Friday, June 16, 2017

hh

 ဝင်းမြနေတဲ့''ရဲတင်း''ကြီးဟာ
 မြေပြင်ပေါ်သို့ ပြုတ်ကျ သွားရပါတော့သည် ။
တပ်သားတချို့ က  ရုန်းကန်ဆန့်ခြင်းမရှိပဲ မြေပြင်ပေါ်၌ ဒဏ်ရာများစွာဖြင့်လဲကျနေသော လူဘီလူးကို ဖမ်းဆီးနေတဲ့အချိန်မှာတင်  လျှပ်တပြတ်ဖြင့် လျှင်မြန်စွာထိုးနှက်မှု့များသည် မျက်စီတမှိတ်အတွင်းမှာတွင် ရဲအုပ်ဗသော်ရဲ့တပ်သားများကို မြေပြင်ပေါ်၌ သတိလစ်မေ့လဲကျ သွားခဲ့ရသည် ၊ ရဲအုပ်ဗသော်ရဲ့လက်ထဲ၌ ကိုင်ထားသော သေနတ်သည်  ပရင့်ရဲ့လက်ထဲကို ရောက်ရှိသွားကာ ရဲအုပ်ဗသော်အဖို့  အဘယ့်ဘယ်လိုနားလည်နိုင်စွမ်းရှိလိမ့်မည်နည်း ။ 
ပရင့်ဟာ ဒဏ်ရာများစွာဖြင့်မြေပြင်ပေါ်၌ လဲကျနေသော လူဘီလူးကို ဆွဲထူမပြီး သူရဲ့ရင်ခွင်ထဲသို့ ပွေ့ချီမကာ  . . .
'' ဘယ်အကိုမှ  ကိုယ့်ညီ ဒုက္ခရောက်နေတာကို  ပရိတ်သတ်တစ်ယောက်အနေနဲ့ထိုင်မကြည့်နေနိုင်ဘူး ၊ အခု မင်းသိပြီမလား ၊ ''
ရဲအုပ်ဗသော်အတွက် ပဟေဠိပုစ္ဆာရဲ့အဖြေက ပရင့် လူဘီလူးနဲ့ပရင့်တို့ဟာ တခါမှ ခိုက်ရန်မဖြစ်ဖူးခဲ့ဘူး ၊ ပရင့်နဲ့လူဘီလူးတို့ တိုက်ခိုက်ကြတယ်ဆိုတာ တကယ်တော့ မရေရာတဲ့သတင်းမှားတခုပါ ။
လက်ထဲ၌ ဘာနက်လက်မှမရှိသော ရဲအုပ်ဗသော်သည်  ပရင့်တို့ညီအကိုနှစ်ယောက်ကို ဘယ်လိုမှတားဆီးလို့ရနိုင်မည်မဟုတ်ပါ ၊

         ခဏအကြာတွင်ခြေနင်းသံများစွာဖြင့်  
ရဲစခန်းမှ တပ်သားတချို့ ရောက်လာကာ  ရဲအုပ်ဗသော်သည် အားတတ်သွားခဲ့ရသည် ၊ ပရင့်တို့ ညီအကိုနှစ်ယောက်ကို
တပ်သားများစွာဖြင့် ဝိုင်းရံထားလျှက် သူတို့နှစ်အကိုနှစ်ယောက်ရဲ့ပြေးလမ်းဟာ မရှိခဲ့ ၊ ရဲအုပ်ဗသော်က သူတို့ညီအကိုနှစ်ယောက်ကို ကြည့်ကာ သနားမိပေမယ့် ဖမ်းဆီးရလိမ့်မယ် ၊ ပရင့်ဟာ ပြစ်မှု့ကင်းလွတ်ပေမယ့် ပရင့်ရဲ့ညီဖြစ်တဲ့ လူဘီလူးကတော့  လူပေါင်းများစွာကို သတ်ထားလို့ ခွင့်လွှတ်လို့မရချေ ။ သို့သော် အခုအဖြစ်က  ထိုလူဘီလူးကို ဖမ်းဆီးလို့ရနိုင်မည်မဟုတ် ၊ အဘယ့်ကြောင့်ဆိုသော  ပရင့်က သူ့ညီကို အသာတကြည် ထည့်ပေးမှာမဟုတ်လို့ပဲ ၊ ပရင့်ရဲ့ရင်ခွင်ထဲ၌  လူဘီလူးဟာ  မှီတွယ်ဖက်ထားသည်မှာ  ကလေးလေးတစ်ယောက်က မိခင်ရင်ခွင်ကို အားကိုးတကြီးထွေးဖက်သလိုပင် ဖြစ်၍  လူဘီလူးဟာ ပါးစပ်မှသွေးများစွာထွက်လာကာ '' တ အင့် အင့် ''နဲ့ ပရင့်ရဲ့ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လို့ တင်းကျပ်စွာ ဖက်ထားလေတော့သည် ၊ ပရင့်ဟာ သူညီရဲ့အဖြစ်ကို ကြည့်ရင်း မျက်ဝန်းထဲမှ မျက်ရည်များစီးကျလာလေတော့သည် ၊ ထိုနောက် ပရင့်ဟာ မျက်ဝန်းနီရဲရဲဖြင့် ရဲအုပ်ဗသော်ကို စူးစိုက်ကြည့်ကာ . . .


'' ငါ ညီက စကားမပြောတတ်ဘူး ၊ ပြီးတော့ သူကစိတ်လဲသိပ်မမှန်ဘူး ၊ အဲ့လိုဖြစ်အောင် ဘယ်သူလုပ်ခဲ့မင်းသိလား ၊ လွန်ခဲ့တဲ့ ဆယ်နှစ်က  ငါတို့မိသားစုတွေရဲ့အပျော်ဗိမာန်ကို  အနိုင်ကျင့်ဗိုလ်ကျအုပ်စုတစုက  ဖျက်စီးသွားခဲ့တယ် ၊  အမေနဲ့အဖေ အသတ်ခံရတုန်းက ငါက ရှစ်နှစ်သားလေးပဲရှိသေးတယ်၊
ငါညီက ငါးနှစ်သား ,
တအိမ်လုံး သွေးများစီးမျောနေပြီး ငါတို့ညီအကိုနှစ်ယောက်ပဲ အဲ့ဒီသွေးအိုင်ထဲမှာမှ အသက်ရှင်လွတ်မြောက်ခဲ့ရတယ် ၊
အဲ့ဒီအချိန်တည်းက ငါညီဟာ စကားလဲမပြောတော့ဘူး ၊ သူစိတ်တွေကလဲ သွေးအိုင်ထဲမှာ ပျော်ရွှင်လာခဲ့တယ် ၊
 ဥပဒေဆိုတာ ဘာလဲ ၊ ငါတို့ညီအကိုနှစ်ယောက် အားကိုးရာမဲ့နေတဲ့အချိန်  ဥပဒေက ငါတို့ညီအစ်ကိုနှစ်ယောက်အတွက်  အမိုးတခု မဖြစ်လာနိုင်ခဲ့ဘူး ၊ အသတ်ခံရလိုက်တာ  ငါအမေနဲ့ငါအဖေ ဒါပေမယ့်  အဲ့ဒီပြစ်မှု့ကို စီရင်တာက မင်းတို့ဥပဒေ ၊အဲ့ဒါကြောင့် . . . ငါတို့ညီအစ်ကိုနှစ်ယောက်လဲ ငါတို့ရဲ့စီရင်ချက်အတိုင်း အကြွေးပြန်ဆပ်သင့်တယ်လေ ၊ ''


ရဲအုပ်ဗသော်ဟာ သက်ပြင်းချရင်း
'' ပရင့် မင်းကအခု အဖြူ ခံဖြစ်နေပြီပဲ
 ဆက်ပြီး မမိုက်မဲနဲ့တော့ ၊ 
မင်းညီကို ငါ အပြစ်ဒဏ် လျှော့ပေါ့ပေးမယ် ၊
 မင်း စဉ်းစားပါ၊ပန်းခိုင်ကို မင်း ဝေဒနာပေးမလို့လား ၊ မင်းတို့မိသားစုကို သတ်ခဲ့တဲ့ ဦးသောင်းတို့လူမိုက်အုပ်စုလဲ သူတို့အပြစ်နဲ့သူတို့ ဥပဒေက စီရင်ခြင်းကိုခံခဲ့ရပြီးပြီ ၊ တခါ ပြီးတော့ မင်းညီကလဲ့စားပြန်ချေလို့လဲ ဦးသောင်းရော သူ့တို့မိသားစုတွေပါတမလွန်ကို ကူးခဲ့ရပြီးပြီလေ ၊
ငါ စကားကို နားထောင်ပါ ပရင့် ''
ရဲအုပ်ဗသော်ရဲ့စကားဟာ ပရင့်ရဲ့နားထဲသို့မရောက် . . .

       ပရင့်ဟာ သူညီပါးစပ်မှသွေးများကို သုတ်ပေးရင်းဖြင့် သဲ့သဲ့လေးပြုံးကာ
သူညီကို လေသံတိုးတိုးလေးဖြင့်. . .
'' ကိုကြီးတို့ကို အမေနဲ့အဖေ စောင့်နေကြပြီ ၊ သွားကြရအောင်နော် ညီလေး ''ဟုဆိုကာ  ပရင့်တို့ညီအစ်ကိုနှစ်ယောက်လုံး ကမ်းပါးအောက်သို့ ခုန်ချ၍ သေပွဲဝင်ခဲ့လေတော့သည် ။
ရဲအုပ်ဗသော်ရဲ့မျက်လုံးများ ပြာဝင်းလဲ့သွား၍  ပရင့်တို့ညီအစ်ကိုနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ် ။ 

       ပုံမှန်တွေ့နေကျအချိန်တိုင်း ညနေစောင်းချိန်မှာတော့  ပန်းခိုင်တစ်ယောက် ခရေအိုပင်ရိပ်အောက်မှာ ခရေကြွေလေးများကို ကောက်ယူ၍  ပရင့်ကို စောင့်နေရစ်သည် ။ ပရင့်ရဲ့သတင်းကို မသိသေးသော ပန်းခိုင်မှာ  ပရင့်လာလျှင် ''ဘာလို့နောက်ကျတာလဲဟု ''ပရင့်ရဲ့ဗိုက်ခေါက်ကိုဆွဲလိမ်ပြီး ဒဏ်ပေးရမည်ဟု တစ်ယောက်တည်းတွေး၍  ပြုံးနေလျှက် လေဟုန်ထက်မှာ အလိုလိုလွင့်လာတဲ့ ခရေကြွေတစ်ပွင့်ဟာ  ပန်းခိုင်ရဲ့ပါးပြင်ထက်သို့ ဆင်းသက်ခနေလေ၏ ။

             င်္ပြီးး
         ကြိုက်ရာလမ်းရွေး မီးခိုးနဲ့ပြာ

   ညိုစိမ့်စိမ့်တောအုပ်လေးထဲကနေ သာယာစွာ တွန်ကြူးနေကြသော ငှက်လေးတွေဟာ  ရုတ်တရက် '' ဒိုင်း ''ဟူသော အသံဆိုးကြီးတခုရဲ့ ဖုံးလွှမ်းမှု့ကြောင့် အလန့်တကြား
 ပျံ သန်းသွားရပါတော့သည် ။ သွေးများက မြစ်ပြင်ကျယ်လိုပင် အိုင်နေ၍  ထိုတောအုပ်လေးထဲ၌ စိမ်းစိုနေသော သစ်ပင်လေးတွေတောင်မှ  နီးမြန်းသွားစေခဲ့သည် ။
ထိုတောအုပ်ကြီးထဲ၌ အသက်ရှင်ကျန်နေသူဆိုလို့  ညာဖက်လက်က ''ဓား''အရှည်တစ်ချောင်းနှင့် ဘယ်ဖက်လက်က သေနတ်တစ်လက်ကို ကိုင်ဆောင်ထားသော လူတစ်ယောက်ရဲ့အသံရှူ သံများသာ ရှိနေ၍  ကျန်တဲ့လူအုပ်စု နှစ်စုရဲ့ အသက်ရှူ သံများဟာ မထွက်ပေါ်လာနိုင်ခဲ့ပေ ။ ဓားနှင့်သေနတ်ကို သူ့နေရာသူ အိတ်ထဲပြန်ထည့်ရင်း သွေးအိုင်တွေထဲက ငွေအိတ်ထုတ်ကြီးကို သယ်ယူဆောင်ခဲ့လေတော့သည် ။
ထိုလူရဲ့ နာမည်ကတော့ '' ပရင့် '' ။ ပရင့်ဟာ ငယ်ရွယ်စဉ်ထဲက သူရဲ့အမိအဖအသတ်ခံရ၍ ၊ တွေ့ရာကြုံရာမှာ နေသာသလိုနေခဲ့၍ နောက်ဆုံးတော့  ပရင့်ဟာ ကြေးစားလူသတ်သမားတစ်ယောက် ( သို့မဟုတ် ) လူဆိုး လူမိုက်တွေရဲ့မရဏမင်း ၊

             


ယခုလဲ ပရင့်ဟာ  မှောင်ခိုအရောင်းအဝယ်လုပ်နေတဲ့ လူမိုက်နှစ်စုရဲ့ အသက်တွေကို ယူယုံတင်မဟုတ်ပဲ ငွေကိုပါ သိမ်းပိုက်ခဲ့သည် ၊ ပရင့်ရဲ့အသက်ဟာ ၂၁ နှစ်သာရှိ၍  အသားဖြူ ဖြူ   ၊ အရပ်က မနိမ့်မမြင့် ၊ ကိုယ်လုံးကိုယ်ထည်သေသပ်၍  ဗလတောင့်တောင့် ၊ ပရင့်ရဲ့ရုပ်ရည်နဲ့ပရင့်ရဲ့လုပ်ရပ်တွေဟာ  တကွဲတခြားစီ  မည်သူတစ်ဦးတစ်ယောက်ကမျှ  ပရင့်ကို လူသတ်ကောင်လို့ ထင်မြင်မိမှာမဟုတ်ချေ ။

    ဈေးခြင်းတောင်းကိုဆွဲရင်း စိတ်ကူးယဉ်ပြီးလမ်းလျှောက်လာသော ပန်းခိုင် သည်  ကယိမ်းကနွဲ့ခြေဟန်များဖြင့် လွန်စွာလှပနေလေ၏ ၊
အရက်မူးသမားလူတစုဟာ  ပန်းခိုင်ရဲ့ကနွဲ့ကရ ခြေယိမ်းဟန်များကို ရင်မောရှူ မက်နေကြရင်း  ပန်းခိုင်ကို မထိတထိနှောင့်ယှက်နေလေတော့သည် ။



'' ညီမလေးပန်းခိုင် ဒီနေ့အရမ်းလှလာသလိုပဲနော် ဟဲဟဲ ''

'' မူးနေရင် ကိုယ့်လမ်းကိုယ်သွားပါ ၊ ပန်းခိုင်ကို လိုက်မနှောင့်ယှက်ပါနဲ့ ''

'' ကိုကိုကြီးတို့က နှောင့်ယှက်တာ မဟုတ်ပါဘူး ပန်းခိုင်ရယ် ၊ တမင်မလွဲပါနဲ့ ပန်းခိုင်ကို စောင့်ရှောက်တာပါ ''

'' အရှေ့ကဖယ် ''

'' မဖယ်ဘူးဆိုရင် ညီမလေးကဘာလုပ်ချင်လို့လဲ ''

'' ရှင် .,'ရှင်တို့နော်  ဒါဥပဒေမဲ့တိုင်းပြည်မဟုတ်ဘူးနော် ''
တဟားဟားနှင့်ဝိုင်းအော်ရီနေကြသော ထိုအမူးသမားလူတစုရဲ့ကြားမှာ ပန်းခိုင်တစ်ယောက် ပိတ်လှောင်မိနေသော ယုန်သူငယ်လေးလိုပင် ဖြစ်ရချေ၏ ၊ ထိုအခိုက်တွင် ပန်းခိုင်ကိုင်ထားသော ဈေးဆွဲတောင်းကို လူတစ်ယောက်က အနောက်ကနေ လှမ်းဆွဲယူလိုက်သဖြင့်  ပန်းခိုင်အနောက်သို့ လှည့်ကြည့်လိုက်စဉ် သူတခါမှမမြင်ဖူးတဲ့ လူစိမ်းတစ်ယောက် ဒီအမူးသမားတွေနဲ့များ တအုပ်စုထဲလား ပန်းခိုင်ခဗျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ၊ မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုပါတော့သည် ၊
ရုတ်တရက်ဆိုသလို အမူးသမားတစုဟာ ချက်ခြင်းပင် နောက်လှည့်ပြန်ပြေး၍  ဆွဲခြင်းတောင်းကိုကိုင်ထားသော လူစိမ်းလဲ ဆွဲခြင်းပစ်ချ၍ ပြေးလေတော့သည် ၊ ပန်းခိုင်အဖို့လဲ နည်းနည်းအံ့သြသွားတော့သည် ၊ သူတို့တွေ ဘာဖြစ်လို့ ရုတ်တရက်ကြီး လို့ တွေးနေစဉ်မှာပင်
 ပရင့်ဟာ စီးကရက်သောက်ရင်း ပန်းခိုင်ကို ရပ်ကြည့်နေလေသည် ၊ ပန်းခိုင်နဲ့ပရင့် အကြည့်မျက်လုံးခြင်းဆုံခဲ့ကာ  ပန်းခိုင်က ဖျတ်ခနဲ့ဆိုခေါင်းလေးတဖက်သို့လှည့်ကာ ကမန်းကတန်းဈေးဆွဲခြင်းကို ယူပြီး ခပ်သုတ်သုတ်မြန်မြန်လေး လျှောက်လေတော့သည် ၊ ထိုအတူ ပရင့်ဟာလဲ ပန်းခိုင်အနောက်ကနေ ခပ်သုတ်သုတ်မြန်မြန်လေး လိုက်လေတော့သည် ၊ ပန်းခိုင် ဆက်မလျှောက်တော့ပဲ ရပ်၍  နောက်သို့လှည့်လိုက်သည် ။
'' ဒီမှာရှင့် ဘာလို့ ပန်းခိုင်အနောက်ကနေ လိုက်လာတာလဲ ၊ ပန်းခိုင်အနောက်ကလိုက်လာပြီး ပန်းခိုင်အိမ်ကိုဓပြတိုက်မလို့လား ၊ ဒါမှမဟုတ် ခိုးဖို့များလား ၊  မိန်းကလေးတစ်ယောက်ရဲ့အနောက်ကနေ လျှောက်လိုက်နေတာ မရိုင်းလွန်းဘူးလားရှင် ၊''
ပရင့်ကပြုံးရင်း . . . .
'' နာမည်က  ပန်းခိုင်တဲ့လား ''

'' ဘာလုပ်ဖို့လဲ ''

'' ရော့ . . . ပန်းခိုင်ဈေးဆွဲခြင်းတောင်းထဲက ပိုက်ဆံအိတ်ကျကျန်ခဲ့လို့  ကိုယ်က ပြန်လိုက်ပေးတာပါ ၊ ပန်းခိုင်ပြောသလို ကိုယ်က ဓပြလဲမဟုတ်သလို သူခိုးလဲမဟုတ်ပါဘူး ၊ အကယ်၍ ကိုယ်သာ သူခိုးဖြစ်ခဲ့ရင်လဲ ပန်းခိုင်အိမ်ကပစ္စည်းတွေ ဘာကိုမှမခိုးပါဘူး ပန်းခိုင်ကိုပဲ လာခိုးမှာ သိထား ''
ပိုက်ဆံအိတ်ကို ဈေးခြင်းတောင်းထဲထည့်လိုက်ပြီး ပရင့်ဟာ ပြုံးစီစီဖြင့်ပန်းခိုင်ကိုကြည့်နေလျှက်
'' ဒီမှာရှင့် . . မရှင်းတာလေးတခုမေးမလို့ပါ ၊ ရှင်က ဘာအလုပ်လုပ်တာလဲ ၊ စောစောက ပန်းခိုင်ကို နှောင့်ယှက်တဲ့သူတွေ ရှင်ကိုမြင်တော့ လန့်ပြီးပြေးကုန်ကြတယ် ၊ ကြည့်ရတာတော့ သူတို့တွေ ရှင်ကိုအတော်ကြောက်လန့်နေသလိုပဲနော် ''

'' နောက်ကြုံမှပြောပြမယ် ၊ အိမ်မှာ မင်းအမေ ဟင်းချက်ဖို့စောင့်နေတာ အတော်ကြာလင့်နေပြီထင်တယ် ၊ နောက် အသွားအလာ ဆင်ခြင် ဒီနယ်မြေက မကောင်းဆိုးဝါးနယ်မြေ ၊ မင်း တခြားမြို့ကို ပြောင်းရွေ့နေသင့်တယ် ၊ ဟုတ်ပြီလား ၊ ကိုယ်နာမည်က ပရင့် ၊ ကိုယ်သွားတော့မယ် ၊ လမ်းကြုံရင် နာမည်ခေါ်လိုက်ပါ ပန်းခိုင် ''
ကျောခိုင်း၍ထွက်သွားသော ပရင့်ကိုကြည့်ရင်း ''ဒီနေ့ ထူးဆန်သည်ဟု ''ပန်းခိုင်စိတ်ထဲ ရေရွတ်မိနေမိ၏ ။

      အမှောင်ပျိုးညခင်းကြီး၌ ဝင်းဖြာလဲ့နေသော ''ရဲတင်း''လက်နက်ကို ကိုင်ဆောင်ထားသော လူဘီလူးတစ်ယောက်ဟာ မနက်ခင်းက ပန်းခိုင်ကို လိုက်နှောင့်ယှက်နေသော အမူးသမားအုပ်စု ငါးယောက်ကို ခုတ်ထစ်ပိုင်းကာ သတ်လေတော့သည် ၊ ငယ်သံပါအောင် အော်ဟစ်များစွာက ထိုညကို ခြောက်ခြားမှု့ဖြင့်သွေးစွန်းလေခဲ့သည် ၊ မနက်မိုးသောက်လင်းသောအခါဝယ်  ခန္ဓာအပိုင်းအစများစွာဟာ သွေးအိုင်များတွင် ပွကျဲ၍နေလေ၏ ၊လူအုပ်များစွာလည်း ထိုမြင်ကွင်းကြောင့် သူတို့တွေရဲ့မနက်သစ်ဟာ ထိတ်လန့်လိပ်ပြာငယ်ခဲ့ရလေတယ် ၊
ထိုနယ်မြေ၌ တာဝန်ကျသော ရဲအုပ် ဗသော်သည် အလျှင်အမြန်ပင် ထိုအခင်းဖြစ်ပွားရာနေရာကို တပည့်များခေါ်ပြီး သွားရောက်၍  အနီးအနားရှိ လူများကို စစ်ဆေးမေးမြန်းမှု့ ပြုလုပ်နေလျှက်  မည်သူတစ်ဦးတစ်ယောက်ဆီကမှ ထိုအခင်းဖြစ်ပွားရာ သတင်းအစကိုမရှိခဲ့ပေ ။ ဒါဟာရဲအုပ်ဗသော်ကို စိန်ခေါ်ခြင်းတရပ်ဖြစ်စေလေသည် ၊ ထိုအချိန်တွင် . . . ပန်းခိုင်သည် သူမြင်ရတဲ့ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် သွေးပျက်ရခဲ့လေသည် ၊ အဘယ်ကြောင့်ဆိုသော . . . သူကို မနေ့ မနက်က နှောင့်ယှက်သူအားလုံးတို့သည် ယခု သွေးအိုင်ပေါ်တွင် ခန္ဓာအပိုင်းအစများဖြစ်လေရခြင်းကြောင့်တကား ၊ မူမမှန်သလို သရုပ်ပျက်နေသော ပန်းခိုင်ကို ရဲအုပ်ဗသော်က တစေ့တစောင်းကြည့်ကာ သုံးသပ်ရင်း
'' ဒီက ညီမနာမည် ဘယ်လိုခေါ်လဲ ''

'' ရှင် , ''
ရုတ်တရက် ရဲအုပ်ဗသော်က သူမအနားသို့ရောက်လာပြီး သူမနာမည်ကိုမေးသဖြင့်  တုန်ယင်နေသော ပန်းခိုင်ခဗျာ  ရဲအုပ်ဗသော်ရဲ့အမေးကို မသဲကွဲလေချေ ။

'' တောင်း ,တောင်းပန်ပါတယ်ရှင့် , ရဲအုပ်ကြီး ဘာမေးတာလဲမသိဘူး ''

'' သြော် ,ဒီက ညီမနာမည် ဘယ်လိုခေါ်လဲလို့မေးတာပါ ''

'' ပန်း ,ပန်းခိုင်ပါရှင့် ''

'' အခုသွေးအိုင်ထဲမှာ လဲကျနေတဲ့ သူတွေက ပန်းခိုင်ရဲ့အသိမိတ်ဆွေများလား ''

'' ရှင် ''
တုန်ယင်နေသော ပန်းခိုင်မှာ ချွေးစီးများစွာ နဖူးပြင်၌ စိုဝင်းလာလျှက် ပါးနှစ်ဖက်ပေါ် နဖူးကချွေးစက်များ စီးကျလာခဲ့တော့သည် ။

'' ပန်းခိုင်ကို ကြည့်ရတာ သိပ်နေမကောင်းသလိုပဲ နော် ၊ ဒါမှမဟုတ် ကျွန်တော်ကို တခုခုဖွင့်ပြောချင်နေသလား ၊ ပြောပါ မကြောက်ပါနဲ့ ''

'' ဟုတ် ,ဟုတ်ကဲ့ ၊ ပန်းခိုင် သူတို့ကိုမသိပါဘူး ၊ ဒါပေမယ့် . . . မနေ့ မနက်က ပန်းခိုင်ဈေးကအပြန် သူတို့ ပန်းခိုင်ကို လိုက်နှောင့်ယှက်ကြတယ် ၊ ပြီးတော့ အခု သူတို့တွေက . . . ''

''  ပြောဖို့ကျန်နေတာလား  တမင်ကျန်တာလား ပန်းခိုင် ၊နောက်တော့ ဘယ်သူနဲ့ထပ်တွေ့သေးလဲ ၊''

'' ရှင် ''

'' ကူညီပြီးပြောပေးနိုင်မလား ''

'' ပရင့် ပါ ''

'' ပရင့် ဟုတ်လား ''

'' ဟုတ် , ဟုတ်ကဲ့ ''

'' ကျွန်တော်က ဒီမြေနယ်မှာ တာဝန်ကျတဲ့ ရဲအုပ်ဗသော်ပါ ၊ ဒါကျွန်တော်ရဲ့ကိုယ်ပိုင်ဖုန်းနံပတ်ပါ ၊ ပန်းခိုင်အဖို့ တစုံတခုအန္တရာယ်ကြုံလာတိုင်း အချိန်မရွေး လှမ်းခေါ်နိုင်ပါတယ် ၊ ကျွန်တော်တခု ပြောဖို့မေ့ကျန်နေသေးတယ် ၊ ပန်းခိုင် ပရင့်ဆိုတဲ့သူဟာ  လူကောင်းတစ်ယောက်မဟုတ်ဘူးနော် သူကို လူမိုက်လောက,က လူသတ်ဘုရင်လို့ တင်စားခေါ်ဝေါ်ခံရတဲ့ လူတစ်ယောက်ပါ  ၊ အမြဲသတိနဲ့နေပါ ''
ရဲအုပ်ဗသော်ဟာ တပည့်များနှင့်စခန်းသို့ပြန်သွားတော့သည် ၊ ကျန်ရစ်ခဲ့သော ပန်းခိုင်အဖို့ ဆန်းပြားတဲ့လောကကြီးကို ရောက်ရသလိုပင် တုန်လှုပ်နေမိ၏ ။
ဤအဖြစ်အပျက်ကို သူ၏မိခင်ကို ဖွင့်ပြောပြရင် ကောင်းမလား ဒါမှမဟုတ် ဖွင့်မပြောပဲ ဒီအတိုင်းထားမလား မသိတော့ချေ ။

    ရဲအုပ်ဗသော်စခန်းသို့
ပြန်ရောက်မှာတော့ နောက်မှပါလာသော တပ်သားတချို့ က
'' ဆရာ , အခုဖြစ်တဲ့ဖြစ်ရပ်ဟာ  ပရင့်လက်ချက်များ ဖြစ်နိုင်မလား ဆရာ ''

ရဲအုပ်ဗသော်က  ခေါင်းခါကာ သက်ပြင်းတချက်ချရင်း
'' ပရင့်က အကြောင်းမဲ့လူမသတ်ဘူး ၊ အခုဖြစ်ရပ်ကလဲ ငါအထင်တော့ အခြားတစ်ယောက်ဖြစ်ကောင်း ဖြစ်နိုင်တယ် ၊ အဲ့ဒီတခြားတစ်ယောက်ကို ပရင့်သိရင် သိနိုင်လိမ့်မယ် ၊ ''

'' ဒါဆို ဆရာက ''

'' အေး ;, ဟုတ်တယ်  ၊ ပရင့်ဆီကို သွားမေးရမယ် ''

'' ကျွန်တော်တို့ပါ လိုက်ခဲ့မယ် ဆရာ ''

'' နေပါစေ , ငါ တစ်ယောက်တည်းသွားမယ် ''

'' ဆရာ , အခုဆရာသွားမှာက   . . . ''

'' ရပါတယ် , ကိစ္စမရှိပါဘူး ၊ ပရင့်အကြောင်းကို တခြားမြို့မှာ တာဝန်ကျတည်းက ငါသိတယ် ၊ အကြောင်းမဲ့ လူမသတ်ဘူး ၊ ''
ရဲအုပ်ဗသော်ဟာ တာဝန်ပြီးချိန်နောက် အပြင်အဝတ်အစားနဲ့ ပရင့်ဆီသွားခဲ့တယ် ၊ ပရင့်ဘယ်မှာနေလဲ ဆိုတာကို ပူပန်ပြီး လိုက်မေးနေစရာမလိုဘူး ၊ ပရင့်ဟာ တိတ်ဆိတ်တဲ့နေရာတွေမှာသာ နေတတ်ကြောင်း သိထားလို့ ထိုနေရာများမှာသာ ပရင့်ရှိသည် ။
'' ပရင့် , ပရင့် . . . ကျွန်တော်က ဒီမြေနယ်မှာ တာဝန်ကျတဲ့ ရဲအုပ်ဗသော်ပါ ၊ မေးခွန်းနည်းနည်းလောက် မေးချင်လို့ပါ ၊ ခင်ဗျား ဒီအနီးအနားမှာပဲရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ် ၊ ထွက်ခဲ့ပါ ၊ ကောင်းသောလာခြင်းနဲ့လာတာပါ ''
  '''' ဂျွတ် '',ခနဲ့ သစ်ကိုင်းကျိုးသံကြောင့် ရဲအုပ်ဗသော်ဟာ ခါးကြားမှသေနတ်ထုတ်ကာ နောက်သို့ ချိန်ရွယ်လိုက်ရင်းဖြင့်  လျှပ်တပြတ်ဆိုသလို လျှင်မြန်လွန်းလှတဲ့ ပရင့်ရဲ့ဓားဟာ  ရဲအုပ်ဗသော်ရဲ့ လည်မြိုပေါ်စိုက်မိုးထားကာ
 '' ရဲအုပ် , ဒီနယ်မြေရဲ့လတ်ဆတ်တဲ့သင်းရနံ့တချို့ ကို ခံစားမိရဲ့လား ၊ ဘယ်လိုလဲ သာယာအေးချမ်းမှု့ရှိရဲ့လားဗျာ ''
ရဲအုပ်ဗသော်ဟာ မည်မျှပင်လှုပ်မရခဲ့ပါ ၊ ပရင့်ရဲ့ချူ ပ်တည်းမှု့အောက်မှာ ဝပ်ငြိမ်နေခဲ့ရ၍
'' ခင်ဗျားဆီကို ရန်ပြုဖို့လာတာမဟုတ်ဘူး ၊ မေးစရာတချို့ ရှိလို့ပါ ''

'' ငါက အမေးလဲမကြိုက်ဘူး ၊ အဖြေလဲမကြိုက်ဘူး ၊ အမေးရော အဖြေရော ငါမကြိုက်ဘူး ၊ မင်း အသက်မသေချင်ရင်  ဒီနယ်မြေထဲကနေ ထွက်သွားသင့်တယ် ၊ ကောင်းသော သတိပေးချင်း ပေးတာပါ ''
ပရင့်ဟာ ရဲအုပ်ဗသော်ကိုလွှတ်လိုက်၍ စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်ထုတ်၍ ရဲအုပ်ဗသော်ကို ကမ်းပေးလိုက်သည် ၊
''ကျွန်တော်ဆေးလိပ်မသောက်တတ်ဘူး ၊ ဒီနေ့မနက် လူသတ်မှု့တခု ဖြစ်ပွားခဲ့တယ် ၊ အဲ့ဒီလူသတ်သမားကို ခင်ဗျားသိလိမ့်မယ်လို့ ကျွန်တော်ထင်တယ် ၊ ''
ပရင့်ဟာ စီးကရက်ကိုမီးဖွာကာ ရှိုက်သောက်ရင်း
'' သိတယ် ၊ အဲ့ဒီကောင်က ငရဲပြည်ကနေလာတဲ့ကောင် မင်းတို့အတွက်တော့  သူက ငရဲပဲ ၊ ဒါပေမယ့် . . . ငါအတွက်တော့  သူက ကစားကွက်တစ်ကွက်သာသာပါပဲ ''

'' သူဘယ်မှာရှိနိုင်သလဲ ၊ သိရင် ပြောပြပါ ''

'' မင်း သူ့ကို မဖမ်းနိုင်ဘူး ၊ မင်းတို့စခန်းက တပ်သားအားလုံးနဲ့လည်း သူ့ကိုဖမ်းနိုင်မှာမဟုတ်ဘူး ၊ ဒီကောင်က သာမန်လူတွေထက် ဆယ်ဆပိုပြီး သန်မာတယ် ၊ ဆယ်ဆပိုပြီး ရက်စက်တယ် ၊ မင်း သူနဲ့ ဝေးဝေးနေပါ ၊ မင်းရဲ့ရူးမိုက်တဲ့စွန့်စားမှု့အတွက်နဲ့
မင်းအမေနဲ့အဖေ ပူဆွေးပြီးမျက်ရည်ကျအောင်မလုပ်နဲ့၊ အန္တရာယ်ဆိုတာ  မီးလိုပဲ  ကိုယ်တိုင်ကိုင်မှပူတာပါ ကိုယ့်လူ ''
 ရဲအုပ်ဗသော်ရဲ့ပခုံးကို နှစ်သိမ့်မှု့ဖြင့် ပုတ်လိုက်ရင်း ပရင့်ဟာ ထိုနေရာကနေ ထွက်သွားလေခဲ့သည် ။
'' နေအုန်း ခဏ ၊ ကျွန်တော်မေးနေတယ်လေ
သူ ဘယ်မှာရှိနိုင်လဲ ပြောပြပါ ၊ ကျန်တာ ကျွန်တော်အကြောင်းပါ ''

'' ည ''၁၂ ''နာရီ  ဦးသောင်းတို့အိမ်ကိုသွား  မင်းအဲ့မှာသူကို တွေ့လိမ့်မယ် ''
အတွေးပေါင်းများစွာဖြင့် ကျန်ရစ်ခဲ့သော ရဲအုပ်ဗသော်ဟာ  ပရင့်ပြောတဲ့အတိုင်း  ည''၁၂ ''နာရီအချိန်၌  ဦးသောင်းတို့အိမ်သို့ သွားခဲ့ရာ . . . .  ကြမ်းပြင်ပေါ်မှ တအိအိနှင့်စီးလိမ့်ကျလာသော သွေးစက်များနှင့်အတူ   ဦးသောင်းတို့မိသားတစုလုံး  ရက်ရက်စက်စက် အသတ်ခံရရှာလေသည့် မြင်ကွင်းသည် ရဲအုပ်ဗသော်ရဲ့မျက်ဝန်း၌ စွဲရစ်နေမိတော့သည် ၊ အိမ်နောက်ဖေးမှ တစုံတစ်ယောက်ခြေသံကြားသဖြင့် ရဲအုပ်ဗသော်ဟာ လျှင်မြန်စွာ နောက်ဖေးသို့ ပြေးသွားစဉ်  ရုတ်တရက်  မြင်လိုက်ရတဲ့ မြင်ကွင်းတခုကြောင့် ရဲအုပ်ဗသော်တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည် ၊ ဦးသောင်း၏ အသားများကို ခုတ်ထစ်လှီးဖြတ်ကာ ပါးစပ်ဖြင့်ကိုက်ဖြတ်စားသောက်နေသည့် လူဘီလူးကို မြင်လိုက်ရခြင်းကြောင့်ပင် ရုတ်တရက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လက်ထဲမှကိုင်ထားသည့်သေနတ်ကို ခလုတ်မောင်းဆွဲ၍ ပစ်ထည့်လိုက်လေသည် ။
''' ဒိုင်း ,' ဒိုင်း ဒို င်း '''
လျှင်မြန်စွာဖြင့် လူဘီလူးဟာ ရဲအုပ်ဗသော်ကို ဝင်းဖြာလဲ့နေသော ရဲတင်းဖြင့် ခုတ်လွှဲ၍  ပြေးထွက်သွားပါတော့သည် ။
''' အားးးး , '''
ရဲအုပ်ဗသော်ဝမ်းပိုက်၌ ထိရှခဲ့ရ၍  သွေးများ ဒလဟောစီးစိမ့်ကျလာပါတော့သည် ၊ အနီးအနား၌ ကူမဲ့သူလဲတစ်ယောက်မှမရှိ  ကိုယ်အားကိုယ်ပြုရင်း  စခန်းကိုဖုန်းလှမ်းခေါ်ကာ  သတိလစ်သွားတော့သည် ၊ ရဲအုပ်ဗသော် သတိပြန်လည်လာချိန်မှာတော့  ဆေးခန်းတခုရဲ့ခုတင်ပေါ်သို့ ရောက်ရှိနေကြောင်း သတိထားမိ၏ ၊ စခန်းမှ တပ်သားတချို့ ကလဲ  ရဲအုပ်ဗသော် သတိပြန်လည်လာခြင်းကြောင့် ဝမ်းသာခဲ့ရ၍
'' ဆရာ ကံကောင်းသွားတယ် ၊ ဒီထက်အချိန်နည်းနည်းသာ နောက်ကျရင် ဆရာ သွေးလွန်ပြီး ဆုံးပြီ ''

'' အေး , မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်ကွာ ''

'' အမှန်အတိုင်းပြောရရင် ဆရာကျေးဇူးတင်ရမှာ ကျွန်တော်တို့မဟုတ်ဘူး ၊ ပရင့် ''

'' ပရင့် ''

'' ဟုတ်တယ် ဆရာ ၊ ဆရာကို ပရင့်ကိုယ်တိုင်ထမ်းပိုးပြီး ဆေးရုံကိုပို့တာပါ , တောင်းပန်ပါတယ် ဆရာ , စခန်းနဲ့ဦးသောင်းတို့အိမ်နဲ့က အလှမ်းဝေးတော့ မြန်မြန်လာပေမယ့် ကျွန်တော်တို့နောက်ကျ ခဲ့ရတယ် ၊ အခုဆို ဒီနယ်မြေရဲ့နေရာတိုင်းမှာ လူဘီလူးကို တပ်ဖြန့်ပြီး ရှာဖွေနေပါပြီ,သူပြေးမလွတ်နိုင်ပါဘူး ဆရာ ''
ပရင့်ဟာ ရဲအုပ်ဗသော်ရဲ့အသက်သခင် ကျေးဇူးရှင်ဖြစ်သွားခဲ့ရ၏ ။ ရဲအုပ်ဗသော်ရဲ့အာရုံ၌  ဦးသောင်းကို ခုတ်ထစ်လှီးဖြတ်စားသောက်နေသော လူဘီလူးကို ပြန်မြင်ယောင်နေမိသည် ၊ ပရင့်နဲ့လူဘီလူးနဲ့က ဘယ်လိုဆက်နွယ်မှု့မျိုးရှိသလဲ . . . ပုံမှန်ဆို ပရင့်ဟာ လူမိုက်မှန်သမျှကို သတ်လေ့ရှိပြီး  ယခုလိုရက်စက်ကြမ်းကြုတ်သော လူဘီလူးကိုတော့  သူကပြန်ရှောင်နေ၍  နောက်ဆုတ်နေလေသည်ကို ရဲအုပ်ဗသော်တစ်ယောက် တွေးမရခဲ့ပေ ။

     ညနေစောင်းချိန်၌  ခရေပင်ရိပ်အောက်မှ ကြွေကျနေသော ခရေပန်းများစွာကို ကောက်ယူကာ ပျော်ရွှင်နေသော ပန်းခိုင်သည် ရုတ်တရက် ပရင့်ကိုမြင်လိုက်၍  ရပ်တန့်နေသောစက်ရုပ်ငယ်လေးသဖွယ် ဖြစ်နေလေ၏ ၊ ပရင့်က သူလက်ထဲမှ ခရေပွင့်တွေကိုသီကုံးထားတဲ့  လည်ဆွဲတခုကို  ပန်းခိုင်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပရင့်ရဲ့အကြည့်များက ပန်းခိုင်၏ရင်ကို ခုန်စေခဲ့သည်။
'' ဟင် ''
ပန်းခိုင်တစ်ယောက် ရုတ်တရက်ကြီး ပရင့်ရဲ့ရင်ခွင်ထဲကို ရောက်သွား၍ ရင်တလျပ်လျပ်နဲ့ပန်းခိုင်ဟာ ပရင့်ရဲ့ရင်ခွင်ထဲကနေ ရုန်းကန်ခြင်းမရှိပဲ ငြိမ်လျှက်သား ။
'' ပန်းခိုင် , ''

'' ဟုတ် , ဟုတ်ကဲ့ ''
တုန်ရီစွာဖြင့် ပြန်ထူးသော ပန်းခိုင်၏ ရင်ခုန်သံစကားကိုကြားကာ  ပရင့်က
'' ဘာ ဟုတ်ကဲ့လဲ ၊ ရှင်လို့ ထူးမှပေါ့ , ပြန်ခေါ်မယ် , ပန်းခိုင် ''

'' ရှင် ''

'' ချစ်တယ် ၊
တသက်လုံးမချစ်ဘူးလို့ရည်ရွယ်ထားတယ် ၊ ဒါပေမယ့် ပန်းခိုင်ကိုတွေ့တော့ ချစ်မိသွားခဲ့တယ် ပန်းခိုင် ''
ပန်းခိုင်ကိုယ်တိုင်ကလဲ ပရင့်ကိုစမြင်မြင်ချင်းထဲက ရင်ခုန်၍ချစ်နေသဖြင့် ပရင့်ရဲ့ချစ်စကားဖွင့်ဟမှု့ကို ရင်ထဲကလက်ခံနေခဲ့သည် ၊ သို့သော်အပြင်ဟန်မူကတော့ မသိလိုနှင့် . . . .
'' သိဘူး ''
ပရင့်က ပြုံးရင်း  ပန်းခိုင်ရဲ့မေးစေ့လေးကို ကိုင်ကာ
'' ချစ်တယ်လို့ ''

'' မသိပါဘူးဆို ''
ပရင့်က  ပန်းခိုင်ကို နဂိုကထက်တင်းကျပ်စွာ ဖက်ထားလိုက်တော့သည် ။
'' ဟာာ ,' ပန်းခိုင်အသက်ရှူ ကျပ်လာပြီ ၊ လွှတ်ပါတော့ , ဟင့် ဟင့် ''

'' မသိပါဘူးဆို ''
ဒီတခါတော့ ပန်းခိုင်က
'' လူလည်ကြီး သူများပြောသလိုလိုက်ပြောတယ် ၊ ဖယ် လွှတ်တော့ . . . ပန်းခိုင်အသက်ရှူ ကျပ်လာပြီ ''

'' သိလား ချစ်တယ် ''

'' ဟင့်, သိပါပြီရှင့် ၊ ကဲ လွှတ်တော့နော် ပန်းခိုင်အသက်ရှူ ကျပ်လို့ပါ ''
ပရင့်ကလွှတ်လိုက်ပေမယ့် ပန်းခိုင်က ပရင့်ရဲ့ရင်ခွင်ထဲကနေ ချက်ခြင်းမထွက်သေးပဲ ခဏမျှနေ၍
'' ပန်းခိုင်ကို ချစ်တယ်ပြောပြီး ၊ ပန်းခိုင်ဆီက အဖြေပြန်မလိုချင်ဘူးလား ''

'' ကိုယ်က ပန်းခိုင်ကိုချစ်တယ်လို့ပြောတာပါ ၊ ချစ်လားလို့မပြောမိပါဘူး ၊ ကိုယ်အတွက်က အသွားမရှိတဲ့အဆုံးတခုရဲ့ အပေါ်မှာ ရပ်နေရတဲ့  ရထားတစ်စင်းလိုပါပဲ ''

'' ဘာကိုဆိုလိုတာဟင် !! ပန်းခိုင်မသိလို့ ပြောပြပေးပါ ''

'' ကိုယ်ကိုပြန်မချစ်ပါနဲ့လား ၊ တကယ်ပြောတာပါ ၊ ကိုယ့်ဘဝက ဆိုးဝါးလွန်းလို့ပါ ''
ဒီစကားကို ကြားရသော ပန်းခိုင်ဟာ ရင်ထဲက မျက်ရည်များဖြင့် . . .
'' ဒါဆို တမင်သက်သက် ပန်းခိုင်ကိုစိတ်ဒုက္ခပေးတာလား ''

'' ပန်းခိုင်အနားကို ဘယ်ဒုက္ခမှမကပ်နိုင်ပါဘူး ''

'' တော်ပါ !! အခုပဲ ချစ်တယ်ပြောပြီး အခုပဲ ပြန်မချစ်နဲ့တဲ့  ပန်းခိုင်ကို ဘယ်လိုမြင်သွားလို့လဲ ၊ အလွယ်ရသွားလို့ အထင်သေးသွားတာလား ''

'' မဟုတ်ပါဘူး , ကိုယ်တောင်းပန်ပါတယ် ၊ ကိုယ်မှားသွားပါတယ် ၊ ပန်းခိုင်ကို ချစ်တယ်လို့ ကိုယ်မပြောမိသင့်ဘူး ၊ အထင်မလွဲပါနဲ့ ကိုယ်က လူကောင်းတစ်ယောက်မဟုတ်ခဲ့သလို  တခိျန်ချိန်မှာကိုယ်ဟာ သေမင်းနှင့်အတူ ဒီလောကကြီးထဲကနေ ထွက်ခွာသွားရမယ့် သူတစ်ယောက်မို့ပါ ''

'' အဲ့စကားက ဘာကိုဆိုလိုတာလဲ ''

'' အဲ့အချိန်ကို ရောက်ရင် သိလိမ့်မယ် ''
ပန်းခိုင်က ထမ်မံ၍ . . .
'' ပန်းခိုင် , မောင့်ကို ချစ်တယ် ၊
 မောင် နဲ့သာအတူတူဆို ပန်းခိုင်ဘာကိုမှမကြောက်ဘူး ရင်ဆိုင်ရဲတယ် ''
 ပန်းခိုင်ရဲ့စကားအဆုံးမှာတော့ ပရင့်ဟာ နူးညံ့သောအနမ်းတို့ဖြင့် ပန်းခိုင်ရဲ့ပါးမို့မို့ထက်တွင် လိမ်းချယ်ပေးလိုက်သည် ၊ ရေးရေးလေးထင်နေတဲ့  ပန်းခိုင်ရဲ့ပါးမို့မို့ထက်မှ ရှက်သွေးကြောလေးတွေဟာ အထင်သားမြင်နေရပါ၏ ။
       ညနေချမ်းရဲ့
ခရေအိုပင်ရိပ်အောက်မှာ ပရင့်နှင့်ပန်းခိုင်တို့ရဲ့အကြင်နာ အနမ်းဝေမျှမှု့ကို ခရေကြွေများစွာက ရှက်စနိုးဖြင့် သင်းမြမွှေးရနံ့မှု့ပေါင်းစုံတို့ဖြင့် ခရေရနံ့ဆွတ်ပျံဝေနေတော့သည် ။

           ထိုနေ့မှစ၍ ပန်းခိုင်နှင့်ပရင့်တို့ဟာ ညနေစောင်းချိန်တိုင်း ခရေအိုပင်ရိပ်အောက်၌ ဆုံတွေ့ကာ ချစ်နမ်းတဖွဖွနှင့်ချစ်စကားခွန်းဆိုမြည်လေ့ရှိသည် ၊
'' မောင် , မောင် စိတ်မဆိုးရင် , ပန်းခိုင်တခုပြောချင်တယ် ''

'' ပြောလေ ပန်းခိုင် ''

'' မောင်အခု ဘာတွေလုပ်နေလဲဟင် ၊ အရင်လိုအလုပ်ပဲ လုပ်နေအုန်းမှာလား မောင် ''
ပရင့်ဟာ ခေတ္တမျှစဉ်းစားကာ
'' မောင်အခု အလုပ်သစ်တခုလုပ်နေတယ် ပန်းခိုင် . . သစ်စက်မှာပါ ''

'' ဟုတ်ရဲ့လားမောင် , ပန်းခိုင်ကို မလိမ်ရဘူးနော်,လိမ်ရင်စိတ်ဆိုးလိုက်မှာ ဟွန့် ''

'' တကယ်ပါ , ပန်းခိုင် ၊ ကိုယ် ပန်းခိုင်ကိုချစ်တယ်လို့ ဖွင့်ပြောပြီးထဲက အရာရာပြောင်းစွန့်လိုက်ပါပြီ ''

'' အဟုတ်လားမောင် , ဝမ်းသာလိုက်တာ မောင်ဆီက ဒီစကားကြားရတာ ပန်းခိုင် တအားပျော်တာပဲ ''
ပရင့်ရဲ့ပြောင်းလဲမှု့ကို ချစ်သူဖြစ်တဲ့ပန်းခိုင်တစ်ယောက် အံ့သြကာ ဝမ်းသာမျက်ရည်များဖြိုးသွယ်လာပါတော့သည် ။
ပရင့်ဟာ ပန်းခိုင်ရဲ့ပါးပြင်ပေါ်စီးကျလာသော မျက်ရည်များကို နူးညံ့သောလက်တစုံဖြင့် သုတ်ခပေးရင်း
'' ဟင် ,ပန်းခိုင် , ဘာလို့မျက်ရည်ကျတာလဲ ,''

'' ဘာမှဖြစ်ပါဘူးမောင် , မောင်ရဲ့ပြောင်းလဲမှု့တွေကို
ပန်းခိုင်ဝမ်းသာပြီး မျက်ရည်ကျတာပါ ''
'' ကိုယ်အခု ရိုးသားဖြူ စင်စွာနဲ့စုဆောင်းထားတဲ့ငွေအချို့ ရှိနေပြီသိလား ''

'' ဘာလုပ်ဖို့လဲ ''

'' ဘဝသစ်ကို ပန်းခိုင်နဲ့အတူလျှောက်လှမ်းဖို့ ကြိုတင်စုဆောင်းထားတာပါ ''

'' အဲ့ဒါတွေမလိုအပ်ပါဘူး မောင် , ပန်းခိုင် မေမေကိုဖွင့်ပြောပြီးပြီ , မေမေက ပန်းခိုင်ရဲ့ဘဝကြင်ယာဖက်ကို ပန်းခိုင်ကိုယ်တိုင်ဆုံးဖြတ်ချက်ခွင့်ပေးထားတယ် ၊ မောင်က အခုအရာရာကို ပြောင်းလဲစွန့်လွှတ်ပြီဆိုတော့  ပန်းခိုင်အတွက် မေမေကိုပြောအားပိုရှိတာပေါ့ ''

'' တယ်ဟုတ်ပါလား ''
ချစ်သူနှစ်ဦးသား ကြည်နူးပျော်ရွှင်နေကြလျှက် အပြုံးခရေကြွေများစွာကို လိုက်လံကောက်ယူ၍ အကြင်နာအင်ပါယာကြီးတခု မွန်းမံ ခြယ်သနေလေ၏ ။

ပရင့်ကို မသင်္ကာ၍ နောက်ယောင်ခံလိုက်နေသူက ရဲအုပ်ဗသော် . . .
ရဲအုပ်ဗသော်အဖို့ ထူးဆန်းမှု့တခုဖြစ်သွားခဲ့ရတယ် ၊ ပရင့်ဟာ အမှောင်ရိပ်တခု၌ စကားပြောနေလေသည် ၊ ပရင့်အရှေ့မှာလဲ မည်သူတစ်ဦးတစ်ယောက်မှမရှိ ဒါပေမယ့် ပရင့်ရဲ့အမှောင်ထဲမှာ စကားပြောသံကို ရဲအုပ်ဗသော်ကောင်းစွာ ကြားရသည် ။
'' ညီလေး , အခု ကိုကြီးမှာ ချစ်သူရှိနေပြီသိလား ''

'' ဟာကွာ , ညီလေးရာ ၊ အဲ့လိုမဟုတ်ပါဘူး ၊ ကိုကြီး ညီလေးကိုလဲချစ်တယ် ပြီးတော့ ကိုကြီးချစ်သူကိုလဲ ချစ်တယ် ၊ ဘယ်သူ့ဆီကိုမှ ကိုကြီးအချစ်မပိုပါဘူး ၊ ကိုကြီးချစ်သူရလို့ ညီလေးအဖို့ ဘာမှအားမငယ်ပါနဲ့ အရင်ပါပဲ ကိုကြီးညီလေးကို လိုက်လံကာကွယ်စောင့်ရှောက်ပေးမှာပါကွ ၊ ညီလေးသိလား ၊ ညီလေးတခုခု အန္တရာယ်ကြုံတိုင်း ကိုကြီးက ညီလေးဘေးနားမှာ အမြဲ ညီလေးနဲ့အတူ ရှိနေတာပဲ ၊ အခုလဲ ထို့အတူပါပဲ ညီလေး ၊ သြော် . . ညီလေးကို ဝမ်းသာစရာသတင်းတခုပြောရအုံးမယ် ၊ ညီလေးကြားရင်လဲ ဝမ်းသာမှာအမှန်ပ၊ဲ ကိုကြီးအခု ရိုးသားဖြူ စင်စွာနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုနေတယ် ၊ ကိုကြီးချစ်သူနဲ့လာမယ့် နှစ်ကျရင် မင်္ဂလာဆောင်မယ်လေ ၊ ပြီးရင် လူတွေဝေးရာ တိတ်ဆိတ်တဲ့နယ်မြေသစ်တခုမှာ ကိုကြီးရယ် ညီလေးရယ် ပြီးတော့ ညီလေးစားချင်တာတွေ စားဖို့အတွက် ချက်ပြုတ်ပေးမယ့်  ညီလေးရဲ့အမဖြစ်လာမယ့် ကိုကြီးရဲ့ဇနီးသစ်ရယ် အတူတူနေကြမယ်နော် ''

'' ဘာလဲ ၊ သြော် ကိုကြီးချစ်သူက သဘောထားကြီးမားပါတယ် ၊ ညီလေးကို ကိုကြီးတို့နဲ့အတူ အတူတူနေခွင့်ပေးမှာပါ စိတ်ချ ''

'' ညီလေးလဲပန်းပင်ခဲ့ပြီ ၊ ကောင်းကောင်းမွန်မွန်နဲ့ပဲ ဘဝကိုကျော်ဖြတ်သွားရအောင်နော် ညီလေး ၊ ကဲ . . ညီလေး ကိုကြီးပြန်တော့မယ်နော် ''
''( ~~ )~~]''

       ထိုနေရာကနေ  ပရင့်ထွက်သွားသည်နှင့် ရဲအုပ်ဗသော်ဟာ ထိုအနီးအနားမှတစုံတစ်ယောက်ကို လိုက်လံရှာဖွေလေတော့သည် ၊ သို့သော် ပရင့်ထွက်သွာသည့်နှင့် ထိုနေရာမှာ တခြားလူသဏ္ဍာန်အရိပ်အယောင်ဆိုလို့ မတွေ့ခဲ့ချေ ။

     အခုတလော အရင်လိုမဟုတ်. . . လူသေ ၊ လူသတ်မှု့တွေမရှိခဲ့ ၊ ဒါကို ရဲအုပ်ဗသော်ဟာ ဘယ်လိုအကြောင်းဆက်နွယ်မှု့တွေကြောင့်လဲဟု တွေးနေလေစဉ် . .
စက်ဘီးစီးလာသော ပန်းခိုင်အား တွေ့မြင်ကာ  လှမ်းနူတ်ဆက်ရင်းဖြင့်
'' ပန်းခိုင် . , ကိုယ်တခု ပြောပါရစေ ၊ မပြောခင် အရင်ကြို ပြီးတောင်းပန်ပါတယ်နော် ပန်းခိုင် ''

'' ဟုတ် ဆရာ  ၊ ရပါတယ် ပြောပါတယ်ရှင့် ''

'' ပန်းခိုင်မှာ ချစ်သူရှိလား ၊ ''

'' ရှင် ''

'' ကိုယ်က ပန်းခိုင်ကို ကြိုအရင်မေးတာက . . . ''

'' ပန်းခိုင်မှာ ချစ်သူ ရှိပါတယ်ဆရာ ''
ထိုစကားရဲ့အဆုံးမှာတော့ . .
ရဲအုပ်ဗသော်ရဲ့ရင်ခွင်ထဲသို့ မီးလုံးကြီးပြုတ်သလိုပင် ခံစားသွားရလေသည် ။
'' ဒါဆိုလဲကိုယ် ပန်းခိုင်ကို ညီမလေးတစ်ယောက်လိုပဲ ချစ်တော့မယ်နော်''ဟုပြောကာ ရဲအုပ်ဗသော်တစ်ယောက် အလိုလိုနေရင်းဖြင့် ကြေကွဲရလေပြီ ၊
'' ပန်းခိုင်ရဲ့ချစ်သူက  ပရင့်ပါ ''လို့ပြောခဲ့၍ ဖြည်းညင်းစွာဖြင့် စက်ဘီးတွန်းကာ ထွက်သွားတော့သည် ။

     ရဲအုပ်ဗသော်တစ်ယောက် အသဲကွဲပြီး အရက်တွေသောက်ကာ မူးနေ၍ ပန်းခိုင်တို့ အိမ်ရှေ့၌ ရပ်ကာ သက်ပြင်းတချချနှင့်ငေးမောကြည့်လေနေသည် ၊ ထိုအခိုက်တွင် ပန်းခိုင်တို့အိမ်အတွင်း၌  ဟိန်းခြောက်နေသော စကားသံများနှင့် အသနားခံစကားသံနှစ်ခွန်းကို ကြားရ၏ ။

လူဆယ်ယောက်အုပ်စုတစုရဲ့ အနိုင်ကျင့်ဗိုလ်ကျဒဏ်ကို မိန်းမသားနှစ်ယောက်ဖြစ်တဲ့ ပန်းခိုင်နှင့်ပန်းခိုင်၏မိခင်ဖြစ်သူ ဒေါ်ခိုင်နွယ်တို့ မည်မျှအားဖြင့် တွန်းလှန်နိုင်မည်နည်း ၊ အိမ်ထဲက ရှိသမျှ ရွှေ ၊ ငွေ အားလုံးကို ယူရုံတင်မဟုတ် ၊သမီးဖြစ်သူ ပန်းခိုင်ကိုပါ ဆွဲခေါ်နေ၍ ဖမ်းလေတော့သည် ။

       ပန်းခိုင်၏ မိခင်ဖြစ်သူ ဒေါ်ခိုင်နွယ်ခဗျာ ငိုယိုစွာဖြင့်
'' သမီးလေးကို မခေါ်သွားပါနဲ့ , အန်တီသမီးလေးကို ထားခဲ့ပေးပါ ၊ ရှိတာအကုန် ယူပါသွားကြပါနော် ''

'' ဒီအဖွားကြီးတော့  သေတော့မယ် ၊ ဒီမယ် အဖွားကြီး ခင်ဗျားသမီးကို
ကျူ ပ်တို့ မနက်ဖြန်ပြန်ပို့ပေးမှာပါ ၊ အခုတော့ ကျူ ပ်တို့လက်ထဲ ခဏထည့်လိုက်အုန်း ''

'' အန်တီသမီးလေးကို . . .''
    ````` ဖြောင်းး ဖြောင်းးး ´´´´
        ``` အားး အ မလေးး ´´´
             ```` မေမေ ´´´´
'' ကဲကွာ , မှတ်ပြီလား ၊ ''
ပန်းခိုင်မိခင် ဒေါ်ခိုင်နွယ်ကို ရိုက်နှက်ကြကာ ကြမ်းပြင်ပေါ်၌ ပစ်ချလဲခဲ့သည် ၊ ဒေါ်ခိုင်နွယ်ရဲ့နထင်နှင့်ပါးစပ်မှထွက်များစွာ ထွကလာကာ အလွန်တရာနာကျင်လွန်းသဖြင့် ဝမ်းလျားမှောက်လဲနေရာမှ ပြန်မထနိုင်ခဲ့ချေ ။
'' လူယုတ်မာတွေ ငါကိုလွှတ် ၊ မေမေ
မေမေ ၊ ''
ပန်းခိုင်လဲ ငယ်သံပါအောင်အော်ဟစ်ပေမယ့် သူမရဲ့ပါးစပ်ကို အဝတ်ဖြင့်ပတ်ချည်ထားသဖြင့် မည်မျှအသံ အနည်းငယ်မပေါ်ထွက်လာခဲ့ပေ ၊ ထိုအချိန်မှာတွင်  လူထွားထွားတစ်ယောက်ဟာ ဝင်းမြနေသော ရဲတင်းလက်နက်တခုကို ကိုင်ဆောင်ကာ  ချူ ပ်နှောင်ဖမ်းထားသော ပန်းခိုင်တို့အနီးဆီ တဖြည်းဖြည်းရောက်လာပါတော့သည် ။
'' ဒီကောင် ဘာကောင်လဲကွ ၊ငါတို့လမ်းကို လာပိတ်နေတယ် ၊  ဟေ့ရောင်တွေ ရှင်းလိုက်စမ်းကွာ ၊ ''
လူဘီလူးဟာ သူရဲ့''ရဲတင်း''ကို ကိုင်မြောက်၍ လျှင်မြန်စွာပင် အရှိန်အဟုန်ပြင်းစွာဖြင့် စတင်တိုက်ခိုက်ပါလေတော့သည် ၊ သို့. . မကြာခင်မှာပင် သွေးများအိုင်ကာ  ဒေါ်ခိုင်နွယ်အိမ်သို့ အနိုင်ကျင့်ဗိုလ်ကျသော လူအုပ်စုတစုတို့သည် အသက်ငွေ့ပျောက်လေရ၏ ။ 
ဤလျှင်မြန်လွန်းလှတဲ့ လျှပ်တပြတ်အချိန်တိုတွင်းမှာ လူတအုပ်ရဲ့အသက်ကိုဖျောက်နိုင်သော လူဘီလူးကို  ဒေါ်ခိုင်နွယ်နှင့်ပန်းခိုင်တို့ သားအမိနှစ်ယောက် ထိတ်လန့်ကြောက်ရွံ့မိကာ ဖြစ်ရချေပြီ ။

       အချိန်တန်ငယ်မျှ  လူဘီလူးဟာ သွေးအိုင်ထဲမှာ လဲကျနေသော လူများကို ကြည့်နေ၍  ရုတ်တရက် သူရဲ့အကြည့်က ပန်းခိုင်ဆီသို့ ရောက်ရှိသွားခဲ့တယ် ၊ လူဘီလူးဟာ ပန်းခိုင်ဆီသို့ တဖဝါးခြင်း လှမ်းလာ၍  ပန်းခိုင်ခဗျာမှာလဲ  ပါးစပ်နှင့်လက်နှစ်ဖက်တို့ကို ချည်ချူ ပ်ခံထားရသဖြင့်  သူမအတွက်လွတ်လပ်မှု့မရှိပါ ၊ လူဘီလူးက သူမဆီတဖဝါးလှမ်းလာရင်း  သူမက နောက်သို့ ဒရွတ်တိုက်တွန်းဆုတ်နေလျှက်  သူမရဲ့မျက်ဝန်းထဲမှာလဲ ကြောက်လန့်မှု့ဖြင့် မျက်ရည်များအားငယ်နေလျှက် သူမရဲ့စိတ်ထဲက ဒီအချိန်မှာ သူမရဲ့ချစ်သူဖြစ်တဲ့ ပရင့်ကိုသာ မျှော်ကိုးနေမိတယ် ၊ ဒေါ်ခိုင်နွယ်မှာလဲ  ပြင်းထန်သောဒဏ်ရာတခုနှင့်မည်သို့မျှ  လူဘီလူးကို တားဆီးဖို့အင်အားမရှိခဲ့ချေ ။
လူဘီလူးဟာ ပန်းခိုင်အနားသို့ရောက်လာပြီး ပန်းခိုင်ကိုသေသေချာချာကြည့်ကာ သူရဲ့သွေးများဖြင့်ဝင်းမြလဲ့နေသော ''ရဲတင်း''ကို ကိုင်မြောက်ကာ  ခုတ်လွှဲချလိုက်လေသည် ။ 
   !!!!!!!"!  !!!!!""!!!!!!!!! """!!!!!!!!
လက်နှစ်ဖက်ချည်နှောင်ခံထားရသော ပန်းခိုင်ရဲ့ ကြိုးများဖြည်သွား၍  ပါးစပ်ကိုစည်းထားသော အဝတ်များကိုလဲ ထိုလူဘီးကသာ ဖြည်ပေးလေသည် ၊ ပန်းခိုင်တစ်ယောက် ဘယ်လိုမှနားမလည်ပေ ၊ သူ၏ မိခင်ရဲ့နထင်က ဒဏ်ရာရဲ့သွေးများကိုပါ  သုတ်ပေးခဲ့၍  ပန်းခိုင်ကို ထိုလူဘီလူးကြီးဟာ  '' ဘာမှမဖြစ်တော့ဘူးပါလို့ ''သူ့ရဲ့ မျက်ဝန်းနဲ့ဖော်ပြကာ  ထွက်သွားခဲ့လေသည် ။ ထိုလူဘီလူးက  ပန်းခိုင်တို့ရဲ့အိမ်ပေါ်ကအဆင်း  ရဲအုပ်ဗသော်က ပန်းခိုင်တို့ရဲ့အိမ်ပေါ်အတတ်  နှစ်ဦးသား ဆုံမိကြရာ  ဒီတခါတော့ လူဘီလူးက  ရဲအုပ်ဗသော်ကို ရန်မူခြင်းမရှိပဲ အတင်းထွက်ပြေးခဲ့ရာ  ရဲအုပ်ဗသော်ရဲ့သေနတ်ထဲက ကျည်ဆန်တစ်ထောင့်  လူဘီလူးရဲ့နောက်ကျောပြင်ကိုထိမှန်လေခဲ့သည် ။ ထိုနောက် ရဲအုပ်ဗသော်သည် ဒေါ်ခိုင်နွယ်တို့သားအမိ ဘေးမထိရန်မခပဲ ရှိနေသည်ကိုတွေ့ကာ  အဖြစ်မှန်ကို ဒေါ်ခိုင်နွယ်နှင့်ပန်းခိုင်တို့က  ဖွင့်ဟကုန်စင်ပြောပြလေသည် ။ ထိုအဖြစ်ရပ်ကြောင့်  ပန်းခိုင်မှာ အံ့သြမဆုံး ဖြစ်ခဲ့ရပြီး ရဲအုပ်ဗသော်အဖို့မှာလဲ ပဟေဠိပုစ္ဆာတချို့ ကို တွက်ချက်လေရပြီ ။
!! လူဘီလူးဟာ  သူ့ရှေ့၌ရှိတဲ့သူ မည်သူမဆို သတ်လေ့ရှိပြီး အင်မတန်ရက်စက်ကြမ်းကြုတ်သူဖြစ်သည် ၊ ယခုဖြစ်ရပ်မှာတော့  တခြားစီကွဲပြားကာ ဆန့်ကျင်ဘက်ဖြစ်လေတယ် ၊ ပန်းခိုင်နဲ့လူဘီလူးနဲ့ဘယ်လိုဆက်သွယ်မှု့မျိုးရှိသလဲ ၊ မဖြစ်နိုင်ဘူး. . လူဘီလူးနဲ့ပန်းခိုင်နဲ့ဆက်နွယ်မှု့ရှိစရာအကြောင်းမရှိဘူး . . . ဒါဆို ပရင့်နဲ့ကော . . ပရင့်နဲ့လူဘီလူးဟာ တခါက တောအုပ်ထဲမှာ သူသေကိုသေတိုက်ခဲ့ကြသေးတာပဲ . .  ပရင့်နဲ့လည်း ဆက်နွယ်မှု့မရှိနိုင်ဘူး ၊ နောက်ပြီး ပရင့်ဟာ အမှောင်ထဲမှာ ''ညီလေး ,'ညီလေး''ဆိုပြီး စကားပြောလေ့ရှိတယ် ၊ ပရင့်ဟာ စိတ္တဆန်ဆန်ရူးသွပ်သူ တစ်ယောက်လား ဒါမှမဟုတ် သူ့ရဲ့တကယ်ညီအရင်းနဲ့စကားပြောနေတာပဲလား ၊ ဒါပေမယ့် သူပြောနေတဲ့ အမှောင်ရိပ်ထဲမှာတော့ မည်သူ့အရိပ်အယောင်မျှမရှိခဲ့တာ ရဲအုပ်ဗသော်ကိုယ်တိုင်သာ လက်တွေ့ ၊  ဘယ်လိုများလဲ . . ဟု ရဲအုပ်ဗသော်တစ်ယောက် ညည့်နက်သန်းခေါင်ယံထိ အိပ်မပျော်နိုင်ပဲ ဆက်စပ်မှု့တွေကိုတွေးလေတော့သည် ။

   ပရင့်ဟာသစ်စက်တခုမှာရိုးသားစွာဖြင့်လုပ်ကိုင်ကာ ထိုသစ်စက်မှာပဲ နေ၍  တစ်ပတ်သုံးကြိမ်လောက်သာ  ပန်းခိုင်နှင့်ဆုံတွေ့နေကျ  ခရေအိုပင်ရိပ်မှာ နှစ်ကိုယ်တူချိန်းတွေ့လျှက်ရှိသည် ။ ပရင့်နှင့်တွေ့စဉ်မှာ ပန်းခိုင်ဟာ သူမရဲ့ဖြစ်ပျက်သမျှ ထူးဆန်းမှု့ကို ပြောပြလေရာ  ပရင့်က ပန်းခိုင်ရဲ့နဖူးလေးကို အားပေးမှု့အနမ်းဖြင့် နှစ်သိမ့်၍ . . .
'' ပန်းခိုင် ''

'' ပြောလေ မောင် ''

'' လူဘီလူးက ကြောက်စရာကောင်းလား ''

'' ဟင် , မောင်ကလဲ မေးတတ်တယ်နော် ၊ကြောက်တာပေါ့ လိပ်ပြာလွင့်တော့မယ့်မတတ်ပဲ ၊ နောက်ပြီး  သူက ရက်စက်တယ်လေ ၊ သူ ပန်းခိုင်အနားဆီလာတော့  ပန်းခိုင်လေ ကိုယ့်ကိုယ်ကို ငါတော့သေပြီလို့ဆိုပြီး
မျက်လုံးမှိတ်ပြီးပဲနေလိုက်တော့တယ်'''

'' မကြောက်ပါနဲ့ ပန်းခိုင်ရယ် , မောင်ရဲ့ချစ်သူ ဟောဒီပန်းခိုင်လေးကို ဒီကမ္ဘာ့မှာ  လူမပြောနဲ့လေပြေတောင် ကြမ်းကြမ်းမတိုက်စေရဘူး ၊ လူဘီလူးလဲ ဒီလိုပဲလေ ပန်းခိုင်က မောင့်ချစ်သူဆိုတော့  သူဘာမှမလုပ်ရဲဘူးလေ ''

'' ဟွန့် , မောင်နော် ''

'' ဟိတ် ဘာလဲ ၊ သက်သေပြရမလား ''

'' သိဘူး ၊ ဒါနဲ့ ပန်းခိုင်စဉ်းစားမိတယ် သိလား မောင် ''

'' ဘာများလဲ ''

'' ပန်းခိုင်ကို အန္တရာယ်ပေးသူတိုင်း  အဲ့ဒီလူဘီလူးက  ရှင်းပစ်ခဲ့တယ် ၊ ဟင်းးးး , မောင် , '. ပန်းခိုင်ရဲ့ချစ်သူ မောင်ကိုသာ  အဲ့ဒီလူဘီလူး ထိလို့ကတော့  သူဖာသာဘာပဲဖြစ်ဖြစ် ပန်းခိုင်သူ့ကိုမကြောက်ဘူး ''
ပရင့်ရဲ့ရင်ခွင်ထဲမှာမှီ၍ ပန်းခိုင်ရဲ့တီးတိုးစကားပြောသံများဟာ  ပရင့်အတွက်တော့ တန်ဖိုးမဖြတ်နိုင်သော ''စောင်း''တလက်ဖြစ်လေသည် ။

     ရဲအုပ်ဗသော်သည် နေရာအနှံမှာ လူဘီလူးကို တပ်ဖြန့်ရှာလေတော့သည် ၊ လူဘီလူးရဲ့နောက်ကျောပြင်၌ သေနတ်ကျည်ဆန်ဒဏ်ရာသည် ငါးရက်ခန့်ကြာလေသည့်နှင့်မျှ တဖြည်းဖြည်းနှင့်ပိုမိုပြင်းထန်လာလျှက်  ထိုလူဘီလူးသည် တောအုပ်ရဲ့အနောက်ဘက် ကမ်းပါးထက်မှာ မေ့လဲ၍သတိလစ်လေသည် ၊ ရဲအုပ်ဗသော်နှင့်သူရဲ့တပ်သားများစွာဟာလဲ ထိုတောအုပ်ကို ခြေနင်းရှာလေတော့သည် ၊ ထိုနောက် တောအုပ်ရဲ့တစ်နေရာအရောက်မှာတော့  လူခြေနင်းဖြတ်လျှောက်ထားသော မြက်အုပ်တခုကိုတွေ့၍  ထိုလမ်းကြောင်းအတိုင်း သတိဖြင့်လျှောက်လာခဲ့ရာ  ရဲအုပ်ဗသော်နှင့်တပ်သားများ  ဖမ်းဆီးချင်နေသော  လူဘီလူးဟာ ကမ်းပါးပေါ်မှာ လဲကျနေသည်ကို တွေ့ရသည် ၊ သို့သော် . . . အလျှင်လိုကာ ချက်ခြင်းဖမ်းဆီးလို့မရ လျှင်မြန်လှတဲ့ ''ရဲတင်း''ရဲ့ သွက်လက်မှု့ကို လျှော့တွက်လို့မရလို့ သေနတ်များဖြင့် ဝိုင်းချိန်ကာ ထိုလူဘီလူးကို  သတိပေးလေသည် ၊ သို့သော် . . . သတိပေးစကားကို လက်မခံသော လူဘီလူးဟာ ''ရဲတင်း'' ကိုင်ကာ ရန်မူသဖြင့်  ကျည်ဆန်များစွာဟာ  ထိုလူဘီလူးရဲ့ခန္ဓာအနှံအပြားထဲ ရောက်ရလေခဲ့တယ် ၊ ဆန့်ငင် ဆန့်ငင်ဖြစ်နေသော ထိုလူဘီလူးဟာ သူဆုပ်ကိုင်ထားသော ဝင်းမြနေတဲ့''ရဲတင်း''ကြီးဟာ  မြေပြင်ပေါ်သို့ ပြုတ်ကျ သွားရပါတော့သည် ။ 
တပ်သားတချို့ က  ရုန်းကန်ဆန့်ခြင်းမရှိပဲ မြေပြင်ပေါ်၌ ဒဏ်ရာများစွာဖြင့်လဲကျနေသော လူဘီလူးကို ဖမ်းဆီးနေတဲ့အချိန်မှာတင်  လျှပ်တပြတ်ဖြင့် လျှင်မြန်စွာထိုးနှက်မှု့များသည် မျက်စီတမှိတ်အတွင်းမှာတွင် ရဲအုပ်ဗသော်ရဲ့တပ်သားများကို မြေပြင်ပေါ်၌ သတိလစ်မေ့လဲကျ သွားခဲ့ရသည် ၊ ရဲအုပ်ဗသော်ရဲ့လက်ထဲ၌ ကိုင်ထားသော သေနတ်သည်  ပရင့်ရဲ့လက်ထဲကို ရောက်ရှိသွားကာ ရဲအုပ်ဗသော်အဖို့  အဘယ့်ဘယ်လိုနားလည်နိုင်စွမ်းရှိလိမ့်မည်နည်း ။ 
ပရင့်ဟာ ဒဏ်ရာများစွာဖြင့်မြေပြင်ပေါ်၌ လဲကျနေသော လူဘီလူးကို ဆွဲထူမပြီး သူရဲ့ရင်ခွင်ထဲသို့ ပွေ့ချီမကာ  . . .
'' ဘယ်အကိုမှ  ကိုယ့်ညီ ဒုက္ခရောက်နေတာကို  ပရိတ်သတ်တစ်ယောက်အနေနဲ့ထိုင်မကြည့်နေနိုင်ဘူး ၊ အခု မင်းသိပြီမလား ၊ ''
ရဲအုပ်ဗသော်အတွက် ပဟေဠိပုစ္ဆာရဲ့အဖြေက ပရင့် . . . လူဘီလူးနဲ့ပရင့်တို့ဟာ တခါမှ ခိုက်ရန်မဖြစ်ဖူးခဲ့ဘူး ၊ ပရင့်နဲ့လူဘီလူးတို့ တိုက်ခိုက်ကြတယ်ဆိုတာ တကယ်တော့ မရေရာတဲ့သတင်းမှားတခုပါ ။
လက်ထဲ၌ ဘာနက်လက်မှမရှိသော ရဲအုပ်ဗသော်သည်  ပရင့်တို့ညီအကိုနှစ်ယောက်ကို ဘယ်လိုမှတားဆီးလို့ရနိုင်မည်မဟုတ်ပါ ၊ ခဏအကြာတွင်
ခြေနင်းသံများစွာဖြင့်  ရဲစခန်းမှ တပ်သားတချို့ ရောက်လာကာ  ရဲအုပ်ဗသော်သည် အားတတ်သွားခဲ့ရသည် ၊ ပရင့်တို့ ညီအကိုနှစ်ယောက်ကို  တပ်သားများစွာဖြင့် ဝိုင်းရံထားလျှက် သူတို့နှစ်အကိုနှစ်ယောက်ရဲ့ပြေးလမ်းဟာ မရှိခဲ့ ၊ ရဲအုပ်ဗသော်က သူတို့ညီအကိုနှစ်ယောက်ကို ကြည့်ကာ သနားမိပေမယ့် ဖမ်းဆီးရလိမ့်မယ် ၊ ပရင့်ဟာ ပြစ်မှု့ကင်းလွတ်ပေမယ့် ပရင့်ရဲ့ညီဖြစ်တဲ့ လူဘီလူးကတော့  လူပေါင်းများစွာကို သတ်ထားလို့ ခွင့်လွှတ်လို့မရချေ ။ သို့သော် အခုအဖြစ်က  ထိုလူဘီလူးကို ဖမ်းဆီးလို့ရနိုင်မည်မဟုတ် ၊ အဘယ့်ကြောင့်ဆိုသော  ပရင့်က သူ့ညီကို အသာတကြည် ထည့်ပေးမှာမဟုတ်လို့ပဲ ၊ ပရင့်ရဲ့ရင်ခွင်ထဲ၌  လူဘီလူးဟာ  မှီတွယ်ဖက်ထားသည်မှာ  ကလေးလေးတစ်ယောက်က မိခင်ရင်ခွင်ကို အားကိုးတကြီးထွေးဖက်သလိုပင် ဖြစ်၍  လူဘီလူးဟာ ပါးစပ်မှသွေးများစွာထွက်လာကာ '' တ အင့် အင့် ''နဲ့ ပရင့်ရဲ့ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လို့ တင်းကျပ်စွာ ဖက်ထားလေတော့သည် ၊ ပရင့်ဟာ သူညီရဲ့အဖြစ်ကို ကြည့်ရင်း မျက်ဝန်းထဲမှ မျက်ရည်များစီးကျလာလေတော့သည် ၊ ထိုနောက် ပရင့်ဟာ မျက်ဝန်းနီရဲရဲဖြင့် ရဲအုပ်ဗသော်ကို စူးစိုက်ကြည့်ကာ . . .
'' ငါ ညီက စကားမပြောတတ်ဘူး ၊ ပြီးတော့ သူကစိတ်လဲသိပ်မမှန်ဘူး ၊ အဲ့လိုဖြစ်အောင် ဘယ်သူလုပ်ခဲ့မင်းသိလား ၊ လွန်ခဲ့တဲ့ ဆယ်နှစ်က  ငါတို့မိသားစုတွေရဲ့အပျော်ဗိမာန်ကို  အနိုင်ကျင့်ဗိုလ်ကျအုပ်စုတစုက  ဖျက်စီးသွားခဲ့တယ် ၊  အမေနဲ့အဖေ အသတ်ခံတုန်းက ငါက ရှစ်နှစ်သားလေးပဲရှိသေးတယ်၊ ငါညီက ငါးနှစ်သား , တအိမ်လုံး သွေးများစီးမျောနေပြီး ငါတို့ညီအကိုနှစ်ယောက်ပဲ အဲ့ဒီသွေးအိုင်ထဲမှာမှ အသက်ရှင်လွတ်မြောက်ခဲ့ရတယ် ၊
အဲ့ဒီအချိန်တည်းက ငါညီဟာ စကားလဲမပြောတော့ဘူး ၊ သူစိတ်တွေကလဲ သွေးအိုင်ထဲမှာ ပျော်ရွှင်လာခဲ့တယ် ၊
 ဥပဒေဆိုတာ ဘာလဲ ၊ ငါတို့ညီအကိုနှစ်ယောက် အားကိုးရာမဲ့နေတဲ့အချိန်  ဥပဒေက ငါတို့ညီအစ်ကိုနှစ်ယောက်အတွက်  အမိုးတခု မဖြစ်လာနိုင်ခဲ့ဘူး ၊ အသတ်ခံရလိုက်တာ  ငါအမေနဲ့ငါအဖေ ဒါပေမယ့်  အဲ့ဒီပြစ်မှု့ကို စီရင်တာက မင်းတို့ဥပဒေ ၊အဲ့ဒါကြောင့် . . . ငါတို့ညီအစ်ကိုနှစ်ယောက်လဲ ငါတို့ရဲ့စီရင်ချက်အတိုင်း အကြွေးပြန်ဆပ်သင့်တယ်လေ ၊ ''
ရဲအုပ်ဗသော်ဟာ သက်ပြင်းချရင်း
'' ပရင့် မင်းကအခု အဖြူ ခံဖြစ်နေပြီပဲ ဆက်ပြီး မမိုက်မဲနဲ့တော့ ၊ 
မင်းညီကို ငါ အပြစ်ဒဏ် လျှော့ပေါ့ပေးမယ် ၊ မင်း စဉ်းစားပါ  ပန်းခိုင်ကို မင်း ဝေဒနာပေးမလို့လား ၊ မင်းတို့မိသားစုကို သတ်ခဲ့တဲ့ ဦးသောင်းတို့လူမိုက်အုပ်စုလဲ သူတို့အပြစ်နဲ့သူတို့ ဥပဒေက စီရင်ခြင်းကိုခံခဲ့ရပြီးပြီ ၊ တခါ ပြီးတော့ မင်းညီကလဲ့စားပြန်ချေလို့လဲ ဦးသောင်းရော သူ့တို့မိသားစုတွေပါတမလွန်ကို ကူးခဲ့ရပြီးပြီလေ ၊ ငါ စကားကို နားထောင်ပါ ပရင့် ''
ရဲအုပ်ဗသော်ရဲ့စကားဟာ ပရင့်ရဲ့နားထဲသို့မရောက် . . .

       ပရင့်ဟာ သူညီပါးစပ်မှသွေးများကို သုတ်ပေးရင်းဖြင့် သဲ့သဲ့လေးပြုံးကာ
သူညီကို လေသံတိုးတိုးလေးဖြင့်. . .
'' ကိုကြီးတို့ကို အမေနဲ့အဖေ စောင့်နေကြပြီ ၊ သွားကြရအောင်နော် ညီလေး ''ဟုဆိုကာ  ပရင့်တို့ညီအစ်ကိုနှစ်ယောက်လုံး ကမ်းပါးအောက်သို့ ခုန်ချ၍ သေပွဲဝင်ခဲ့လေတော့သည် ။
ရဲအုပ်ဗသော်ရဲ့မျက်လုံးများ ပြာဝင်းလဲ့သွား၍  ပရင့်တို့ညီအစ်ကိုနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ် ။ 

       ပုံမှန်တွေ့နေကျအချိန်တိုင်း ညနေစောင်းချိန်မှာတော့  ပန်းခိုင်တစ်ယောက် ခရေအိုပင်ရိပ်အောက်မှာ ခရေကြွေလေးများကို ကောက်ယူ၍  ပရင့်ကို စောင့်နေရစ်သည် ။ ပရင့်ရဲ့သတင်းကို မသိသေးသော ပန်းခိုင်မှာ  ပရင့်လာလျှင် ''ဘာလို့နောက်ကျတာလဲဟု ''ပရင့်ရဲ့ဗိုက်ခေါက်ကိုဆွဲလိမ်ပြီး ဒဏ်ပေးရမည်ဟု တစ်ယောက်တည်းတွေး၍  ပြုံးနေလျှက် လေဟုန်ထက်မှာ အလိုလိုလွင့်လာတဲ့ ခရေကြွေတစ်ပွင့်ဟာ  ပန်းခိုင်ရဲ့ပါးပြင်ထက်သို့ ဆင်းသက်ခနေလေ၏ ။

             င်္ပြီးး

Tuesday, May 2, 2017

           စီးခြင်းထိုးပွဲ

အိမ်မက်တွေ အေးခဲနေလို့
နေပူဖို့ . . . .
အနီရောင် နေမင်း မြန်းခဲ့ပါ ။

ပိတ်ဖုံးလှောင်အုပ်နေတဲ့  ဇရပ်ပျက်မှာတော့
သေမင်းဟာ ဒူးတုတ်ကွေးပြီး
လူသွေးသားစီးမျောခြင်းကို
စောင့်နေလင့်တယ် ။

မိုက်ရိုင်းနေတဲ့ ကံတရားတွေက
မိန်းမပျို တစ်ဦးရဲ့ . . . . . .
ရင်ခုန်သံဇဉ်လို
ဘုရင်မ သရဖူဆောင်းချင်ပေမယ့်
မရွှင်လှ  သူ့ရုပ်ခန္ဓာကတော့
တပိန်ပိန်နဲ့ပေါ့ ။

မင်းမချစ်လဲနေ ငါကိုယ်ငါချစ်မယ်
တစ်နေ့နေ့မှာ . . . .
မျောက်တွေ လူစကားပြောတတ်ရင်
လင်းတတွေ လူလိုလမ်းလျှောက်ပြလိမ့်မယ် ။

  ညမင်းကြယ်တံခွန်

Monday, May 1, 2017

            မီးခဲနီနီလမ်း

ခေါင်းငုံ့နေတယ်ဆိုတာ . . . . .
ရှူံးသွားလို့လဲ  ဆိုနိုင်သလို
အင်အားဖြည့်ခြင်းလို့လဲ ဆိုနိုင်တယ်

ချစ်နေတယ်ဆိုတဲ့အရာလဲ . . . .
မမုန်းသေးလို့  ဆိုနိုင်သလို
မုန်းမရလို့ ဆက်ချစ်နေလျှက်ပေါ့

ဘယ်သူ့စကားသံမှ
မညည်းညူ ပါဘူးးးးးးးး
ကိုယ့်အသံနဲ့ကိုယ်
ကိုယ့်အသက်နဲ့ကိုယ်
ကိုယ့်ခန္ဓာနဲ့ကိုယ်
ကိုယ်နင်းရာ ငရဲဆို . . . . .
ကိုယ်ခင်းရာ  မီးခဲနီနီလေးပေါ့ ။

  ညမင်းကြယ်တံခွန်
       အရောက်မြန်းခဲ့ပါ

ဒန်းခိုစီးနေတဲ့ ရွက်ဟောင်းနုတွေ
လေသုရွှေမျှင်ရဲ့
ထုံးရစ်မှု့နှောင်လေသည်

မှုန်ဆိုင်းလွင့်နေတဲ့ မီးရိပ်ခိုးတွေဟာ
နွေကိုမွန်းကျပ်
ခြောက်လန့်နေတော့သည်

အပယ်ခံလို  မျက်ရည်နှင့်ငိုရတဲ့
ညများးးး
   ညများစွာထဲကမှ အသဲကြားထဲက
ကြယ်တစ်ပွင့် မြေအသင့်မှာ
ကောက်ယူမည့်  ချစ်သူကို
   မျှော်လေနေပြီ ။

  ညမင်းကြယ်တံခွန်
နောင်တကို နောင်ဘဝမှတမ်းတမယ်

အာကာစုံတိမ်ပန်းဝတ်မှုံ
ရွာစွန်စွန် ညိုမိုမိုမဲ
မိုးသဲ . . . .
မစဲသွန်းဖြိုးး မငြိုးလျှော့
ရော့ရော်ရီ  ပင့်သက်လျာ
အေးကာ အေးကာ ခိုက်ခိုက်တုန်
ချမ်းကာ ချမ်းကာ လှိုက်လှိုက်ခုန်
မိုးသဲအေးးးးးးးးးးးးးးးးးးးးးး
ရွှဲရွှဲစို အမုန်းဆွေးတဲ့အသဲလုလင်
စွဲစွဲပို အဆုံးမဲ့ကိလေသာမီးများနှင့်
မသင့်လိုက်တဲ့ ဒီဘဝ
နောင်တကို နောင်ဘဝမှတမယ်
အခုတော့ ဆက်ချစ်နေမယ် ။

  ညမင်းကြယ်တံခွန်
     ခုတ်မောင်းနေတဲ့ပင်လယ်

မြို့ပြတွေမှာ ညဆိုတာမရှိဘူးးးးးးးး
သူ့ရဲ့နှလုံးသားမှာလဲ အချစ်ဆိုတာာ
မရှိသလောက်ပါပဲ . . . . .

ဘယ်လိုကြယ်အရောင်မျိုးက . . .
သူ့အခန်းထဲမှာ ထွန်းထားတဲ့ . . . .
ရောင်စုံမီးသီးလောက် လှနိုင်ပါ့မလဲ

 တစ်နေ့ . . .
  တစ်ရက် . .
    တစ်နာရီ .
     တစ်မိနစ် .
      တစ်စက္ကန့်.
တခဏလေးအတွင်းမှာ
တဘဝစီဝေးကွာ မသွားခင်
ကိုယ် ထားခဲ့ရပါစေ
 အဆုံးမဲ့တသက်တာ ပျော်ပါးနိုင်ပါစေ

  ညမင်းကြယ်တံခွန်