မယုံရဲလို့ . . . . .
မချစ်ရဲဘူးဆိုတဲ့ အငြင်းသဘောနဲ့
အသဲနှလုံး တံခါးကို
အတင်းပိတ်ထားတော့မလား မိန်းမချို
အပြောမပို မလိုအောင်ညှိတဲ့
ကာရန်သစ်ကို
မျောက်လို မကုတ်ခြစ်တတ်ပါဘူး ။
ထားရင်နေ စေရင်သေ
အပိုစကားတွေ မဆိုတတ်
မသိုဝှက်တတ်တဲ့ အသဲနှလုံးကိုမှ
မယုံရဆိုတဲ့ စာလာကပ်တော့
မင်း အချစ်နဲ့မင်း
ကိုယ်အချစ်နဲ့ကိုယ်
နေချင်သလိုသာ နေပြီး
ယုံချင်သလိုသာ ယုံလိုက်ပါ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment