Tuesday, May 2, 2017

           စီးခြင်းထိုးပွဲ

အိမ်မက်တွေ အေးခဲနေလို့
နေပူဖို့ . . . .
အနီရောင် နေမင်း မြန်းခဲ့ပါ ။

ပိတ်ဖုံးလှောင်အုပ်နေတဲ့  ဇရပ်ပျက်မှာတော့
သေမင်းဟာ ဒူးတုတ်ကွေးပြီး
လူသွေးသားစီးမျောခြင်းကို
စောင့်နေလင့်တယ် ။

မိုက်ရိုင်းနေတဲ့ ကံတရားတွေက
မိန်းမပျို တစ်ဦးရဲ့ . . . . . .
ရင်ခုန်သံဇဉ်လို
ဘုရင်မ သရဖူဆောင်းချင်ပေမယ့်
မရွှင်လှ  သူ့ရုပ်ခန္ဓာကတော့
တပိန်ပိန်နဲ့ပေါ့ ။

မင်းမချစ်လဲနေ ငါကိုယ်ငါချစ်မယ်
တစ်နေ့နေ့မှာ . . . .
မျောက်တွေ လူစကားပြောတတ်ရင်
လင်းတတွေ လူလိုလမ်းလျှောက်ပြလိမ့်မယ် ။

  ညမင်းကြယ်တံခွန်

Monday, May 1, 2017

            မီးခဲနီနီလမ်း

ခေါင်းငုံ့နေတယ်ဆိုတာ . . . . .
ရှူံးသွားလို့လဲ  ဆိုနိုင်သလို
အင်အားဖြည့်ခြင်းလို့လဲ ဆိုနိုင်တယ်

ချစ်နေတယ်ဆိုတဲ့အရာလဲ . . . .
မမုန်းသေးလို့  ဆိုနိုင်သလို
မုန်းမရလို့ ဆက်ချစ်နေလျှက်ပေါ့

ဘယ်သူ့စကားသံမှ
မညည်းညူ ပါဘူးးးးးးးး
ကိုယ့်အသံနဲ့ကိုယ်
ကိုယ့်အသက်နဲ့ကိုယ်
ကိုယ့်ခန္ဓာနဲ့ကိုယ်
ကိုယ်နင်းရာ ငရဲဆို . . . . .
ကိုယ်ခင်းရာ  မီးခဲနီနီလေးပေါ့ ။

  ညမင်းကြယ်တံခွန်
       အရောက်မြန်းခဲ့ပါ

ဒန်းခိုစီးနေတဲ့ ရွက်ဟောင်းနုတွေ
လေသုရွှေမျှင်ရဲ့
ထုံးရစ်မှု့နှောင်လေသည်

မှုန်ဆိုင်းလွင့်နေတဲ့ မီးရိပ်ခိုးတွေဟာ
နွေကိုမွန်းကျပ်
ခြောက်လန့်နေတော့သည်

အပယ်ခံလို  မျက်ရည်နှင့်ငိုရတဲ့
ညများးးး
   ညများစွာထဲကမှ အသဲကြားထဲက
ကြယ်တစ်ပွင့် မြေအသင့်မှာ
ကောက်ယူမည့်  ချစ်သူကို
   မျှော်လေနေပြီ ။

  ညမင်းကြယ်တံခွန်
နောင်တကို နောင်ဘဝမှတမ်းတမယ်

အာကာစုံတိမ်ပန်းဝတ်မှုံ
ရွာစွန်စွန် ညိုမိုမိုမဲ
မိုးသဲ . . . .
မစဲသွန်းဖြိုးး မငြိုးလျှော့
ရော့ရော်ရီ  ပင့်သက်လျာ
အေးကာ အေးကာ ခိုက်ခိုက်တုန်
ချမ်းကာ ချမ်းကာ လှိုက်လှိုက်ခုန်
မိုးသဲအေးးးးးးးးးးးးးးးးးးးးးး
ရွှဲရွှဲစို အမုန်းဆွေးတဲ့အသဲလုလင်
စွဲစွဲပို အဆုံးမဲ့ကိလေသာမီးများနှင့်
မသင့်လိုက်တဲ့ ဒီဘဝ
နောင်တကို နောင်ဘဝမှတမယ်
အခုတော့ ဆက်ချစ်နေမယ် ။

  ညမင်းကြယ်တံခွန်
     ခုတ်မောင်းနေတဲ့ပင်လယ်

မြို့ပြတွေမှာ ညဆိုတာမရှိဘူးးးးးးးး
သူ့ရဲ့နှလုံးသားမှာလဲ အချစ်ဆိုတာာ
မရှိသလောက်ပါပဲ . . . . .

ဘယ်လိုကြယ်အရောင်မျိုးက . . .
သူ့အခန်းထဲမှာ ထွန်းထားတဲ့ . . . .
ရောင်စုံမီးသီးလောက် လှနိုင်ပါ့မလဲ

 တစ်နေ့ . . .
  တစ်ရက် . .
    တစ်နာရီ .
     တစ်မိနစ် .
      တစ်စက္ကန့်.
တခဏလေးအတွင်းမှာ
တဘဝစီဝေးကွာ မသွားခင်
ကိုယ် ထားခဲ့ရပါစေ
 အဆုံးမဲ့တသက်တာ ပျော်ပါးနိုင်ပါစေ

  ညမင်းကြယ်တံခွန်
     သုံးရာခြောက်ဆယ်ငါးရက်မီး

မာကျောတဲ့ကျောက်သားတွေကို
သဘာဝကြီးက . . . . .
ငြင်သာစွာ ပွန်းပါးပါးဖျက်နိုင်တယ်

သိတော့သိပေမယ့်
ချစ်တော့လည်း ချစ်မိတော့
ကိုယ်ဟာလေ . . . . .
ဘာကောင်မှမဟုတ်တဲ့
အိမ်မြှောင်လေးကိုလဲ
အသဲငယ်တတ်နေပြီ အချစ်ရေ

တဖြုတ်ဖြုတ်နဲ့တသုတ်သုတ်
ကြွေတာ  ကြွေတာာာာ
မခံစားနိုင်ဘူး အချစ်ရေ
ကိုယ့်အသဲကို ပင့်ကူမျှင်ယှက်နေပြီ

အုတ်နံရံကို ဓားပစ်စိုက်လို့
မထိုးဖောက်နိုင်ပေမယ့်
မင်းးးး နည်းနည်းစဉ်းစား
ကိုယ်ဟာ ယောက်ကျာင်္းဆိုပေမယ့်
မျက်ရည်တော့ ကျတတ်တယ်နော် ။

မီးတော့ မီး
ဒါပေမယ့် . . . .
ကိုယ့်ရဲ့မီးက ၃၆၅ရက်မီး
တစ်နှစ်အချစ်ရဲ့တသက်မီးးးး
လုံလောက်စွာ သိခဲ့ပါပြီ.အချစ်ရယ်။

  ညမင်းကြယ်တံခွန်
     ဂူပျက်တို့ရဲ့ကတိစကား

နေရိုင်းနီတစ်ပွင့်ကို သူပန်ဆင်ပြီး
ဟန်ကော့ကော့နဲ့ . . . .
နေပွေ လေပွေကြားထဲမှာ
အပြုံးအတု မျက်နှာဖုံးရောင်းနေတယ်

ဂူပျက်တို့ရဲ့ကတိစကားးးးးးးးးးးးးး
မကျွတ်မလွတ်အောင်
စည်းရုံးသိမ်းသွမ်းနိုင်စွမ်းရှိတယ်

ကြွေလုခါနီး ရွက်ဟောင်းတောင်
လေအလာကို စောင့်နိုင်သေးတယ်
သာလွန်မှု့တခုတည်းကိုပဲ . . . . .
ဦးဆောင်မယ်ဆိုရင် , , ,
အရှူံးမရှိတဲ့ တိုက်ပွဲတခုနဲ့
ကိုယ် စီးခြင်းထိုးချင်တယ်

လွှမ်းခြုံလို့ လွင့်တင်ထားတဲ့
သူရဲ့ပဝါက ကောင်းကင်ဖြစ်နေတော့
မသိလဲခံ  သိလဲခံ
အညံ့နယ်ပယ်ကြီးမှာ . . . .
ဂူပျက်တို့ရဲ့ကတိစကားတေးသံကိုပဲ
အိပ်ရာဝင် သံဇဉ်အဖြစ်
နှစ်သိမ့်လိုက်တော့မယ် ။

  ညမင်းကြယ်တံခွန်
         အဖိုးကိုးတန်

ကောင်းကင်တော့ ကောင်းကင်
တိမ်မရှိတဲ့  ကောင်းကင်ကို
အချစ် မြင်ဖူးသလားးးးးး ။

အရိပ်တော့ အရိပ်
အဆင်းသဏ္ဍာန်မရှိပဲ အရိပ်တခုကို
အချစ်  မြင်တွေ့ဖူးသလားး ။

စိတ်တော့  စိတ်
ဘာမှမတွေးမြော်ပဲ  စိတ်ကူးတခုကို
အချစ်  ရင်းနှီးနေပါ့မလားးးးးး ။

မမြင်ခင် သေအောင်ကြောက်ပေမယ့်
မြင်သွားရင်  ရိုးရိုးလေးးးးးးးး
မရောက်ခင် သေအောင်စိုးထိတ်မိပေမယ့်
ရောက်သွားရင် ရိုးရိုးလေးပါပဲ
အချစ်ရယ် . . . . .

မဆန်းပြားတဲ့ဒီလောကထဲမှာ
အခမ်းနားဆုံးကတော့ . . . . .
ကိုယ် မင်းကိုချစ်တဲ့
အချစ်တွေပါပဲ ။

  ညမင်းကြယ်တံခွန်
        သမိုင်းမှာအချစ်ရှိတယ်

အသက်တလွှာပဲရှိတဲ့ ကိုယ့်ဘဝမှာ
ကဗျာကို သံသရာထိဆွဲဆန့်မယ် ။

နင်မှားတယ်
ငါမှားတယ်
ဘယ်သူ ဒီလောကမှာအမှန်ဆုံးလဲ
အမေးကို အမေးနဲ့
အတွေးကို အတွေးနဲ့
စိတ်ကို စိတ်နဲ့
ငါတို့နှစ်ယောက် လှည့်စားပြီးတော့
ဟို တောင်ကိုကျော်မယ် ။

နင်နေတာက ပန်းဥယျာဉ်
ငါနေတာက သုသာန်ပြင်ထက်က
ဇရပ်ပျက် - - -
လင်းတငှက်ဆိုတာ ငါဘဝအတွက်တော့
မျက်ရည်အဖြစ်နဲ့မွေးဖွားခြင်းပဲ ။

ငါနေတာ တဲစုတ်ပျက်ရဲ့ထရံဇကာ
နင်နေတာ စိန်စီရံတဲ့ တိုက်တစ်လုံး
အကမ်းအကွာခြင်းကို
အချစ်လက်လေးနဲ့လှမ်းထွာလို့
ဖြစ်နိုင်ပါ့မလားးးးးး

အရဲစွန့်ချစ်မယ်ဆိုရင်
အသဲကွန့်ယှက်ဖြန့်ထားမယ်
နေနိုင်တယ် တသက်လုံးဆို
ရင်းဆပ်မယ် တဘဝလုံး
နင်. . . .
ငါဆီလာမယ်ဆိုရင် . . .
ပီတိရွှင်သော အပြုံးတခုတည်းကိုသာ
သယ်ဆောင်ယူလာပါ ။

  ညမင်းကြယ်တံခွန်
         မျက်ရည်ဟောင်း

အဝေးကနေမြင်နိုင်တယ်
အနီးကပ်လဲကြည့်နိုင်တယ်
သဏ္ဍာန်မတူ ရုပ်အဆင်းမတူလဲ
စိတ်ထားဖြူ သူတွေဟာာာာာ
ကောင်းကင်ရင်ခွင်ထဲက . . . .
တိမ်သားအဖြူ တွေလို
ကောင်းကင်ဘုံမှာပဲ ရှိနေတယ်
လွမ်းဟောင်းညှာချွေ . . . . .
မျက်ရည်လောင်းသွန်တဲ့အခမ်းအနား
ဒီကမ္ဘာ့မှာ  မောင်တို့ရဲ့အချစ်တွေ
ခဏတကွေ့တွေ့ရှိလို့
ရိုးသားစွာ ရင်ခြင်းဆက်ချစ်ကြပေမယ့်
အချိန်တန်ခြင်းရဲ့နောက်ဆုံးမှာတော့
ကိုယ့်မျက်ရည် ကိုယ်သုတ်ပြီးးးး
ကိုယ်လမ်းနဲ့ ကိုယ်အိမ်ယာဆီ
ဦးခိုက်သွားနေရတယ် ။

  ညမင်းကြယ်တံခွန်
        ငြိမ်းသက်သွားတယ်

တောင်လေအလာမှာ
အမှောင်တွေပါလာခဲ့တယ်

သောင်တင်နေတဲ့ လှေငယ်လေးလို
ဟိုမရောက်  ဒီမပေါက်
'' ဒေါက် ''ခနဲ့ကျလာတဲ့ . . . .
ဓားတချက်ရဲ့အသွားပေါ်မှာတင်
သံယောဇဉ်တွေဆိုတာ
သွေးမြမြနဲ့မွှန်းခံနေရတယ်

ကိုယ် ဒုက္ခ နဲ့ ကိုယ်
လွတ်လပ်စွာငြိမ်းချမ်းရေးယူထားတဲ့
ပန်းရောင်တံတားတခုပေါ်မှာ
နီဖိန်းရောင်ရွက်နုလေးတွေ
အချိန်မတိုင်ခင် ကြွေရှာလေတတ်ပြီ

ဖမ်းဖို့ဟန်ပြင်နေတဲ့
ကောင်းကင်ရဲ့ကြော့ကွင်းက
ကိုယ့်ကို ဒူးတုတ်ကျစေပြီးးး
ပြုံးပြုံးကြီးနဲ့ကိုယ့်ကို . . . .
ငြိမ်းသက်သွားခဲ့တယ် ။

  ညမင်းကြယ်တံခွန်
            အချစ်တစ်ရက်

စိတ်ကူးလေချို
မူယာပိုလို့
အလျှိလျှိထွက်
အချစ်တစ်ရက် ။

အလွမ်းတသက်
သိပ်သည်းနက်ရှိုင်း
ရစ်လျှက်ထုံးခဲ့
အချစ်တစ်ရက် ။

အချစ်တစ်ရက်
အချစ်တစ်ရက်
အချစ်တစ်ရက်
အချစ်တစ်ရက်
အချစ်တစ်ရက်
အချစ်တစ်ရက်
အချစ်တစ်ရက်
အချစ်တစ်ရက်
အချစ်တစ်ရက်
အချစ်တစ်ရက်
အချစ်တစ်ရက်ဆိုပေမယ့်
အလွမ်းရက်တွေကတော့ . . . .
၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉
၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉
၉၉၉၉၉၉၉၉၉၉
ရှင်သန်လေသမျှ  ကျွမ်းလောင်မြိုက်ခဲ့
အချစ်မီးနဲ့အလွမ်းအဆိပ်တတ်ခဲ့ပြီ ။

  ညမင်းကြယ်တံခွန်
     ပြန်ထွင်းရမယ့် ရွှေတောင်

'' မှန်''ခဏခဏမကြည့်နဲ့
တသသနဲ့လိမ်းချယ်နေတဲ့
မိတ်ကပ်တွေ သနပ်ခါးတွေထက်
အပြုံးမျက်နှာ စိန်ထက်လှတယ် ။

''ဟန်''မူကောင်းအောင် အပိုဆောင်ပြီး
ကိုယ်အလှပြလို့ လူတကာစွဲစေပေမယ့်
ဒီလူမေတ္တာရောင်ပြန်ဟပ်ရင်
ကြင်သူ . . . စိတ်ထားမြတ်ပါစေ ။

 ညမင်းကြယ်တံခွန်
           အိမ်မက်လမ်းခွဲ

ကြွေဟောင်းမြူ နေတဲ့ သစ်ကိုင်းခြောက်နဲ့
သမုဒ္ဒရာလှိုင်းထိပ်က ရေလုံးလေးနဲ့
ခံစားချက်ခြင်း တူညီနေကြတယ်
( ငါ ဘယ်အချိန် ကျမလဲပေါ့ )

တခါ . . . . .
အလင်းမှိန်နေတဲ့ ကြယ်တစ်ပွင့်နဲ့
အရောင်မထွက်တဲ့ အသဲနှလုံးနဲ့
ခံစားချက်ခြင်း ဆွေးနေကြတယ်
( ငါ ချစ်သူ ဘယ်မှာလဲပေါ့ )

ရှာနေတတ်တယ်
မျှော်နေတတ်တယ်
ကြိုနေတတ်တယ်
လွမ်းနေတတ်တဲ့ ကောင်မလေးတစ်ယောက်က
ဖြစ်ချင်တော့ . . . . .
အိပ်ငိုက်နေတယ်

ကိုယ်မှာတော့ စကြာဝဋ္ဌာကြီးကို
ကိုင်မြှောက်ပြီး သူ့အရှေ့လျှောက်ပြနေရတာ
နောက်ဆုံး . . . . . .
နေမင်းတောင်  သူနေထွက်ဖို့
ကမ္ဘာ့ငယ်လေးက အိပ်နေလို့
လမင်းအရိပ်အောက်မှာ ငိုနေရပြီ ။

ဒါလဲ သူမသိသေးဘူး
နောက်တော့မှ . . . စဉ်းစားမိတယ်
ကိုယ်က  သူ့အတွက်
အိမ်မက်ထဲက မင်းသားဖြစ်နေလို့ပဲ
သူ အိပ်ပါစေ . . .မခေါ်နိုးကြပါနဲ့
သူနိုးလာခဲ့ရင်တော့ . . . .
အိမ်မက်လမ်းခွဲလေးပေါ့ ။

  ညမင်းကြယ်တံခွန်
    အမြတ်တနိုးရဲ့မြတ်နိုးခြင်း

အမြတ်တနိုးနဲ့ ထာဝရသိမ်းထားတယ်
တခါက . . . . ကဗျာ ။

အမြတ်တနိုးနဲ့ ထာဝရသိမ်းထားပါတယ်
တခါက . . . . ဂစ်တာ ။

အမြတ်တနိုးနဲ့ အမှတ်တရသိမ်းထားတယ်
တခါက . . . ပဝါ ။

အသက်မရှိတော့လဲ
အမြတ်တနိုးသိမ်းထားချင်တယ်
တခါက . . . . ကမ္ဘာ့ ။

အနူးညံ့ဆုံးနဲ့ချို သာဆိတ်ငြိမ်မှု့တွေကိုလဲ
သိမ်းထားပါတယ်
တခါက . . . .  ထာဝရ ။

အမြတ်နိုးဆုံးမို့ သိမ်းထားပါတယ်
တခါက . . . . မျက်ရည်ငယ် ။

အချစ်ရယ် မင်းရဲ့နောက်ဆုံးထွက်သက်ကိုတောင်
ကိုယ်ဟာ . . . . .
ပန်းတပင်လိုအနွမ်းမရှိအောင်
ရင်ခွင်မှာ ထည့်သိမ်းထားပါတယ်
မြတ်နိုးသူရဲ့ အမြတ်တနိုးမို့ပါ ။

 ညမင်းကြယ်တံခွန်


    ယုံချင်သလိုသာ ယုံလိုက်ပါ

မယုံရဲလို့ . . . . .
မချစ်ရဲဘူးဆိုတဲ့ အငြင်းသဘောနဲ့
အသဲနှလုံး တံခါးကို
အတင်းပိတ်ထားတော့မလား မိန်းမချို

အပြောမပို မလိုအောင်ညှိတဲ့
ကာရန်သစ်ကို
မျောက်လို မကုတ်ခြစ်တတ်ပါဘူး ။

ထားရင်နေ  စေရင်သေ
အပိုစကားတွေ မဆိုတတ်
မသိုဝှက်တတ်တဲ့ အသဲနှလုံးကိုမှ
မယုံရဆိုတဲ့  စာလာကပ်တော့
မင်း အချစ်နဲ့မင်း
ကိုယ်အချစ်နဲ့ကိုယ်
နေချင်သလိုသာ နေပြီး
ယုံချင်သလိုသာ ယုံလိုက်ပါ ။

  ညမင်းကြယ်တံခွန်
          ပစ်ပယ်မှု့ခြေသံ

ရင်ငြိတဲ့ ဆွေးညနေကြီးခဗျာ
သူနှစ်သက်လို့ရူးခဲ့ရတဲ့
မျက်ရည်ညှစ်ပဝါဖြူ လေးကို
ခေါင်းပေါ်တင်ပြီးးးးးး
နေမှုန်ကို လိုက်ရှာလေတော့တယ်
သူ့လိုပဲ ကိုယ်ကလဲ
မြတ်နိုးပြီးချစ်ခဲ့ရတဲ့ ချစ်သူကို
မိုးစက်ဝန်းမှာ ရှိမလား
နွေစက်ဝန်းမှာ ရှိမလား
ဆောင်းစက်ဝန်းမှာ ရှိမလား
ရှိမလားလို့  သိမထားတဲ့
ခြေလှမ်းလေးနဲ့ပေါ့  အချစ်ရယ်
ညနေကြီးလို  နေမင်းပစ်ပယ်ခြင်းကို
ခံယူခဲ့ရတယ် ။

  ညမင်းကြယ်တံခွန်