ဓါးကိုင်ထားပါစေ
ခါးချိနဲ့နေရင် … …
အလကားပဲ ,
အားမာန်ကြွယ်ပါစေ
ခိုကပ်ပြီး အရွဲ့လိုက်တိုက်နေရင် …
အလကားပဲ ,
မြားတံကိုင်ထားပါစေ
လေးမရှိတဲ့မုဆိုး … …
အလကားပဲ ,
ခြေထောက်ပါနေပါစေ
မလျှောက်နိုင်တော့ရင် … …
အလကားပဲ ,
အချိန်တွေရှိနေပါစေ
တန်ဖိုးမထားတဲ့ သူအတွက် …
အလကားပဲ ,
အသိစာပေတွေဖြန့်ဝေနေပါစေ
မဖတ်ရှု့တဲ့ သူတွေအတွက်
အလကားပဲ ,
အရည်အချင်းပြည့်စုံပါစေ
ကိုယ်ရည်အတွင်းစိတ် နိမ့်ကျနေရင်
အလကားပဲ ,
အချစ်ရှိနေပါစေ
အနှစ်မဲ့သစ္စာ ဖောက်ပြားနေရင်
အလကားပဲ ,
အိမ်တစ်လုံးတွေ့နေပါစေ
အောက်အခင်းမရှိလို့ကတော့
အလကားပဲ ,
ညမင်းကြယ်တံခွန်

No comments:
Post a Comment