အလွန်နူးညံ့၍ အလွန်ထိတ်လန့်ဖွယ်
ချစ်သူနဲ့ကျွန်တော် ရန်ဖြစ်ထား၍ အခန့်သင့်မခေါ်ကြတာ အခုဆို တစ်လကျော်ကျော်ဖြစ်တော့မယ် ၊ သူဘက်ကလဲ ဖုန်းမခေါ်သေးသလို ၊ ကိုယ်ဘက်ကလဲ ဖုန်းမကိုင်သေးဘူး ၊
မထင်မှတ်ပဲ , , , တစ်နေ့မှာတော့ ချစ်သူနှင့်တည့်တည့်တိုးကာ မျက်နှာချင်းဆိုင် မြင်တွေ့လေတော့သည် ၊ ဘယ်အရာပဲဖြစ်ဖြစ် ယောက်ကျာင်္းလေးဘက်က အရင်စတင်ရမှာမို့လို့ . . . ကျွန်တော်ဘက်ကနေပဲ သူကို စတင်ဦးညွှန့်လိုက်လေတော့သည် ။
'' မမ, တောင်းပန်ပါတယ်, ပြန်ခေါ်ကြရအောင်နော်, ''
'' သွားပါ,ပစ်တုန်းက ပစ်ထားပြီး,ခုမှ ''
''မမရယ်,ခွင့်လွှတ်ပေးပါ,အဲ့တုန်းကလဲ မမပဲအရင် မခေါ်ပဲနေတာလေ ''
'' မောင်ကမှ မမအပေါ် စိတ်မရှည်တော့တာ , အဲ့ကြောင့်မို့ မမက အရမ်းချူ ပ်ချယ်တယ်ဆိုပြီး ပြန်မခေါ်တာမလား ''
'' မဟုတ်ပါဘူး , မောင်ခေါ်တိုင်း မမက ရှောင်နေတာကိုး ''
'' အင်းပေါ့လေ,မောင်က ကောင်မလေးအသစ်နဲ့တွေ့တော့လဲ မမကို မေ့တာ မဆန်းပါဘူးး ''
'' မမေ့ပါဘူး မမရယ် , မမကို မေ့စရာလားလို့ , ''
'' သိဘူးကွာ , မေ့ချင်မေ့မှာပေါ့ , ဒါတော့ မမမှ မသိနိုင်တာ ''
'' မမေ့နိုင်လို့ပဲ အခု မမကို ပြန်ခေါ်နေပြီပဲ ၊ တောင်းပန်နေပြီပဲ မမရယ် ''
'' ဟုတ်ကော ဟုတ်ရဲ့လား , ဒီက စိတ်ဆိုးမပြေသေးဘူး, လူကိုများ အော်ငေါက်ရတယ်လို့ ''
'' မမရယ်,အဲ့ဒီတုန်းက မှားခဲ့မိပါတယ် ခွင့်လွှတ် ခွင့်လွှတ်ပေးပါနော် ''
'' နောက်တခါ မမကိုအော်ငေါက်ရင် ခွင့်မလွှတ်တော့ဘူးနော် ''
'' ကတိပေးပါတယ် မမရယ် ''
နှစ်ဦးသား ပြန်လည်အဆင်ပြေစွာဖြင့် အချစ်ဆင်းချွေသီဝေနေတော့သည် ၊
ကိုယ့်ချစ်သူကို ကိုယ့် ပြန်ချော့ရတာ တကယ်တော့ ကျားတစ်ကောင်ရဲ့အဆွယ်ကိုဖြတ်နေရသလိုပါပဲ , ရင်တုန်တုန်နဲ့ပေါ့ဗျာ ။
{ ခုန်နေတဲ့ရင်ကို
တုန်ခါစေတဲ့ ချစ်သူ
မှန်နေတဲ့ခြေလှမ်း
မြန်ချင်သလိုနဲ့နှေးတဲ့လမ်း
ချစ်သူရဲ့အကြည့်မှာခမ်း
စမ်းရေတွေ ခမ်း
မောင့်လဲနွမ်းလေပြီ }
သဘာဝရဲ့နှင်းစိုင်ထုထည်များစွာက လောကတခွင်ကို ဖြူ ဆိုင်းအုပ်မိုးထားလေသည် ၊ ထိုကြားထဲမှ ညင်းတုန်တုန်လေစိမ့်စိမ့်လေးတွေကလဲ တဖန် တိုက်ခတ်နေလေ၏ ၊ သစ်ရွက်တွေရဲ့အစိမ်းရောင်တွေ ခဏဖျောက်ကာ နှင်းရဲ့အဖြူ ခံကို ယာယီခိုနေလျှက် ဝါဝါနုနု နီနီဥဥ သို့မဟုတ် နေမင်းမျက်တောင်ဖွင့်ပြီပေါ့ ၊
ကျွန်တော်လဲ ငေးကောင်းနဲ့ငေးနေကာ ရုတ်တရက် ဖုန်းလာတာတောင်မကိုင်လိုက်မိ ၊ နောက်တော့မှ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ သူငယ်ချင်းတစ်ယောက် ခေါ်တာသိရတယ် ၊ ဒါနဲ့ ဖုန်းပြန်ခေါ်၍ ပြောလိုက်စဉ် သူငယ်ချင်းထံမှ လေတိုးသောစကားများစွာ ကြားသိရပါတော့သည် ၊ ကျွန်တော်ရဲ့ အလွန်ယုံကြည်မှု့ကိုခံယူထားသော သူက, ဒီလိုလုပ်ရပ်မျိုးကို ဖန်တီးနေတော့ ကျွန်တော်ဟာ ဆောင်းမနက်ခင်းမှာ နှင်းငွေ့တစက်လို ပျောက်ဆုံးသွားချင်မိတယ် ၊ လောကကြီးမှာ မျက်စီမှိတ်ပြီး ယုံကြည်ထိုက်တဲ့သူ ဘယ်သူရှိလိမ့်အုန်းမလဲ ၊ ကျွန်တော် ဘာမှမလုပ်ချင်တော့ပါ ၊ စိတ်အာရုံတွေလဲထွေပြားဝေဝါးလာကာ အဓိပ္ပါယ်မဲ့သော အရက်တစ်ခွက်သောက်နေမိတယ် ၊ တမနက်လုံး ဘယ်သူနဲ့မှ စကားမပြောပဲ ၊ ဘယ်သူကိုမှမကြည့်တော့ပါ ၊ အိမ်ထဲမှာပဲ တစ်ယောက်ထဲ အဓိပ္ပါယ်မဲ့စွာနေရင်းဖြင့် တဆစ်ဆစ်နဲ့ကျွန်တော်ရဲ့
ဘယ်ဘက်ရင်တခြမ်းက
နာကျင်လာလေတော့သည် ၊ မခံစားနိုင်လောက်အောင် ပဒိုင်းသီးတွေစားနေသလို လူဟာလဲ တမနက်တည်းမှာပဲ ရူးချင်သလိုလို ဖြစ်သွားခဲ့တယ် ၊ အမှန်ဆိုတာ ကြက်ခြေခတ်နဲ့အနေနီးပေမယ့် အမှားမဖြစ်သော်လည်း , သံယောဇဉ်ဆိုတာကတော့ သေရာပါအောင်မချစ်တတ်ရင် ကွဲကွာ ခွဲခွာသွားမှာပဲ ၊ ဘဝရဲ့အဆိုးဆုံး ခံရခက်ဆုံးက ကိုယ်စိတ်ချထားဆုံး, ယုံကြည်အပ်ထားတဲ့သူက ကိုယ့်အပေါ် ရက်စက်ခဲ့တာပဲ သေချင်လောက်အောင် ဒီလောကကြီးကို ကျွန်တော်စိတ်ပျက်သွားခဲ့တယ် ၊ တပတ်လောက်အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နေခိုက် မမဆီက ဖုန်းတွေ တသောသောလာနေသလို ၊ မမလဲ ကျွန်တော်အတွက် စိတ်ပူနေရောပေါ့ ၊
နောက်တစ်နေ့မနက်စောစော၌ ဘယ်သူမှမရှိသော တိတ်ဆိတ်တဲ့ မြေဝန်းရပ်တခု၌ မမနဲ့တွေ့လေခဲ့သည် ။
မမကတော့ အပြုံးမပျက် ပုံမှန်လိုပါပဲ ကျွန်တော်ကို ဂရုစိုက်စွာဖြင့် ကလေးတစ်ယောက်လို ချော့သိပ်နေတတ်သူ ,
'' အခုမှပဲ မောင့်ကို တွေ့တော့တယ် ၊ မမဖုန်းဆက်တော့လဲမကိုင်ဘူး ,
မောင်နေမကောင်းလို့လားး ''
'' မောင် အပြင်မထွက်တော့ မမက နောက်တစ်ယောက်နဲ့လျှောက်လည်လို့ရတာပေါ့ မဟုတ်ဘူးလားး မမ ''
'' မောင်, မောင်ဘာတွေပြောနေတာလဲ မမ,မသိဘူးနော် ''
'' မသိဘူး ဟုတ်လားး ''
'' မောင်နော် အထင်မှားပြီးလာမပြောနဲ့ ''
'' မမ,တကယ်မဟုတ်ဘူးလား ''
'' ဘာကိုဟုတ်ရမှာလဲ , ဘာတွေပြောနေမှန်းမသိဘူး ''
''မမက ကျွန်တော်ကိုကလေးတစ်ယောက်လို ချော့သိပ်တယ် ပြီးတော့ ကလေးတစ်ယောက်ကို ညာသလိုညာခဲ့တယ် ၊ ကျွန်တော်ကလဲ ကလေးတစ်ယောက်မဟုတ်ပေမယ့် မမကို ယုံကြည်စိတ်ချထားတော့ ကလေးတစ်ယောက်လိုပါပဲ , အကန်းတစ်ယောက်လိုပါပဲ မမပြောသမျှကို ယုံပြီးခေါင်းညိမ့်တတ်လာတယ် , ဒါပေမယ့် မမက ကျွန်တော်ရဲ့ယုံကြည်ခြင်းများစွာကို ညအမှောင်ရိပ်အောက်မှာ ချထားခဲ့တယ် ၊ မမဘာလို့ သစ္စာမဲ့ပြီး သစ္စာဖောက်တဲ့လုပ်ရပ်ကို လုပ်ရတာလဲ ,
