
 အခုထိတော့ ဘာမှမပြောင်းလဲသေးဘူး ၊  
ဒါပေမယ့် . . . ငါသာလျှင်  ပြောင်းလဲသည်ကို 
မေ့၍ ငါ နေ့စဉ်မျှ ကြည့်နေသော ''မှန်''ကို  အပြစ်မြင်တတ်၍  နောက်ထပ် ''မှန်''တချပ်ကို ရှာလေခဲ့သည် ၊ သို့သော်  ဘယ်''မှန်''တွေကို   ဘယ်လိုကြည့်ကြည့်  ကိုယ်ကကိုယ်ပဲဆိုတာကို  ငါတချိန်တုန်းက မသိခဲ့၍  ငါမှားလေခဲ့တယ် ၊ ) 
ဆိုပြီးလူရွယ်တစ်ယောက် အောင်မြင်ခြင်းကို  
တမ်းတကာငိုရှို က်လေတော့သည် ၊
ထိုအခါ . . . ရေကန်ကြီးက လူရွယ်လေးကို  မော့ကြည့်ရင်းး
( အို. . . လူရွယ်လေး ,  
စောစောက  သင်ပြောသည့် 
စကားထဲမှာ  သင်ရဲ့အောင်မြင်ခြင်း
ပါရှိနေပါလျှက်နှင့်  သင်ဘာကြောင့် အောင်မြင်ခြင်းကို  တမ်းတနေပါလိမ့် , သင်ပြောသည့် စကားထဲမှာ ''မှန်''တချပ်ဆိုတာ ပါခဲ့သည် ၊ အောင်မြင်ခြင်းဆိုတာကလဲ  ထို''မှန်''တချပ်ပမာ  ဘယ်လိုအောင်မြင်မှု့မျိုးမဆို  ကြည့်တဲ့သူသာ မြင်စေ၍  ၊
 လျှောက်တဲ့သူသာ  ရောက်နိုင်ပါ၏ ၊
ဘုရားသခင်က  သင့်ကို 
 လမ်းဖောက်မပေးနိုင်သလို ၊ တခြားလူတစ်ယောက်က  သင့်ကိုဆွဲခေါ်တင်ပေးနိုင်မည်မဟုတ်
ဘယ်''မှန်''တချပ်က  ဘယ်လိုကြည်လင်ပြီး  ဘယ်လိုပင်တောက်ပြောင်နေပါစေ 
သင်ရဲ့မျက်နှာပေါ်မှာ ညစ်ညမ်းနေရင်
''မှန်''ပုံရိပ်က ညစ်ညမ်းမှာပဲ ၊ 
သင့်မျက်ဝန်းမှာ မျက်ချေးရှိရင်  
ဘယ်လို''မှန်''မျိုး  ဘယ်လောက်ပဲ ကြည်လင်တောက်ပနေပါစေ 
''မှန်''ကတော့ သင်ရဲ့ဟန်ကို 
မူမပျက် ထင်ဟပ်စေပါ၏ ၊ 
အောင်မြင်မှု့ဆိုသည့်အရာသည်  
သင့်ကို  ဒီလမ်းမှ ၊ ဟိုလမ်းသွားမှရောက်မည်ဟု  
ပညာရှင်ပေါင်းများစွာက  
သင့်ကိုပြောကြားခဲ့သလော ၊
တခြားအလုပ်လုပ်မှ အောင်မြင်ခြင်း
ရနိုင်မည် မဟုတ်ပါ . . .  သင်နေ့စဉ်လုပ်သော  အလုပ်မှာအောင်မြင်ခြင်းတွေရှိပါတယ် ၊  ''မှန်''ပမာပါပဲ ၊ သင်စိတ်ကြိုက်''မှန်''ဖြစ်ချင်ရင်   သင်ရဲ့ကြိုးစားမှု့ ၊ လုံလစိုက်မှု့ ၊ ဇွဲမလျှော့မှု့ဖြင့်  သင်ကြိုးစားမည်ဆိုရင်  
သင်တစ်နေ့ ''မှန်''ကြည့်တဲ့အခါ
ဘဝမှာ အပျော်ဆုံးလူသားဖြစ်ပေလိမ့်မည် ၊ )
ဟု  ရေကန်ကြီးက  ပြောကြားပြီး
ခွပ်ယိုင်ကာ ရေလုံးကြွ၍  ငြိမ်သက်လေခဲ့သည် ၊
ထိုအခါ လူရွယ်လေးက  ခွန်အားသစ်များရရှိခဲ့၍   အလျှင်ပင်ထိုရေကန်ကြီးကို  နူတ်ဆက်ပြီးး
ပြန်ခဲ့လေသည် ၊ အပြန်လမ်း၌  မြေပြင်ကြီးက 
( သင် ကြည့်လော့ ၊ 
မိုးမြင့်ထက်က ကောင်းကင်ကြီးက  ဘယ်လိုပင်ကျယ်ကျယ်  
သူ့အောက်က မြေကြီးဖြစ်တဲ့ ငါကလဲ
သူ့လိုပဲ ကျယ်ပြန့်ကျယ်ဝန်းလျှက်ပါ ၊
အမြင့် , အနိမ့်ဆိုတာကို
လူတွေက ခွဲခြားကာ ကြည့်ရှုတတ်သော်လဲ
အရည်အချင်းဆိုတာကိုတော့
သူတို့တွေ   မမြင်နိုင်ဘူး ၊ 
လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ
မီးပုံထဲရောက်တဲ့  ''ရွှေ''လိုပဲ . . ,
လောင်ကျွမ်းစေတဲ့  မီးအဟုန် ဒုက္ခသာ  ငြိမ်းသွားမယ် . . ,
အရည်အချင်းရှိတဲ့လူနှင့်   ''ရွှေ ''
ကတော့   မူလပုံမပျက်ပဲ   
တရွေ့တလီနှင့်အောင်ခြင်းကိုဆက်နေလျှက်ပဲ)ဟု
မြေဝန်းပြင်ကြီးက  ရီမောရင်း  ပြောကြားပြီး  ငြိမ်ဆိတ်သွားလေတော့သည် ၊
(  မီးတိုင်စင်တွေရဲ့  အလင်းတွေ  
ဘယ်လိုဖြာဖြာ  ,  
သူ့တို့ရဲ့အလင်းက တခဏပါ  , 
ပိုးစုန်းကြူးဖြစ်တဲ့ ငါက  
မီးတိုင်စင်တွေရဲ့ အလင်းဖြာမှု့အောက်မှာ
မျှင်စစအလင်း ဖြစ်စေအုန်းတော့ ,
ငါကကိုယ်ပိုင်အလင်းဖြစ်သည် ၊
မီးတိုင်စင်တွေရဲ့အလင်းက  ပေးစွမ်းသူရှိလို့ တခဏတာ လင်းထိန်နေတာပါ ၊ 
ငါကကိုယ်ပိုင်အလင်းရှင်ဖြစ်သည် ၊ 
တနေ့ တချိန်မှာ  ရှည်လျားမှု့ဖြင့်
ကြည့်မယ်ဆိုရင် ထိုမီးတိုင်စင်သည်
ငါရဲ့အလင်းကိုမှီ၍  
အမှောင်တွေပျောက်သွားရမည် ) 
အိမ်အပြန်လမ်းမှာ ထိုလူရွယ်သည် 
အတွေးများစွာ  တွေးလေ၍  
မနက်သစ်ကိုသွေးသစ်လောင်းခဲ့လေတော့သည် ။

        [ ပြီး ]

 ခေတ်တစ်ထောင်ရဲ့ငိုကျွေးသံ ( ၅ )

ညမင်းကြယ်တံခွန်ရဲ့ 
(ရေစွတ်ထမင်းခြောက် တစ်မနက် )

တောအုပ် တောင်တန်းလေးတွေရဲ့
အနောက်ရပ်တနေရာ၌ 
ရွာငယ်လေး တရွာမှာ 
ဖခင်အိုနှင့်သမီးပျို တို့ဟာ 
နေထိုင်လာကြလျှက် . . . 
ဖခင်အိုဟာ  သမီးဖြစ်သူကို  
ပင်ပင်ပန်းအလုပ်ဟူသမျှမခိုင်းရက်
ရေတပုံး ၊ ထင်း တခြမ်းတောင်
ပေးမခွဲပဲ  သူသာလျှင်  ဒီလောကရဲ့
ထိုးနှက်မှု့ကို  အပြည့်အဝခံမည်ဟု
ဆုံးဖြတ်ထားလေသည် ၊
 ဖခင်ဖြစ်သူထံမှ ဤသို့ယုယမြတ်နိုးမှု့ဟာ
 သမီးဖြစ်အတွက်  အရာရာကို
ပေါ့ပျက်ပျက်နိုင်စေခဲ့လေသည် ၊ 
မိုးမနက်မီ  ဖခင်အိုဟာ  
ထမင်းထချက် ၊ ပြီးရင်  အပေါက်တစ်ရာ
ပုဆိုးအစုတ်လေးကို  ပခုံးထက်မှ  
လွယ်သိုင်းချည်ရင်း ဓားတစ်လက်ဖြင့်
တောင်ပေါ်တတ်ကာ  ထင်းလိုက်ရှာပြီး
ထင်းခွေလေတော့သည် ၊ 
နီယွန်းဝါဝါ ညို ပြာပြာ 
လောကတခွင်၌  သူရိန်နေမင်း
ပျောက်ကွယ်လုမှ  တခါ  
တစ်နေ့တာထင်းခွေထားတဲ့  ထင်းချောင်းများကိုစုစည်းချည်ပြီး
ပခုံးပေါ်သို့  ထမ်းတင်လျှက် 
 တောင်ခြေအောက်သို့  ဆင်းလျှက်
နေဝင်ချေပေါ့ တခါပြန် ၊ 
တောင်ပေါ်တတ်  ထင်းခွေ၍
လုပ်ကိုင်စားနေရသော  ဤရွာလေးမှာတော့  သဘာဝက  ထမင်းရှင်ဖြစ်လေ၏ ၊ 
တစ်နေ့သောအခါဝယ် . . . 
ဖခင်အိုဟာ သမီးပျို  ဖြစ်သူထံမှ 
စကားခွန်းများကြား၍
ဖခင်အိုဟာ  ညဥ့်နက်ကြီးထဲမှာ ငိုလေတော့၏  ၊ ဖခင်အို၏ ထိုသို့  ငိုနေသံသည်ကို  
သမီးပျို အတွက်တော့   
သူ၏ ချစ်သက်သူနှင့်  အိမ်မက်ပြင်ဝယ်၌ တေးဂီတများစွာဖြင့်ကနေလျှက်တည်။
( အကြောင်းကား . . . သမီးပျို ဟာ
ဖခင်အိုကို ငွေစအမြောက်အများ
တောင်းလေသောကြောင့်တည်း ၊ 
သူမရဲ့ဖခင်အိုဟာ  တချိန်က
နာမည်ကြီး လက်ဝှေ့ချန်ပီယံဖြစ်သောကြောင့်
တကြော့ပြန်  ကြိုးဝိုင်းထဲသို့  ပြန်ဝင်ပြီး  သူ့မင်္ဂလာဆောင်၌သူ့မျက်နှာမငယ်ရအောင်
ကောင်းပေဆိုတဲ့အဝတ်အစားများ
ဝတ်ဆင်မည်ဟု ဖခင်အိုကိုပြောကြားပြီး  ငွေစအမြောက်အများ ရှာခိုင်းလေတော့သည် ၊ 
ဒါကို  ဖခင်အိုကြီးကလဲ  {  သြော် . . .  
ငါ့အရွယ်ကချန်ပီယံအရွယ်မဟုတ်တော့ဘူး ၊ 
ဒါကို ငါ့သမီးက ငါ့ကိုချန်ပီယံအရွယ်
ထင်နေတုန်းပဲပါလား ၊ အင်း '' တစ်နေ့ တစ်နေ့  ထင်းခွေလို့ရတဲ့ ငွေစဆိုတာကလဲ  စားဖို့အတွက်သာ
ပိုသည်ဟုမရှိ ၊ ငါ့သမီးမျက်နှာမငယ်ဖို့အတွက် ငါ့သမီးပြောတဲ့အတိုင်းတကြော့ပြန်
ငါ့ကြိုးဝိုင်းထဲပြန်ဝင်ရုံမှအပ  
အခြားနည်းမရှိဟု တွေးလေတော့သည် }
ဤကဲ့သို့ . . . ဆုံးဖြတ်ချက်နှင့်အတူ
ဖခင်အိုဟာ  သမီးပျို အတွက်
ကြိုးဝိုင်းထဲသို့  ပြန်ဝင်လေတော့သည် 
ဖခင်အိုဟာ  ကြိုးဝိုင်းထဲပြန်ဝင်မယ်ဆိုပေမယ့်
သူ့ခဗျာ . . . လေ့ကျင့်မှု့မရှိ ၊ 
တောင်ပေါ်တတ် ထင်းခွေလိုက်နဲ့  
သူမှထင်းမခွေရင်အရင်ဦးဆုံး
ငတ်မည်လော ၊ 
အသက်အရွယ်ကလဲကြီး
အာဟာရဆိုတဲ့ပြည့်ဖြိုးဝမှု့ကလဲ မရှိ
သမီးဖြစ်သူရဲ့စားကြွင်း စားကျန်များကိုသာ စားလေ့ရှိပြီး
ထမင်းစေ့ပေါင်းများစွာကို စုလျှက် နေခြောက်လှန်းကာ  စားခါနီးမှ
ထိုထမင်းခြောက်တွေကို
ရေလေးစွတ်ကာ  စားရလေ၏ ။
( ထိုမျှ မစားရင်သမီးပျို ၏ 
ဗိုက်ဝမ်းမဝမည် ဖြစ်သောကြောင့် 
သမီးပျို ၏စားကြွင်းများကိုသာစားလေ့ရှိသည် ၊ )
ဒီလိုနဲ့ . . . တစ်နေ့တော့
ဖခင်အိုကြီးရှိရာ တောင်ပေါ်သို့
သမီးပျို ဟာ  အားတတ်ဟန်ဖြင့်
ပြေးရောက်လာလျှက် , , ,
( ဖခင်အိုဟာ ကြိုးဝိုင်းထဲသို့ ဝင်ဖို့
အချိန်တန်လေတော့သည် )
ထိုအခါ , ဖခင်အိုကြီးက  
မနက်ထဲကနေ ထင်းခွေရလို့
ဘာမှမစားရသေးသဖြင့်
 '' ထမင်းခြောက်လေးတွေကိုရေစွတ်ရင်း  စားသောက်လေပြီးကြိုးဝိုင်းဆီ 
သွားလေတော့သည် ။
တဖက်က အောင်မြင်ခြင်းသို့
လျှောက်လှမ်းနေတဲ့ ''လူငယ်''  ၊
တဖက်ကတော့ . . . .
သမီးမျက်နှာမငယ်ဖို့အတွက် ကြိုးဝိုင်စင်ထက်မှာ  ပေးဆပ်ရင်းနှီးမယ့် ချန်ပီယံဟောင်းကြီး
ဖခင်အိုကြီးရဲ့''မေတ္တာ'' ။
သမီးပျို ကတော့ ဖခင်အိုကို 
'' နိုင်အောက်ထိုးနော်''လို့
တဖွဖွမှာနှင့်မှာလေသည် 
( ဖခင်အိုကြီးနိုင်မှသာလျှင်  
ဒီပွဲကဆုကြေး ရမည်ဖြစ်သောကြောင့်တည်း )
ဒါပေမယ့် . . . . 
အသက်ကလဲကွာ ၊ ခန္ဓာကိုယ်ခြင်းလဲကွာ ၊ ပြည့်ဝမှု့နှုန်းကလဲကွာသောကြောင့်
ကြိုးဝိုင်းရဲ့အတွင်း၌တွင်
သမီးပျို ၏ ဖခင်အိုဟာ
ရေစွတ် ထမင်းခြောက်ကို 
နောက်ဆုံးတမနက်၌သာ စားရရှာလေပြီး  
ချူ ပ်ငြိမ်းဘဝသို့ရောက်ရလေတော့သည် ။

             [ ပြီး ]