နွမ်းခါးခါး
မြောက်ဦးလေပွေ တယိမ်းယိမ်းနဲ့တိုက်ခတ်တဲ့ ဒဏ်ကိုခံရသော လူတစ်ကိုယ်လုံးလဲ အေးစက်စက်နှင့် လျှော့ရဲလာခဲ့တယ် ၊ အဆက်မပြတ်သော ''လေ''ကလဲ တဟူးဟူးနဲ့ တိုက်ခတ်လေတယ် ၊ နွေရာသီဆိုရင် အကြောင်းမဟုတ်ဘူး . . . အခုက, ''နွေ''မဟုတ်သော ''ဆောင်း'' , အချမ်းပြေ လက်ထဲက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး သောက်မည်အပြု လေသင်းထုံတဝှေ့ကြောင့် မရှို က်ဖွာရသေးသောစီးကရက်သည် ပြာအဖြစ်သာကျွန်တော်လက်ထဲ၌ ကျန်လေသည် ၊ ဘယ်သူ ယူသောက်သွားလဲ မသိဘူး . .
နောက် , တလိပ်ထပ်ယူတော့ စီးကရက်ဗူးပါ မရှိတော့ဘူး ၊
ဒါနဲ့ ,ကျွန်တော်လဲ , အိမ်ပြန်လာခဲ့တယ် ၊ အိမ်ကို ပြန်ရောက်တော့ , အိမ်တံခါးနှင့်ပြတင်းပေါက်တွေ ပွင့်နေတာ မြင်ရတယ် ၊ အကြောင်းမဟုတ်ပါဘူး , အိမ်ထဲဝင်ခဲ့တယ် ၊( ဖြစ်စဉ်မှန်သမျှ မထူးဆန်းပါဘူး ) ,မီးဖိုဆောင်ထဲ ဝင်ပြီး အချမ်းပြေ,ရေနွေးတည်ရင်း , အပေါ်ထပ်မှ,ခြေထောက်နင်းသံ ထွက်ပေါ်လာခဲ့တယ်၊ ဒါကတော့ မူမမှန်တော့ဘူး , ကျွန်တော် သွားကြည့်မှဖြစ်မယ်ဆိုပြီး အပေါ်ထပ်သို့ တတ်ခဲ့လေရာ အဝတ်ဖြူ ,ပိတ်စတွေနဲ့
တကိုယ်လုံးဖုံးလွှမ်းခြုံထားလို့ ,သူ့မျက်လုံးကိုသာ မြင်ရပြီး ဘယ်သူ ဘယ်ကမှန်းမသိ ၊ ကျွန်တော် ,သူ့အနား တဖြည်းဖြည်းနဲ့ခြေလှမ်းတိုးတဲ့အချိန် သူကလဲ နောက်သို့ တဖြည်းဖြည်းနဲ့ခြေလှမ်းပြန်ဆုတ်နေတယ် ၊ ဒါနဲ့ ကျွန်တော်လဲ ဆက်မတိုးတော့ပဲ ရပ်နေလိုက်တယ် . . . သူကလဲ နောက်သို့ဆက်မဆုတ်တော့ပေ ၊ ကျွန်တော်,သူ့ကို ကျောခိုင်းလိုက်ပြီး ,အောက်ထပ်သို့ ပြန်ဆင်းလာခဲ့တယ် ၊ ရေနွေးအိုးယူရင်း ရေနွေးငှဲ့သောက်နေချိန်၌ အပေါ်ထပ်သို့ လှမ်းကြည့်လိုက်ရာ . . . သူ,အောက်သို့ တဆင့်ခြင်း တထပ်ခြင်းနင်းပြီး , ဆင်းလာခဲ့တယ် ၊ ကျွန်တော်နဲ့မလှမ်းမကမ်းသော ထိုင်ခုံလေးကို ယူထိုင်လိုက်ရင်း , သူ,ကျွန်တော်ကို သေချာကြည့်လေတယ် ၊ ကျွန်တော်ကတော့ ရေနွေးငှဲ့သောက်နေရင်းနဲ့ သူ့ကို ပြန်ကြည့်လိုက်ရာ , သူ ,ချမ်းနေတယ် ၊ ဒါနဲ့ , ဖန်ခွက်တစ်ခွက်ယူလိုက်ပြီး , ရေနွေးငှဲ့ပေးလိုက်တယ် ၊ အငွေ့တခိုးတထောင်းနဲ့ရေနွေးကို မပူသလိုပဲ , သူ,တမော့တည်း သောက်ချလိုက်လေ၏ ၊ ပြီးတော့ . . . သူ, အပေါ်ထပ်သို့ ပြန်တတ်သွားခဲ့တယ် ၊ ကျွန်တော် ရေနွေး,သောက်နေရင်းဖြင့် စိတ်ထဲက တစုံတခုကို တောင်းတနေမိတယ် ၊ သူ,စောစောတုန်းက အပေါ်ထပ်မတတ်မီ စားပွဲပေါ်၌ စီးကရက်ဗူးနှင့်မီးခြစ် , ချထားပေးခဲ့တယ် ၊
ကျွန်တော်,အပြေးအလွှား သွားယူလိုက်ပြီး , တုန်ရီသောလက်တွေနဲ့ စီးကရက်ကို မီးညှိလိုက်ပြီး , တဖွာရှိုက်သောက်လိုက်လေအခါ . . . ကျွန်တော်ရဲ့မျက်ဝန်းထဲမှာ ဝိညာဉ်ပေါင်းများစွာ ကခုန်နေလေတယ် ၊ သူ,အပေါ်ထပ်ကနေ , ကျွန်တော်ကို ငုံ့ကြည့်ရင်း , သူ,မျက်ဝန်းထဲမှာ ကျွန်တော်ကိုယ် ကျွန်တော်ပြန်မြင်ရတယ် ၊
( မခံစားတတ်တဲ့ အသဲနှလုံးအတွက်
ကဗျာသည် စာရွက်
ခဲဖျက်သည် အက္ခရာတွေကို''ဖျက်''
လူတွေသည် လူအချင်းချင်း
ကိုက်ဖြတ်စားသောက်နေသည် )
စီးကရက်ရဲ့မီးတစနဲ့ကျွန်တော်ရဲ့အတွေးတစကို ပေါင်းစပ်ဖော်စပ်လိုက်ပြီး
ရင်ထဲ၌. . . နယ်မြေသစ်ကို ဖန်တီးလျှက် ,
{ မေတ္တာဖူးရာ မြေသားနုမှာ
သစ္စာစည်းရိုး အကြင်နာတိုး
ပုပ်သိုး''လေတမန်''
မယိမ်းဆန်ရ }
ဒီညတော့ ,
အပေါ်ထပ်သို့ ကျွန်တော်မတတ်ခဲ့ပဲ အောက်ထပ်မှာပဲ , အိပ်လိုက်သည် ၊ မနက်မိုးလင်းတဲ့အခါမှာတော့ . . . သူ,က ကျွန်တော်အိပ်နေတဲ့အနား၌ လာထိုင်နေလျှက်, ကျွန်တော်ရဲ့မျက်နှာပေါ်သို့ ရေတစက်ခြင်း သဲ့ချရင်း , သူ,ရီလေတယ် ၊ ကျွန်တော်ရဲ့မျက်နှာပေါ်မှ ရေစက်လေးတွေက ပါးပြင်ထက်ကနေ စီးကျလာတော့
မသိရင် ကျွန်တော်က ( ငိုနေသလို ) ပေါ့ , သူ,သဘောကျ သလို , သူ,တဟားဟားနှင့်အော်ရီနေတယ် ၊ ထိုနောက်,ရီသံတိတ်သွားတယ်၊ သူ,ကျွန်တော်လက်ကို ဆွဲခေါ်ပြီး , ခြံဝန်းထဲသို့ ရောက်ခဲ့တယ် ၊ ထိုခြံဝန်းထဲက အပင်ကြီးကြီးတစ်ပင်၌ သစ်သီးပေါင်းများစွာ သီးလေတော့ , သူ,က ထိုသစ်သီးများကို ကျွန်တော်ကို ခူးခိုင်းတဲ့သဘောမျိုးနှင့် သူ,ကျွန်တော်အနား တိုးကပ်ခဲ့တယ် ၊
ကျွန်တော်,အဲ့အပင်ကြီးကို ခုတ်လှဲလိုက်ပြီး သူ,ရော ကျွန်တော်ပါ တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ရင်း , တဟားဟားနှင့် ပြိုင်တူ ရီမောကြလေ၏ ၊ အပင်ကြီးကတော့ မြေမှာ လဲလျောင်းလို့ပေါ့ , သူ,နဲ့ကျွန်တော်က ထိုမြေမှာလဲလျောင်းသော အပင်ကြီးပေါ်သို့ တတ်ထိုင်ရင်း သစ်သီးများကို တလုံးခြင်း ချွေယူစားသောက်နေ၏ ၊ သူ,တော်တော်ပျော်နေသလို , ကျွန်တော်လဲ ပျော်နေတယ် ၊ အဝတ်အဖြူ ပိတ်စအုပ်ထားလို့ သူက,ယောက်ကျာင်္းလေးလား ၊ မိန်းကလေးလား ကျွန်တော်မသိပေမယ့် , ကျွန်တော် သူ့ကို ခင်တယ် ၊ သစ်သီးတွေကို အတူစားသောက်လို့ဗိုက်တင်းသွားတဲ့အချိန်မှာတော့ ကျွန်တော်တို့နှစ်ယောက်ဟာ , အိမ်ထဲသို့ပြန်ဝင်လာခဲ့ပြီး , ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေမိတယ် ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တိုးတိုးလေးရီနေမိတယ် ၊ သူ, ကျွန်တော်အနားသို့တိုးကပ်ထိုင်ရင်း , ကျွန်တော်ရင်ခွင်ထဲမှာ မှေးစက်ခဏတာ အနားယူနေလေတယ် ၊ သူ,မှေးစက်အိပ်နေစဉ် , , သူမျက်နှာပေါ်အုပ်ထားသော ပိတ်စအဖြူ ကို ကျွန်တော် ဖြည်းဖွဖွ လှန်ကြည့်လိုက်တော့ . . . သူ,ဟာ မိန်းကလေး ၊ ဘယ်ဖက်ကရင်ခုန်သံကို နိုးကြားစေခဲ့ပြီ ၊ သူမက မအိပ်သေးပဲနဲ့ ကျွန်တော်ကို ပြန်ကြည့်နေတာကို မသိခဲ့ ၊ တစ်ဦးနှင့်တစ်ဦး အမြင်ခြင်းဆုံလေသောအခါ၌ , သူမကော ကျွန်တော်ရောပါ မှင်သက်သွားခဲ့ကြတယ် ၊
[ ကိုယ်,ပျိုးနေသော ပန်းဥယျာဉ်ထဲကို
ပျား ၊ ပိတုန်း,များ
ဝတ်စံမယှက်ရ ]
အပေါ်ထပ်သို့ သူမ,ပြေးတတ်သွားခဲ့သည် ၊ ကျွန်တော်ရဲ့နူတ်ခမ်းပါးတွေ တုန်ရီလွင့်ပါးမျောသွားခဲ့တယ် ။
[ အကြင်နာကျမ်းစာအုပ်ထဲမှ
ရင်ခုန်သံကျိန်စာများကို
ဖတ်ရှုတဲ့နှလုံးသား
သစ္စာ ကတိတရားများ
နူတ်ထွင်း,သူကြား
ပန်းစကြာ
လမင်းတစ်ထောင်ခြံရံခစေတည်း ]
မိုးချူ ပ်တဲ့အထိ, သူမ,အောက်ထပ်သို့ ပြန်မဆင်းလာခဲ့ပါ ၊ ကျွန်တော်ကလဲ အပေါ်ထပ်သို့ မတတ်ရဲခဲ့ ၊ ဒီလိုနဲ့ တဖြည်းဖြည်း မိုးမှောင်ချူ ပ်စပြုလာပါတော့သည် ၊ အောက်ထပ်ကနေ မော့ကြည့်နေရင်း ကျွန်တော်လက်ထဲမှာ , သူမ,စားဖို့အတွက် သစ်သီးပေါင်းများစွာ ရှိလေခဲ့တယ် ၊ ထိုနောက်,သူမ,အောက်ထပ်ကို ဆင်းလာခဲ့တယ် ၊ အဝတ်အဖြူ ပိတ်စ မအုပ်ထားတော့ပါ ၊ ကျွန်တော်,ကတော့ သူမ,အောက်ထပ်ကို ဘယ်တော့မှမဆင်းလာတော့ဘူးလို့ ထင်ပြီး,ငိုနေမိတယ် ၊ သူမက ကျွန်တော်ငိုတာကို ကြည့်ရင်း , တဟားဟားနှင့်အော်ရီနေတော့သည် ၊ ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်မျက်ရည်ကျရင် တစ်ယောက်ကကြည့်ရင်း ရီမောတတ်ကြတယ် ၊ ကျွန်တော်လက်ထဲက သစ်သီးများကို ယူစားရင်း , သူမအတွက် အလင်းရောင်လိုအပ်နေပြီလို့ ကျွန်တော်ထင်မိတယ် ၊ အိမ်ကြီးက နက်မှောင်မှု့များ ယှက်ဖွဲ့ထားသလို မဲနက်မှောင်ဆိုင်းငံ့နေတယ် ၊ သူမက ကျွန်တော်အနားသို့ တဖြည်းဖြည်းတိုးကပ်လာ၍ , သူမရဲ့အမူအယာများက ''အမှောင်ကိုကြောက်တယ်လို့ ''ဖော်ပြနေတယ် ၊ ထိုနောက်,ကျွန်တော်ကလဲ အိမ်ကြီးကို မီးရှို့လိုက်လေ၏ ၊ ပြီးတော့,အိမ်ရှေ့အပြင်ထွက်ရင်း
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တဟားဟားနှင့်ရီမောကြနေတော့သည်၊ လျှပ်စစ်မီးလို အလင်းရောင်က အဖြူ ဝင်းမထွက်ပေမယ့် . . . အနီလှိုင်းဝင်းထွက်လာသော မီးအုံလုံးကြီးရဲ့အလင်းရှိန်ကလဲ ကောင်းကင်ကြီးကို ပူဇော်နေ၏ ၊
ဘေးဝန်းကျင်မှာ အိမ်ဆိုလို့ တအိမ်မှမရှိ,အရှေ့ဖက်မှာဆို လွင်ပြင် ၊ အနောက်ဖက်မှာဆို တော ၊
ဘေးပတ်ပတ်လည်မှာတော့ လယ်ကွင်းပြင်တွေပဲရှိတယ် ၊
ထိုကြားထဲကနေ . . . . အလွန်တရာမှလှပလေသော မီးလုံးကြီးပါလား ဟုနှစ်ဦးသား
စိတ်ထဲတွေးပြီး ပျော်နေမိတယ် ၊ သူမက ကျွန်တော်ရဲ့လက်ကို ဆုပ်ကိုင်နေရင်း မြောက်ဦးအရပ်သို့ သွားကြမယ်လို့ , ညွှန်ပြနေ၏ ၊ ထိုအခါ , ကျွန်တော်နှင့်သူမဟာ တစ်ယောက်လက် တစ်ယောက်တွဲရင်း မှန်သောခြေလှမ်းတို့ဖြင့် မြောက်ဦးအရပ်သို့ တူညီညာစွာ သွားကြလေတယ် ၊ ကျွန်တော် စီးကရက်မသောက်သင့်တော့ဘူးလို့ ထင်မြင်မိတယ် ၊ ဘာလို့ဆို . . . လမ်းနည်းနည်းလျှောက်ရုံဖြင့် တော်တော်မောဟိုက်လာခဲ့လေသည် ၊ သူမက ကျွန်တော်ကို , မြောက်ဦးအရပ်အစွန်အဖျားမှာ သူမရဲ့အိမ်ရှိတယ်လို့,ပြောတယ် ၊ အဲ့ဒီ,မြောက်ဦးစွန်းက အိမ်လေးမှာ ကျွန်တော်တို့အတူတူ နေကြမယ်လို့ ကတိစကားဆိုကြတယ် ၊ ပြီးတော့ , ရှေ့ဆက်လျှောက်လှမ်းကြရင်း , တဖြည်းဖြည်းနဲ့ညမိုးချူ ပ်လာခဲ့လေတယ် ၊ကျွန်တော်ရဲ့ရင်ခွင်ထဲမှာ သူမ,တညလုံး မှေးစက်ခဲ့ပြီး , မနက်မိုးလင်းသွားခဲ့လဲ သူမကမနိုးသေး ၊ ကျွန်တော်ကလဲ သူမကိုမနိုးခဲ့ပါ ၊ သူမ,အိပ်ရေးဝပါစေ ၊ ဒီလိုနဲ့ , ကျွန်တော် သူမကို ပွေ့ချီမရင်း , မြောက်ဦးအရပ်က သူမရဲ့အိမ်သို့ ခရီးဆက်ခဲ့တယ် ၊ ကျွန်တော်ဟာ
သူမကို ပွေ့ချီရင်း ,
တနေဝင်, တနေထွက် , ညနဲ့မနက် , မနားတမ်း ခရီးဆက်နေလျှက် , သူမ,ကျွန်တော်ကို တချက်လေးတောင် မျက်ဝန်းဖွင့်မကြည့်ဘူး ၊ ရက်စက်တယ်လို့ မပြောစွမ်းနိုင်ပါဘူး တလမ်းလုံး သူမ,အိပ်ရေးဝပါစေ ,
ခရီးတဝက်၌ တမာန်တော်တွေနဲ့ တွေ့ခဲ့တယ် ၊ သူတို့က , ကျွန်တော်ကို မြောက်ဦးရပ်သို့ ပေးမဝင်ခဲ့ပါ ၊ သူတို့က ပြောတယ် , သူမ,က သေဆုံးနေပြီတဲ့ ၊ သေဆုံးသူတွေက မြောက်ဦးရပ်သို့ ဝင်ခွင့်မရှိဘူးတဲ့ … … ကျွန်တော်အတွက်တော့ သူမကမသေဆုံးသေးဘူး ၊ အမြဲထာဝရ မသေဆုံးဘူး ၊ အခုလဲ ရှင်သန်နေမယ် ၊ နောက်လဲ ပျံ သန်းနေမယ် ၊ အမြဲတမ်း . . အမြဲတမ်း , သူမက , ကျွန်တော်အတွက် အလှနတ်ဘုရားပဲ ၊ တမာန်တော်တွေမှာ အသဲနှလုံးမရှိတော့ ရက်စက်ကြတယ် ၊ သူမကို ထားခဲ့ရင် , ကျွန်တော်ကို ဝင်ခွင့်ပြုမယ်တဲ့ ၊ သူမ,မရှိတော့ရင် မြောက်ဦးအစွန်းအဖျားမှအိမ်လဲ မရှိတော့ဘူး ၊ သူမ,မရှိတော့ရင် မြောက်ဦးအရပ်လဲ မရှိတော့ဘူး ၊ တမာန်တော်တွေက ထပ်ပြောသေးတယ် ၊ မင်း, ရူးသွားပြီတဲ့ , အို. . . လူတိုင်းက သူတို့ပျော်ရွှင်မှု့အတွက် ရူးနေကြတာပဲ ၊ ပေးမဝင်ဘူး ၊ ကျွန်တော် ဆက်သွားလို့မရတော့ဘူး , သူမကို ပွေ့ချီရင်း နောက်သို့ပြန်လှည့်လာခဲ့သည် ၊ ထိုအခိုက်. . သူမ,
မသေဆုံးပါဘူးဆိုတဲ့သက်သေကို ဘယ်လိုပြရမလဲဆိုပြီး ကျွန်တော်စဉ်းစားမိတယ် ၊ သစ်ပင်တစ်ပင်မှ သစ်ကိုင်းတလက်ကို ဆွဲချိုးယူလိုက်ပြီး , ကျွန်တော်ရင်ဝသို့ ထိုသစ်ကိုင်းကို ထိုးသွင်းလိုက်လေ၏ ၊ ( နာကျင်မှု့ဆိုတာက ခံစားချက်ကြီးသူအတွက် တဘဝစာပါ )သူမ,ကျွန်တော်ကို ကြည့်ရင်း ငိုလေသည် ၊ ကျွန်တော်က သူမကိုကြည့်ရင်း တဟားဟားနှင့်ရီနေမိ၏ ၊ သူမက ကျွန်တော်ကို ပြောတယ် ၊ ဒါမြောက်ဦးအရပ်မဟုတ်တော့ဘူးတဲ့ . . . မြောက်ဦးအရပ်ကိုပဲ ခရီးဆက်နေပါဆိုပြီး , ကျွန်တော်ကို ဆောင့်တွန်းပစ်ထားခဲ့တယ် ၊ မြောက်ဦးအရပ်ကလာသော ''လေသင်းထုံထုံ'',တို့ဟာ ''ရနံ့သင်းစုံ''လျှက် , ကျွန်တော်၏ ဘယ်ဖက်ရင်ဘတ်ကြီးတခုလုံးကို မီးမြိုက်နေလေတယ် ၊ ရာသီက ''ဆောင်း''မဟုတ်သော ''နွေ'' ၊ ဘယ်လေညင်း ,ဘယ်အရပ်ဖက်ကလာလာ , အပူနွေရဲ့ရာသီအောက်မှာ , ဘယ်လေညင်းမဆို, မီးဟုန်ပမာပါပဲ ၊
ကျွန်တော်လက်ထဲက စီးကရက်ကို ဘယ်သူယူသောက်သွားလဲမသိဘူး ,
ပြာမှုန်အဖြစ်သာ ကျန်တော့မှ , ကျွန်တော်သိလိုက်ရတယ် ၊ အချိန်က နေဝင်သွားလို့ , အိမ်ပြန်လာခဲ့တယ် ၊ အိမ်ရှေ့သို့အရောက်မှာ အိမ်တံခါးနှင့် ပြတင်းတံခါးများ ပွင့်နေတယ် ၊( လောကရဲ့ဖြစ်စဉ်များသည် ကျွန်တော်အတွက်တော့ အံ့သြမှု့ကို ဘယ်အချိန်ကာလမှ မဖြစ်စေခဲ့ပါ
သေဆို သေလို့ရနေပြီ ) { တမလွန်ကို ကျွန်တော်မရောက်ဖူးတော့ . . . မီးခြစ်နဲ့စီးကရက်ကိုတော့ ကျွန်တော်သိမ်းထားမယ် . . . နိဗ္ဗာန်ကို ကျွန်တော်မခံစားဖူးတော့ . . . . သူမရဲ့အပြုံးကို ရင်ထဲထုခတ်ထားမယ် }
[ စိတ်ကူးထားတဲ့အတိုင်း အပြင်မှာမဖြစ်ခဲ့ရင်
စိတ်ကူးထားတဲ့အတိုင်းပဲ စိတ်ကူးယဉ်ပြီး , ဘဝရဲ့သေမင်းခေါ်သံကို ကျွန်တော်မျှော်တမ်းပါရစေ , မိခင်ကမ္ဘာ့မြေ ]
( မီးလွင့်နေတဲ့ အတ္တကမ္ဘာ့မှာ
ကျွန်တော်ဟာ . . . .
မေတ္တာ,အိမ်မက်ကို မက်ဖူးတယ်
ဒါပေမယ့် . . .အိမ်မက်ဆိုတာ
နှစ်ကြိမ်,နှစ်ခါ မြင်မက်လေ့မရှိဘူး
အဆုံးသတ် . . . အိမ်မက်ကတော့
နွမ်းခါးခါး )
ညမင်းကြယ်တံခွန်
No comments:
Post a Comment