Saturday, March 11, 2017

       အတိသယဝုတ္တိဘဝအလင်္ကာ

 ဟိန်းမြည်စွာ လောကတခွင်မှာ
 နားပူညံလို့   စွင့်စိုက်နားထောင်
 မိုးခြိမ်းသံလား ကျားဟိန်းသံလား
ဆာလောင်နေသော အသံတချို့
မင်းရဲ့အရိပ်မဲထဲမှာ ကြွေးကြော်ကုန်ပြီ

လှိုင်းလုံးကြွသံ  ဆူဆူညံလို့
မိုးထိတဲ့လှိုင်း   စုပုံအုံခဲ
ဘဝဒုက္ခ    ငြင်းဆန်မလား
မကြောက်ဝံ့သော  ခံနိုင်ရည်နဲ့
လာစမ်းလှိုင်းအုံ   ငါဟဲ့ယောက်ကျာင်္း
    ထိုးဖောက်ထွင်းမယ်။

     ညမင်းကြယ်တံခွန်

No comments:

Post a Comment