မြေပြင်ပေါ်သို့ ပြုတ်ကျ သွားရပါတော့သည် ။
တပ်သားတချို့ က ရုန်းကန်ဆန့်ခြင်းမရှိပဲ မြေပြင်ပေါ်၌ ဒဏ်ရာများစွာဖြင့်လဲကျနေသော လူဘီလူးကို ဖမ်းဆီးနေတဲ့အချိန်မှာတင် လျှပ်တပြတ်ဖြင့် လျှင်မြန်စွာထိုးနှက်မှု့များသည် မျက်စီတမှိတ်အတွင်းမှာတွင် ရဲအုပ်ဗသော်ရဲ့တပ်သားများကို မြေပြင်ပေါ်၌ သတိလစ်မေ့လဲကျ သွားခဲ့ရသည် ၊ ရဲအုပ်ဗသော်ရဲ့လက်ထဲ၌ ကိုင်ထားသော သေနတ်သည် ပရင့်ရဲ့လက်ထဲကို ရောက်ရှိသွားကာ ရဲအုပ်ဗသော်အဖို့ အဘယ့်ဘယ်လိုနားလည်နိုင်စွမ်းရှိလိမ့်မည်နည်း ။
ပရင့်ဟာ ဒဏ်ရာများစွာဖြင့်မြေပြင်ပေါ်၌ လဲကျနေသော လူဘီလူးကို ဆွဲထူမပြီး သူရဲ့ရင်ခွင်ထဲသို့ ပွေ့ချီမကာ . . .
'' ဘယ်အကိုမှ ကိုယ့်ညီ ဒုက္ခရောက်နေတာကို ပရိတ်သတ်တစ်ယောက်အနေနဲ့ထိုင်မကြည့်နေနိုင်ဘူး ၊ အခု မင်းသိပြီမလား ၊ ''
ရဲအုပ်ဗသော်အတွက် ပဟေဠိပုစ္ဆာရဲ့အဖြေက ပရင့် လူဘီလူးနဲ့ပရင့်တို့ဟာ တခါမှ ခိုက်ရန်မဖြစ်ဖူးခဲ့ဘူး ၊ ပရင့်နဲ့လူဘီလူးတို့ တိုက်ခိုက်ကြတယ်ဆိုတာ တကယ်တော့ မရေရာတဲ့သတင်းမှားတခုပါ ။
လက်ထဲ၌ ဘာနက်လက်မှမရှိသော ရဲအုပ်ဗသော်သည် ပရင့်တို့ညီအကိုနှစ်ယောက်ကို ဘယ်လိုမှတားဆီးလို့ရနိုင်မည်မဟုတ်ပါ ၊
ခဏအကြာတွင်ခြေနင်းသံများစွာဖြင့်
ခဏအကြာတွင်ခြေနင်းသံများစွာဖြင့်
ရဲစခန်းမှ တပ်သားတချို့ ရောက်လာကာ ရဲအုပ်ဗသော်သည် အားတတ်သွားခဲ့ရသည် ၊ ပရင့်တို့ ညီအကိုနှစ်ယောက်ကို
တပ်သားများစွာဖြင့် ဝိုင်းရံထားလျှက် သူတို့နှစ်အကိုနှစ်ယောက်ရဲ့ပြေးလမ်းဟာ မရှိခဲ့ ၊ ရဲအုပ်ဗသော်က သူတို့ညီအကိုနှစ်ယောက်ကို ကြည့်ကာ သနားမိပေမယ့် ဖမ်းဆီးရလိမ့်မယ် ၊ ပရင့်ဟာ ပြစ်မှု့ကင်းလွတ်ပေမယ့် ပရင့်ရဲ့ညီဖြစ်တဲ့ လူဘီလူးကတော့ လူပေါင်းများစွာကို သတ်ထားလို့ ခွင့်လွှတ်လို့မရချေ ။ သို့သော် အခုအဖြစ်က ထိုလူဘီလူးကို ဖမ်းဆီးလို့ရနိုင်မည်မဟုတ် ၊ အဘယ့်ကြောင့်ဆိုသော ပရင့်က သူ့ညီကို အသာတကြည် ထည့်ပေးမှာမဟုတ်လို့ပဲ ၊ ပရင့်ရဲ့ရင်ခွင်ထဲ၌ လူဘီလူးဟာ မှီတွယ်ဖက်ထားသည်မှာ ကလေးလေးတစ်ယောက်က မိခင်ရင်ခွင်ကို အားကိုးတကြီးထွေးဖက်သလိုပင် ဖြစ်၍ လူဘီလူးဟာ ပါးစပ်မှသွေးများစွာထွက်လာကာ '' တ အင့် အင့် ''နဲ့ ပရင့်ရဲ့ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လို့ တင်းကျပ်စွာ ဖက်ထားလေတော့သည် ၊ ပရင့်ဟာ သူညီရဲ့အဖြစ်ကို ကြည့်ရင်း မျက်ဝန်းထဲမှ မျက်ရည်များစီးကျလာလေတော့သည် ၊ ထိုနောက် ပရင့်ဟာ မျက်ဝန်းနီရဲရဲဖြင့် ရဲအုပ်ဗသော်ကို စူးစိုက်ကြည့်ကာ . . .

