ဝေဝေ
လူးလူးလှုပ်လှုပ် ဆွေ့ဆွေ့ခုန်ခုန်
ရွေ့လျှားတိမ်းလို့ ဝေရင်ခတ်စဉ်
နူးလွှာလွန့်လျှက် ချစ်သွေးဖြာထွက်
ဘဝင်အေးစွာ ပျိုကညာထဲ
ရွှေမျှင်ချည်ကာ နှောင်ကြိုးပိုင်ရှင်
လှသွေးစုံစုံ ညိုချောသူရယ်
ယိမ်းယိမ်းနွဲ့နွဲ့ခိုဝင်လာလျှက်
ဝါရင့်ရော်သွေး ပြာသစ်လွင်ဖွေး
လွင်ပြင်စိမ်းစိမ်းကောင်းကင်ပြာပြာ
ဝေဟင်ထက်၌တိမ်ရောင်စုံတို့
သူအလှငေး ငုံ့ကြည့်နေခိုက်
ရင်ထဲက'ဝေ' မောင့်ရင်ထဲပုန်း
ချစ်မျှင်ရွှေမျှင်ဝေဝေလှိုင်ဖြိုး
မူးမိုက်တုန်ရီနူတ်ခမ်းလွှာစုံ
ချွေယူလင့်သော်အနမ်းတဖက်
အလှမ်းဘယ်၌အဆက်မရှိ
မဝေးရင်ထဲ'ဝေ'တစ်သက်ရှိ
ဖိန်းဖိန်းတောက်လို့တလဲ့လဲ့ချစ် ။

အချစ်ဦး - ဝေဝေ
အချစ်ဦး - ဝေဝေ
ပင်ယံထက်မှာပဲ နေနေ
မြေဖျာသို့ပဲ ဆင်းဆင်း
ဘယ်ကမ္ဘာဆီထိ ဝေးဝေး
သယ်ယူကာ ဆယ်ယူထွေးထားမယ်
ဝေဝေ . . . ,
တပွင့်တစက်တမျှင်ဆက်ကာ
တဦးတယောက်သူ
ဝေ.,ပန်ဆင်ဖို့သာ
တို့ရင်မှာတကြိမ်ပွင့်ခဲ့တာ
မေတ္တာရိပ်ဖြာ ဇွန်ပန်းလွှာ
ပန်ဆင်ထားပါ , မဝေးသောကမ္ဘာ
အကြိမ်တစ်ရာ ။ ။ ။

ချစ်သူ ဝေဝေ
ကြွေခနေတဲ့ ခရေပွင့်တွေ
မြေပြင်ကို ဦးစိုက်နမ်းလေပြီ . . .
ယိုနေတဲ့ ဇရပ်အိုအမိုးက
စိုရွဲနေတဲ့ မောင့်မျက်ရည်တွေကို
မှုန်ပြာရီဝေ. . .
တုန်ခါနေသော အသံတချို့နဲ့
ကိုင်လှုပ်ကာ လွင့်ပျောက်သွားတဲ့
မောင့်ရဲ့ဝေဝေ ရေ
အလွမ်းကဗျာမရေးချင်ပေမယ့်
ဝေဝေက ပန်းတမာကို ပန်ဆင်ထားတော့
မောင်မောင်က ခါးသီးစွာနဲ့ ရူးရပြီပေါ့ . . .။

တည်ပါစေ , ဝေ
အချစ်နွေခင်း
ရင်ကိုခွင်းရင်း
ဆင်းသက်ညှာကြွေ
လွမ်းရုပ်ချွေလို့
တည်ပါစေ ,ဝေ
ဆုံရက်စောင့်နေ ၊
အချစ်မိုးခင်း
ရင်ဆင့်ဆင်းရင်း
ထင်းလဲ့ထစ်ဆိုင်း
လွမ်းရုပ်မှိုင်းလို့
တည်ပါစေ , ဝေ
ဆုံရက်စောင့်နေ ၊
မျက်ရည်တစ်ပွင့်
သွန်းဖြိုးဆင့်ရင်း
ရင်နင့်ဝေးခြင်း
လွမ်းရင်းတစ်နေရာမှာ
တည်ပါစေ , ဝေ
မမုန်းမေ့ပဲ မောင့်ကိုစောင့်နေ ''
တည်ပါစေ , ဝေ
ကြွေသက်ဆင်းရင်
မောင့် ရင်ခွင်မှာ ထာဝရလာနေ ''
တည်ပါစေ , ဝေ
လွမ်းရက်စက်ရင်
ရွှေရင်ညှာကို ဖွင့်ဖောက်လွမ်းစေ ။

ပန်းတွေဝေတဲ့ကဗျာ
ငှက်ကျီးးတအုပ် … ထိုးစိုက်သုတ်လို့
ကြွေဆုတ်နေပြီ … မောင့်အသဲတွေ ။
မင်းအသိပါ . . ဝေ
လှမ်းမြင်နိုင်ပါစေ
ကျွမ်းမြေ့ပျော်ပါး မောင့်အနားက
ဒုက္ခမီးပုံ ဒဏ်ရာစုံများ
မောင့်,အား ဝါးမြိုနစ်လေပြီ ။
မှန်းစီချယ် လမ်းသွယ်သွယ်ထက်မှာ
လက်ချိတ်ကမ်းဆင့် လျှောက်လို့
ဝေ , မျက်နှာလေး ချွေးးစို့စို့
နေ , မျက်နှာတဖက်ခြမ်းမှာ
ရွှေ , ဆည်းဆာက အသင့်ကြိုတော့
မောင့် , ထားခဲ့ပါရစေ ,'
ဆည်းဆာမှာ ပျော်ပါ,ဝေ ။
မိတ်ဆွေပန်းပွင့်များ သူ့အနားသို့
ခြံရံခပြီး . . . လေလွှားစီးရင်း
ဝေဖြာဆင်းကာ ကြွေသာသာဖျော့
ကြော့ကြော့လေးနဲ့ … … … …
ကျွန်တော်ချစ်သူအပါးမှာ
ပန်းကြွေတအုပ် ချွေ ချပေးလှည့်ပါ ။

မှော်
'' ဒေါက် ' ဒေါက် ' ဒေါက် ''
ခဏလေးရောက်
တဘဝဝေးပျောက်
မောင့် , ' ဝေဝေ 'တစ်ယောက်
အမှောင်ကွယ်ရင် လေပြေညင်းခြောက်
ထွက်သက်ရဲ့လမ်းတဖက်လျှောက်
ပြေးမသွားနဲ့ ထွေးထားပါရစေ,ဝေ ၊
'' ဒေါက် ' ဒေါက် ' ဒေါက် ''
အသက်တွေဖျောက်
အနမ်းတွေကောက်
မှော်ဆရာတစ်ယောက်မဟုတ်ရင်
မောင့်ဟာ . ပန်းချီထဲကစာခြောက် ၊
'' ဒေါက် ' ဒေါက် ' ဒေါက် ''
အတွင်းတံခါးခေါက်
အတင်းဝင်ရောက်ခဲ့တဲ့
မင်းက ကိုယ့်ဘဝလား
တစစီရိုက်ချိုးခံရလို့
ကိုယ့်ဘဝ စုတ်ပြတ်သပ်သွားပြီ ။ ။ ။

မဝေးချင်သော ''နှောင်ကြိုး ''
ညို့မျက်ဝန်း ကြော့ကွင်းမိထားလို့
တုံ့လှည့်ခါ ငြင်းမှာလား - ဝေ
အမြင်မှာ သာယာသလိုနဲ့
အကြင်နာ လှေငယ်မဆိုက်ကပ်တော့
တိုက်ခတ်လျှက် မြောက်ဦးမုတ်သုံ
မိုက်မှောင်ယှက် ပေါက်ထွက်ခဲ့သော
ရင်ခွင်တစုံ . ¿?.
ချစ်မေတ္တာ လွှမ်းခြုံအုပ်ပေးလှည့်ပါ , ,
တိုးငြိကာ အကြင်နာစွန်းတော့
မိုးတိမ်လွှာ ဝေဟင်ကပြေးထွက်
နေမတတ် မောင့်က တဖက်သတ်ချစ်မိခဲ့တော့
တယှက်ယှက် မျက်ရည်စက်လည်
မမေ့ထွက် နေ့ချီလဆက်ကာနေရင်း
ဝေဆင်းမယ့် အချစ်နေခြည်များ
ချွေ ခင်းခဲ့ အသဲရစ်ချည်နှောင်ကြိုးဆက်ဇာတ်လမ်းလေးနဲ့
မောင့်တို့မဝေးပါရစေနဲ့နော် ဝေဝေ ။

No comments:
Post a Comment