တို့တောရွာလေး
တောင်တန်းစိမ်းစိမ်း
အုပ်ကာဆိုင်း
လယ်မြက်ရှည်တွေ တယိုင်ရိုင်း
ပွင့်သာထူးတဲ့
လပြည့်ဝိုင်း
အလင်းများစွာ ဖြာလို့ဆိုင်း
လအရောင်ဝင်းလို့
ညအရောင်ကြည်
တို့တောရွာလေး ဝင်းကြည်ကြည်
ထိန်ထိန်ညီမျှ
တစ်ဦးကိုတစ်ဦး
အလင်းများစွာ လက်ဆင့်ကမ်းတော့
တို့တောရွာမှာ မီးမရှိလဲ . . . . .
လအရောင်တဝင်းဝင်းပဲ /\
ညမင်းကြယ်တံခွန်
No comments:
Post a Comment