Monday, May 1, 2017

           အိမ်မက်လမ်းခွဲ

ကြွေဟောင်းမြူ နေတဲ့ သစ်ကိုင်းခြောက်နဲ့
သမုဒ္ဒရာလှိုင်းထိပ်က ရေလုံးလေးနဲ့
ခံစားချက်ခြင်း တူညီနေကြတယ်
( ငါ ဘယ်အချိန် ကျမလဲပေါ့ )

တခါ . . . . .
အလင်းမှိန်နေတဲ့ ကြယ်တစ်ပွင့်နဲ့
အရောင်မထွက်တဲ့ အသဲနှလုံးနဲ့
ခံစားချက်ခြင်း ဆွေးနေကြတယ်
( ငါ ချစ်သူ ဘယ်မှာလဲပေါ့ )

ရှာနေတတ်တယ်
မျှော်နေတတ်တယ်
ကြိုနေတတ်တယ်
လွမ်းနေတတ်တဲ့ ကောင်မလေးတစ်ယောက်က
ဖြစ်ချင်တော့ . . . . .
အိပ်ငိုက်နေတယ်

ကိုယ်မှာတော့ စကြာဝဋ္ဌာကြီးကို
ကိုင်မြှောက်ပြီး သူ့အရှေ့လျှောက်ပြနေရတာ
နောက်ဆုံး . . . . . .
နေမင်းတောင်  သူနေထွက်ဖို့
ကမ္ဘာ့ငယ်လေးက အိပ်နေလို့
လမင်းအရိပ်အောက်မှာ ငိုနေရပြီ ။

ဒါလဲ သူမသိသေးဘူး
နောက်တော့မှ . . . စဉ်းစားမိတယ်
ကိုယ်က  သူ့အတွက်
အိမ်မက်ထဲက မင်းသားဖြစ်နေလို့ပဲ
သူ အိပ်ပါစေ . . .မခေါ်နိုးကြပါနဲ့
သူနိုးလာခဲ့ရင်တော့ . . . .
အိမ်မက်လမ်းခွဲလေးပေါ့ ။

  ညမင်းကြယ်တံခွန်

No comments:

Post a Comment