'' ငါ ညီက စကားမပြောတတ်ဘူး ၊ ပြီးတော့ သူကစိတ်လဲသိပ်မမှန်ဘူး ၊ အဲ့လိုဖြစ်အောင် ဘယ်သူလုပ်ခဲ့မင်းသိလား ၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ငါတို့မိသားစုတွေရဲ့အပျော်ဗိမာန်ကို အနိုင်ကျင့်ဗိုလ်ကျအုပ်စုတစုက ဖျက်စီးသွားခဲ့တယ် ၊ အမေနဲ့အဖေ အသတ်ခံရတုန်းက ငါက ရှစ်နှစ်သားလေးပဲရှိသေးတယ်၊
ငါညီက ငါးနှစ်သား ,
တအိမ်လုံး သွေးများစီးမျောနေပြီး ငါတို့ညီအကိုနှစ်ယောက်ပဲ အဲ့ဒီသွေးအိုင်ထဲမှာမှ အသက်ရှင်လွတ်မြောက်ခဲ့ရတယ် ၊
ငါညီက ငါးနှစ်သား ,
တအိမ်လုံး သွေးများစီးမျောနေပြီး ငါတို့ညီအကိုနှစ်ယောက်ပဲ အဲ့ဒီသွေးအိုင်ထဲမှာမှ အသက်ရှင်လွတ်မြောက်ခဲ့ရတယ် ၊
အဲ့ဒီအချိန်တည်းက ငါညီဟာ စကားလဲမပြောတော့ဘူး ၊ သူစိတ်တွေကလဲ သွေးအိုင်ထဲမှာ ပျော်ရွှင်လာခဲ့တယ် ၊
ဥပဒေဆိုတာ ဘာလဲ ၊ ငါတို့ညီအကိုနှစ်ယောက် အားကိုးရာမဲ့နေတဲ့အချိန် ဥပဒေက ငါတို့ညီအစ်ကိုနှစ်ယောက်အတွက် အမိုးတခု မဖြစ်လာနိုင်ခဲ့ဘူး ၊ အသတ်ခံရလိုက်တာ ငါအမေနဲ့ငါအဖေ ဒါပေမယ့် အဲ့ဒီပြစ်မှု့ကို စီရင်တာက မင်းတို့ဥပဒေ ၊အဲ့ဒါကြောင့် . . . ငါတို့ညီအစ်ကိုနှစ်ယောက်လဲ ငါတို့ရဲ့စီရင်ချက်အတိုင်း အကြွေးပြန်ဆပ်သင့်တယ်လေ ၊ ''
ရဲအုပ်ဗသော်ဟာ သက်ပြင်းချရင်း
'' ပရင့် မင်းကအခု အဖြူ ခံဖြစ်နေပြီပဲ
ဆက်ပြီး မမိုက်မဲနဲ့တော့ ၊
ဆက်ပြီး မမိုက်မဲနဲ့တော့ ၊
မင်းညီကို ငါ အပြစ်ဒဏ် လျှော့ပေါ့ပေးမယ် ၊
မင်း စဉ်းစားပါ၊ပန်းခိုင်ကို မင်း ဝေဒနာပေးမလို့လား ၊ မင်းတို့မိသားစုကို သတ်ခဲ့တဲ့ ဦးသောင်းတို့လူမိုက်အုပ်စုလဲ သူတို့အပြစ်နဲ့သူတို့ ဥပဒေက စီရင်ခြင်းကိုခံခဲ့ရပြီးပြီ ၊ တခါ ပြီးတော့ မင်းညီကလဲ့စားပြန်ချေလို့လဲ ဦးသောင်းရော သူ့တို့မိသားစုတွေပါတမလွန်ကို ကူးခဲ့ရပြီးပြီလေ ၊
ငါ စကားကို နားထောင်ပါ ပရင့် ''

ရဲအုပ်ဗသော်ရဲ့စကားဟာ ပရင့်ရဲ့နားထဲသို့မရောက် . . .
ပရင့်ဟာ သူညီပါးစပ်မှသွေးများကို သုတ်ပေးရင်းဖြင့် သဲ့သဲ့လေးပြုံးကာ
သူညီကို လေသံတိုးတိုးလေးဖြင့်. . .
'' ကိုကြီးတို့ကို အမေနဲ့အဖေ စောင့်နေကြပြီ ၊ သွားကြရအောင်နော် ညီလေး ''ဟုဆိုကာ ပရင့်တို့ညီအစ်ကိုနှစ်ယောက်လုံး ကမ်းပါးအောက်သို့ ခုန်ချ၍ သေပွဲဝင်ခဲ့လေတော့သည် ။
ရဲအုပ်ဗသော်ရဲ့မျက်လုံးများ ပြာဝင်းလဲ့သွား၍ ပရင့်တို့ညီအစ်ကိုနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ် ။
ပုံမှန်တွေ့နေကျအချိန်တိုင်း ညနေစောင်းချိန်မှာတော့ ပန်းခိုင်တစ်ယောက် ခရေအိုပင်ရိပ်အောက်မှာ ခရေကြွေလေးများကို ကောက်ယူ၍ ပရင့်ကို စောင့်နေရစ်သည် ။ ပရင့်ရဲ့သတင်းကို မသိသေးသော ပန်းခိုင်မှာ ပရင့်လာလျှင် ''ဘာလို့နောက်ကျတာလဲဟု ''ပရင့်ရဲ့ဗိုက်ခေါက်ကိုဆွဲလိမ်ပြီး ဒဏ်ပေးရမည်ဟု တစ်ယောက်တည်းတွေး၍ ပြုံးနေလျှက် လေဟုန်ထက်မှာ အလိုလိုလွင့်လာတဲ့ ခရေကြွေတစ်ပွင့်ဟာ ပန်းခိုင်ရဲ့ပါးပြင်ထက်သို့ ဆင်းသက်ခနေလေ၏ ။
င်္ပြီးး
No comments:
Post a Comment