လမ်းမထက်မှာ လေလွင့်နေတဲ့သူဆိုလို့ ကိုယ်ရယ် ၊ ရွက်ကြွေတဖြာရယ်ပဲရှိတယ် ၊ အရာအားလုံး မှုန်ဝါးနေတယ် ၊ ကိုယ့်အတွက်ဆို ဒီကမ္ဘာ့ကြီးက ထာဝရ''ည'' ဖြစ်နေတယ် ၊ ကိုယ့်အတွက် အချစ်ဆိုတာ ကြားတော့ကြားဖူးပေမယ့် ဘယ်ကလာတဲ့အသံမှန်းမသိ ၊ ကိုယ့်အတွက် မေတ္တာဆိုတာ ကြုံတော့ကြုံဖူးပေမယ့် ဘယ်သူဆိုတာ အတိအကျမရှိခဲ့ပါ ၊ ကိုယ့်ဘဝရဲ့ပျော်ရွှင်ခြင်းပေါင်းများစွာကို ဘာမဟုတ်တဲ့ . . . သစ်ရွက်တစ်ရွက်ရဲ့
သစ်ကိုင်းချိုးဖြတ်ခြင်းကြောင့် ပုပ်သိုးသွားခဲ့တယ် ၊ အချစ်ဆိုတာ ကိုယ့်အတွက်တော့ သရဲ တစ္ဆေကြီးတစ်ကောင်လိုပါပဲ . . . တသက်လုံးနေလာသည်နှင့်မျှ တခါမှမတွေ့ဖူးခဲ့ပါ တွေ့မယ့်တွေ့တော့ . , လပျက်ညမှာ ကိုယ်ရဲ့အရိပ်ဟာ ကိုယ့်ကိုပြန်ခြောက်လှန့်သွားတဲ့ သရဲတစ္ဆေကြီးတစ်ကောင်ဖြစ်သွားခဲ့တယ် ဝေဝေ ၊ မထင်မှတ်ပဲ ဆုံတွေ့ခွင့်ရတဲ့ မနှစ် တစ်နှစ်ကအချိန်လေးထဲမှာတော့ မင်းရှိနေသေးတယ်နော် ။
ထွေလီလျောင်းသာ ငွေမျှင်ယှက်ဖြာသော နေ့မနက်မှာတော့ အသစ် သစ်တွေထပ်ထပ်လာသော သက္ကရာဇ်နေ့ရက်တွေတိုးသထက်တိုးလာသလို ဆိုးသထက်ဆိုးဝါးလာသော အတွင်းချက်ဒဏ်ရာဟာ မီးစငယ်များစွာနှင့် ကြွမောက်ကြွယ်ဖြိုးနေလေတော့သည် ၊ ထူးဆန်းသော ဖြစ်ရပ်ဆန်းတခုက ရူးမိုက်နေသောကျွန်တော်ဆီသို့ ချဉ်းကပ်ဝင်ရောက်လာပါတော့သည် ၊ ငှက်ငယ်တစ်ကောင် သို့မဟုတ် သစ်ရွက်တစ်ရွက် လေဟုန်ဝဲစီးကာလွင့်မျောလာခဲ့သည် ၊ မြက်စိမ်းရွှင်ရွှင် မြေကျယ်ဝန်းပြင်၌ ကျွန်တော်သည် သူ့ကိုလွမ်းတမ်းတနေရင်း အခါတပါးဆီမှနေရစ်ခဲ့သော သူ့ကို ကျွန်တော်အမြင်ရဲ့ဘယ်ဖက်ခြမ်း၌ ပြန်မြင်တွေ့လေတော့သည် ၊ မနှေးမဆိုင်း သူ, ကျွန်တော်အနားရောက်လာ၍ ကျွန်တော်ရဲ့ရင်ခွင်ထဲပြေးဝင်ဖက်ကာ သူ့မျက်ဝန်းကိုမှိတ် ကျွန်တော်ရဲ့မျက်ရည်များစွာက အသဲကြားကနေစီးနေပါပြီ ။
'' မောင်, ဝေနောက်ကျ သွားလား ''
'' မနောက်ကျပါဘူး,ဝေ , မောင်က စောနေတာပါ , , , မငိုနဲ့တော့လေ … ဘယ်အတွက်ကြောင့် ငိုနေရတာလဲ ''
'' ဝေ, မငိုတော့ပါဘူး … … မောင် , ''
'' ဝေ တကိုယ်လုံး,ရေတွေစိုရွဲနေပါလား, မောင်ရဲ့ရင်ခွင်ထဲမှာပဲ နေပါအုန်း , , , ပန်းတွေနဲ့ဖွဲ့စီကာ သီကုံးထားတဲ့ ကဗျာတစ်ပုဒ်, , , မိုးမြင့်မှာ ပျံဝဲနေတဲ့ ကဗျာတစ်ပုဒ် , , , ဝေဝေအတွက် စီညွှန်းထားတဲ့ တေးကဗျာတစ်ပုဒ် မောင်အတွက် ဖတ်ရှုပေးသွားပါအုန်း ''
'' ထာဝရမောင့်ရဲ့ရင်ခွင်ထဲမှာပဲ နေချင်ပါတယ် ဒါပေမယ့် ၊ ဝေ , မောင်ဆီမှာ အကြာကြီးနေလို့မရဘူးမောင် , အချိန်တန် ဆုတ်ခွာပြန်လမ်းဘက်ကို လှည့်သွားကြရမယ်လေ ''
'' အဲ့ဒီအချိန်ကိုရောက်ရင် မောင်သေမှာပဲ ''
'' ဘာလို့ မောင်ကသေရမှာလဲ ၊ မောင်မသေရပါဘူး ၊ မောင် , တစ်ယောက်တည်းလဲ နေတတ်ရမယ်လေ ၊ တချိန်ချိန်မှာတော့ ဝေရဲ့နေရာမှာ အစားထိုးတခုကို မောင်ပြန်ရှာတွေ့မှာပါ ''
'' မရှာဘူး , စွဲမြဲစွဲနေတဲ့ စိတ်ရဲ့အစာတခုကိုပဲ အထီးကျန်ဆန်စွာနေရင်းဖြင့် အဖော်မဲ့ခဲ့ရင် မောင်ရဲ့ကမ္ဘာ့မှာ မောင်တစ်ယောက်တည်းသာ ဝေဒနာတွေကို ဖြေသိမ့်လိုက်မယ် ''
'' အကယ်၍ , အခု မောင်ရင်ခွင်ထဲမှာ ထွေးဖက်ထားတဲ့ ဝေ,ဟာ သေဆုံးပြီးသား'' ဝေဝေ ''ဆိုခဲ့ရင်ကော ''
'' မောင်,ဝိညာဉ်ပါ တခါထဲအပြီးခေါ်သွားနိုင်တယ် ၊ အရက်သမားတွေအတွက် အရက်ကသစ္စာဆိုရင် , အချစ်သမားတွေအတွက် တစ်ဦးတစ်ယောက်သူသာ သစ္စာပါ ၊ သစ္စာဆိုတာ ဘယ်ခန္ဓာကိုယ်မှာမှမရှိပါဘူး ၊ မေတ္တာဆိုတာကလဲ ဘယ်သူမှညွှန်ပြခိုင်းလို့မရပါဘူး ၊ ကိုယ်သဘော ကိုယ်ဆောင်ပြီး ကိုယ်နှစ်သက်သူအတွက် အကြင်နာဆိုတာဖြစ်လာတာ ၊ အကြင်နာကိုမြဲအောင်လို့ သစ္စာဆိုတာ ကြိုးချည်တာပါ ၊ သစ္စာဆိုတာ ကိုယ့်စိတ်ထဲကနေ ဘယ်တော့မှမပြောင်းလဲပဲ တစ်ဦးတစ်ယောက်အတွက် အကြင်နာပေးအပ်မျှဝေခြင်းပါ ၊ တမလွန်မှာလဲ အချစ်ကမ္ဘာရှိမှာပါ ''