ရှင်းရှင်းပြောပါ မမ, ကျွန်တော်နဲ့သံယောဇဉ်က ကုန်သွားပြီလား ဒါဆို ကျွန်တော်ပျော်ရွှင်စွာနဲ့မမကို တခြားတစ်ယောက်လက်ထဲအပ်လိုက်မယ် , အခု မမက မြားတစင်းနဲ့ငှက်နှစ်ကောင်ကို ပစ်နေတယ် , ရှင်းရှင်းပြောပါ မမ ,
ကျွန်တော် မမဆီက အပွင့်လင်းဆုံးစကားတစ်ခွန်း ကြားချင်တယ် , ဖြေပေးပါ ''
'' မမ, မှားပါတယ် မောင် , မမ,မှားသွားပါတယ် , တောင်းပန်ပါတယ် ''
'' ဘာ , လူတစ်ယောက်ရဲ့အသဲကို ခွေးတွေကျွေးပြီး , မျက်ရည်ခအောင်လုပ်ပြီး ပြောချင်တာက '' တောင်းပန်ပါတယ် ,မှားသွားပါတယ် '' ဒါပဲလားး မမ , လူတွေကလဲ ဒီလိုပဲ ပြောတတ်ကြပါတယ် ,
မမတို့လို မိန်းမသားတွေက ပိုဆိုးတယ် ၊ မျက်ရည်လေးတွေနဲ့ငိုပြရတာနဲ့ အဆတ်ဆတ်
ရှိုက်ပြရတာနဲ့ , အပြစ်မလုပ်ထားသလို သနားလာအောင် လုပ်တတ်တယ် ၊ မမ ဟိုးအရင်က ဘာပြောလဲ . . . မောင်မှမောင်ပါပဲ , မောင်ကလွဲပြီး ဘယ်ယောက်ကျာင်္းလေးတွေကိုမှ ခေါ်ပြောမဆက်ဆံချင်ပါဘူးဆို , မောင်ကသာ မမရဲ့ဘဝသခင်ပါ ၊ မောင်ကသာ မမရဲ့အလင်းအရှင်ပါ , မမရဲ့ရင်ထဲမှာလဲအမြဲတမ်း မောင်တစ်ယောက်သာ ရှိပါတယ် ၊ မောင်သာ နောက်တစ်ယောက်ရှာရင် မမလဲ သေမှာပဲ ၊ မမရဲ့ပါးစပ်ဖျားမှာ မောင်မှမောင်ပါပဲဆိုပြီး အခုတော့ မမရဲ့ရင်ခွင်ထဲမှာ ကိုကိုက ရှိနေတာပေါ့လေ , ဟုတ်လား မမ , ပြောပါအုန်း နူတ်ပိတ်မနေပါနဲ့ ''
'' မမ,တောင်းပန်ပါတယ် , မောင့်ကိုသာ တကယ်ချစ်တာပါ ၊ မောင်ယုံကြည်ပေးပါ ,
သူနဲ့မမက အနေနီးတော့ ဖြစ်သွားကြတာပါ , မောင်သာ မမရဲ့အချစ်ဆုံးပါ , ''
'' တော်ပြီ,ဆက်ဖြစ်ကြ,ကျွန်တော်ရဲ့
အချစ်နဲ့ကျွန်တော်ရဲ့သစ္စာက not back ပဲ , ဘယ်တော့မှ နောက်လှည့်ရိုး ထုံးစံမရှိဘူး ,
မမကို ယုံကြည်မှု့တွေပေးအပ်ခဲ့တယ် မမနဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းတွေက
မတန်ဘူး မမ , ဒီနေ့ကစလို့ပေါ့ ကျွန်တော်မှာ အသဲနှလုံးတော့ရှိနေမယ် ဒါပေမယ့် ချစ်ခြင်းရဲ့မေတ္တာအကြင်နာကတော့ မမနဲ့အတူ ဒီနေရာမှာပဲ ထားခဲ့တော့မယ် ၊ အချစ်ဆိုတာ တကယ်တော့ စောက်သုံးမကျတဲ့အရာ, အဲ့ဒီအတွက်နဲ့တော့ ကျွန်တော်ဘဝတခုလုံး နစ်မွန်း အပျက်စီးမခံနိုင်ဘူး ,မမ , ကျွန်တော်ကြောက်သွားပြီ အလွန်တရာနူးညံ့တဲ့အရာက အလွန်တရာမှ
ထိတ်လန့်ဖို့ကောင်းတယ်ဆိုတာကိုပေါ့ ကျွန်တော်နူတ်ဆက်ခဲ့တယ် မမ ''
ညမင်းကြယ်တံခွန်


No comments:
Post a Comment