ကွန်ကရစ်
အရာအားလုံးက အသက်ဝင်နေတယ် ၊ ညင်သာသာနွဲ့ယိမ်းနေလျှက် လောကတခွင်မှာ တိမ်းရှားရွေ့လျှားနေတယ် ၊ မီးခိုးငွေ့တွေ တဖြည်းဖြည်း တအိတလိမ့်ဆင,့်ဆင့်တိုးလိမ်ရစ်ဖွဲ့ပြီး ကောင်းကင်ပေါ်သို့ တတ်နေကြပြီ် ၊ မြေစိုင်မှုန်တွေ လွင်ပြင်ဆီသို့ ခပ်ဖြည်းဖြည်းလေးနဲ့ခြေသံတိတ်တိတ်လေး ရွေ့လျှားနေကြတယ် ၊ အိမ်မက်တွေ ရေဓာတ်ခြောက်ကုန်ပြီ , ပင်လယ်ရေကို ငန်တယ်လို့ပြောတဲ့ စမ်းရေတွေဟာ ပင်လယ်ဆီသို့ ရောက်သွားတဲ့အခါကျရင် သူတို့တွေလဲ ငန်သွားကြတယ် ၊ တိမ်တွေရဲ့အညစ်အကျေးးတွေကို ဆေးကြောသန့်နေရင်းနဲ့ ကျွန်တော်ဟာ ကောင်းကင်မျက်နှာပြင်ကို သနပ်ခါးသွေးလူးပေးနေတယ်၊ ကောင်းကင်မျက်နှာက အလွန်မှကြီးမားကျယ်ပြန့်လို့ ပါးကွက်တပြင်လုံးလိမ်းတင်ပေးလိုက်တယ် ၊ ပြီးတော့ . . . ရွှေအိုရောင်နှင်းဆီတစ်ပွင့် ပန်ပေးလိုက်တယ် ၊ သူသိပ်လှသွားပြီ ၊ ဒါပေမယ့် . . . သူသိပ်ရက်စက်တယ် ,ကျွန်တော်အပေါ် ဆူး., မြား,မိုးတစ်စင်းရွာချခဲ့တယ် ၊ ကျွန်တော်တကိုယ်လုံး ဘာဒဏ်ရာမှမထိခိုက်ပေမယ့် ထိမယ့်ထိတော့ မြားတံက
ကျိုးထွက်လာတဲ့ အစလေးတစ်စက ကျွန်တော်ရင်ဝကို လာစိုက်လေတယ် ၊ အားးးးးး ,''ရင်တွင်းဝေဒနာ မဖြေသာ''ဆိုသလိုပဲ,တော်တော်လွင့်မျောပျံဝဲခဲ့ရတယ် . . .မိုးသားတွေလာရင် ကောင်းကင်ကြီးက မိုးသားတွေနဲ့အတူ ပျော်လို့ ရွှင်လို့ ပြုံးးလို့ , သူ့ကို အလှဆင်ပေးခဲ့တဲ့ ကျွန်တော်ကို မေ့နေလျော့ပေါ့,
''းးးးးးး ဝုန်းးးးးးးး ''ဆိုပြီး ကြီးမားသော အသံတခု ထွက်ပေါ်လာခဲ့တယ် ၊ ကျွန်တော်မော့ကြည့်လိုက်တော့ မိုးသားတွေ ကောင်းကင်ကို ခေါ်ဆောင်သွားကြပြီ , ကျွန်တော်ရဲ့နေရပ်ထောင့်လေး တစ်နေရာမှာ ကောင်းကင်မရှိတော့ဘူး ၊ တိမ်တွေမလွင့်တော့ဘူး ၊ လမင်းမရှိတော့ဘူး ၊ ကြယ်တွေ မလင်းတော့ဘူး ၊ ညလဲမိုးမချူ ပ်တော့ဘူး ၊ ခွေခွေလေးအိပ်နေတဲ့အချိန်မှာ သစ်ရွက်တစ်ရွက်ကျွန်တော်ပါးပြင်ထက်ပေါ်မှာ နွေးနွေးလေး လာအိပ်ပျော်နေတယ် ၊ ခဏအကြာမှာ ကျွန်တော်လန့်နိုးသွားတော့ ထိုသစ်ရွက်ငယ်လေးက ငိုမဲ့မဲ့ရှိုက်ထန် ငိုကြွေးနေပါတော့သည် , ကျွန်တော် သူကို ,မြင့်မြတ်တဲ့ မြေရပ်ဝန်းတခုဆီသို့ သေချာထွေးပွေ့၍ ခေါ်ဆောင်သွားခဲ့ပြီး နှစ်သိမ့်စေခဲ့သည် . . .ထိုမြေရပ်ဝန်းတခုအလယ်၌ သေချာစွာထွေးပွေ့ယူလာသော သစ်ရွက်ငယ်လေးကို အသာအယာလေးတင်ပြီး, ကျွန်တော်လက်မောင်းသွေးတစ်စက်ဖြင့် သူကို စိုက်ပျိုးလေခဲ့သည် , ကာလပေါင်းကြာရွေ့လေသမျှ ,ထိုသစ်ရွက်ငယ်လေးဟာ ပင်မြစ်တစ်ထောင် အမြစ်ပွားများဖြင့် ကြီးထွားရှင်သန်နေလေပြီး , ကျွန်တော်ကို,ဘယ်/ညာ ယိမ်းခတ်ရင်း သူ့အနားကနေ ထွက်ခွာခိုင်းခဲ့တယ် ၊ ကျွန်တော်ကို မောင်းထုတ်တာ စိတ်မထိခိုက်ဘူး ဒါပေမယ့်. . . စေသနာကိုဖိနပ်လုပ်ပြီး စီးသွားတဲ့သူ့ကို ရင်မှာနာ နာ,ရင်မနာပါဘူးလို့ မျက်ရည်များနှင့်ပြုံးးပြုံးးကြီး ပြောလိုက်ပါတယ် ၊ လေမွှေးနံ့သာနှင့်အတူ သူကတော့ ပျော်ရှာလေတယ် , သိပ်မကြာခင်မှာပဲ
''းးးး ဝုန်းးးးးးးးး'' ဆိုပြီး ကြီးမားသော အသံတခုထွက်ပေါ်လာခဲ့တယ် ၊
ကျွန်တော်လှည့်ကြည့်လိုက်တော့ . . . လေမတိုက်တော့ဘူး ၊ သစ်ပင်လဲမရှိတော့ဘူး ၊ ကျွန်တော်နေတဲ့ထောင့်လေး တစ်နေရာမှာ အခုဆို . . . ကောင်းကင်ကြီးလဲ မရှိတော့ဘူး , သစ်ပင်ကြီးလဲ မရှိတော့ဘူး , အဆင်ပြေပါတယ်လို့ပြောနေပေမယ့် မျက်ဝန်းရဲ့ဘယ်ဖက်ထောင့်လေးနားမှာတော့ မျက်ရည်စလေးတွေရှိတာပေါ့ ၊ စိတ်တွေထဲမှာ အက်ဆစ်တွေရှိလားမသိဘူး, ပါး,ပါးလာတယ် ၊ ပင်လယ်ရေလျှံတယ်ဆိုတာ မြစ်၊ချောင်းက ရေတွေလာလို့ ,မျက်ဝန်းကလာတဲ့ မျက်ရည်ကျတော့ ဘယ်အရပ်အဝန်းကနေ ရောက်လာတာလဲမသိဘူး ၊ ငိုရင် ငိုသလောက်,မိုးတွင်းလိုပါပဲ ၊ ပါး,ပါး လာတယ် ၊ ကာလကုလေသီပေါင်း ကြာမြင့်လာသည့်မျှ ကျွန်တော်ဟာ ဒီကမ္ဘာ့မြေကို တအိအိလေးနင်းပြီး လွင့်ပါးလာခဲ့တယ် ၊ ထိုစဉ်အခါ၌
အပျို စင်ကညာယမင်းရုပ်အသွင်လို ကျွန်တော်အနားမှာ မြေကြီးပဲရှိတော့တယ် ၊ ကျန်တာ မရှိတော့ဘူး ၊ သူ့ကိုလဲ ကြင်နာမှု့တွေပေးရအုန်းမယ် ၊ ကျွန်တော်ကသာ တခြားတွေကို ကြင်နာနေတာ ကျွန်တော်ကိုကျတော့ မကြင်ခဲ့ကြဘူး ၊ ဒါပေမယ့် . . . ဒီမြေလေးကတော့ ကျွန်တော်ကို ပြန်ကြင်နာမှာပါလို့ ထင်မြင်မိခဲ့တယ်,
''းးးးး ဝုန်းးးးးးးးးး ''ဆိုပြီး ကြီးမားကျယ်ပြန့်သော အသံတခု ထွက်ပေါ်လာခဲ့လေတယ် ၊ ကျွန်တော်ငုံ့ကြည့်မိတော့ ဒီကမ္ဘာ့မြေကြီးလဲ ကျွန်တော်ကို ထားသွားခဲ့ပြီ , ကျွန်တော်ကို သူ,မကြင်နာခဲ့ပြန်ဘူး , အခုဆို ကျွန်တော်ဘဝမှာ , ကောင်းကင်ကြီးလဲမရှိတော့ဘူး , သစ်ပင်ကြီးလဲ မရှိတော့ဘူး , မြေပြင်ကြီးလဲ မရှိတော့ဘူး , အတော်ကို ဆိုးဝါးခဲ့ပေမယ့် ,ကျွန်တော်နေတဲ့နေရပ်ကတော့ ကမ္ဘာ့လုံးကြီး၏အပြင်ဘက် ညာဖက်လေးမှာ နေဖို့နေရာ ရှိနေသေးလို့ တော်သေးခဲ့တယ် ၊ ကမ္ဘာ့အပြင်မှာ ငုတ်တုတ်ထိုင်နေရင်း စဉ်းစားမိတယ် . . . အတွေးတခုမှတော့ ထွက်မလာခဲ့ဘူး ,ထိုအချိန်၌ . . , တစုံတစ်ယောက်က ကျွန်တော်ဆီရောက်လာခဲ့တယ် ၊ ကျွန်တော်ငိုနေတာကို အငိုတိတ်ဖို့အတွက် သူလာချော့တာလားမသိဘူး ၊ ကျွန်တော်ကို တစ်နေရာသို့ ခေါ်ဆောင်သွားခဲ့တယ် ၊ ထိုနေရာသို့ ရောက်သွားတဲ့အခါမှာတော့ သူကိုမတွေ့တော့ပေ ၊ ကျွန်တော်တစ်ယောက်ထဲ ထင်ရာသွားရင်း . . ကြုံတွေ့တဲ့ ဝိညာဉ်ပေါင်းများနဲ့အဆင်ပြေစွာမိတ်ဖွဲ့မိပါ၏ , ,နောက်ပြီး , သူတို့တွေရဲ့ရင်ထဲမှာ မေတ္တာမရှိဘူး ၊ သစ္စာလဲမရှိဘူး ၊ အကြင်နာလဲမရှိဘူး ၊ ဘယ်သူကိုမှလဲ ခံစားရအောင်မလုပ်ဘူး , . . . သူတို့တွေဆီမှာ ဘာခံစားချက်မှမရှိပဲ ထာဝရမျောလွင့်ရှင်သန်ခြင်းဖြင့် ရွေ့လျားနေတဲ့ ဝိညာဉ်တမန်တော်တွေဖြစ်သည် ၊
ကျွန်တော်အတွက် လိုအပ်နေတဲ့ ကမ္ဘာ့က ချစ်ခြင်းမေတ္တာမရှိတဲ့ကမ္ဘာ့ပါ , အပြည့်မပေးနိုင်ရင်တောင် အဲ့လိုကမ္ဘာ့ငယ်မျိုးတခြမ်းခွဲပေးပါ , ဒါပေမယ့်...ကျွန်တော်ဟာ အဲ့ဒီလိုကမ္ဘာ့ကို ခဏရောက်ဖူးတယ် ၊ အခုလဲ , ခဏရောက်ခွင့်ပြုတာလား မသိဘူး , ကျွန်တော်ရဲ့ အပြန်ခရီးစဉ်တခုအတွက် လက်မှတ်တစ်စောင်ဟာ ကျွန်တော်ရဲ့နူးညံသော လက်ဝါးကြား၌ ကပ်ငြိနေပြီ , တမန်တော်တွေကို နူတ်ဆက်ခဲ့ရပြီ , သူတို့မှာ ခံစားချက် မရှိပေမယ့် . . . သူတို့တွေမှာ နှလုံးသားရှိပါစေ , ကျွန်တော်ဟာ မီးနဂါးတစ်ကောင်လို ဝေဟင်ပြင်၌ တင့်တယ်စွာ ပျံ သန်းချင်တဲ့ စိတ်ကူးအိမ်မက်ရှိကြောင်း . . . ငယ်ငယ်က,မေမေနဲ့ဖေဖေကို ပြောပြခဲ့ဖူးတယ်, ၊ကျွန်တော်ဟာ တိမ်တိုက်တွေပေါ်တတ်ထိုင်စီးရင်း ဒီကမ္ဘာ့ကြီးရဲ့ အဆုံးတဖက် ကောင်းကင်ကြီးရဲ့အောက်၌ လူသားတစ်ဦးအဖြစ်ပျော်ရွှင်စွာ ရပ်တည်ချင်ခဲ့သော စိတ်ကူးအိမ်မက်ရှိခဲ့သည် ၊ ကျွန်တော်ဟာ သစ်ရွက်လေးတွေပေါ်မှာ လမ်းလျှောက်ရင်း , သစ်ကိုင်းလေးတွေနဲ့စကားပြောချင်တဲ့ဆန္ဒ , ကျွန်တော်မှာ ရှိခဲ့တယ် ၊ ကျွန်တော်ဟာ,မြေစိုင်မှုန်ညင်းတို့ကို တွဲခိုမှီရင်း , သူတို့တွေနဲ့အတူ ဘယ်လူးယိမ်း ညာလူးယိမ်းပြီး ''လေပြင်ရထား''စီးချင်မိတယ် ၊ ကျွန်တော်ဟာ မျက်ရည်စက်လေးတွေနဲ့စကားတီးတိုးပြောရင်း ငိုကြွေးချင်တယ် ၊ ကျွန်တော်ရဲ့ ရင်ခုန်မှု့ကို ငြိမ်သက်အောင်လို့ , ကြီးမားသော ဧရာမကျောက်တောင်ကြီးများဖြင့် ဖိထားချင်တယ် ၊ ကျွန်တော်လဲကျွန်တော်နဲ့ကျွန်တော်ကြားထဲ၌ နေထိုင်လာရတာ မွန်းဆို့နင့်လာပြီ , နောက်ဆုံးမှာတော့ . . .'' ဝုန်း ''ဆိုပြီး ကြီးမားသော အသံတခုရဲ့ ခေါ်ဆောင်ရာထွက်ပေါ်လာခဲ့ပြီး ,
အခုဆို. . .
ကောင်းကင်ကြီးလဲမရှိတော့ဘူး
သစ်ပင်ကြီးလဲ မရှိတော့ဘူး
မြေပြင်ကြီးလဲ မရှိတော့ဘူး
ကျွန်တော်လဲ မရှိတော့ဘူး
ဘိလပ်မြေ ၊ သဲ ၊ ကျောက် ၊ ရေ . ,
အဲ့ဒီအရာတွေကို ပေါင်းစပ်လိုက်ရင်
''ကွန်ကရစ်''တခု ဖြစ်ပေါ်လာလိမ့်မယ် ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment