ခေတ်တစ်ထောင်ရဲ့ငိုကျွေးသံ ( ၅ )
ညမင်းကြယ်တံခွန်ရဲ့
(ရေစွတ်ထမင်းခြောက် တစ်မနက် )
တောအုပ် တောင်တန်းလေးတွေရဲ့
အနောက်ရပ်တနေရာ၌
ရွာငယ်လေး တရွာမှာ
ဖခင်အိုနှင့်သမီးပျို တို့ဟာ
နေထိုင်လာကြလျှက် . . .
ဖခင်အိုဟာ သမီးဖြစ်သူကို
ပင်ပင်ပန်းအလုပ်ဟူသမျှမခိုင်းရက်
ရေတပုံး ၊ ထင်း တခြမ်းတောင်
ပေးမခွဲပဲ သူသာလျှင် ဒီလောကရဲ့
ထိုးနှက်မှု့ကို အပြည့်အဝခံမည်ဟု
ဆုံးဖြတ်ထားလေသည် ၊
ဖခင်ဖြစ်သူထံမှ ဤသို့ယုယမြတ်နိုးမှု့ဟာ
သမီးဖြစ်အတွက် အရာရာကို
ပေါ့ပျက်ပျက်နိုင်စေခဲ့လေသည် ၊
မိုးမနက်မီ ဖခင်အိုဟာ
ထမင်းထချက် ၊ ပြီးရင် အပေါက်တစ်ရာ
ပုဆိုးအစုတ်လေးကို ပခုံးထက်မှ
လွယ်သိုင်းချည်ရင်း ဓားတစ်လက်ဖြင့်
တောင်ပေါ်တတ်ကာ ထင်းလိုက်ရှာပြီး
ထင်းခွေလေတော့သည် ၊
နီယွန်းဝါဝါ ညို ပြာပြာ
လောကတခွင်၌ သူရိန်နေမင်း
ပျောက်ကွယ်လုမှ တခါ
တစ်နေ့တာထင်းခွေထားတဲ့ ထင်းချောင်းများကိုစုစည်းချည်ပြီး
ပခုံးပေါ်သို့ ထမ်းတင်လျှက်
တောင်ခြေအောက်သို့ ဆင်းလျှက်
နေဝင်ချေပေါ့ တခါပြန် ၊
တောင်ပေါ်တတ် ထင်းခွေ၍
လုပ်ကိုင်စားနေရသော ဤရွာလေးမှာတော့ သဘာဝက ထမင်းရှင်ဖြစ်လေ၏ ၊
တစ်နေ့သောအခါဝယ် . . .
ဖခင်အိုဟာ သမီးပျို ဖြစ်သူထံမှ
စကားခွန်းများကြား၍
ဖခင်အိုဟာ ညဥ့်နက်ကြီးထဲမှာ ငိုလေတော့၏ ၊ ဖခင်အို၏ ထိုသို့ ငိုနေသံသည်ကို
သမီးပျို အတွက်တော့
သူ၏ ချစ်သက်သူနှင့် အိမ်မက်ပြင်ဝယ်၌ တေးဂီတများစွာဖြင့်ကနေလျှက်တည်။
( အကြောင်းကား . . . သမီးပျို ဟာ
ဖခင်အိုကို ငွေစအမြောက်အများ
တောင်းလေသောကြောင့်တည်း ၊
သူမရဲ့ဖခင်အိုဟာ တချိန်က
နာမည်ကြီး လက်ဝှေ့ချန်ပီယံဖြစ်သောကြောင့်
တကြော့ပြန် ကြိုးဝိုင်းထဲသို့ ပြန်ဝင်ပြီး သူ့မင်္ဂလာဆောင်၌သူ့မျက်နှာမငယ်ရအောင်
ကောင်းပေဆိုတဲ့အဝတ်အစားများ
ဝတ်ဆင်မည်ဟု ဖခင်အိုကိုပြောကြားပြီး ငွေစအမြောက်အများ ရှာခိုင်းလေတော့သည် ၊
ဒါကို ဖခင်အိုကြီးကလဲ { သြော် . . .
ငါ့အရွယ်ကချန်ပီယံအရွယ်မဟုတ်တော့ဘူး ၊
ဒါကို ငါ့သမီးက ငါ့ကိုချန်ပီယံအရွယ်
ထင်နေတုန်းပဲပါလား ၊ အင်း '' တစ်နေ့ တစ်နေ့ ထင်းခွေလို့ရတဲ့ ငွေစဆိုတာကလဲ စားဖို့အတွက်သာ
ပိုသည်ဟုမရှိ ၊ ငါ့သမီးမျက်နှာမငယ်ဖို့အတွက် ငါ့သမီးပြောတဲ့အတိုင်းတကြော့ပြန်
ငါ့ကြိုးဝိုင်းထဲပြန်ဝင်ရုံမှအပ
အခြားနည်းမရှိဟု တွေးလေတော့သည် }
ဤကဲ့သို့ . . . ဆုံးဖြတ်ချက်နှင့်အတူ
ဖခင်အိုဟာ သမီးပျို အတွက်
ကြိုးဝိုင်းထဲသို့ ပြန်ဝင်လေတော့သည်
ဖခင်အိုဟာ ကြိုးဝိုင်းထဲပြန်ဝင်မယ်ဆိုပေမယ့်
သူ့ခဗျာ . . . လေ့ကျင့်မှု့မရှိ ၊
တောင်ပေါ်တတ် ထင်းခွေလိုက်နဲ့
သူမှထင်းမခွေရင်အရင်ဦးဆုံး
ငတ်မည်လော ၊
အသက်အရွယ်ကလဲကြီး
အာဟာရဆိုတဲ့ပြည့်ဖြိုးဝမှု့ကလဲ မရှိ
သမီးဖြစ်သူရဲ့စားကြွင်း စားကျန်များကိုသာ စားလေ့ရှိပြီး
ထမင်းစေ့ပေါင်းများစွာကို စုလျှက် နေခြောက်လှန်းကာ စားခါနီးမှ
ထိုထမင်းခြောက်တွေကို
ရေလေးစွတ်ကာ စားရလေ၏ ။
( ထိုမျှ မစားရင်သမီးပျို ၏
ဗိုက်ဝမ်းမဝမည် ဖြစ်သောကြောင့်
သမီးပျို ၏စားကြွင်းများကိုသာစားလေ့ရှိသည် ၊ )
ဒီလိုနဲ့ . . . တစ်နေ့တော့
ဖခင်အိုကြီးရှိရာ တောင်ပေါ်သို့
သမီးပျို ဟာ အားတတ်ဟန်ဖြင့်
ပြေးရောက်လာလျှက် , , ,
( ဖခင်အိုဟာ ကြိုးဝိုင်းထဲသို့ ဝင်ဖို့
အချိန်တန်လေတော့သည် )
ထိုအခါ , ဖခင်အိုကြီးက
မနက်ထဲကနေ ထင်းခွေရလို့
ဘာမှမစားရသေးသဖြင့်
'' ထမင်းခြောက်လေးတွေကိုရေစွတ်ရင်း စားသောက်လေပြီးကြိုးဝိုင်းဆီ
သွားလေတော့သည် ။
တဖက်က အောင်မြင်ခြင်းသို့
လျှောက်လှမ်းနေတဲ့ ''လူငယ်'' ၊
တဖက်ကတော့ . . . .
သမီးမျက်နှာမငယ်ဖို့အတွက် ကြိုးဝိုင်စင်ထက်မှာ ပေးဆပ်ရင်းနှီးမယ့် ချန်ပီယံဟောင်းကြီး
ဖခင်အိုကြီးရဲ့''မေတ္တာ'' ။
သမီးပျို ကတော့ ဖခင်အိုကို
'' နိုင်အောက်ထိုးနော်''လို့
တဖွဖွမှာနှင့်မှာလေသည်
( ဖခင်အိုကြီးနိုင်မှသာလျှင်
ဒီပွဲကဆုကြေး ရမည်ဖြစ်သောကြောင့်တည်း )
ဒါပေမယ့် . . . .
အသက်ကလဲကွာ ၊ ခန္ဓာကိုယ်ခြင်းလဲကွာ ၊ ပြည့်ဝမှု့နှုန်းကလဲကွာသောကြောင့်
ကြိုးဝိုင်းရဲ့အတွင်း၌တွင်
သမီးပျို ၏ ဖခင်အိုဟာ
ရေစွတ် ထမင်းခြောက်ကို
နောက်ဆုံးတမနက်၌သာ စားရရှာလေပြီး
ချူ ပ်ငြိမ်းဘဝသို့ရောက်ရလေတော့သည် ။
[ ပြီး ]
No comments:
Post a Comment