Monday, May 1, 2017

         အဖိုးကိုးတန်

ကောင်းကင်တော့ ကောင်းကင်
တိမ်မရှိတဲ့  ကောင်းကင်ကို
အချစ် မြင်ဖူးသလားးးးးး ။

အရိပ်တော့ အရိပ်
အဆင်းသဏ္ဍာန်မရှိပဲ အရိပ်တခုကို
အချစ်  မြင်တွေ့ဖူးသလားး ။

စိတ်တော့  စိတ်
ဘာမှမတွေးမြော်ပဲ  စိတ်ကူးတခုကို
အချစ်  ရင်းနှီးနေပါ့မလားးးးးး ။

မမြင်ခင် သေအောင်ကြောက်ပေမယ့်
မြင်သွားရင်  ရိုးရိုးလေးးးးးးးး
မရောက်ခင် သေအောင်စိုးထိတ်မိပေမယ့်
ရောက်သွားရင် ရိုးရိုးလေးပါပဲ
အချစ်ရယ် . . . . .

မဆန်းပြားတဲ့ဒီလောကထဲမှာ
အခမ်းနားဆုံးကတော့ . . . . .
ကိုယ် မင်းကိုချစ်တဲ့
အချစ်တွေပါပဲ ။

  ညမင်းကြယ်တံခွန်

No comments:

Post a Comment