အမိအဖနှင့်ညီအကိုမောင်နှမများကို ချန်ထား စွန့်ခွာ၍ ကျွန်တော်သည် ရန်ကုန်မြို့ကြီးထဲ၌ လုပ်သား တစ်ဦးအနေနဲ့ပြေးလွှား ရုန်းကန် ရှင်သန်နေရင်းဖြင့် မှီတင်းနေထိုင်လေသည် ၊ ကျွန်တော်ဟာ အိမ်ဌားလစာနှင့် ရွာ၌ကျန်ရစ်လေသော် မိဘနှစ်ပါးအတွက်လဲ လစဉ်တိုင်း ထောက်ပံ့ပို့ပေးနေသလို ၊ ကျွန်တော်ရဲ့အခန်းဘေးနားက ကောင်မလေးတစ်ဦးကလဲ ကျွန်တော်လိုပင် သူ့ရွာ၌ ကျန်ရစ်နေသော မိဘနှစ်ပါးကို လစဉ်တိုင်း ပိုက်ဆံများ ထောက်ပံ့ပို့ ပို့ပေးနေသည် ။
သူမ,နာမည်က ''ကေသွယ်ဦး '' , ကျွန်တော်နဲ့တော့ မနက်တိုင်းမြင်တွေ့လေတော့ ခင်ကြရုံသက်သက်ပါ ၊ ပိုက်ဆံရှိတဲ့သူအတွက်တော့ သူတို့တွေရဲ့ဘဝဟာ ပျော်ပွဲစား ၊ ကျွန်တော်တို့လို ဆင်းရဲသားလေးတွေအတွက်တော့ ကျွန်တော်တို့ ဘဝဟာ ကျွန်တော်တို့အတွက် စစ်သူကြီးတစ်ဦးပေါ့ ၊ ကေသွယ်ဦးလဲ မိန်းမသားပေမယ့် သူမ,မှာလဲ သူမရဲ့စစ်ပွဲတွေက စိန်ခေါ်နေသလို ၊ ကျွန်တော်အတွက်လဲ မနက်မိုးလင်းတာနဲ့ စတင်နေရတော့တာပါပဲ ၊ ကောင်းကောင်းလုပ်ရင်တော့ ကောင်းကောင်းစားရပါတယ် ၊ ဘဝဆိုတာက
လှိုင်းကြီးရင် လှေစီး ၊
လေတိုက်ရင် စွန်လွှတ် ၊
ကိုယ့်အတွက်အကျိုးမယုတ်ဘူးဆိုရင်တော့
လူတိုင်းပြောသမျှကို ခေါင်းညိမ့်လိုက် ၊ လူတိုင်းလုပ်သလို လိုက်လုပ်လိုက် ကိုယ်နေထိုင်တဲ့ ဒီကမ္ဘာ့မှာ လူတွေနဲ့ဆက်ဆံနေရတော့လဲ သူတို့ရူးရင် ကိုယ်ပါလိုက်ရူးလိုက်တာ အေးချမ်းပါတယ် ၊ ချွန်ထွက်ဖို့ဆိုတာက ခက်ခဲပါတယ် ၊ ဘုရားသခင် တောင်မှလူတိုင်းကို ကောင်းမွန်အောင် မစွမ်းဆောင်နိုင်တာ ,
ကိုယ်ဆိုရင် သိသင့်ပါတယ် ၊
သစ်ရွက်တွေ ဘာလို့ သစ်ကိုင်းကနေ ထွက်လာသလဲ မမေးနဲ့ ၊ လူတွေ ဘယ်ကစပြီး ဖြစ်တည်သလဲ မမေးနဲ့ ၊ ကိုယ်မေးခွန်းထဲမှာပဲ အဖြေရှိပြီးသားမို့လို့ပါ ၊ ဘဝဆိုတာကြမ်းတမ်းသလား ဆိုရင်တော့ . . . နေပူ,ပါတယ်ပေါ့ ,
'' အစ်ကို ဒီနေ့ အလုပ်မသွားဘူးလား ''
ကျွန်တော်အခန်းဘက်ကို ကေသွယ်ဦးကလှည့်ကြည့်ရင်း မေးလိုက်သည် ။
'' အင်း ဟုတ်တယ် , နည်းနည်း နေမကောင်းချင်သလို ဖြစ်လာလို့ , မသွားတော့ပဲ , နားလိုက်တော့တယ် ''
'' အခုကော သက်သာရဲ့လား, ညနေကျ ဆေးခန်းပြကြည့်လိုက်လေ ''
''သက်သာသွားပါပြီ ကေသွယ် , ဆေးခန်းသွားပြတော့ ဆရာဝန်က ဆေးထိုးရင် ဘယ်နှယ့်လုပ်မလဲ ''
'' ဟာ အစ်ကိုကလဲ, ဆေးထိုးအပ်ကို ကြောက်တုန်းပဲလားး ''
ကေသွယ်ဦးက ရီကျဲကျဲလေး ရီမော၍
သူ့ အခန်းထဲဝင်သွားလေသည် ။
ခဏအကြာမှာတော့ . . .
ပြန်ထွက်လာပြီး ,
'' အစ်ကို ဆေးကော သောက်ပြီးပြီလားး ''
'' ဆရာမောင်ဆေးနီမှုန့်နဲ့ရေနွေးနဲ့တော့ သောက်ထားတယ် ''
'' ဒါပဲလားး ''
'' အင်းလေ ပုံမှန် နေမကောင်းဖြစ်တိုင်း သောက်နေကျလေ ,''
''ကဲပါ , ကေသွယ် လမ်းထိပ်မှာ
ဆေးသွားစပ်ပေးမယ် ၊ ခဏစောင့် ''
ကေသွယ်က ပြောဆိုကာ လမ်းထိပ်သို့ ဆေးသွားစပ်လေတော့သည် ။
'' အစ်ကို ဆေးက သုံးခွက်စာ , အခု တခွက်စာ သောက်ထားလိုက်အုန်း , သြော် နေအုန်းး , အစ်ကို မနက်တည်းက ဘာစားပြီးပြီလဲ , အစာစားပြီးမှ ဆေးသောက်တာ အကောင်းဆုံးပဲ ''
'' မနက်တည်းက ပါးစပ်တွေခါးပြီး ဘာမှစားချင်စိတ်မရှိတာနဲ့ ဘာမှမစားထားဘူး ''
'' ဟင် , အစ်ကိုကလဲ , မစားချင်လဲ စားမှပေါ့ , အခု ဘာမှမရှိပေါ့ ''
'' အင်းး ''
'' အဲ့ဒါဆို ခဏစောင့် , ဆန်ပြုတ်,ပြုတ်ပေးမယ် , ''
'' ရပါတယ် ကေသွယ်ရယ် , မလုပ်ပါနဲ့ ''
'' ဟာ , ပြောစကားကို နားမထောင်ဘူး , တခုခုစားပြီးမှ ဆေးသောက်ရမှာလေ ''
'' မဟုတ်ပါဘူး ကေသွယ်ကို အားနာလို့ပါ ''
'' ရပါတယ် , ဘာ အားနာစရာလိုလဲ ''
'' အင်းပါ , သဘောပဲ , မျက်လုံးတွေပူစပ်စပ်ဖြစ်လို့ ခဏမှေးအုန်းမယ် , ''
'' ပြုတ်ပြီးသွားရင် ခေါ်နှိုးမယ် , မှိန်းချင် မှိန်းနေပါ ''
ကျွန်တော်လဲ ခေတ္တခဏ မှေးစက်နေလိုက်တော့သည် ၊ ထိုအခါမှပဲ ခေါင်းကိုက်မှု့က သက်သာလာတော့သည် ၊ ကျွန်တော်ပြန်နှိုးလာတဲ့အခိုက်မှာ အချိန်က ညနေစောင်းဖြစ်နေပြီ , ကျွန်တော်ရဲ့ဘေးနားမှာ ဆန်ပြုတ်တစ်ခွက်ရယ်ဆေးတစ်ခွက်ရယ်ပြီးတော့, ကေသွယ်ကမနက်က အဝတ်စားမျိုးဖြင့်မဟုတ် ပြင်ပြင်ဆင်ဆင်လေးနဲ့ အမွှေးနံ့သာကြိုင်ကြိုင်နှင့်ပေါ့ အိပ်မောကျနေတယ် ၊ ကျွန်တော်လဲ သူ့ကို မခေါ်နှိုးတော့ပဲ . . . ဆန်ပြုတ်သောက်နေရင်း သူမကိုကြည့်နေမိတယ် ၊ သူမရဲ့အိပ်မောကျနေတဲ့ ပုံလေးက ကမ္ဘာ့ကျော်ပန်းချီဆရာတွေရဲ့
ရေးဆွဲထားတဲ့ သက်ဝင်လှပသော ပန်းချီတွေကို ဖမ်းစားထားတယ် ၊ သူမ, သိပ်လှတယ် ၊ ထိုအခိုက် သူမ,နိုးလာ၍ . . .
'' ဟင် , အစ်ကို နိုးနေပြီလားး , ကေသွယ်လဲ အစ်ကိုအိပ်မောကျနေတာကို ကြည့်ပြီး ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိဘူး ''
'' ကေသွယ်,က ချောသားပဲ ''
'' ဟာ ,အစ်ကိုကလဲ , ကေသွယ် သွားတော့မယ် ''
'' ဆန်ပြုတ်,ပြုတ်ထားတာ အရမ်းသောက်လို့ကောင်းတယ် , နောက်ဆို နေမကောင်းဖြစ်ချင်ယောင်ဆောင်ပြီး
ကေသွယ်ကို ဆန်ပြုတ်,ပြုတ်ခိုင်းရမယ် ''
'' ဟာ , အစ်ကိုနော် , ''
'' ဒါနဲ့ ညနေစောင်းကြီး ဘယ်သွားမလို့လဲ ''
'' အင်းး , ဒီလိုပါပဲ အစ်ကိုရယ် ,နောက်ကျနေပြီ , ကေသွယ်,သွားတော့မယ် ''
'' အင်းးပါ ''
ကေသွယ်,ကျွန်တော်ကို နူတ်ဆက်ကာ ညနေစောင်းရဲ့ညဦးရင်ခွင်ထဲသို့ ဝင်သွားလေတော့သည် ၊
နောက်၌ ကျန်ရစ်လေသော ကျွန်တော်လဲ ဆေးတစ်ခွက်ကို ယူသောက်ပြီး ပြန်၍ မှိန်းနေလိုက်တော့သည် ။ တစ်နေ့ထက် တစ်နေ့ ပို၍ပိုကာ ကေသွယ်နဲ့ကျွန်တော်ကြားမှာ အကြင်နာတံတားတခု ဆက်သွယ်လေတော့သည် ၊ သို့သော်လဲ. . . တစ်ဦးနှင့်တစ်ဦးက ပြောမထွက်ရဲ , , , အကြင်နာမစစ်လို့တော့ မဟုတ်ပါဘူး၊
ရင်မှာ မချစ်ရဲလို့လဲ မဟုတ်ပါဘူး ၊ သေချာတာ တစ်ခုက မရေရာတဲ့ကျွန်တော်ဘဝဆင်းရဲခြင်းကို တွန်းလှန်ပြီးမှ သူမကိုချစ်မယ် ၊
ဒါပေမယ့် . . . ကိုယ့်နှာခေါင်း ကိုယ်ပြန်ပိတ်ထားသလို သူမကို ချစ်တဲ့အကြင်နာတွေက ကျွန်တော်ရင်မှာ မွန်းကျပ်လာလေတော့သည် ။
တစ်နေ့ သူမနှင့်ဆုံတွေ့ချိန်မှာတော့
'' ကေသွယ် ''
'' ပြောလေ , ဘာပြောမလို့လဲ ''
''ူး ဟူးး , ကိုယ် ပြောမယ်နော် ''
'' ပြောလေ,ဘာစကားမို့လို့လဲ , သက်ပြင်းတွေ ချနေတာ ''
'' ချစ်တယ် ၊ ကိုယ် ကေသွယ်ကို ချစ်တယ် ''
ရုတ်တရက် ကေသွယ်ရဲ့မျက်နှာတည်သွား၍ ကျွန်တော်ကို ကျောခိုင်းလိုက်လေတော့သည် ။
'' ကေသွယ် , ''
ထိုအခါမှ ကေသွယ် ကျွန်တော်ဘက် မျက်နှာပြန်လှည့်၍ . . . .
'' ကေသွယ်,ဘာအလုပ်လုပ်လဲဆိုတာ
အစ်ကိုသိလား ''
'' အဲ့ဒါက အကြင်နာအချစ်
အတွက်အရေးကြီးလို့လား ၊ ''
'' ဒါပေမယ့် . . . ကေသွယ်က မသန့်စင်တော့တဲ့ မိန်းကလေးတစ်ဦး ၊ လူတကာရဲ့အပျော်မယ်လေးတစ်ဦးပါ သေချာစဉ်းစား, စေချင်တယ် ''
'' ဘဝနဲ့သက်ဆိုင်တဲ့အရာက ဘဝသက်သက် ၊ အချစ်နဲ့သက်ဆိုင်တဲ့အရာက အချစ်သက်သက်ပါ ကေသွယ် ၊ တန်ဖိုးဆိုတာ ထားချင်ရင် , မြေကြီးတောင် အဖိုးတန်တယ် ၊ ကျောက်ခဲကျောက်သားတွေတောင် စိန်ဖြစ်တယ် ၊ ကေသွယ် , ဘဝရဲ့တန်ဖိုးအစစ် တန်ဖိုးအမှန်က ဘာလဲဆိုတာ သိရင်ပြောပြပါ ၊
အပျို စင်မိန်းကလေးလား ဒါမှမဟုတ် မှန်ကန်တဲ့စိတ်ထားတတ်တဲ့မိန်းကလေးလား ၊ ဘယ်အရာလဲ . . . ပင်လယ်ရေ ဘာကြောင့်ပြာသလဲဆိုရင် ကောင်းကင်ကြီးကပြာလို့ပေါ့ , ကောင်းကင်ကြီးက ဘာကြောင့်ပြာသလဲဆိုတာတော့ ကောင်းကင်ပဲ သိလိမ့်မယ် ၊ လူဆိုးဖြစ်ဖြစ်၊ လူကောင်းဖြစ်ဖြစ် ၊ လူတော်ဖြစ်ဖြစ် သူတို့တွေမှာ သူတို့တွေရဲ့အကြောင်းပြချက်တခုစီရှိကြတယ်၊ ဒါပါပဲ လူ့ဘဝဆိုတာ ကိုယ့်အကြောင်းပြချက်တွေနဲ့ကိုယ့် ဘဝကို ရှင်သန်ရုန်းကန်နေကြရတာပါ ၊ အမှားလိုက်ထောက်ပြနေတဲ့သူကလဲ တကယ်အမှန်အစစ်ကို သူ,မသိလို့ လိုက်ထောက်ပြောနေတာ အပြစ်တင်ဝေဖန် ကဲ့ရဲ့နေကြတာပါ ၊ လူတကာရဲ့အပျော်မယ်ဖြစ်စေအုန်းတော့ လူတကာရှေ့မှာ တွဲလျှောက်ရဲပါတယ် ကေသွယ် ၊ ''
ကျွန်တော်စကားအဆုံး၌ ကေသွယ်ဟာ
ငိုသဲ့သဲ့မျက်ဝန်းနက်မှ မျက်ရည်ပုလဲကုံးများ သူမရဲ့ပါးပြင်၌ သွယ်သွယ်တာတာရစ်ကုံးဖွဲ့သီနေလျှက်,
,နေမင်းရဲ့အစွန်အဖျားတဖက်
လယမင်း ထွက်လာလေတော့၏ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment