အဝေးကနေမြင်နိုင်တယ်
အနီးကပ်လဲကြည့်နိုင်တယ်
သဏ္ဍာန်မတူ ရုပ်အဆင်းမတူလဲ
စိတ်ထားဖြူ သူတွေဟာာာာာ
ကောင်းကင်ရင်ခွင်ထဲက . . . .
တိမ်သားအဖြူ တွေလို
ကောင်းကင်ဘုံမှာပဲ ရှိနေတယ်
လွမ်းဟောင်းညှာချွေ . . . . .
မျက်ရည်လောင်းသွန်တဲ့အခမ်းအနား
ဒီကမ္ဘာ့မှာ မောင်တို့ရဲ့အချစ်တွေ
ခဏတကွေ့တွေ့ရှိလို့
ရိုးသားစွာ ရင်ခြင်းဆက်ချစ်ကြပေမယ့်
အချိန်တန်ခြင်းရဲ့နောက်ဆုံးမှာတော့
ကိုယ့်မျက်ရည် ကိုယ်သုတ်ပြီးးးး
ကိုယ်လမ်းနဲ့ ကိုယ်အိမ်ယာဆီ
ဦးခိုက်သွားနေရတယ် ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment