အင်မထိမာန်ရဲ့အတ္ထုပ္ပတ္တိ
တောရွာဆိုတော့ လယ်ကွက်တွေ၊ ကွင်းပြင်တွေနဲ့''တော''ပဲရှိတာပေါ့ ၊ ကျွန်တော်တို့ရွာသားများက မနက်''လေးနာရီ''ဆိုတာနဲ့အိပ်ရာထ လယ်တောဆင်းပြီး အလုပ်လုပ်ကြပြီ ၊မနက်ခင်းရဲ့လေမွှေးသင်းက အလွန်အင်မတန်သာယာပါတယ် ၊ တစ်နေ့လုံးကို ရွှင်လန်းသွားစေပါတယ် ၊ အရှေ့ဖက်က လာတဲ့လေညင်းက မျက်နှာကို မွှေးမွှေးပေးနေသလို ၊ အနောက်ဘက်မှလာတဲ့လေညင်းက ဖင်ထဲဝင်သလို ဝင် ,အေးမြကြင်လင်နေတာပဲ ၊ ကျွန်တော်နာမည်က - ( စိန်မောင်ဒင်, )
ကျွန်တော်အိမ်သူ ဇနီးနာမည်က - (.ကြည်စိမ်းခင် ) ,ကျွန်တော်တို့လင်မယားတွေက ဘယ်လောက်ထိချစ်သလဲဆိုရင် တစ်ယောက်နာမည် တစ်ယောက်အပြည့်မခေါ်ဘူး , အဖျားဆွတ်ခေါ်ကြတာ , ကျွန်တော်က သူ့ကို'' ကြည် ''လို့ ချစ်လှစွာဖြင့် ခေါ်သလို , သူကလဲ ကျွန်တော်ကို ချစ်လှစွာဖြင့် ''ကိုကိုစိန်''တဲ့ ၊
''ကြည်'' ''စိန်'' , ''စိန်'' ''ကြည်''နဲ့အောင်
အလွန်တစ်ရာ တစ်ထောင်မှ တစ်ဦးအပေါ် တစ်ဦးမြတ်နိုးစွာဖြင့်ချစ်လာလျှက် တစ်နေ့မှာတော့ . . . .
ညနေစောင်းအိမ်အပြန်မှာ, ကျွန်တော်မိန်းမ အိမ်သူ, '' ကြည်''က ရန်တွေ့လေပါတော့သည် ၊ ကျွန်တော်မူးပြီး အိမ်ပြန်လာလို့တဲ့ . . . မူးလာတာပဲ သူသိတယ် , ဒါပေမယ့် ဘာမူးလာတာလဲဆိုတာ သူမသိဘူး , ရန်ပဲတွေ့နေတယ် ၊ စိတ်မရှည်တော့ဘူး ၊
''ကွမ်းယာမူးပြီး အိမ်အပြန်
ထမိန်လှန်ကာ ရန်တွေ့တဲ့ ''မိန်းမ''
လာစမ်းဟဲ့ '' ကြိမ်ဒဏ် ''မှတ်ပြီလား ၊ ကွမ်းယာမူးပါတယ်ဆိုမှ အရက်မူးပါတယ်ထင်ပြီး ရန်တွေ့ကောင်းတဲ့ မိန်းမကို ''ကြိမ်ဒဏ်''ပေးလိုက်တာ တခါထဲငိုပါလေရော . . . .
'' အ ဟင့် ,ဟင့် , ကျွန်မ,ရှင်နဲ့မပေါင်းနိုင်ဘူး , လူကိုများ သူမွေးထားတဲ့ သားသမီးကျနေတာပဲ ''ကြိမ်လုံး''နဲ့များ ရိုက်ရတယ်လို့ , အ ဟင့် ဟင့် ဟင့် , ပေါင်းဘူး , ''
'' တိတ်တိတ်နေစမ်းကွာ ,ကွမ်းယာမူးလာရတဲ့ကြားထဲ မင်းငိုသံက ဆူညံနေတာပဲ ၊ ''
'' အ မ လေး , အခုတော့ သူက ဒီလို ပြောပြီပေါ့ , ကျွန်မ., ရှင်နဲ့ပေါင်းဘူး ''
'' မပေါင်းရင် ဆင်းကွာ ''
'' ဘာကိစ္စနဲ့ကျွန်မက ဆင်းရမှာလဲ , ဒီအိမ်က ကျွန်မအိမ်ရှင့်, သိရဲ့လား, ''
'' အင်းလေ , ဒီအိမ်က မင်းအိမ်လေ , ဘယ်သူက ဘာပြောနေလို့လဲ, မိန်းမ, မပေါင်းနိုင်ရင် မိန်းမ,ဆင်း,ယောက်ကျားင်္,မပေါင်းနိုင်ရင် ယောက်ကျားင်္,ဆင်းမယ် ,ဒါ အိမ်ရဲ့စည်းမျဉ်း စည်းကမ်းပဲ ''
'' သြော်,ရှင်က ဒီလိုလား , ဒါဆို ကျွန်မဆင်းမယ် , အမေအိမ်မှာ သွားနေမယ် , ရှင်နဲ့ပေါင်းဘူး ''
''ကြည်''ငိုတာကို ကျွန်တော်ကြည့်ရင်း ကျွန်တော်ပါ ဝင်ပြီးငိုမိ၏ . . . .
'' ပေါင်းနဲ့,အ ဟင့် ဟင့် ''
''ကြည်'' သူ့အဝတ်ထုတ်လေးယူပြီး အိမ်ပေါ်က ဆင်းသွားလေခဲ့သည် ၊ အ ဟင့် ဟင့် ပေါင်းနဲ့ ။
တဖြည်းဖြည်း ညမိုးချူ ပ်လာတော့ ''ကြည်''ကို သတိရလာတယ် ၊ ဒီအချိန်ဆို ''ကြည်''သူ့အမေအိမ်မှာ ဘာလုပ်နေမလဲ ၊ ဟူးးးး , တွေးရင်း တွေးရင်း ကျွန်တော်မျက်လုံးလေးမှေးဆင်းလာပြီး အိပ်ပျော်သွားလေသည် ၊
``` အွန် အီး အီး ဘွတ် ´´´
ကြက်တွန်သံကြားတော့ အိပ်ရာမှထကာ မီးဖိုချောင်သို့လှမ်းကြည့်လိုက်စဉ် ''ကြည်''ကို သတိရလာမိတယ် ၊ ဒီအချိန် ''ကြည်''သူ့အမေအိမ်မှာ ဘာလုပ်နေမလဲ ၊ မနက်စာ ထမင်းကြမ်းနဲ့အကြော် စားသောက်၍ လယ်တောထဲသို့ သွားခဲ့သည် ၊ ကျွန်တော်တစ်နေ့လုံး အာရုံမရ , ''ကြည်''ဆီကိုပဲ ကျွန်တော်အာရုံရောက်နေမိတယ် ၊ (ဟူးး) ,
ညို ညနေ , တိမ်လွှာတွန့်တော့ ,
ရင်မှာပျို့ တတ် , ''ကြည်''ရယ်လွမ်းတယ်
ညနေချမ်းအခါမှာတော့ ကျွန်တော်နဲ့အတူတူအလုပ်လုပ်တဲ့ လယ်တောထဲက, ငယ်သူငယ်ချင်းများဖြစ်တဲ့'' တတ်ရိုး ''ကြွက်သိုး''လူလှ'', ဤသုံးယောက်နှင့်အတူ , ဦးဖိုးပိန်.,ထန်းတောထဲသို့ သွားရောက်၍ ထန်းရေသောက်လေ၏ ၊ ထန်းရေကို ငှဲ့ထည့်ရင်း ,''ကြွက်သိုး''က . . .
'' စိန်, မင်းမိန်းမ ''ကြည်''ကို မင်းပြန်ခေါ်သင့်တယ်လို့ ငါထင်တယ် ''
တခါ , အမြည်း,ပဲကြမ်း.,နှိုက်စားနေသည့် '' လူလှ''ကလဲ . . . .
'' ဟုတ်တယ်ကွ , ကြွက်သိုးပြောတာ မှန်တယ်, မင်းတို့ဒီလောက်ချစ်ကြတာ ပြသာနာသေးသေးလေးနဲ့မကွဲကွာကြပါနဲ့ကွာ,နော် စိန် ''
တဖန်,ထန်းရေကို မော့လိုက်ရင်း , ''တတ်ရိုး''ကလဲ . . .
'' စိန်,မင်းမိန်းမ,နေတဲ့ သူ့အမေအိမ်က နီးနီးလေးပဲဟာ, အခုဒီက ပြန်ရင် ပြန်ဝင်ခေါ်လိုက်ပါကွာ, မင်း ခံစားနေတာကို ငါမကြည့်ရက်နိုင်တော့လို့ပါ ''
သူတို့ပြောလဲ ပြောချင်စရာ,ကျွန်တော်မျက်နှာက ညိုမှိုင်မှိုင်နဲ့ ထန်းပင်ကြီးကို ဖက်ထားလျှက် , မသိရင် အဲ့ဒီထန်းပင်ကို ကျွန်တော်ကကြိုက်နေသလိုပဲဗျာ ၊ ဒါနဲ့ ထပ်ပြီးမဖက်တော့ပဲ ကျွန်တော်ဟာ ထန်းရေထည့်ထားသော ခွက်ကို ယူမော့သောက်ချလိုက်ရင်းးး ငိုသံများဖြင့် အော်ဟစ်ကာ . . .
'' ထန်းရေ,သောက်တော့
အရမ်းကိုမူးတယ်
အလွမ်းမပြေဘူးကွယ် -''ကြည်''ရယ်/''
''ကြွက်သိုး''က. . .
'' မင်းက အလွမ်းမပြေဘူး ဟုတ်လား ၊ ငါတို့က မင်းအသံကြားပြီး အမူးပါပြေသွားတယ် , မင်းအသံဗားရှင်းမြင့်လွန်းတယ်ကွာ ''
''တတ်ရိုး''ကလဲ . . .
''အေးကွာ,ဆက်မအော်ပါနဲ့တော့ကွာ,ငါ တောင်းပန်ပါတယ်,အမူးပြေသွားမှာစိုးလို့ကွ ''
သူတို့တွေကျွန်တော်ကိုတားမရတဲ့အဆုံး , အားလုံး,တစ်ယောက်နား တစ်ယောက်ပိတ်ပေးပြီး ထန်းရေသောက်ရပါတော့သည် ၊ ''ကြည်ရေ. . .''ကြည်''. . ,
''ကြည်''မရှိတဲ့ ''စိန်''ဘဝဟာ , မျောက်,ကောင်းကင်ပေါ်က ကျလာသလိုပါပဲ , တန်းလန်းကြီးနဲ့ ကြည့်မကောင်းဖြစ်နေပါပြီ ''ကြည်'', လှည့်လာတော့ကွယ် ''ကြည်''ရယ် ''
''ကြွက်သိုး''နှင့်''လူလှ,''တတ်ရိုး''တို့တွေက ထန်းရေအများကြီးသောက်သော်လဲ မမူးနိုင်တော့ပဲ . . . ထန်းရေတခွက်ပဲ သောက်တဲ့ ကျွန်တော်က သူတို့တွေထက် ပိုမူးနေပါ၏ ၊ ( အမှန်တော့ အလွမ်းမူးလေးပါခင်ဗျာ့),
ဒါနဲ့ပဲ,တပုံးလောက်သောက်တဲ့သူတွေက တခွက်ပဲသောက်တဲ့ကျွန်တော်ကို ဝိုင်း၍ထမ်းပိုးနေရ၏ ၊
'' အားးးးး , ဟိတ်ကောင် ဘယ်နေရာ လာထိုးနေတာလဲ '' ဟာ , အို , ဟင် ,ာာာာာ ,ိတိာ , ဟိတ်ကောင်စိန်, ငါတို့ ,မင်းမိန်မ ''ကြည်''မဟုတ်ဘူးကွ , အရမ်းရမ်းသိပ်မထိုးနဲ့ ,မင်းကွာ , ယောက်ကျာင်္းချင်း နေရခက်အောင် မလုပ်ပါနဲ့ ''
သူတို့လုပ်ပုံကိုလဲ ကြည့်လေ ပုံမှမကျတာ , ''ကြွက်သိုး''က ကျွန်တော်ခြေထောက်ကို ဆွဲတယ် ၊ ''လူလှ''က ကျွန်တော်လက်ကို ဆွဲတယ် ၊ ''တတ်ရိုး''က ကျွန်တော်ခါးကို မတယ် ၊ မြင်သာကြည့်ပေတော့ , သူတို့ကြားမှာ ကျွန်တော်အိမ်ပြန်ရောက်နိုင်ပါ့မလား , ဒါပေမယ့်လည်း , ရွာထိပ်ထိတော့ ရောက်ခဲ့ရပါတယ် , နောက်တော့ ကိုယ်ဖာသာ ကိုယ်ပဲပြန်တော့မယ်ဆိုပြီးလျှောက်ပြန်ခဲ့သည် ၊ ယိုင်တိုင်တိုင်နဲ့ပေါ့ , ဘယ်လိုမူးမူးပါ ကိုယ့်အိမ်ကိုတော့ ကိုယ်ပြန်လို့တတ်ရမယ် , ပြန်လို့မတတ်ရင် အမူးသမား ''သိက္ခာကျတယ်''လေ , . . . .
'' ဟာ ,ဖိုးစိန်,ဘယ်အိမ်ကို ဝင်တာလဲကွ ''
'' ကျွန်တော်အိမ်ကို ကျွန်တော်ဝင်တာလေ ''
'' ဟာကွာ , ဒါမင်းအိမ်မှ မဟုတ်တာ , မင်းအိမ်က ဟိုအရှေ့လမ်းညာဘက်မှာလေ ''
'' သြော် , ဟုတ်သပ ''
'' ဖိုးစိန်,လမ်းက ဒီဘက်မှာလေ,မင်းသွားနေတာက လယ်ကွင်းဘက်ကွ ''
'' သိတယ်ဗျာ , လယ်ကွင်းထဲဆင်းပြီး လယ်စိုက်မလားလို့ , အခုတော့ အိမ်ပဲပြန်တော့မယ် ''
ယိုင် တိုင် တိုင်နဲ့ကျွန်တော်ရဲ့ အိမ်ရှေ့အရောက်မှာ , အိမ်ရှေ့ကွက်ပျစ်လေး၌ ထိုင်နေလျှက် ''ကြည် ''
ကျွန်တော် '' ကြည် ''ကို မြင်တွေ့ရလေသောအခါ. . . . . .
'' ကြည် , ကြည် , ကြည် ''
တဖန်,''ကြည်''ကလဲ ကျွန်တော်အသံကို ကြားလေသောအခါ . . . .
'' ကိုကိုစိန်,စိန်,စိန် ''
နှစ်ဦးသား ချစ်စတုန်းကလို အကြင်နာပြည့်လျှံလာလျှက် . . .
'' ကြည်''ကိုယ့်ကို စိတ်မဆိုးနဲ့နော်,အဲ့တုန်းက ကွမ်းယာမူးနေတော့ မူးမူးနဲ့ပြောမိတာပါ ''
'' ကြည်,စိတ်မဆိုးပါဘူး , ကွမ်းယာမူးမှန်းမသိ အရက်မူးမှန်းမသိ ရမ်းသန်းပြီး ရန်တွေ့မိတဲ့ ''ကြည်''ကလဲ ''ကိုကိုစိန်''ကို တောင်းပန်ပါတယ် ''
'' အို,ကြည်ရယ် , ချစ်လိုက်တာကွယ် ''
------
တောသူ , တောသားတွေဆိုတာ အိပ်ပုတ,်မကြီးနိုင် တရွာလုံးမှာရှိသမျှ လူတွေအားလုံးဟာ မနက်မိုးတလင်း မလင်းမှီ , အိပ်ရာထကြ၍ လယ်တော ,ကိုင်းတောထဲ အလုပ်လုပ်ကြရ၏ , တချို့ က နွားကျောင်း၏ ၊ တချို့ က လယ်လုပ်၏ ၊ တချို့ က တောင်ပေါ်တတ် ထင်းခုတ်၏ ၊ ဝမ်းစာအဖို့မှာတော့ ဒီလိုပဲရုန်းကန်ရင်း ချီတတ်နေရတာပေါ့ဗျာ ၊'' ဟွားးးးးးးးးး''
အလုပ်သွားဖို့ အိမ်ရှေ့ထွက်နေရင်း
ကျွန်တော်အိပ်ချင်မူးတူးနှင့်မတ်တတ်ရပ်နေမိတယ် . . . ''ကြည်''က အိမ်ထဲကနေ ကျွန်တော်အောက်ကို လှမ်းကြည့်ရင်း . . . . .ထိတ်လန့်သွားတော့၏
'' ဟာာာာာိာာ , အိ မ လေး , အကြီးကြီးတော် , ကိုကိုစိန်, ''
ကျွန်တော်ကလဲ . . .
'' ဘာကြီးတာတုန်းဟ , ''
'' ကိုကိုစိန်,ခြေထောက်မရွေ့နဲ့နော် , ခြေထောက်ကိုလုံးဝမရွေ့နဲ့ , ကိုယ့်အောက်ကိုယ်လဲ ပြန်ငုံ့မကြည့်နဲ့နော် , ''ကြည်''လာခဲ့မယ် , အိ မ လေး , ကြောက်ချာချီးး ''
ကျွန်တော်လဲ ဘာများဖြစ်သလဲဆိုပြီး မလှုပ်ရဲခဲ့ပေ , ကိုယ့်အောက်ကိုယ်လဲ ပြန်မကြည့်ရဲတော့ပေ , လန့်တတ်လို့ပါ , ''ကြည်''ကလဲ မီးဖိုချောင်ထဲက ထင်းပိုင်းကြီးတစ်ချောင်း ယူလာခဲ့ပြီး , ကျွန်တော်ဆီလာလေရာ , အိပူး အိပူး ,ဘာလုပ်အုန်းမလို့လဲမသိဘူး ,
'' ကိုကိုစိန်,ခြေထောက်ကို ဖြည်းဖြည်းချင်း ကြွကြည့်စမ်း ''
'' ဘာဖြစ်လို့တုန်း,'' ကြည်''ရယ် , ဘာများထိတ်လန့်နေတာတုန်း , ကိုကိုစိန် တစ်ယောက်လုံးဒီမှာရှိပါတယ် , ဘာမှမကြောက်ပါနဲ့ ''ကြည်'' ''
'' အမှန်အတိုင်းပြောရရင် , ကိုကိုစိန်ရဲ့ခြေထောက်အောက်မှာ ''မြွေဟောက်အကြီးကြီး ''တော့် ''
''''' အို မိုင် ဝေါ့ '''''''
ကျွန်တော် ငယ်သံပါအောင်အော်မိသည့် တပြိုင်နက် အရှေ့တည့်တည့်က ''ကြည်''ကို ပြေးခုန်ခွဖက်မိသည် ,
'' ကိုကိုစိန်.,မကြောက်ပါနဲ့ , မြွေကြီးက သေနေပါပြီ ''
ဟူးးးးး အဲ့တော့မှ ကျွန်တော်ပြန်ဆင်းလာ၏ ၊
'' သြော်,သြော်,အင် , ကိုကိုစိန်ကို
,ဒါမျိုးလာလုပ်လို့ရသလား, ကြည့်စမ်း ''ကြည်'', ဒီမြွေဟောက်လေ ကိုကိုစိန်တို့ အိမ်ရှေ့ကို ညာသွားလိုက် ညာပြန်လိုက် လုပ်နေတာ , ဒါနဲ့ ကိုကိုစိန်ကလဲ မျက်စီရှုပ်လာတာနဲ့ ပါးပျဉ်းတထောင်ထောင်ဖြစ်နေတဲ့ အဲ့ဒီမြွေဟောက်ကို ခြေထောက်နဲ့ နင်းပလိုက်တာလေ , ဘယ်ရမလဲ အခုတော့ သေပြီပေါ့ ,ကိုကိုစိန်ကို ဒါမျိုးလာစမ်းလို့ ဘယ်ရမလဲ , ဟင်း ဟင်း ဟင်း ''
'' ကိုကိုစိန်,တကယ်ပြောနေတာလားဟင် ''
'' ဒါပေါ့ ''ကြည်''ရယ် , ကိုကိုစိန်ရဲ့အစွမ်းကို ''ကြည်''မသိဘူးနဲ့တူတယ်, ကိုကိုစိန်က မွေးတည်းက အဆွယ်''သွား''ပါလာတာလေ, ဒါကြောင့်လဲ, အဆိပ်ပြင်းတဲ့ ဘယ်သတ္တဝါမဆို ကိုကိုစိန်နဲ့တွေ့ရင် ''တီကောင်''သဖွယ်ဖြစ်သွားတယ်လေ ,''
ထိုသို့ပြောလိုက်ရာ ''ကြည်''က ကျွန်တော်ပခုံးပေါ်ခေါင်းလေးမှီတင်ထားလျှက် ,
'' ကိုကိုစိန်ရယ် , ကြည့်စမ်းပါအုန်း,မြွေဟောက်ကြီး သနားပါတယ်နော် , ကိုကိုစိန်ရဲ့အစွမ်းက ဘယ်လောက်ထိကြီးမားသလဲဆို သေနေတဲ့မြွေတောင် လျှာကြီးထွက်နေတာတော့် ''
'' ကဲ,ကြည် , ကိုကိုစိန်,လယ်တောထဲသွားရင်း ဒီမြွေကိုပါ လွင့်ပစ်လိုက်မယ် , ''
'' ဟုတ်ကဲ့ကိုကိုစိန်, မနက်ဖြန်ကျရင် ရွာဦးဘုန်းကြီးမှာ အလှူ တခုပြု လုပ်ကြမယ်နော် , ပြီးရင် ဒီမြွေဟောက်ကြီးကို အမျှပေးဝေကြတာပေါ့နော် ကိုကိုစိန် ''
'' ကြည်''သဘောပါပဲ ''ကြည် ''
ကျွန်တော်မိန်းမက အဲ့ဒီလိုကို သနားကြင်နာတတ်တာ ၊ ဒီမြွေဟောက်ကလဲ ကျွန်တော်ခြေထောက်အောက်ကို ဘယ်လို ဘယ်အချိန်ရောက်မှန်းမသိ ၊ ဒါပေမယ့် . . . ကျွန်တော်မိန်းမ''ကြည်''ကတော့
မနက်က ပါးပျဉ်းထောင်နေသည့်မြွေဟောက်ကြီးကို ကျွန်တော် ခြေထောက်နဲ့နင်းသတ်ခဲ့တဲ့ အဖြစ်အပျက်ကို တရွာလုံး တစ်အိမ်ဆင်း တစ်ဆင်းတတ် လိုက်ပြောပါလေတော့သည် ၊ ရွာသူကြီးအပါအဝင် တရွာလုံးက လူတွေအားလုံးက ကျွန်တော်ကို အထင်ကြီးလေးစား၍
နာမည်တခုပေးလိုက်၏ ,
'''''' အင်မထိမာန် '''''''''တဲ့ဗျာ ,
သူတို့တွေကတော့ အရဲရင့်ဆုံးနာမည်လို့ပြောကြပေမယ့်
ကျွန်တော်ဖာသာ ဘာသာပြန်ကြည့်တော့ . . . .
''' အင်မထိမာန်'''ဆိုတာ ,''အပေါ အရူး သုံးစားမကျတဲ့အကောင် ၊ လေကြီးကြီးထုတတ်တဲ့ကောင် လို့ အဓိပ္ပါယ်ရ၏ ၊ ဒါပေမယ့် . . . သူတို့ပြောတဲ့အတိုင်းပဲထားလိုက်ပါတော့ , '' အရဲရင့်ဆုံး အင်မထိမာန် ''ပေါ့
- - -
တညနေ၌ . . .
ကျွန်တော်ရဲ့ငယ်ပေါင်း သူငယ်ချင်းသုံးယောက်နှင့်အတူ
ဦးဖိုးပိန်ရဲ့ထန်းတော၌ ထန်းရေသောက်ကြလေ၏ , ထိုအခါမှာ ကြွက်သိုး က
'' အင်မထိမာန်စိန်''. . မင်းရဲ့အစွမ်းကို အခုမှပဲ ငါတို့တွေသိတော့တယ် ၊ မင်းကွာ , ကြိုမပြောပြထားဘူး ''
တဆက်တည်း တတ်ရိုးကလဲ
'' အေးကွ , မင်းမှာအဲ့လိုအစွမ်းရှိတော့ ငါတို့အတွက် အသုံးဝင်တာပေါ့ကွ ''
လူလှကလဲတဖန် . . .
'' ငါတို့တွေ ငယ်ငယ်ထဲက ပေါင်းလာတာ , အခုမှပဲ မင်းမှာမွေးရာပါ အစွမ်းရှိတယ်လို့ ကြားဖူးတော့တယ် ''
ကျွန်တော်ကတော့ သူတို့အမေးကို ဘာမှဆက်မဖြေတော့ပဲ ထန်းရေချည်းသာ သောက်ချနေမိ၏ ၊ အလိုဗျာ , မြွေဟောက်ကြီးက ဘယ်အချိန် ကျွန်တော်အိမ်ရှေ့မှာ လာသေနေလဲမသိ ကျွန်တော်ကလဲ အောက်မကြည့်ပဲ တတ်နင်း , နင်းမယ့်နင်းတော့ မြွေဟောက်ကြီးရဲ့ခေါင်း တည့်တည့်ဖြစ် ဒါကို ''ကြည်''ကမသိ ကျွန်တော်ပြောသမျှယုံ တရွာလုံးကိုပတ်ပြော လူရှိန်တယ် , မြွေရှိန်တာပေါ့ဗျာ , တကယ်လားဆိုတော့ ( ညာာာ )။
ထန်းတောက အပြန်၌ , ကြွက်သိုး လူလှ တတ်ရိုးတို့တွေက မခင်မယ်အိမ်ရှေ့ကသစ်ပင်ကြီး၏ အပင်ပေါ်၌ ဧရာမပျားအုံကြီးရှိတယ် ၊ အဲ့ဒီဧရာမပျားအုံထဲမှပျားရည်ယူချင်မိတယ်ဆိုပြီး '' ဧရာမပျားအုံ''ထဲက ပျားတွေကို ကျွန်တော်အား မောင်းထုတ်ခိုင်းလေ၏ ၊ ( ခက်တော့မည် )
ထိုအခိုက်တွင် , သူကြီးရောက်လာပါတော့သည် ၊
'' ဟိတ်ကောင်လေးယောက် , ဘာတွေမြောက်ပင့်နေတာတုန်း ''
အားသွေးမာန်တတ်ဖြင့်ကြွက်သိုးက
'' ဒီဧရာမပျားအုံထဲက ပျားရည်ယူမလို့ပါ , အဲ့ဒီဧရာမပျားအုံထဲက ပျားရည်သာရလို့တော့ သူကြီးရေ , ကျွန်တော်တို့ တရွာလုံး ပျားရည်အဝသောက်ရပြီဗျာ ''
ထိုအခါ သူကြီးက မျက်မှောင်ကုတ်၍
'' အေး,မင်းပြောတာလဲ မှန်ပေသကိုး,ဒါပေမယ့် . . . အဲ့ဒီဧရာမပျားအုံထဲက ပျားတွေက ငါတို့တရွာလုံးက လူတွေထက် ပိုများတယ်ကွ , တော်တော်ကြာ . . . တရွာလုံး တစ်ယောက်မကျန်ပျားတုတ်ခံရလိမ့်မယ်ကွ ''
လူလှကဝင်ပြောသည် . . .
'' ဒါများ , သူကြီးရယ် , ဒီမှာ ''အင်မထိမာန်''ကြီး တစ်ယောက်လုံးရှိနေတာ ပူစရာမလိုပါဘူး , မြွေဟောက်တောင် ဦးညွှန့်ရတာ ပျားလောက်ကတော့ ဒီ''အင်မထိမာန်''က သနားတာပေါ့ဗျာ ''
သူကြီးကလဲ . . .
'' အေး , ဟုတ်သား, ငါမေ့နေတာ ကြည့်စမ်း , ''အင်မထိမာန်''တစ်ယောက်လုံးရှိနေတာပဲ ရော့ ''အင်မထိမာန် ''ဝါးလုံးရှည်နဲ့ ဧရာမပျားအုံထဲက ပျားတွေမောင်းထုတ်လိုက်စမ်းကွာ , ငါ ထိုင်ကြည့်ပေးမယ် ''
သူတို့တွေအားလုံးက အားမာန်အပြည့်နှင့်ပြောနေကြပေမယ့် , ကျွန်တော်ကတော့ ငိုမဲ့မဲ့ဖြစ်ကာ
'' သူကြီး , မှားမယ်နော် , ပျားအုံကို ဝါးလုံးရှည်နဲ့ထိုးရင် ပျားတုတ်မှာပေါ့လို့ ''
သူကြီးကလဲ ဒေါသဟန်ဖြင့် . . .
'' တုတ် , တုတ်ကွာ. . . ငါတို့တရွာလုံးက မင်းအစွမ်းကို ယုံကြည်ပါတယ်ကွာ , , , လုပ်စမ်းပါ ''
ငါတို့တရွာလုံးဆိုတော့ ကျွန်တော်အနောက်ကို လှည့်ကြည့်လိုက်တော့ . . . အိုး မား မား '' တရွာလုံးက ရှိသမျှလူတွေ အားလုံး ခလေးပါမကျန် ထွက်ကြည့်ကြလေ၏ , တချို့ ဆို အဆင်သင့်ပျားရည်ယူရအောင် ဆိုပြီး
ခွက်ကလေးတွေနဲ့ , အိမ်ထဲတွေမှာ ကျန်ရစ်ရှိနေတာဆိုလို့ အသက်ကြီး အဖိုး အဖွား နှင့် လူမမာတွေပဲရှိတယ် အားလုံးက ကျွန်တော်အစွမ်းကို ယုံကြည်ပါတယ်ဆိုပြီး တချို့ ဆို အဲ့ဒီအပင်အောက်မှာ သွားအိပ်ပြနေလျှက်၊
သူကြီးကလဲ စိတ်မရှည်တော့ပါ .,
'' အင်မထိမာန်, ဘာကြောင်နေတာလဲ , ဧရာမပျားအုံထဲကို ဝါးလုံးရှည်နဲ့ထိုးလိုက်စမ်းပါ . , ငါတို့တွေအားလုံး မင်းအစွမ်းကိုယုံလို့ ထိုင်ကြည့်ပေးနေပါတယ် ''
သူတို့တွေကတော့ မသိ,ကျွန်တော်ကတော့ ကိုယ့်အကြောင်းကိုယ်သိတော့ ပျားတုတ်ခံရတော့မည်ဟု ကြိုတင်သိကာ ငိုချင်လာ၍ ငိုပါလေသတည်း ,
'' သူကြီး,မှားမယ်နော် , ''
'' မမှားဘူး ထိုးကွာ ''
'' သူကြီး,မှားရင် သူလဲမကောင်းဘူး , ကိုယ်လဲမကောင်းဘူးနော် ''
'' မမှားဘူးကွာ ထိုး ''
'' သူကြီး ''
'' ထိုးလို့ ''
'' မျက်နှာမှာ အဖုတွေထွက်လာရင် ရုပ်ဆိုးတယ်နော် သူကြီး ''
'' ထိုးဆို''
'' ပျားတုတ်တော့မယ် ''
'' ထိုးစမ်းကွာ ''
'' ထိုးပြီဗျာ ''
နောက်ဆုံးတော့ ကျွန်တော်လဲ ဖြစ်ချင်ရာဖြစ် ဆိုပြီး ဧရာမပျားအုံကြီးကို ဝါးလုံးရှည်ကြီးနှင့်ထိုးရမ်းမွှေလိုက်ပါတော့သည် ။
သိပ်မကြာခင်၌ပဲ '' တ ဝီ ဝီး ''နဲ့ ဧရာမပျားအုံထဲမှ ပျားများအစုလိုက်အပြုံလိုက် ထွက်ရော့လေသတည်း , ဒါကို လူများအားလုံးက လက်ခုပ်တီးကာ ကြည့်နေလျှက် မကြာခင်မှာ သူတို့တွေအားလုံးကို ပျားတုတ်တော့မယ်ဆိုတာ သူတို့မသိ, ကျွန်တော်ကတော့ ပျားအုံကို ဝါးလုံးရှည်နှင့်ထိုးပြီးတာနဲ့ တချိုးတည်း မာရသွှန်ပြေးလေတော့၏, မကြာပါဘူး တခဏလေးပါပဲ ကျွန်တော်ပြေးတာ လေး ငါး လှမ်းမရောက်ဖြစ်ဘူး အလျှင်တုတ်တဲ့ ပျားတွေအားလုံးက တရွာလုံးက ရှိသမျှလူတွေ အားလုံးကို ပျားတုတ်လေသတည်း
'' အိ မေ လး , တုတ်တယ်ဟ ,ိာ် . . ကယ် ပါ ဘု , အားး နာ ထာ , ''
'' အားား , တုတ်ပြီဟ . , အို ဘယ်နေရာကို လာပြီး ပျားလာတုတ်လာလဲ , အင်ူး နေရခက်ထာ ''
တရွာလုံးကို ပတ်လည်တုတ်တော့ ကျွန်တော်တို့ရွာက မသိရင် ဂျပန် အင်္ဂလိပ်ခေတ်ကို ရောက်နေသလိုပဲ
သူကြီးက ပြေးရင်းနဲ့ ကျယ်လောင်သော အသံနှင့် . . .
'' ဟိတ် . , အိမ်တံခါးတွေ အားလုံးပိတ်, ပိတ်ထားကြ , ဟိတ်, ပြေးနေတဲ့သူတွေ တွင်းထဲ ဝင်ပုန်းကြ ''
အမလေး , အမလေး , ပျားများအားလုံးက သူတို့စိတ်ကျေနပ်တဲ့အထိ တုတ်ပြီးသွားသောအခါ မူလဧရာမပျားအုံသို့ ပြန်သွားကြ၏ ၊
ထိုအခါ , အိမ်၌ကျန်ရစ်နေသော
လူမမာတချို့ ရဲ့မျက်နှာပြင်ထက်၌ ချက်ခြင်း အဖုတွေထွက်လာလျှက် . .
'' သေချောင်းဆိုး , လူက နဂိုထဲက နေမကောင်းလို့ အိမ်ထဲမှာ လေစိမ်းမခံပဲ ချွေးအောင်းနေပါတယ်ဆိုမှ အလိုလိုကိုယ်အိမ်မှာ ကိုယ်အိပ်နေရင်း ပျားက အိမ်ထဲလာပြီး အတုတ်ခံရတယ်လို့ , ဘာအရဲရင့်ဆုံး'' အင်မထိမာန် ''လဲ ''
တချို့ လမ်းလျှောက်ရင် တုန်ရီ တုန်ရီ ဖြစ်နေတဲ့ အသက်ကြီးအဖိုး အဖွားတွေကလဲ . . . .
'' သေဒူးနာ , အသက်ကြီးလို့ လမ်းသိပ်မလျှောက်နိုင်တော့ပဲ အိမ်ထဲမှာကိုယ်ဖာသာကိုယ်နေ,နေတာ , မပြေးနိုင်ပါဘူးဆိုမှ , ပျားတွေက အိမ်ထိလာဝင်တုတ်တော့ အသက်ကြီးလို့ နဂိုတည်းက လမ်းမလျှောက်နိုင်တဲ့ငါတို့တွေက အိမ်ထဲလဲ ပျားဝင်လာရော , အ မလေး , ပတ်ပြေးလိုက်ရတာ , '' အင်မထိမာန်''ဆိုတဲ့အကောင်ကို မကြေဘူးမှတ် ''
ထိုသို့ ဤသို့ တရွာလုံးက '' အင်မထိမာန်''ဆိုရင် အလွန်ကြောက်သွား၍ အလွန်လေလုံးကြီးသည်ဟု ပြန်ပြောင်းခေါ်လေတော့သည် ၊ ကျွန်တော်အိမ်သို့ ပြန်ရောက်လေသေအခါ '' ကြည်''ရဲ့မျက်နှာမှာလဲ အဖုတွေနဲ့ ''စိန်''ရဲ့မျက်နှာမှာလဲ အဖုတွေနဲ့ပေါ့ , တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း , ပျားတုတ်ခံရတဲ့ မျက်နှာမို့မို့ဖောင်းဖောင်းကြီးကို သေချာယုယ နမ်းပွေ့ထွေးလေတော့၏ ။
'အင်မထိမာန် 'ရဲ့အတ္ထုပ္ပတ္တိပြီးပါပြီ /
ညမင်းကြယ်တံခွန်
No comments:
Post a Comment