'' ဝေ,လဲ မောင်နဲ့ထို့အတူပါပဲ ၊ ဝေ,ပြန်တော့မယ.် . . မောင် ''
မျက်ရည်စက်ပေါင်းများစွာဖြင့် ဝေဟာ ကျွန်တော်ရင်ခွင်ထဲနေ ရုန်းထွက်လေတော့မယ် ။
'' မောင်အနားမှာပဲ နေပါ , ဝေ,ဘာပဲဖြစ်ဖြစ် မောင်အနားမှာပဲ နေပါ , ကြယ်တစ်ပွင့်ဖြစ်လဲ မောင်ရဲ့အနီးအနားမှာပဲ ထွန်းလဲ့တောက်ပစွာဖြင့် နေပါ ၊ သရဲတစ္ဆေဖြစ်လဲ မောင်ရဲ့ညကမ္ဘာ့လေးထဲမှာပဲ ပျော်ရွှင်စွာ နေပါ ၊ ဝိညာဉ်ဖြစ်လဲ မောင်ရဲ့အိမ်မက်ထဲမှာပဲ ခိုဝင်ကာနေပါ ၊ မောင်ဘဝမှာ ဝေ,မရှိရင် မောင့်မျက်ရည် စီးမျောလို့ဆုံးနိုင်မှာမဟုတ်ဘူး ၊ ''
'' ဝေ.,သိပါတယ် , မောင်နဲ့လဲ မခွဲချင်ပါဘူး ဒါပေမယ့် . . . ရှင်သန်ခြင်းစတင်ခဲ့လို့ သေဆုံးခြင်းနဲ့ပြီးဆုံးခဲ့ရတဲ့ ဒီလူ့ဘဝကြီးကို , ဝေ မုန်းတယ် မောင် , ဘာလို့များ … … အကြင်နာမေတ္တာတွေက လူတစ်ယောက်ရဲ့နှလုံးသားထဲမှာ ချူ ပ်နှောင်မှု့တွေနဲ့ ရှိနေရတာလဲ ၊ ဝေ, ဒီလောကကြီး မုန်းတယ် , မောင် ''
'' ဝေ,သတိထားအုန်း , ဘယ်သူမှအတင်းဖန်တီးပေးနေတာမဟုတ်ဘူး ၊ အားလုံးဟာ ကိုယ့်အပြစ်နဲ့ကိုယ့်ဒဏ်သင့်ခံနေရတာပါ ၊ ဘုရားအရှင်တွေရှိတဲ့နေရာသာ သန့်စင်ကောင်းမွန်သော နေရာ ၊ ဒီလောကကြီးက အပြစ်သားတွေအတွက်နေရာပါ ၊ ပူလောင်မှု့တွေပဲ အပြည့်ရှိတယ် ၊ မုန်းချင်ရင် ဝေ,မမုန်းနဲ့ မောင်မုန်းမယ် ၊ မျက်ရည်မကျနဲ့ ဝေ, မောင် ငိုမယ် ၊ မီးအပူမယူနဲ့ဝေ , မောင် ယူမယ် ၊ အမှားများစွာ မောင်ကိုပုံပေးခဲ့ … … ဝေ,က ဝေ,ပန်ဆင်ထားတဲ့ စံပယ်ပန်းလေးလို
ဖြူ သော တစ်ပွင့်အဖြစ် လွန်မြောက်ကာ နေပါ ၊ ''
'' ဒါပေမယ့်လည်း. . . မောင် ''
'' ဆက်မပြောနဲ့တော့ ဝေ , မောင်ရင်ခွင်လေးထဲမှာပဲ ရသလောက်အချိန်အတိုင်းအတာတခုအထိ နူတ်ဆိတ်စွာဖြင့် ရှိနေပေးပါ , ''
လွန်စွာမှ လေးနက်လှသော ဤလောကတရားဘောင်အတွင်းမှာတော့ အမှန်ဆိုတာ ခြစ်ပြဖို့ အမှားတခုကို သက်သေပြရလိမ့်မယ် ၊ နှစ်ဦးသားကိုယ်စီ သက်ပြင်းလေးတွေနဲ့ရှည်မျောသော လေဟာနယ်အဆုံး၌ ဝေ့လူးကာ လေယိမ်းတိုက်ဒဏ်ကို ခံရင်း . . .လေနှင့်အတူ ကြွေသော စံပယ်ဖြူ တစ်ပွင့် ကျွန်တော်၏ရင်ထဲမှာ ကျန်နေခဲ့၍ ၊ ကျွန်တော်၏ပါးပြင်မှာ မျက်ရည်တစ်ပွင့် စီးမျောလာခဲ့လေတော့သည် ။
ကိုယ်ဟာ အချစ်သမားပါ ၊ ကိုယ်ဟာ မေတ္တာကြီးမားသော သံယောဇဉ်နှင့် သစ္စာကြီးမားလျှက် ဒီဘဝမှာတော့ မင်းကလွဲပြီး . . .နောက်တစ်ယောက်မရှိနိုင်တော့ပါဘူး ၊ ရယူခြင်းကို စောင့်ထိန်းခြင်းနဲ့ ကိုယ်,ဖလှယ်မယ် ၊ အကြင်နာသစ်ကို ရင်၌ရစ်ပတ်ထားသော သစ္စာနှင့် ဖယ်ရှားခဲ့မယ် ၊ တချိန် တကြိမ်ပဲပွင့်တဲ့ပန်းဟာ ကိုယ်ရဲ့ရင်ဝယ်ထဲမှာပဲ ဖူးပွင့်သလို ၊ ကိုယ်ရဲ့ရင်ဝယ်ထဲမှာပဲ ငုံဆင့်ခဲ့တယ်၊
လေသက်ပြင်း ချွေဇာတ်ခင်းလို့ ကိုယ်ရဲ့ပန်းသစ္စာက ကိုယ့်နဲ့ ဝေးခဲ့ရတယ် ၊ကိုယ့်အနားကနေ
မင်း ထွက်သွားတော့လေ . . . ကိုယ်ဟာ မျက်ရည်များစွာနှင့်မနေချင်ပဲကျန်ရစ်နေခဲ့ရတယ် ၊ မင်းရဲ့အငွေ့အသက်တချို့ နဲ့မင်းရဲ့ခြေလှမ်းတချို့ ကို စိတ်ဓာတ်ကျခြင်းများစွာဖြင့် ပျော်ရွှင်ခြင်းကို စောင့်မျှော်နေမိတယ် ၊
တစ်နေ့ မင်းပြန်လာအုန်းမလားလို့ . . . ကိုယ်မှာ စိတ်ကူးအိမ်မက်တွေရှိခဲ့ဖူးပါတယ် ၊ တစ်နေ့ မင်းပြန်လာခဲ့ရင် ကိုယ်ရဲ့စိတ်ကူးအိမ်မက်တွေကို ရပ်ပစ်မယ် ၊ မင်းနဲ့အတူ … … … … စကားတွေပြောမယ် ၊ ဒါပေမယ့် ဖြစ်လာနိုင်ပါ့မလားလို့ ကိုယ်မတွေးခဲ့ဖူးဘူး ၊ အခုတော့ ဖြစ်မလာနိုင်တော့ဘူးပေါ့ . . . ဘဝသစ်ရဲ့ခြေရာသစ်မှာ မင်းဟာ ဝေဝေ မဟုတ်တော့ဘူး ၊ မင်းဟာ မင်းပဲ ဖြစ်သွားပြီ ၊ တကယ်တော့ ကိုယ့်ကမ္ဘာ့ဟာ လမင်းမပွင့်ခဲ့ဘူး
ကိုယ်က မာကျူ ရီမီးလုံးအောက်မှာ နေပြီး လမင်းပွင့်တယ်လို့ စိတ်တခုကို နှစ်သိမ့်ဖြေလိုက်တယ် . . . အဟန့်အတားတခုကြောင့် အချစ်တွေဟာ ပျက်ကိန်းကြုံတွေ့ရပေမယ့်
ဟိုး ယခင်ကလိုပါပဲ , , , ချစ်မလျှော့ခဲ့ပါဘူး ၊ မင်းနေတဲ့အရပ် မြေလမ်းဝိညာဉ်ထက်မှာ
ရွက်မကြွေ လေမတိုး ဘဝဇရပ်ပျက်မှာ မုဆိုးတွေလဲမရှိ ၊ အေးချမ်းပါတယ် ဝေဝေ ၊ အခါညမှာ အသာအလွင့် မင်းဝိညာဉ် ကိုယ်ရဲ့လိပ်ပြာအနားကို ရုတ်တရက်ရောက်လာခဲ့ပြီးမှ နူတ်ဆက်အနမ်းတချက်နဲ့ ပြန်ထွက်လေတော့ မင်းပြောခဲ့တဲ့စကားလုံးများစွာက
ငိုကျွေးခြင်းနဲ့ရှို က်ထစ်လေခဲ့တယ် ၊
ကိုယ် ကြည့်နေတတ်တဲ့ ပန်းချီတချပ်က အခုထိတော့ အသက်မဝင်လာသေးပါဘူး ၊ မင်းနဲ့ဆုံဖူးခဲ့တယ် ၊ မင်းနဲ့ခင်ဖူးခဲ့တယ် ၊ မင်းနဲ့ချစ်ဖူးခဲ့တယ် ၊ မင်း ထွက်ခွာခဲ့တယ် ၊ ဒဏ်ရာများနေတဲ့သူကိုမှ ဘဝက ရက်စက်ရသလားး ၊ ရုပ်ဆိုးတဲ့မျက်နှာပေါ်မှာမှ မှဲ့ခြောက်တွေအထပ်ထပ်ပေါက်ရသလား ၊ သံယောဇဉ်ကြီးမားတဲ့ အသဲနှလုံးပိုင်ရှင်မှ သေခွဲသေခွာကြုံမြေ့ရသလားး ၊ ကန္တာရရဲ့သစ်ခြောက်ပင်အိုလို ကိုယ့်ဘဝကို မင်းသာကြည့်မိမယ်ဆိုရင် မိုးငွေ့မိုးမှိုင်း ဖုံးအုပ်လွှမ်းပေးနိုင်မလား ၊ ဆောင်းငွေ့နှင်းသိုင်း
မြူ ဆိုင်းစွာ အေးချမ်းမှု့လွှမ်းခြုံပေးနိုင်မလား ၊ အများအမြင်မှာသာ တည်ငြိမ်နေပေမယ့် ရင်မှာတော့ မီးတောင်ဟက်ကွဲနေတယ် ၊ သတိရခြင်း လည်ပတ်နေသမျှ အတွေးမလှတဲ့ စိတ္တဇညမှာ မင်းအကြောင်းတွေးရင်း မင်းရှိရာ လိုက်ခဲ့ချင်မိတယ် ၊ ဘာမှမပြည့်စုံတော့တဲ့ ကိုယ့်ဘဝဟာ နေတာက ငရဲတည့်တည့်ဖြစ်နေလို့ သေတာပဲ အေးချမ်းမယ်ထင်တယ် ၊
ဒီဘဝတော့ ဒီတစ်ယောက်တည်းမို့ မငြိမ်းသောမီး တောက်ပနေပါစေ ကိုယ်ကြွေတဲ့အထိ ရင်မှာထွေးပျော်ပါတယ် ဝေဝေ ၊ ဒီလောကကြီးကို ဝေ,မမုန်းလိုက်ပါနဲ့ မောင်မုန်းပါ့မယ် ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment