လေလိုင်းငယ် မမိတမိဖြစ်လို့
ဖုန်းအပြစ်လား လေလိုင်းအပြစ်လား
တို့မှာတွက်မရ လက်ပန်းကျ ။
ဖြောင့်တန်းလို့လေလိုင်းထဲမှ
မိန်းကလေးငယ် အသံတချို့ကြောင့်
တို့ရဲ့လေလိုင်းငယ် မိလို့ထိပြီ
မိန်းကလေးငယ် တို့ရင်ခွင်ဆီ
ဖုန်းဆက်ကာ မခေါ်ပါနဲ့
ခဏ ခဏခေါ်ကာ ခဏ ခဏနဲ့
မိန်းကလေးငယ် စကားသံ
တို့ရင်မှာစွဲလို့ ချစ်မိခဲ့ရင်
( မိန်းကလေးငယ် စိတ်မဆိုးပါနဲ့ ) ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment