Tuesday, February 14, 2017

  အဆွေးမှိုတတ်နေသော သစ်သားတံခါး

အရာအားလုံးသည် ဘယ်အချိန်မှ နိုးထလာမလဲမသိဘူး,လက်ရှိအချိန်နှင့်,လက်ရှိအကြည့်တွေထဲမှာတော့ ဆိတ်ငြိမ်ခြင်းအပေါင်း ခြုံလွှမ်းနေသေး၏ ,
သင်္ချိုင်းကုန်းကြီးထဲမှ အိမ်ကြီးတစ်အိမ်ဟာအလွန်အမင်း ဟောင်းနွမ်းအိုနေလျှက် ပင့်ကူအမျှင် အထွေးပေါင်းများစွာနှင့် ဆီးဝင်သူကို ဝင်လို့မရအောင် ယှက်ဖွဲ့ထားသလား အောင်းမေ့ရပါ၏ ၊ သို့တဖန်,ညဦး လင်းတ,သံဟာ  ဒီအိမ်ကြီးနှင့် ဒီနေရာကို နိုးသက်လာနိုင်မလား ၊ ဒါပေမယ့် . . . သူကတော့ အသံပေးနေတုန်းပဲ, ဇွဲမလျှော့တဲ့ သူအတွက် အနမ်းပေးသင့်တယ် ၊ ထိုအိမ်ဝန်းကြီး အတွင်းထဲမှာတော့ သောက်ရေခွက်နှစ်ခွက်ကို အမှိုက်ပုံပေါ်၌ တင်ထားတာတွေ့ရ၏ , ကောက်ယူကိုင်ကြည့်တော့  တစ်ခွက်က,ရွှေခွက် ၊ နောက်တစ်ခွက်,မြေခွက် ၊ သြော် . . . လူ့ဘဝမှာ  ( ဆင်းရဲ ၊ ချမ်းသာ ) ( ချစ်ခြင်း , မုန်းခြင်း ) ( အောင်မြင်ခြင်း ကျရှူံးခြင်း ) ဒီနှစ်မျိုးပဲရှိတယ်ဆိုတာကို  ဒီအိမ်ရှင်ကြီးက သူ့ရဲ့ ရွှေခွက်နှင့်မြေခွက်တွေကို အမှိုက်ပုံပေါ်မှာချထားခဲ့တာပဲ . . . သူ့ရဲ့ဆိုလိုရင်းကို ဘာသာပြန်ရရင်တော့ , ဒီလောကကြီးက အမှိုက်ပုံကြီးဖြစ်သွားလိမ့်မယ် ၊ဘာပဲဖြစ်ဖြစ်ပါ  လူ့ဆိုတာ ဖြစ်လာရင်တော့  အောင်မြင်အောင် ကြိုးစားရမှာပဲ , ဘယ်လမ်းမဆို အဆုံးထိလျှောက်ရင်တော့ အမြင်အသစ်တခု,မြင်တွေ့လာမှာပဲ ၊ ကိုယ်သေရင် ကိုယ့်နောက်ဘာမှမပါဘူးဆိုပေမယ့်  အခုချက်ခြင်းကိုယ်ကမသေသေးဘူး,ဒါကြောင့်မို့ နေမဝင်ခင် အလင်းတခုရဖို့ ကိုယ်ဘက်က ကြိုးစားခွင့်ရှိပါတယ်,ခေတ္တကျွန်တော်သည် ဤသို့ အတွေးမျိုးဖြင့် ငြိမ်ရပ်နေမိတယ်,ထိုအခိုက် မြောက်ဦးဘုံက လေကြိုးသိုင်းခွေ တမျှင်တစသည် ညင်းစိမ့်စိမ့်,နဲ့ ကျွန်တော်၏ ရင်ကိုတိုးခွေ့ မွှေနှောက်သွားခဲ့သည် ၊ အခုရာသီက 'နွေ'မဟုတ်သော'မိုး'လို,မိုးမဟုတ်သော'ဆောင်း''လို, 'ဆောင်း'မဟုတ်သော'နွေ'လို,တကယ်ဆို အခုရာသီက အရသာမဲ့နေတယ် ၊ ကျွန်တော်သည် အပြင်သို့ ထွက်ကြည့်ချိန်ဝယ်  ဧရာမသစ်ကိုင်း တစ်ကိုင်းက  ကောင်းကင်ထက်ကနေ ငုံ့ဇောက်ကျလာလျှက်  ဒီကမ္ဘာ့မြေကြီး အိပ်ပျော်နေတုန်း တိတ်တိတ်လေး နမ်းလေရဲ့  ဤမြင်ကွင်းကို ကျွန်တော်မြင်ပေမယ့် မသိချင်ယောင်ဆောင်ပေးလိုက်ပါတယ် , လွတ်လပ်မှု့တွေက  သဘာဝမှာရှိသလို , လူသားတိုင်းမှာလဲ သူ့လွတ်လပ်မှု့နဲ့သူရှိပါတယ် ဒါပေမယ့် ကိုယ်ရဲ့လွတ်လပ်မှု့တွေက တပါးသူကိုထိခိုက်နေရင်တော့  အဲ့ဒီလွတ်လပ်မှု့ကို အရူးလွတ်လပ်မှု့လို့ခေါ်တယ် ၊ မျက်လုံးက ဘာလို့နှစ်လုံး, ရှိသလဲဆိုရင်  သူဖက်ကိုယ်ဖက်မျှတမှု့နှင့် ကြည့်မြင်နိုင်အောင်လို့  မျက်လုံးနှစ်လုံးပါလာတာ ၊ တစ်လုံးကန်းဆိုတာ,ပင်လယ်ဓားမြတွေပဲ ကြည့်ကောင်းတယ် ၊ လျှပ်နီကွင်းအထစ်ထစ်တွေနဲ့ ကောင်းကင်တခွင်ဟာ  အလွန်တရာမှ နီဆွေးဆွေးသန်းလာခဲ့သည် ၊ အိပ်ငိုက်နေတဲ့လူတစ်ဦး နိုးထလာသလို အရာအားလုံးအသက်ဝင်လာခဲ့သည် ၊ အရာအားလုံးက စကားတွေပြောရင်း လှုပ်ရှားနေကြသည် ၊ တချို့ အရာတွေဆို  ကြည့်မကောင်း တပိုင်းပြတ်ကြီးနဲ့စကားတွေထပြောနေလျှက် အိမ်အိုကလဲ ခေါင်းညိမ့်လေတယ် ၊ သင်္ချိုင်းကုန်းကြီးကလဲ သက်ပြင်းရှုတ်ချရင်း အသက်ဝင်လာပါတော့၏ ၊ ထိုအခါမှ ကျွန်တော်ရဲ့ဝိညာဉ်ကလဲ ခန္ဓာထဲဝင်ပြန်လာ၍ နိုးသက်လာခဲ့ရ၏ ၊ တကြွကြွနဲ့သစ်အိုပင်ခြောက်တွေက လမ်းတွေထလျှောက်ကြသလို, တကျွီကျွီနဲ့အိမ်အိုကလဲ လမ်းထလျှောက်နေပါတော့သည် ၊ မြေသားအပေါင်းတို့နှင့် မြူ မှုန်လေးတွေဟာ စကားပြောဆို၍ ရင်းနှီးကြလေ၏ ၊ သင်္ချိုင်းထက်က ခန္ဓာမဲ့သော ရုပ်တွေကို  ညာဉ်တော်များက ခိုလှူံ ဝင်နေကြနေလျှက် ပန်းများပွင့်သလို မြေကြားထဲကနေ  ငုတ်တုတ်ထထိုင်၍  နင်းလျှောက်သွားနေကြတော့သည် ၊ ကျွန်တော်ကို သူတို့တွေပြုံးပြနေတယ် ၊ ထို့နောက် ကျွန်တော်အနားသူတို့ရောက်လာလျှက်  ကျွန်တော်ကိုမေးတယ်
`` မျက်နှာဘာလို့ ညိုမှိုင်နေရတာလဲ ´´
ကျွန်တော် သူတို့ကို ပြောပြလိုက်ရင် သူတို့တွေ စိတ်မကောင်းဖြစ်မှာစိုးလို့,အံ့ကြိတ်မာန်တင်းရင်း ကျွန်တော်သူတို့ကို ပြန်ပြုံးပြပြီး ခေါင်းယိမ်းခါလိုက်တယ်
`` ဘာမှ မဖြစ်ပါဘူး ´´
ထိုနောက်သူတို့တွေ ပျော်သွားပြီး ကျွန်တော်လက်ကို ဆွဲခေါ်သွားကြတယ်, တစ်နေရာရဲ့တစ်နေရာမှာ ကခုန်ပွဲတခုကျင်းပနေတယ်,သူတို့တွေအားလုံးသည် ထိုကခုန်ပွဲ၌ ဆင်နွှဲပါဝင်ကာ သွားရောက်'က'လေတော့သည် , တချို့ ဆို ကခုန်ရင်း ဦးခေါင်းတွေပြုတ်ထွက်သလို ပြုတ်ထွက် ၊ တချို့ က  တစ်ယောက်ကို တစ်ယောက်ကို ဆွဲရင်း  ခန္ဓာကိုယ်တပိုင်းပြတ်သွားပြီး ခြေထောက်နှစ်ချောင်းက တဖက် ၊ အပေါ်ပိုင်းခန္ဓာက တခြားဖက်နှင့် ထိုကခုန်ပွဲက တဖြည်းဖြည်းအသက်ပြင်းလာခဲ့သည် ၊ သူတို့တွေကခုန်ကြရင်း ပြီးမှ ကျွန်တော်ကိုသတိရ၍  ထိုတစ်ယောက် , ကျွန်တော်ကို ကခုန်ပွဲဆီ လာဆွဲခေါ်သွားသည်,ကျွန်တော်အလိုက်သင့် ဆွဲခေါ်ရာနောက်ကို ပါသွားခဲ့ပေမယ့် ထိုကခုန်ပွဲမရောက်ခင်မှာပဲ  ပြန်ထွက်လာခဲ့ပါတယ်, ထို၌ ကျွန်တော်သည် မီးခိုးလုံးထူထူကြီးကို ခိုကိုင်ရင်း  ထိုမီးခိုးလုံးကြီး အငွေ့ပျယ်သွားတဲ့အထိ ကျွန်တော်ဟာ ခိုကိုင်မှီရင်း လိုက်ပါသွားခဲ့တယ်,သစ်ရွက်လေးတွေက ကျွန်တော်ကို မေးတယ်
`` ဘယ်သွားမလို့လဲ ´´
ကျွန်တော်သူတို့ကို ပြုံးလိုက်ပြီး ပါးစပ်ကို လက်ညှိုးလေးနှင့်ဖိကပ်၍
`` တိုး တိုး ´´
ကျွန်တော်ရဲ့အမူအယာကိုမြင်ကာ သစ်ရွက်လေးတွေကလဲ ငြိမ်ငြိမ်လေးနေလေတော့သည် ၊ ထိုမှတပါး,လှုပ်ယမ်းသော သစ်ရွက်လေးက စိုးရိမ်ဟန်နှင့်
`` တောင်းပန်ပါတယ် ´´
ကျွန်တော်ခေါင်းခါလိုက်ပါတယ်
`` ရပါတယ် မတောင်းပန်ပါနဲ့,အမှားဆိုတာ အမှန်ခင်းမယ့် ကျောက်ခဲလုံးလေးတွေပါ ´´
ထိုအခါမှ သစ်ရွက်လေးက အပြုံးရွှမ်းဝေသွား၍ ဆိတ်ငြိမ်သက်နေတော့၏ ၊ တောကွင်းပြင်ထက်မှ ကြောက်စရာလူတစ်ဦးက  ကျွန်တော်ရဲ့အဝေးမြင်ကွင်းတနေရာမှာ ရှိနေလေလျှက် သူမသိအောင် ကျွန်တော်နောက်ပြန်လှည့်မလို့ ဒါပေမယ့် သူကတအားလျှင်သလို လေမှုန်တစကိုတောင် သူဟာ ပိုင်းခြားခွဲမျှတတ်၏ ၊ သူရဲ့အမူအယာအခြေအနေကို ကြည့်နေခိုက်  သူဟာအလွန်တရာမှ ရက်စက်သူဖြစ်လျှက် မျက်လုံးကမရှိ ၊ ဒါပေမယ့် သူရဲ့ပါးစပ်ကြီးထဲမှာတော့ မျက်လုံးပေါင်းများ အမြောက်အများရှိလေရဲ့ ၊
သူရီလိုက်အခါ
သွားတွေကမျက်နှာပေါ်သို့တတ်၍ ခြေထောက်က တစ်ချောင်းပဲရှိလျှက် လက်တွေကမရှိ ဒါပေမယ့် သူ့ရဲ့ဦးခေါင်းထက်ကနေ တွဲလျောင်းကျနေသော  လက်နှစ်ဖက်တော့ ရှိ၏ ,သူရဲ့ရီမောသံဟာကြောက်ခမန်းလိလိဖွယ်ပါတကား, ကျွန်တော်ကို သူမမှီ,နိုင်အောင် ဘယ်လမ်းတွေက ကျယ်ဝန်းနေသလဲ ၊ ကျွန်တော်ပြေးထွက်ခွာသော အသံကို , သူမကြားအောင် , ဘယ်လေပြေကို ငြိမ်းသက်ရမလဲ ၊ ကျွန်တော်ကို သူမမြင်အောင်, ဘယ်မြူ မှုန်တွေက ဆိုင်းငံ့ထားနိုင်မလဲ ၊ သူ, ကျွန်တော်ကိုတော့ မမြင်သေးပါ , သစ်ရွက်တွေဆီသို့ တဟုန် တခုန်ပေါက်ခုန်အုပ်ရောက်လာလေလျှက်  ကျွန်တော်ကလဲ သူရောက်နေတဲ့ သစ်ရွက်တွေဘေးမှာ ရှိနေတယ် ၊ ထိုအခိုက်တွင် လေပြင်၌ အခေါင်းလွတ်တစ်လုံး ဝဲလွင့်မျောလျှက် ရစ်ဝဲဝဲဖြစ်နေပါ၏ ၊ ထိုအခေါင်းလွတ်ကြီးကလဲ  သူ့ပိုင်ရှင်မူမှန်ကို လိုက်ရှာနေသလို , ကျေနပ်နှစ်သိမ့်ချင်စဖွယ်မရှိသော
အကျည်းတန် ရက်စက်သူကြီးကလဲ  ကျွန်တော်နှင့်အလှမ်းမကမ်းနီးလာလေတော့၏ ၊ သွေးဆူဆူဖြစ်လာသော ကျွန်တော်ရဲ့ခန္ဓာကိုယ်ကြီးဟာလဲ တဖြည်းဖြည်း,လေးလံလာလျှက် ခြေချူ ပ်မိသလို ဖြစ်နေပါတော့သည် ၊ သစ်ရွက်တွေရဲ့ရင်ခုန်သံလား ကျွန်တော်ရဲ့ခြေသံလားမသိ,ကျွန်တော်ဟာ,ကျွန်တော်ကိုယ် ကျွန်တော်ပြန်ကြည့်နေရသလို မပေါ့ပါးခဲ့ဘူး ၊ ချောက်ကမ်းပါးကို မြင်လျှက်နဲ့ ခုန်ချရဲခဲ့သည် ၊ မီးခဲဖွေးဖွေးရဲနေတဲ့လမ်းကိုလဲ မြင်ပါလျှက်နဲ့ လျှောက်ရဲခဲ့တယ် ၊ ခြေထောက်နှင့်ပြေးနေသည် ဆိုပေမယ့် အရာအားလုံးမပါဝင်ရင် ခြေထောက်ဆိုတာ အလကား ပြေးလို့မရခဲ့ပါဘူး ၊ မျက်လုံးဆိုတာ မြင်သာမြင်ပေမယ့် ဦးနှောက်ရဲ့ ရွေးချယ်ရာကိုပဲ နာခံရတယ် ၊ သိပ်ပြီးလျှင်မြန်တယ်လို့ ယူဆထားသော ရက်စက်ကောက်သူရဲ့လက်ထဲကနေ ကျွန်တော်ရဲ့ဆန္ဒဟာ  သူ့ထက်ကိုပိုမြန်လို့ လွတ်မြောက်လာလေခဲ့တယ် ၊ အခေါင်းကြီးကတော့  ပိုင်ရှင်မဲ့သွားလို့ အခုအချိန်ဆို ငိုကြွေးမျှော်နေလောက်ပြီ ၊ လူတိုင်းကို သနားတော့သနားမိတယ် ဒါပေမယ့် အကြင်နာမေတ္တာတော့, မသနားနိုင်ဘူး ၊ ကျွန်တော်ဟာ တစ်နေရာရဲ့တစ်နေရာသို့ ပြန်လည်ရောက်ရှိချိန်မှာတော့  သူတို့တွေရဲ့ကခုန်ပွဲဆင်နွှဲသဘင်လဲ မရှိတော့ချေ ၊ သူတို့တွေအားလုံး ကျွန်တော်ကို ရပ်စောင့်နေကြတယ် ၊ ကျွန်တော် သူတို့ဆီကိုသွားတော့ သူတို့ကကျွန်တော်ကို စိတ်မကောင်းဖြစ်သော မျက်လုံးမျိုးနှင့်ကြည့်ကာ , ကောင်းကင်ပြင်ထက်မှ နီဆွေးဆွေး,အရောင်တွေဟာ တဖြည်းဖြည်းလျှော့ပါးလာခဲ့သည် ၊ ထို့အတူ အိမ်အိုဟာလဲ သူ့နေရာသူရှိနေလျှက် ညာဉ်တော်များကလဲ ကျွန်တော်အနားကနေ ဝေ့ဝိုက်ပျံ သန်း ထွက်ခွာသွားကြတော့သည် ၊ အရာအားလုံး ဆိတ်ငြိမ်တည်နေလျှက် နှစ်ချီ၍ကြာရှည်စွာအဆွေးဒဏ်ခံရသော သစ်သားတံခါးလေးကို  ဖြည်းညင်းစွာ တိုးတိုးလေး ခေါက်နေမိတယ် အထဲမှာ ကျွန်တော်ရဲ့အကြင်နာစစ်စစ် ရှိခဲ့မယ်ဆိုရင် အဆွေးဒဏ်ခံရပြီး မှိုတတ်နေသော သစ်သားတံခါးလေးကို ပြန်ပြု ပြင်ရအုန်းမည် , အိမ်အထဲမှာတော့ ကျွန်တော်ရဲ့အကြင်နာစစ်စစ်ရှိနေရဲ့လားတော့ ကျွန်တော်မသိဘူး ၊ ဒါပေမယ့် . . . အဆွေးမှိုတတ်နေသော သစ်သားတံခါးကို ခေါက်နေမိတယ် ၊ အကယ်၍များကျွန်တော်ရဲ့ အကြင်နာစစ်စစ်နဲ့ကြုံဆုံမှု့ရှိသေးရင် ,
ကျွန်တော်ဟာ အခုလိုမျိုး စိတ္တဇအရာများနှင့် ထပ်ပြီးတွေ့ဆုံချင်မိတယ် , ကျွန်တော်ရဲ့ဆန္ဒထက်ကို  အကြင်နာရဲ့လေပြေက ပိုမြန်လှပါတယ် ၊ ဤသို့ကြားကနေ အဆွေးမှိုတတ်နေသော သစ်သားတံခါးလေး, ဖွင့်မယ့် အချိန်အထိ စောင့်ဆိုင်းနေပါ့မယ် ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment