Monday, May 1, 2017

    အမြတ်တနိုးရဲ့မြတ်နိုးခြင်း

အမြတ်တနိုးနဲ့ ထာဝရသိမ်းထားတယ်
တခါက . . . . ကဗျာ ။

အမြတ်တနိုးနဲ့ ထာဝရသိမ်းထားပါတယ်
တခါက . . . . ဂစ်တာ ။

အမြတ်တနိုးနဲ့ အမှတ်တရသိမ်းထားတယ်
တခါက . . . ပဝါ ။

အသက်မရှိတော့လဲ
အမြတ်တနိုးသိမ်းထားချင်တယ်
တခါက . . . . ကမ္ဘာ့ ။

အနူးညံ့ဆုံးနဲ့ချို သာဆိတ်ငြိမ်မှု့တွေကိုလဲ
သိမ်းထားပါတယ်
တခါက . . . .  ထာဝရ ။

အမြတ်နိုးဆုံးမို့ သိမ်းထားပါတယ်
တခါက . . . . မျက်ရည်ငယ် ။

အချစ်ရယ် မင်းရဲ့နောက်ဆုံးထွက်သက်ကိုတောင်
ကိုယ်ဟာ . . . . .
ပန်းတပင်လိုအနွမ်းမရှိအောင်
ရင်ခွင်မှာ ထည့်သိမ်းထားပါတယ်
မြတ်နိုးသူရဲ့ အမြတ်တနိုးမို့ပါ ။

 ညမင်းကြယ်တံခွန်


No comments:

Post a Comment