ရင်ငြိတဲ့ ဆွေးညနေကြီးခဗျာ
သူနှစ်သက်လို့ရူးခဲ့ရတဲ့
မျက်ရည်ညှစ်ပဝါဖြူ လေးကို
ခေါင်းပေါ်တင်ပြီးးးးးး
နေမှုန်ကို လိုက်ရှာလေတော့တယ်
သူ့လိုပဲ ကိုယ်ကလဲ
မြတ်နိုးပြီးချစ်ခဲ့ရတဲ့ ချစ်သူကို
မိုးစက်ဝန်းမှာ ရှိမလား
နွေစက်ဝန်းမှာ ရှိမလား
ဆောင်းစက်ဝန်းမှာ ရှိမလား
ရှိမလားလို့ သိမထားတဲ့
ခြေလှမ်းလေးနဲ့ပေါ့ အချစ်ရယ်
ညနေကြီးလို နေမင်းပစ်ပယ်ခြင်းကို
ခံယူခဲ့ရတယ် ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment