Monday, May 1, 2017

     သုံးရာခြောက်ဆယ်ငါးရက်မီး

မာကျောတဲ့ကျောက်သားတွေကို
သဘာဝကြီးက . . . . .
ငြင်သာစွာ ပွန်းပါးပါးဖျက်နိုင်တယ်

သိတော့သိပေမယ့်
ချစ်တော့လည်း ချစ်မိတော့
ကိုယ်ဟာလေ . . . . .
ဘာကောင်မှမဟုတ်တဲ့
အိမ်မြှောင်လေးကိုလဲ
အသဲငယ်တတ်နေပြီ အချစ်ရေ

တဖြုတ်ဖြုတ်နဲ့တသုတ်သုတ်
ကြွေတာ  ကြွေတာာာာ
မခံစားနိုင်ဘူး အချစ်ရေ
ကိုယ့်အသဲကို ပင့်ကူမျှင်ယှက်နေပြီ

အုတ်နံရံကို ဓားပစ်စိုက်လို့
မထိုးဖောက်နိုင်ပေမယ့်
မင်းးးး နည်းနည်းစဉ်းစား
ကိုယ်ဟာ ယောက်ကျာင်္းဆိုပေမယ့်
မျက်ရည်တော့ ကျတတ်တယ်နော် ။

မီးတော့ မီး
ဒါပေမယ့် . . . .
ကိုယ့်ရဲ့မီးက ၃၆၅ရက်မီး
တစ်နှစ်အချစ်ရဲ့တသက်မီးးးး
လုံလောက်စွာ သိခဲ့ပါပြီ.အချစ်ရယ်။

  ညမင်းကြယ်တံခွန်

No comments:

Post a Comment