ဝေသာထွေလီ အမှောင်အုံဆင်းလို့ မှော်ရီလောင်းညတစ်ည၌ လူတစ်ယောက်ငိုညည်းနေလေသံသည်
ကျွန်တော်အိမ်အောက်ကနေတတ် လာသောအသံမျိုးဖြစ်သည် ၊ သူရဲ့ငိုညည်းနေသံဖြင့် အိပ်စက်မပျော်သော ကျွန်တော်သည် အိမ်အောက်ထပ်သို့ ဓာတ်မီးတစ်လက်ဖြင့် ဆင်းကြည့်လေတော့သည် ၊ ထိုအခါ၌ ရုတ်တရက် ပုပ်သိုးဆွေးမြည့်နေသော အနံ့သက်တမျိုး ကျွန်တော်နှာခေါင်းထိပ်တွင် ကပ်ငြိနေလေ၏ ၊ မဲရိပ်ရိပ်သဏ္ဍာန်တခုက လှုပ်လှုပ်ဖြစ်နေသလို အမှောင်တခုက လမ်းလျှောက်နေသလို မရေရာသဖြင့် သေချာအောင်ကျွန်တော် ဓာတ်မီးဖြင့် လှမ်းထိုးလိုက်သောအခါဝယ် ကျောပေးခိုင်းထားသော လူတစ်ယောက်က တစုံတခုကို ရှာဖွေနေသလို ရှုပ်ခတ်နေပါ၏ ၊ ထိုလူအနား ကျွန်တော် သွားကာ
'' ကျွန်တော်ရဲ့အိမ်အောက်မှာ ဘာတွေလာရှာနေတာတုန်း , မိုးချူ ပ်နေပြီဗျာ , ရှာချင် မနက်မှလာ ''
'' ခုရှာမှ ရတာကွ ၊ မင်း ဘာသိလို့လဲ ငါ ပစ္စည်းတခု ငါမှတ်မိတယ် ၊ ငါ အဲ့ဒါ လာရှာတာ မင်းကူညီချင်ရင် ငါ့ကိုဝိုင်းကူရှာပေးလေ ''
'' ကဲပြော, ဘာလဲ , ဘာကို ဝိုင်းရှာပေးရမလဲ ၊ ခင်ဗျားက ပြောတော့ ပစ္စည်းရှာနေပါတယ်ဆိုပြီး အမှောင်အောက်မှာ လိုက်ရှာနေတယ် ၊ အလင်းမှမရှိတာ ဘယ်လိုတွေ့မလဲ ၊ ''
'' , မင်း ငါ့ကိုကြည့်ကြည့်စမ်း , ငါ့ကိုကြည့်ပြီးမှ ပြောကွ , , ,
ငါမှာလဲ မျက်လုံးမရှိဘူးကွ ''
'' ဟာာာာ ''
'' မင်းအခု ငါမျက်နှာကို မြင်ပြီမဟုတ်လားး ၊ ငါ့အတွက် မျက်လုံးမရှိမှတော့ ငါ့အတွက်အလင်းလိုအပ်မလားး , ''
'' ခင်ဗျား , ဘယ်သူလဲ ၊ ကျွန်တော်အနားမလာခဲ့နဲ့ ၊ ခင်ဗျားလမ်း ခင်ဗျားသွားပါ , ကျွန်တော် ဘယ်သူ့ကိုမှ ရန်မမူချင်ဘူး , ''
ဤအခါ၌ ထိုလူဟာ ရီမောစွာဖြင့်ကျယ်လောင်စွာရီလျှက် . . .
'' မင်း ကြောက်နေလား,ဒီညတော့ မင်းသွေးပျက်မယ့်ညပဲ , မင်း လမ်းမဘက်ကို ကြည့်လိုက်စမ်း , ''
ကျွန်တော် လမ်းမထက်ကိုကြည့်လိုက်ရာ လမ်းမထက်မှာ လူတွေမဟုတ်တဲ့ လူတွေဟာ တလှမ်းခြင်းတလှမ်းခြင်း ဖြည်းညင်းစွာ လျှောက်နေ၍ စည်ကားနေလေတော့သည် ။
'' ကျွန်တော်က ခင်ဗျားတို့ထက် ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ ခင်ဗျားတို့ မမေ့နဲ့ ''
ထိုလူက ချက်ခြင်းဆိုသလို ဒေါသထွက်ကာ သူရဲ့ပါးစပ်ကလဲ သရေတွေလိုလို သွေးတွေလိုလို တစိမ့်စိမ့်အိစက်ကျလာလျှက် ကျွန်တော်လည်းပင်ကို ဖမ်းဆုပ်ညှစ်ပြီး . . . .
'' မင်း . . . ငါရဲ့မျက်လုံးကို ရှာပေးမှာလား ဒါမှမဟုတ် မင်းရဲ့မျက်လုံးကို နှိုက်ယူဖောက်ထုတ်လိုက်ရမလားး ''
'' အဲ့လောက်လွယ်မယ် မထင်ဘူး , ကျွန်တော် ဘယ်အရာကိုမှမကြောက်ဘူး ''
ထိုအခိုက်တွင် အမျက်ဒေါသဖြစ်ကာ ထိုလူဟာကျွန်တော်ကို လမ်းမထက်သို့ တွန်းပစ်ထုတ်လိုက်သည် ၊ လမ်းမထက်၌ တရွေ့တလျှားသွားနေကြသော လူပေါင်းများစွာက ကျွန်တော်ဘက်ကို သူတို့ရဲ့အကြည့်များစွာက ဦးတည်လာပါတော့သည် ၊ သူတို့တွေရဲ့ လိုချင်တပ်မက်မှု့များစွာကို ကျွန်တော်အား တောင်းဆိုလေတော့သည် ၊
'' ငါ့ကို လက်ပြန်ပေး ''
'' ငါ့ကို ခြေထောက်ပေး''
'' ငါ့ကို ပြန်ပေး ''
တစ်ယောက်က ကျွန်တော်မျက်လုံးကို နှိုက်ယူဖောက်နေသလို ၊ နောက်တစ်ယောက်ကလဲ ကျွန်တော် ခြေထောက်ကို ယူဖို့အတွက် ပုဆိန်တစ်လက်ဖြင့် လွှဲခုတ် ခုတ်ယူဖြတ်နေပါတော့၏ ၊ သို့သော်လဲ ဘယ်သူမှတော့ ကျွန်တော်ခန္ဓာအသွေးအသားကို မရရှိခဲ့ ၊ ထိုအချိန်တွင် မြေတုန်လှုပ်သော ခြေလှမ်းဖြင့် တစ္ဆေကြီးတစ်ကောင် သူ့လက်၌ကိုင်ထားသော ချွန်မြနေတဲ့ ရဲတင်း အသွားရဲ့ဝင်းလဲ့မှု့က ကောင်းကင်ထက်က ကြယ်တစ်ရာကို အရောင်မှိန်စေခဲ့တယ် ၊ကျွန်တော်ခန္ဓာကို ဝိုင်းလုယူနေကြသော အားလုံးတို့သည် ဆက်၍ မလုကြတော့ပဲ နောက်ဆုတ်ပြန်ပြေးလေတော့၏ ၊ ကျွန်တော်အနားသို့ တဖြည်းဖြည်းနှင့်တစ္ဆေကြီးတစ်ကောင် ရောက်လာပါတော့သည် ၊
( မခြောက်တတ်ရင် စနောက်သလိုဖြစ်တတ်၍ ၊
မရီတတ်ရင် ငိုနေသလိုပါပဲ ) ကျွန်တော် ဘယ်အရာကိုမှ အလျှော့မပေးတတ်ဘူး ၊ ဘယ်အရာကိုမှ မကြောက်တတ်ဘူး ၊
သူနိုင်ရာ သူအားကိုးရှိသလို ၊ ကိုယ်နိုင်ရာ ကိုယ်အားကိုး လူတိုင်းမှာရှိကြပါတယ် ၊ မျက်ရည်တော့ ကျတတ်ပေမယ့် ပျော့ညံ့မှု့ဆိုတာကတော့ သတ္တိသွေးထဲမှာမရှိ ၊ တစ္ဆေကြီးတစ်ကောင် ( သို့မဟုတ် ) အိမ်မက်တစ်ထောင်ပေါ့ , ကျွန်တော် သူ့ကို ကြည့်နေရင်းဖြင့် အမြင်တွေဟာ မှိန်ဝါးဝါးလာခဲ့တယ် ၊ ဒါကို သူက အခွင့်ကောင်းယူ အငိုက်ဝင်ကာ ကျွန်တော်ကို နှစ်ပိုင်းပြတ်အောင် ရင်ဘတ်ကနေ ခုတ်ထစ်ပိုင်းဖြတ်. . . '' ဝုန်းးးး ''ဆို
ကျွန်တော်ရင်ဝပေါ် ကြောင်တစ်ကောင် ခုန်ဆင်းလာ၍ လန့်နိုးသွားခဲ့သည် ၊ ကျွန်တော်တကိုယ်လုံးလဲ ချွေးစက်ပေါင်းများစွာနှင့် မောနွမ်းသင့်လေတော့သည် ၊ ကျွန်တော်လဲ ချွေးတွေကို ပဝါအဖြူ နှင့် သုတ်ရင်းဖြင့် ပဝါကိုကြည့်မိရာ အနီ အနီရောင် သွေးစက်တွေက အဖြူ ရောင်ပဝါကို နီဆိုင်းစေခဲ့တယ် ၊ ကျွန်တော်တကိုယ်လုံးက ချွေးစက်တွေက သွေးစက်တွေလားး ဒါမှမဟုတ် ပဝါက အဖြူ ရောင်မဟုတ်ပဲ အနီရောင်လားး မဝေခွဲခြားတတ်ခဲ့ . . . တုန်လှုပ်ခြောက်သွားခဲ့တယ် ၊ ထိုအချိန်တည်းမှာပဲ ကျွန်တော်အခန်းတံခါးက အလိုလိုပွင့်လာခဲ့တယ် ၊ ဂျက်ထိုးထားတဲ့တံခါးက ကျွန်တော်မဖွင့်ပဲ သူ့အလိုလိုပွင့်သွားတော့ . . .ဧကန်မလွဲ တစုံတယောက်သောသူတစ်ယောက်တော့ ရှိနေပြီ ၊ ''ဘယ်သူလဲ ',
မှေးဖျော့ဖျော့ လရောင်လေးနှင့်အတူ ခြေသံဖွဖွ နင်းလျှောက်လာတဲ့အသံသည် ကျွန်တော်၏ အကြားအာရုံနှင့်တဖြည်းဖြည်း တဖြည်းဖြည်း တဖြည်းဖြည်း နီးကပ်စွာဖြင့် ရုပ်သဏ္ဍာန်တခု ပေါ်ပေါက်လာကာ မြင်တွေ့လေတော့သည် ၊ တဟင့်ဟင့်ဖြင့် ရှိုက်ကျွေးငိုယိုနေသော ခလေးငယ်တစ်ဦးပါ , ကျွန်တော်ဆီသို့ ဦးတည်ရောက်လာကာ . . . .
'' ဦးဦး , သားရဲ့မေမေကို တွေ့မိသေးလားဟင် ''
ကလေးငယ်က ငိုယိုပြီးသူ့အမေကို လိုက်ရှာနေတယ် ၊ ရှာမတွေ့လေတော့ ကျွန်တော်ကိုမေးလေ၏ ၊ အကယ်၍သာ ကျွန်တော်လဲ မတွေ့ဘူးလို့ ပြောလိုက်ရင် ထိုကလေးမျက်ရည် သမုဒ္ဒရာဖြစ်သွားလိမ့်မယ် ၊
'' အင်း ,တွေ့မိပါတယ် , ''
'' တကယ်လား ဦး, အဲ့ဒါဆို ဘယ်မှာလဲဟင် ''
'' ဦး , နောက်လိုက်ခဲ့ ၊ ''
ကျွန်တော်အရှေ့ကနေသွားရာ သူက အနောက်ကနေ လိုက်လာခဲ့တယ် ၊ တစ်နေရာသို့ အရောက်မှာ ကျွန်တော်ခြေစုံရပ်လိုက်သောအခါ ထိုကလေးငယ်လေးပါ ရပ်၍
'' ဦးဦး,သား မေမေကောဟင် , ဘယ်မှာလဲ , သား ရှာမတွေ့ဘူး ''
ကျွန်တော်ထိုကလေးငယ်ကို မျက်ဝန်းထဲက မျက်ရည်စများဖြင့် ဂရုဏာအကြည့်ဖြင့် ကြည့်ကာ , ကျွန်တော်အရှေ့တည့်တည့်က ''လူသေအခေါင်း ''တခုကို လက်ညှိုးထိုးပြလိုက်လေ၏ ၊ ထိုအချိန်မှာ ထိုကလေးငယ်လေးဟာ အော်ဟစ်ငိုကျွေးရင်းဖြင့် ကျွန်တော်အနားက ပျောက်ကွယ်သွားတော့ လေသည် ၊ ထိုအခိုက်တွင် နာရီမြည်သံ''တ ဂျက် ဂျက်''အသံကို ကြားနေရသလို တံခါးကြားထဲမှ လေကြို လေကြားဆင့်ကာ ဝင်လာ၍ နူးညံ့အေးစက်သော လေဖီငယ်ရဲ့ ထိတွေ့မှု့က ကျွန်တော်ပါးပြင်သို့ ဝေ့ရှိုက်နမ်းခတ်ခဲ့တယ် ၊
အခုထိတော့ . . . ကျွန်တော်ဝိညာဉ်နှင့်ကျွန်တော်ခန္ဓာ မထိတွေ့မကပ်သေးဘူး ၊ တကယ်တော့ အမေလိုက်ရှာနေတဲ့ ကလေးငယ်လေးဟာ ကျွန်တော်ရဲ့ငယ်စဉ်ဝိညာဉ်ပါ ၊ ကျွန်တော်ခန္ဓာနဲ့ ကျွန်တော်ရဲ့ဝိညာဉ် အခုထိတော့ မကပ်သေး ထိတွေ့မှု့မဲ့နေ၍ လွင့်မျောခြင်းအပေါင်းတို့နှင့် လွင့်မျောခြင်းခရီးဆက်နေလျှက် ဘယ်ဆီမှန်းမသိသော ညတစ်ညမှာတော့ မထင်မှတ်ပဲ စီချယ်မွန်းမံထားသော အိမ်မက်တွေ ပျောက်ဆုံးသွားခဲ့ရတယ် ၊ ဤသို့ဖြင့် အိမ်မက်တွေစီချယ်မွန်းထားသော ကျွန်တော်ရဲ့ ညတစ်ညကို ကျွန်တော်ဟာ တစ္ဆေကြီးတစ်ကောင်အဖြစ်နဲ့ အခုထိလိုက်ရှာဖွေတုန်းပါပဲ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment