ပင်စည်ရိပ်သာ ၊
ရွက်စိမ်းဖြာအုပ် ၊ ဝေဆာအုံမြိုင်
စိမ်းနုကြိုင်စွာ ၊ လှိုင်လှိုင်ဝေဖြိုး
အရွက် အခက်တတ်တိုး ။
နေထူထူပွင့် ၊
လေကြူ ဝင့်ကာ ၊ သစ်ရိပ်မြုံမှာ
ငှက်စုံကာစု ၊ တူမြိုင်သံပြု
အပူဝေးသော သစ်ရိပ်တခု ။
မိဘရိပ်မြုံ ၊
ပေးဆပ်ရုံဖြင့် ၊ စုံလျှင်အရိပ်
ဝေမျှချိတ်ရင်း ၊ ဖိတ်ကာပေးမျှ
ဝမ်းရေးလှအောင် ၊ ပြု ရှာကျွေးရင်း
မိဘရိပ်ဟူ ၊ အပူမထူ
အရိပ်အေးစွာ ၊ ပျော်မွေ့ကြည်သာ
ဤကမ္ဘာ၌ မိဘရိပ်ဟူစွ ။ ။ ။ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment