အသက်တလွှာပဲရှိတဲ့ ကိုယ့်ဘဝမှာ
ကဗျာကို သံသရာထိဆွဲဆန့်မယ် ။
နင်မှားတယ်
ငါမှားတယ်
ဘယ်သူ ဒီလောကမှာအမှန်ဆုံးလဲ
အမေးကို အမေးနဲ့
အတွေးကို အတွေးနဲ့
စိတ်ကို စိတ်နဲ့
ငါတို့နှစ်ယောက် လှည့်စားပြီးတော့
ဟို တောင်ကိုကျော်မယ် ။
နင်နေတာက ပန်းဥယျာဉ်
ငါနေတာက သုသာန်ပြင်ထက်က
ဇရပ်ပျက် - - -
လင်းတငှက်ဆိုတာ ငါဘဝအတွက်တော့
မျက်ရည်အဖြစ်နဲ့မွေးဖွားခြင်းပဲ ။
ငါနေတာ တဲစုတ်ပျက်ရဲ့ထရံဇကာ
နင်နေတာ စိန်စီရံတဲ့ တိုက်တစ်လုံး
အကမ်းအကွာခြင်းကို
အချစ်လက်လေးနဲ့လှမ်းထွာလို့
ဖြစ်နိုင်ပါ့မလားးးးးး
အရဲစွန့်ချစ်မယ်ဆိုရင်
အသဲကွန့်ယှက်ဖြန့်ထားမယ်
နေနိုင်တယ် တသက်လုံးဆို
ရင်းဆပ်မယ် တဘဝလုံး
နင်. . . .
ငါဆီလာမယ်ဆိုရင် . . .
ပီတိရွှင်သော အပြုံးတခုတည်းကိုသာ
သယ်ဆောင်ယူလာပါ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment