ရွက်သစ်ဝေဆာ နန်းဥယျာဉ်မှာ
ကြင်သူအလှ ဖူးပွင့်ဝေစွာ
ရင်ခုန်တေးသံ ကြွအုံဆူကာ
နန်းဥယျာဉ်မှာ အသံလှိုင်းထ
တသောသောနဲ့ တလိမ့်လိမ့်တက်
ရင်တွင်းထဲက အချစ်ငွေ့ခတ်
ဆူစွာခုန်လို့ အချစ်ပေါက်ထွက်
နန်းဥယျာဉ်ထက် ရင်ခွင်ခြင်းဆက်
ကြွေပန်းခရေ ပွေကြဲမြေထက်
တပွင့်ချင်းဆက် သွယ်ကာသီလို့
နန်းထိုက်သူတို့ ဆံဝယ်ထက်မှာ
ပန်ဆင်ကြသော ကြွေတပွင့်ပန်း
လေခပ်ခြောက်လဲ ရနံ့သင်းမြဲ
သစ္စာကမ္ဘာ အကြင်နာမျှတော့
နန်းဥယျာဉ်ဝယ် မေတ္တာထုဆစ်ခဲ့ . .။
ညမင်းကြယ်တံခွန်

No comments:
Post a Comment